Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Sunday, December 19, 2010

ကဉ္စနာ (ချစ်ဦးညို)

သူတို့သုံးယောက်တွင် ' ဇလာမိက' သည် အသက်အကြီးဆုံးဖြစ်သည်။'ရောဇ' က၊ဇလာမိတထက် လပိုင်းငယ်ပြီး ၊ကဉ္စာနာက အသက်အငယ်ဆုံး ဖြစ်သည်။ဇလာမိက နှင့်ရောဇတို့က ကိုးနှစ်၊ကဉ္စနာက ရှစ်နှစ်။
ဇလာမိကသည် အရွက်သုံးလေးရွက်ပါ သော အသရက်ကိုင်းကို သဲပုံပေါ်တွင် စိုက်ချလိုက်ပြီးဘေးမှ ကျောက်စရစ်ခဲများဖြင့် ၀ိုင်းပေးလိုက်သည်။နောက်သို့တစ်လှမ်း နှစ်လှမ်းဆုတ်ကာသူ့ လက်ရာကိုပြန်ကြည့် သည်း ခံတပ်ဥမင်လိုဏ်ပုံစံ လုပ်ထားသော သဲလမ်းကြောင်းကို လက်ဖြင့်ဖိကာ ချောသပ်သည်။
' ကြည့်ကြစမ်း၊ ငါ့နန်းမြို့တော်ပြီးသွားပြီ ဘယ်လောက်လှသလဲ၊ ဒါကကျုံး၊ ဒါကမြို့ရိုး၊ ဒီနေရာက ခံတပ်လေ' လက်ဖ၀ါးနှစ်ဘက် ကို ပွတ်သပ်လျှက် ၊သံမှုန်များကို ခါထုတ်ယင်း၊ဇလာမိက ကပြောသည်။ ရောဇက၊ သူ့စကားစရာလေး မြား ကိုပစ်ချပြီး 'ဘယ်မှာလဲ မင့်ခံတပ်က' ' ဒီမှာလေ၊ရှေ့မှာ မျှော်စင်တခု တောင် ဆောက်ထား သေးတယ်။ဒီကျောက်တုံး တွေက မျှော်စင်ပေါ့'
' မင့်ခံတပ်က ရဲမက်လဲမရှိဘူး' ' နောက်တော့ရှိမှာပေါ့ အခုမှ မြို့တည်ပြီးစပဲဟာ' ရောဇ လေးနှင့်မြားကို ပြန်ကောက်ယူသည် သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ချွန်ထားသော မြားသံ၏ အသွားကို တရွရွ ပွတ်သပ် သည်။ မြားတံ၏ အမြီးမှ ခိုဖြူငှက် မွှေးကို ကြိုးထပ်တင်းသည်။ 'ဇလာမိက ၊မင့်မြို့ကို အခုနေရန်သူတွေ လာတိုက်မယ်ဆိုရင် ဘယ်နှယ်လုပ်မလဲကဲ.........' ဇလာမိကသည် သဲနှင့်ဆောက်လုပ်ထားသော သူ့ 'မြို့တော်' ရှေ့မှာရပ်၍ ' ရန်သူတွေ မလာရဘူးကွ၊ ငါ့မြို့တော်ဟာ၊ အေးအေးလေးနေမှာပါ၊ ငါ့ရဲမက်တွေကလဲ ဘယ်သူ့ကိုမှ သွားမတိုက်ရဘူး၊ ငါ့ဆီလဲဘယ်သူမှ လာမတိုက်ရပါဘူး' ရောဇသည် လေးညှိှု့တွင် မြားတံကို တပ်လျှက် ' ကိုင်းအခုပဲ ငါကမင်းမြို့ကို လာတိုက်တဲ့ ရန်သူဖြစ်နေပြီ ဆိုရင်ကောကွာ' ' ဟင့်အင်း ဟင့်အင်း မတိုက်ရဘူး၊ ငါ့မြို့လေးက အေးအေးလေးနေမှာ' ဇလာမိက ၏အသွန်မှာ တကယ်ပင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားလေသည်။' မင်းမြို့လေးက သိပ်လှတာပဲ ၊ ငါက တကယ်ကို တိုက်ချင်လာပြီ။ အရင်ဆုံး ခံတပ်ကို ဟော့ဒီမြားနဲ့ ပစ်လိုက်မယ်' ' ရောဇ ရောဇ မလုပ်နဲ့ ၊ မင်းမလုပ်နဲ့နော်' ' မင်းမှာ ရဲမက်ရှိရင် ခုခံလေ၊ ဒီလိုပဲ မြို့တွေ တစ်ခုနှင့်တစ်ခု စစ်တိုက်နေကြတာ မဟုတ်လား ' ' အဲ့ဒါ...... ခမည်းတော်တို့ လူကြီးတွေလုပ်တာကွ ငါတို့က ကလေးတွေပဲဥစ္စာ ။ ရောဇ မလုပ်နဲ့ကွာ ကောင်းကောင်း ကစားရအောင်' ' လူကြီးတွေလုပ်တာဆိုရင် တို့လဲလိုက်လုပ်ရမှာပေါ့ကွ ၊ ဇလာမိက၊ မင်းကြောက်နေပြီလား၊ မင်းမြို့ကိုခုခံလေ ၊ ဒီမှာငါလာပြီ၊ ရန်သူလာပြီဟေ့ ၊ရန်သူတပ်တွေတက်လာပြီ' ' ရောဇ၊ မင်း မင်း မင်း ' ခံတပ်ကို လေးနှင့်မပစ်မှီ၊ ရောဇက မြို့ရိုးကို ခြေထောက်နှင့်ကန် ပစ်လိုက်သည်။ သဲများဖွေးဖွေးလှုပ်သွားတော့သည်။ ' ဟေး.....မြို့ရိုးပေါက်သွားပြီကွ၊ လိစ္ဆ၀ီတပ်သားတွေ တက်ကြပါတော့လား၊ဇလာမိကရဲ့ မြို့ကို သိမ်းကြပါတော့လား ၊ ဟားပျော်စရာကြီးဟေ့.......' ' ရောဇ မင်း' ခပ်လှမ်းလှမ်းတွင် လိပ်ပြာဖမ်းနေသော ကဉ္စာနာ ရောက်လာသည်။ ' ဟဲ့နင်တို့ဘာဖြစ်နေကြတာလဲ' ရောဇက လေးတစ်ဘက် မြားတစ်ဘက်ကိုင်ကာ ခုန်ပေါက်လျှက် ' ဇလာမိက ရဲ့မြို့သစ်ကို ရန်သူတွေ တက်သိမ်းနေကြတာလေ ၊စစ်ပွဲဖြစ်နေတာဟ နင်ကောပါအုန်းမလား၊ မြို့ဘက်ကပါမလား၊ ရန်သူဘက်ကပါမလား ကဉ္စနာ။ ရန်သူဘက်က ဘာလိုက်ဟာ၊ ဖျက်ပစ်ရတာ သိပ်ပျော်စရာကောင်းတာ' ' မလုပ်ရဘူး မလုပ်ရဘူး၊ ငါ့ခမည်းတော်ကို တိုင်မှာနော်' ဇလာမိကသည် ငိုမဲ့မဲ့ ဖြစ်လာလေသည်။ ကဉ္စနာက ဇလာမိက တည်ထားသောသဲပုံများကို ကြည့်၍ ၊ရောဇရှေ့ မှ ၀င်ရပ်လိုက်သည်။ ' ရောဇ၊ ဇလာမိကရဲ့မြို့ကို နင်မဖျက်စီးနဲ့ ' ' သြ ......နင်က မြို့စောင့်တပ်ဘက်က ကိုး၊ လာလေ ....စစ်တိုက်ရအောင်' ရောဇက လေးမြားကို မြှောက်လျှက် ခုန်ပေါက်ပြန်သည် ။သို့သော် ကဉ္စနာ၏လှုပ်ရှားမှု့မှာ မြန်လွန်းလှသည်။ရောဇ လက်ထဲမှ လေးမြားသည် ကဉ္စနာ့ လက်ထဲရောက်သွားပြီး အပိုင်းပိုင်း ကျိုးသွားလေသည်။ ' ဟင်.....နင် ငါ့လေးနဲ့မြားကို ချိုးပစ်တယ်ဟုတ်လား' ' ချိုးပစ်တော့ ဘာဖြစ်သေးသလဲ၊ ဇလာမိက သူ့ဘာသာသူ အေးအေး ဆေးဆေး မြို့တည်ထားတာကို နင်က ဘာကြောင့် ၀င်ဖျက်ရတာလဲ၊ ငါမကြိုက်ဘူး' ' ဟ စစ်ပွဲဖြစ်တာပါဆိုနေမှ ' ' အေး စစ်ပွဲ ဆိုယင်လဲ နင်ရှုံးသွားပြီ၊ နင့်တပ်တွေ ပြန်သိမ်းတော့' ရောဇသည် ကဉ္စနာကို စူးစူးရဲရဲ ကြည့်၍ ' အေးလေ ငါရှုံးသွားပြီထားပါ တော့၊ဒါပေမယ့် ငါက တပ်တိုက်ဦးမှာပဲ' ကဉ္စနာက၊ ရောဇလက်ကို ဆွဲယူလိုက်လေသည်။' စစ်မတိုက်ပါနဲ့ ရောဇရယ် လာပါ ငါတို့ ပွဲကြည့်ဆောင်လုပ်တမ်း ကစားကြရအောင်ပါ' 'ဘာလဲပွဲကြည့်ဆောင်' 'နင်နဲ့ ဇလာမိက တို့က၊ ဟို......