Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Saturday, May 29, 2010

ကလေးမြို့နဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့

၂၀၁၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ကျရောက်သည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တွင် ကလေးမြို့မှ သစ်ပင်ချစ်သူများ နှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကလေး- ဂန့်ဂေါ ကားလမ်းဘေး နည်ပညာတက္ကသိုလ် တောင်ဘက်မှ စ၍ သာယာကုန်း ကျေးရွာ အထိ လမ်းဧရိယာ နှင့် လယ်ဧရိယာ လွတ်ကင်းသည့် နေရာများတွင် အရိပ်ရ သစ်ပင်ကြီးများ ဖြစ်သော စိန်ပန်း၊ မယ်ဇလီ၊ ကုက္ကိုလ်၊ ပိတောက်၊ အော်ရေးရှား၊ စသော အပင်များ စိုက်ပျိုးကြမည်ဖြစ်ပါသည်။ အဆိုပါ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကို ဇွန်လ (၁) ရက်နေ့ နံနက် (၈) နာရီ တွင် ပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ သစ်ပင် စိုက်ပွဲအတွက် ပျိုးပင်များ လှူဒါန်းလိုပါ နေသာ ကျောင်းတိုက်၊ ဖုန်း 073 22644 သို့ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, May 27, 2010

ရသနယ်ပယ်

ထမင်းတစ်ခါပြင် အသားနဲ့တစ်ပွဲဟေ့ အသီးအရွက် အစုံချ
အဖေပြောတာ သတိရတယ် သူ့အသက်(၇၀) ထမင်းစားတာ
အနပ်ပေါင်း(၅၀၀၀၀) လောက်ရှိပြီ ဘာမှ အဖတ်မတင်ဘူး
ထမင်းဖြူလိုက်ပွဲပေးပါဦး မြန်မြန် ပြီးတော့ပြောသေးတယ်
အကောင်းဆုံးအစားအသောက်ဆိုတာ လျော့စားတာကိုပြောတာ
အခု ကျွန်တော်ခါး(၃၄) ဘာစားစား အရအကုန်ရှိတယ်
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှာ အလုပ်လျှောက်ရင် တစ်နေရာရလောက်တယ်
ခင်ဗျားလည်း တစ်ခုခုမှာစားဦးလေ လက်ဖက်ရည်ပဲ လား တစ်ခုခု
အစာအိမ်ဟုတ်လား ကျွန်တော်မှာလည်း အစာအိမ်ရှိတာပဲ အံ့သြစရာ
ဒီလောက်ဟာလေးထဲကို အစားအသောက်တွေ အကြိမ်ကြိမ်မျိုချနေရတာ
လက်ဖက်ရည်တစ်ခွက်ပေးပါဦး ထမင်းစားပြီးရင် အချိုလေးတည်းရမှ
ဝင်ငွေ(၁)ဒေါ်လာအောက်ဖြင့် ရပ်တည်နေရသော တတိယကမ္ဘာမှ လူများစု
အခုခင်ဗျားဖတ်နေတာ ဘာကြောင်းများလဲဗျ ထူးထူးဆန်းဆန်း စားစရာလေးများ
တွေ့လိုက်သေးလား အလှူရှင်နိုင်ငံများအား သံသယမဖြစ်စေသင့်ဆိုလား ဘာလား
အစည်းဝေးကျင်ပသည့်နေရာသို့ ဖိတ်ကြားမီဒီယာနှင့်ဟိုတယ်ဝန်ထမ်းများသာ
ဖြတ်သန်းသွားလာခွင့် မရှိတဲကနေရာတွေ ကမ္ဘာမှာ ဘယ်လောက်များနေပြီလဲလို့
ကျွန်တော်မေးခွန်းမှားနေယ်ဆိုရင် ခင်ဗျားအဖြေ ဘယ်လောက်မှန်နိုင်မလဲဆိုတာ
လေယာဉ်တင်သင်္ဘောပေါ်က တက်လာတဲ့ ဒေါ်လာသန်းချီတန် ခရီးစဉ်အများစုဟာ
ဓါတ်ပုံရိုက်ဖို့ သဘာဝ ပတ်ဝန်းကျင်အတွက် ကမ္လာ့ရာသီဥတုအတွက် ဒီလိုလား
စပယ်ရှယ်အေးဂျင့်တစ်ယောက် ရန်သူနယ်မြေထဲ၌ ရုတ်တရက် ကျဆုံးသွားခြင်းအား
ဒီလက်ဖက်ရည်ခွက် ပြန်လဲပေးပါလား ညီလေး ဒီမှာ ယင်ကောင်ကျသေနေလို့
ခင်ဗျားအခု ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ ထမင်းစားရဖို့ အရေးကြီးတယ်နော်
ဟိုဖက်ဝိုင်းမှာ ထိုင်နေတဲ့ ကောင်မလေးတွေ ဘာလုပ်စားကြတယ်လို့ ခင်ဗျားထင်သလဲ
ကျွန်တော်လည်းမသိပါဘူးခင်ဗျားစဉ်စားကြည့်ဖို့ ပြောကြည့်လိုက်တာပါ
ဟိုမှာ ဂျာနယ်ရောင်းတဲ့ ကောင်လေးကကော ဘယ်နှတန်းလို့ ခင်ဗျားထင်ထားသလဲ
တတိယကမ္ဘာ၏ လူသားအရင်းအမြစ်များအား ဖော်ထုတ်မြှင့်တင်ပေးရန်
ရီးဒါးဒိုင်ဂျက်က အဲ့ဒီဟာသလေးတွေ ကောင်းတာဗျ ဒါကခင်ဗျားအမြင်ကို
ကဗျာမပါတာ စိတ်ဆိုးစရာလားဗျာ သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့
ရသနယ်ပယ်၏ လက်နက်ဝယ်လိုအားနှင့် ဈေးကွက်အနေအထားများအရ
ပြဿနာတက်ပြီဗျို့ ကျွန်တော်ပိုက်ဆံအိတ် ရုံးပေါ်မှာ ကျန်ခဲ့ပြီထင်တယ်
ခင်ဗျားပဲ ရှင်းလိုက်ပါဗျာ နောက်တစ်ကြိမ်ကျ ကျွန်တော်ရှင်းပါ့မယ် ဆောရီး။။

