ဖေ့ဘုတ်ပေါ်က ကာတွန်းများ
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Showing posts with label Joke. Show all posts
Showing posts with label Joke. Show all posts
Sunday, May 1, 2016
Monday, April 8, 2013
အီးပြဿနာ
ကျွန်တော်သည် အီးပေါက်လျှင် ကျယ်ကျယ်ပေါက်တတ်သူတစ်ယောက်ဖြစ် သည်။
ဝမ်းမှန်အောင် ဂရုစိုက်တတ်သူဖြစ်သောကြောင့် ကျွန်တော့်အီးသည်
အနံ့မနံကြောင်း ရှုဖူးသူတိုင်းက ပြောကြသည်။ ကျွန်တော်လည်း ယုံသည်။ အကယ်၍
မယုံကြည်သူရှိအံ့။ မယုံမရှိလင့်ဟုထပ်ပြောလိုသည်။
တစ်နေ့ ...
ဟိုက်ပါလင့် အင်တာနက်ဆိုင်တွင် ကျွန်တော် နက်သုံးနေသည်။ ဘေးစက်နှစ်လုံးတွင်
ဖလမ်းဖလမ်းမနှစ်ယောက်ရှိသည်။ နိုင်ငံခြားတွင်ရှိသော သူတို့ကိုကိုများထံ
ကြူလုံးများ လှိုင်လှိုင်ပို့ပြီး လောကကြီးသာယာနေကြသည်။ ထိုစဉ် ကျွန်တော်
အီးပေါက်ချင်လာသဖြင့် ခါးကို အနည်းငယ်ကိုင်းကာ ... ဘူ ... ကနဲနေအောင်
ခပ်ကျယ်ကျယ်လေးပေါက်ချလိုက်သည်။ ၀မ်းထဲက လေအလုံးလိုက်ထွက်သွားသဖြင့် သက်သောင့်သက်သာရှိသွားလိုက်သည်မှာ
နတ်ချမ်းသာမျိုးပင်ဖြစ်သည်။ ဘေးကမဒလေးနှစ်ဦးက
မျက်စောင်းခပ်ပေပေဖြင့်ကြည့်ကာ နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် အုပ်ကြသည်။
ကျွန်တော် .. ဟီး .. ကနဲ ရယ်ပြလိုက်သည်။ ကျွန်တော့်အီး မနံကြောင်း
ဒင်းတို့မသိကြ။
မကြာပါ ... ကျွန်တော် နောက်တစ်ကြိမ်
အီးပေါက်ချင်လာသဖြင့် ခါးစောင်းလိုက်ရာ ၀ဲဘက်က မိန်းမပျိုလှလှလေးကလည်း
ကျွန်တော့်နည်းတူ သူ့ကိုယ်ဟန်ကို အနည်းငယ်ပြင်လိုက်သည်ကို တွေ့လိုက်သည်။
အတွေ့အကြုံအရ သူလည်း အီးခိုးပေါက်ပြီဆိုသည်ကို ကျွန်တော်သိသည်။
ကျွန်တော့်ထံမှ ဒုတိယအကြိမ်မြောက် ဘူသံက အကျယ်ကြီးထွက်သွားပြီး မကြာခင်
ပုပ်အဲ့နံစော်သော အီးနံ့ကြီးပါ ကျွန်တော်ရလိုက်သည်။ နောက် ဘေးက၊ နောက်
ရှေ့ခုံတမ်းက လူတွေပါ ကျွန်တော့်ဆီသို့ တရားခံတစ်ယောက်ပမာ
လှည့်ကြည့်လာကြသည်။ ကျွန်တော် ရှင်းပြချင်မိသည်။ သို့သော်
တရားခံအစစ်ဖြစ်သည့် ဘေးကောင်မထံမှ ဘာသံမှမထွက် ... ခပ်တည်တည်ဖြင့်
သူပါရောရောင်ပြီး နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် အုပ်နေသေးသည်။ ကျွန်တော်
အံတစ်ချက်ကြိတ်ကာ Sign out လုပ်ပြီး အဲကွန်းခန်းထဲက ရှက်ရှက်ဖြင့်
ထွက်လာခဲ့တော့သည်။
နောက်နောင် ထိုသို့ Transparency မရှိသော မဒလေးများနှင့် ဝေးဝေးထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။
Min Di Min Facebook မှ ...............
Subscribe to:
Posts (Atom)