အဲ့ဘာခေါ်သလဲ၊ခမည်းတော်တို့ဆီ ကိုလာကြတဲ့ ဧည့်သည်တော်ကြီးတွေ ပေါ့' 'သံတမန်လား' ဟုဇာမိကက ၀င်ပြောသည်။
'အေး ဟုတ်တယ်သံတမန်ကြီးတွေ လုပ်ကြ၊ငါက ပွဲကြည့်ဆောင်မှာ ကပြတဲ့ ကချေသည်လုပ်မယ်' ' ဟေ့ အဲ့ဒါကောင်းတယ်ကောင်းတယ်၊ ရောဇ၊လာတို့က ဒီမှာထိုင်ကြည့် မယ်၊ကဉ္စနာက ဟိုပန်းရုံးရှေ့မှာ သွားက'
ရောဇသည်၊ကျိုးကြေနေသော သူ့လေးနှင့် မြားကိုကြည့်ပြီး ' နင်ကချေသည်လုပ်ချင်လဲလုပ်၊ အခု ငါ လေး နဲ့မြား ကို ပြန်လျောပေး' ကဉ္စနာ လေးနှင့်မြားကို ကောက်ယူသည်။
' ဒီလိုလုပ်လေ ရောဇ၊ အခုတော့ ပြန်မလျော်ပေးနိုင်သေးဘူး၊ ဒေါပေမယ့် နင့်လေးမြားကို ချိုးပစ်လိုက်တဲ့ အတွက် နင်ကျေနပ်အောင် ငါဒီလေးမြားကို ကိုင်ပြီးကပြမယ် ဟုတ်ပြီလား'
ရောဇ ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ်၊ ဇလာမိကက လက်ခုပ်တီးကာဝင်ပြောလိုက်သည်။'ကောင်းတယ် ကောင်းတယ် ၊ ၀ဇ္ဖီ တိုင်းသားရဲမက်တွေလဲ ၊ဒီလိုလေးနဲ့မြားကို ကိုင်ကတာ ငါကြည့်ဖူးတယ်။ခမည်းတော်ခေါ် သွားလို့ ပွဲကြည့်ဆောင်မှာ ကြည့်ရတာလေ'
'ငါလဲကြည့်ရပါတယ်၊ သတ္တဓနုလေးသည်တော်အက မဟုတ်လား' ရောဇ စိတ်ပြေစပြုလာသည်။
' အေး ဟုတ်တယ်၊ ရောဇ က သိပ်မှတ်မိတာပဲ ၊ကိုင်း ကပွဲစမယ်နော်။ နင်တို့ဧည့်သည်တော် အဲ့သံတမန် ကြီးတွေ က နေရာယူကြ။ ဟုတ်ပြီ၊ နေဦးဟ ၊ မကခင်မှာ ပွဲကြည့်ဆောင်ထဲမှာ ပြောသလို ပြောရဦးမှာ မဟုတ်လား ၊ ဟုတ်ပြီ ဟုတ်ပြီ ငါပြောကြည့်မယ်၊ အဲ ချစ်ခင်လေးစားရသော သံတမန်ကြီးများရှင့်၊ အခုလို ရာဇဂြိုလ် မြို့ကြီး ကို လာရောက်ပြီ၊ကြွရောက်ပြီး ၊အခုလိုပွဲကြည့်တောင်ထဲမှာ အခုလို မဂဓတိုင်း သူတို့ရဲ့ အက ကို ရှူ့ စားပြီး၊ အခုလို ချီးမြှင့်ပြီး' ရောဇ ရယ်လေတော့သည်။
'ကမှာသာ ကပါတော့ ကဉ္စနာရယ်။ နင့်ဟာက ပြောလဲမပြောတတ်ပဲနဲ့ အခုလို အခုလိုတွေပဲ လျှောက်ပြော နေ တာ ၊ ကိုင်း ကတော့'