ကိုဇော်(ကလေးမြို့)

၂၀၁၀ခုနှစ်၊ဇွန်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, May 12, 2010

မြို့ချက်အောင်မြေဘုရား


မြို့ချက်အောင်မြေဘုရားခေါ် မြို့ချက်စေတီတော်သည် မြို့ချက် ကျောင်းတိုက်အတွင်းရှိ စေတီ တော်ပင် ဖြစ်ပါသည်။ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဖူးတွေ့နိုင်ပါသည်။
သမိုင်း၌ အင်းဝမင်းများလက်ထက်က ကလေးမြို့ကို လက်အောက်ခံ အခွန်ဆက်သရန် အကြိမ်ကြိမ် တောင်းခံရာ မဆက်သ သဖြင့် ချီတက်တိုက်ခိုက်လာ၏။ သို့ရာတွင် မအောင်မြင်ခဲ့ပေ။ အကြောင်းရင်းကိုစုံစမ်းရာ ကလေးမြို့ မြို့လယ်၌ ကြက်မ တစ်ဝပ်ခန့် အောင်မြေရှိနေ၍ ကိုယ်ဝန်ဆောင် မိန်းမများ ကျော်လွှားမိသဖြင့် လူစွမ်း ကောင်းများ ပေါများလှသောကြောင့် မအောင်မြင်နိုင်ဘဲ ဖြစ်နေရကြောင်းသိရသည်။ ထိုအခါ အင်းဝမင်းများက ပညာရှိများနှင့် တိုင်ပင်၍ သူလျှိုစေလွှတ်လိုက်ကြသည်။ သူလျှိုသည် ယုံကြည်လောက်အောင် အတော်ကြာနေ၍ အောင်မြေနေရာကို စုံစမ်း ပြီး အတိအကျသိရပြီးနောက် ထိုနေရာတွင် အောက်လမ်းဆရာတို့၏ နည်းများဖြစ်သော ယုတ် ညံ့သော အင်းများဖြင့် မြို့နံနှိမ်ကာ အောင်မြေကိုငုံ၍ ဘုရားတည်ခဲ့သည်ဟု ဆိုပါသည်။ ထိုနေရာသည် မြို့၏အလယ်ချက်မ ဗဟိုကျသောကြောင့် မြို့ချက်ဘုရား၊ မြို့ချက်စေတီ တော်ဟု ထင်ပေါ်ကျော်ကြား လူသိများပါသည်။

(လင်းသစ်မွန် စုစည်းတင်ပြသည်။)

ဆက်လက်ဖတ်လိုလျှင် ....>>

ရွေဘော်စာ

တစ်ခြမ်းထူ တစ်ခြမ်းပါးနဲ့
ရောင်စောင်းသွားတဲ့ ပျဉ်တစ်ချောင်းလိုမျိုး
ကိုယ်က ဈေးကွက်ထဲ တိုး မ၀င်နိုင်ဘူး
တစ်နေရာစာ အသုံးတည့်ဖို့ဆိုရင်
အထူအပါးဟာ တစ်သားတည်းညီမှ ဖြစ်မယ်။

ကိုယ့်အတ္တနဲ့ ဆူဖြိုးနေတဲ့
အထူဘက်အခြမ်းကလည်း
အနှေးပြန်ရစ်ကြည့်စရာ မလိုဘူး
ထင်းထင်းကြီးကို မြင်နေရတော့
ပိုနေတဲ့ အတ္တထူထူတွေသာ
ပယ်လှပ်လိုက်ရုံကလွဲလို့ ….။

မောင်ကိုမောင်(ကလေး)

၂၀၁၀ ခုနှစ်၊မေလထုတ် ရောင်ပြန် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, May 7, 2010

အလင်းသစ်


ကလေးမြို့၊ဗိုလ်ချုပ်လမ်း၊ ညောင်ပင်သာရပ်ကွက်တွင် ကဗျာဆရာ ကိုဇော် (ကလေးမြို့) မှ ``အလင်းသစ်´´ စာပေနှင့် အနုပညာ ဖြန့်ချီရေး ဟု ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ် လိုက်ပါသည်။ အဆိုပါ ဆိုင်တွင် သုတ၊ရသ နှင့် လစဉ်ထုတ် မဂ္ဂဇင်း မျိုးစုံ အပြင် ကိုမှိုင်းရဲ့ ဘွန်ဆိုင်း နည်းဖြင့် ဖန်တီးထားသော အနုပညာ သစ်ပင်များ ပန်းချီဆရာ အောင်မူးရဲ့ ပန်းချီလက်ရာ များ အမှတ်တရ အင်္ကျိများ ရောင်းချသည်ဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။