ချင်းပြည်နယ်မှအပင်များ.."Stinking passion
flower" စူကာ၊တောစူကာ၊ခြင်းကြားပင် ...မျိုးရင်းက Passifloraceae ပါ
botanical name ကတော့ Passiflora foetida L. ပါ Habit: Climber/Creeper:
ဖြစ်ပြီး Common Names ကတော့ Sukar-gale, Taw-suka.လို့ခေါ်ပါတယ်..ဆေးဖက်ဝင်အပင်လည်းဖြစ်တယ်.ဒီမျိုးရင်းဝင်အပင်တွေထဲက
စားလို့ရတဲ့ ပင်မှဲ့သီး(Passiflora edulis Sims) ကတော့
လူသိများထင်ရှားလှပါတယ်၊ ချင်းပြည်နယ်တ၀ိုက်မှာတော့ ပင်မှဲ့သီးပင်တွေကို
အိမ်ရှေ့မှာစဉ်ထိုးပြီး စိုက်ကြတယ်၊ ဒီအပင်ကတော့ Genus တူပြီး species
ကွဲတဲ့ အရိုင်းပင်ပါ၊ သူ့အသီးကစားလို့မရပါဘူး၊ စူကာပင်လေးတွေက
ကားလမ်းနဘေးမှာနွယ်အနေနဲ့ အရိုင်းပေါက်ကြတယ်၊ ခုလို မိုးရာသီမှာ
ပွင့်ကြသီးကြပြီး နွေမှာတော့မတွေ့ရပါဘူး၊ အသီးက
ခြင်းတောင်းအကြားလေးနဲ့တူလို့တချို့က ခြင်းကြားပင်လို့တောင်ခေါ်ကြပါတယ်၊
သူ့ရဲ့ Stigma နဲ့ anthers များက တခြားပန်းများနဲ့မတူ ထူးခြားလှပါတယ်
(Thetnaingookalayun 6-13)
By- Dr.ThetNaingOo (Kalay University ) Facebook မှ
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Wednesday, June 12, 2013
ချင်းပြည်နယ်မှအပင်များ.."ခရမ်းပန်း"..မြန်မာလိုမသိလို့ ကိုယ့်ဘာသာ ပေးလိုက်တဲ့အမည်ပါ၊ သေသေခြာခြာကြည့်တော့ ခရမ်:အပွင့်နဲ့အရမ်းတူတာ၊ ဒါပေမဲ့သူက ပိုကြီးပြီးအရောင်ပိုတောက်တယ်၊ ပြီးတော့အဆုပ်လိုက်လည်းပွင့်တယ်၊ မျိုးရင်းက ခရမ်းမျိုးရင်း Solanaceae ပါ မျိုးစု Genus ကတော့ Solanum ဖြစ်ပါတယ်၊ species ကတော့ရှာဆဲပါ၊ အဝေးကကြည့်ရင်အရမ်းလှပါတယ်၊ ခုဟာက အပွင့်နဲနဲကျသွားပြီ၊ ကြို့သုံးပင်ကျေးရွာ၊ အိမ်တအိမ်ရဲ့ရှေ့မှာအလှစိုက်ထားတာပါ၊ မျိုးက တီးတိန်က ယူခဲ့ပြီးရအောင်စိုက်ထားတယ်လို့သိရတယ်၊ ကိုင်းချိုးပြီးစိုက်တာ ၃ ကိုင်းမှာတကိုင်းဘဲရှင်တာလို့ပြောပြတယ်၊ တီးတိန်မှာတော့ ပိုပြီးလှမှာပါ ရာသီဥတုအေးမြတာရော အစိုဓါတ်ပါဆိုတော့ပန်း ပိုခံမှာပါ၊ အိမ်ရှင် ချင်းအမျိုးသမီးကြီးကတော့ မင်္ဂလာဆောင်ပွဲတွေတောင် ဒီပန်းကို ပန်ကြတယ်လို့ပြောပြတယ်၊ ဘာဘဲပြောပြော PhD လုပ်နေတဲ့ ဆရာမလေးအတွက်တော့ ၀မ်းသာစရာ Specimen တခုပါ..(Thetnaingookalayuni:6-13)
By- Dr.ThetNaingOo (Kalay University ) Facebook မှ
ချင်းပြည်နယ်မှအပင်များ..".
By- Dr.ThetNaingOo (Kalay University ) Facebook မှ
Subscribe to:
Posts (Atom)