'အေး ကပစ်လိုက်တာပဲ ကောင်းပါတယ်ဟာ' ကျိုးပဲနေသော လေးနှင့်မြားတို့သည် ကဉ္စနာ့ လက်ထဲတွင် အဆက်မပြတ် လှုပ်ရှားနေလေသည်။ ညနေခင်း လေပြည်တချက် အသုတ်တွင် ဘုရင့် ဥယျာဉ်တော် အတွင်း ရှိ ပန်းများသင်းသွားလေသည်။
ပြိုပျက်နေသော သဲနန်းမြို့ကို သူတို့သုံးယောက်စလုံး မေ့သွားကြလေပြီ။

၂။
' ဓါးမြှောင် နဲ့လား ကြိုးနဲ့လား '
“ အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး အဆိပ်နဲ့ ” “ အဆိပ် ဟုတ်လား”
“ ဟုတ်တယ်၊မလ္လတိုင်း မြောက်ဘက် က တောတွင်းသားတွေ သုံးတဲ့ အဆိပ်၊သိပ် ထက်မြက် တယ်၊ပထမဆုံး ထမ်းလုတ်ထဲမှာ အဆိပ် ပါသွားပြီးပြီဆိုရင် တတိယမြောက် ထမင်းလုတ် အပြီးမှာ တုံးကနဲ လဲကျပြီး သေဆုံး သွားနိုင်တဲ့ အထိ ပြင်းထန်တယ်”
“ အဆိပ်ခတ်ဖို့ ကကော ”
“ စားတော်ကဲနဲ့ ဆတ္တာ သည် ဆီက တစ်ဆင့် အားလုံးစီစဉ်ပြီးပြီ။ အဆိပ်မိပြီး ဘုရင်လဲကျသွားတာနဲ့ တစ်ပြိုင်နက် ၊ တံခါးမှူး ကိုလုပ်ကြံလိုက်တော့ ၊ ဒါဆိုသင့်တာဝန်ပြီးပြီ ”
“ ညဉ့်ဦးယံ ပွဲတော် စာ အချိန်နော်”
“ ဟုတ်တယ်၊ ကဲသွားတော့”
ကဉ္စနာ့ ခြေလှမ်းများ တုန့်သွားသည် အဆောင်ထဲမှ ခြေသံကိုကြားလိုက်ရသည်။ တစ်ယောက်ယောက် ပြန်ထွက် လာသံပင်ဖြစ်သည်။တံခါးရွက် အနီးရှိ တိုင်လုံးနောက် မှောင်ရိပ်သို့ ကဉ္စနာ ၀င်ကွယ် လိုက်သည်။
အဆောင်ထဲမှ သဏ္ဌာန်တစ်ခု ထွက်လာသည်။ ဘုရင့် အိပ်ဖန်စောင့် တစ်ဦးပင်ဖြစ်သည်။
အိပ်ဖန်စောင့် ကွယ်ပျောက်သွားသည် အထိ၊ကဉ္စနာ နေရာမျ မလှုပ်ရဲသေး ။ မကြာခင်ကမှ ၊ ရေမိုးချိုးကာ ဟိမ၀န္တာ နှင်းရည် ရောသောနံ့သာကို ဆွတ်ဖျန်းခဲ့သော်လည်း ချက်ချင်းပင် ပူအိုက် မောပန်း လာသည်။
ကြားလိုက်ရသည့် စကားလုံးများသည် နားထဲတွင် မပျောက်ပျက်သေး
“ အဲဒါတွေ တခုမှ မဟုတ်ဘူး အဆိပ် နဲ့ ”
“ အဆိပ် မိပြီး ဘုရင် လဲကျသွားတာ နဲ့ တပြိုင်နက်”
သည်စလုံးများကို ပြောသူသည် “ ရောဇ” မှ ဟုတ်ပါလေစ ဟု မယုံချင်သော်လည်း ရောဇ၏ အသံစစ်စစ် ။ငယ်သူငယ်ချင်း စကားဖော် စကားဖက် အဖြစ် နှစ်ပေါင်းများစွာ သံယောဇဉ် သွယ်ခဲ့ပြီး “ချစ်သူများ ” ဘ၀သို့ ရောက်ခဲ့သည့်သူ ။ ရော ဇ စကားပြော အသံမဆိုထားနှင့် သူ့ အသက်ရှူသံ ကိုပင်မှတ်မိနိုင်နေသည်။
ယခု သူမှသူ စစ်စစ်။ရောဇ။
တုန်လှုပ် အံ့ သြခြင်း ကို တယောက်တည်း ရင်ဆိုင်ခံစားရန် မစွမ်းတော့ သောကြောင့် အဆောင်ထဲသို့ ကဉ္စနာ ၀င်လိုက်လေသည်။
မီးတိုင်ဘေးတွင် ထိုင်နေသော ရောဇက တအံ့ တသြ လှမ်းကြည့် နေသည်။
“ ဟင် ကဉ္စနာ ၊အချိန်မတော် ”
မီးတိုင် အလင်း တွင် မြင် ရသော ချစ်သူ၏ မျက်နှာကို ထူးဆန်းစွာ စိုက်ကြည့် မိသည်။နှုတ်ခမ်းမွှေး စ, စနှင့် ရောဇ၏ မျက်လုံး တို့တွင်၊ငယ်ရုပ်သွင်သဏ္ဌာန် သို့ ပျောက်ဆုံး သွားကြပြီဟုထင်သည်။
“အမောင်”
သတိထားနေသည့်ကြားက တုန်ယင်စွာ ထွက်သွားသော ကိုယ့်အသံ ကိုယ်မကျေမနပ် ဖြစ်သွားသည်။
“ ဘာလဲ ကဉ္စနာ ဒီအချိန်ကြီး မှာ ဘာကိစ္စနဲ့”
အမှန်က သူအမဲလိုက်မထွက်ခင် စံအိမ်ကို ၀င်လာဖို့ပြောရန်။ သို့သော် လာရင်း အကြောင်းသည် အရေးမကြီးတော့။
“ အမောင် အဆိပ်ခတ်ပြီး ဘာလုပ်ကြမလဲဟင်”
ရောဇ ကိုယ်လုံးကြီး ဆက်ကနဲ ဖြစ်သွားသည်။ ထိုင်ခုံမှထကာ ကဉ္စနာ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။
“မင်း......ဘယ်လိုလုပ် သိသွားသလဲ ကဉ္စနာ”
“ ဘယ်လိုလုပ်သိတယ်ဆိုတာ အရေးမကြီးဘူး အမောင်၊ ကဉ္စနာမေးတာကိုဖြေပါ၊ ဘုရင်မင်းမြတ်ကို အဆိပ်ခတ် ပြီး လုပ်ကြံကြမလို့ မဟုတ်လား”
ရောဇပြန်ထိုင်သည်။ မီးရောင်တွင် သူ့မျက်လုံးများ အရောင်ထွက်လျှက်။
“ ဒီလိုကိစ္စမျိုးမှာ မိန်းမသားတေါ သိသွားတာတော့ မကောင်းလှဘူးပေါ့၊ ဒါပေမယ့် မင်းသိသွားတာက တခြား မိန်းမသားတွေနဲ့ စာရင် တော်သေးတာပေါ့လေ ၊ဘာဖြစ်လို့လဲဆိုတော့ မင်းက အမတ်ကြီး သုသုနာဂ ရဲ့သမီးတော် ဖြစ်နေလို့ပဲ”
“ဘာလဲ အမောင် ဘာတွေပြောနေတာလဲ”
နှုတ်ခမ်းမွှေးကို လက်ခံဖြင့် ပွတ်ကာ ရောဇ တစ်ချက်ပြုံးသည်။ထို့နောက် ကဉ္စနာ ပခုံးကို ဖျစ်ညှစ်ကာ
“ ထိုင်စမ်း ကဉ္စနာ စိတ်အေးအေးထားပြီး နားထောင်စမ်း”
“အမောင်မေးတာကို ဖြေစမ်း ဟုတ်လား”
ညို့မှောင်သော သူ့မျက်ဝန်းကြီးများနှင့် ထူထဲတိကျသော မျက်ခုံးများကို ရင်ဆိုင်ရတိုင်း သူ့အမိန့်ကို အလိုလို နာခံမိလေသည်။
“ မင်း ဘယ်လိုလုပ်သိသလဲပြောစမ်း ကဉ္စနာ”
“ အခုပဲသိတာ။ ဟိုရဲမက်နဲ့ အမောင်တို့ ပြောနေကြတာကို အပြင်ကနေ ကြားလိုက်ရလို့ ကဉ္စနာ မ၀င်ရဲတာ”
“ အင်း တော်သေးတာပေါ့၊တယောက်ယောက်စီကများ ပေါက်ကြားသလားလို့၊ဥပမာ မင့် ခမည်းတော် အမတ်ကြီးဆီကမျိုး”
“ဘာလဲအမောင် ၊ခမည်းတော် အကြောင်း ဘာဖြစ်လို့ ပြောပြောနေလဲ”
“နားထောင်ကဉ္စနာ ၊မင်းကြားခဲ့တဲ့ အတိုင်း နာဂ ဒါသဘုရင်ကို တို့များ ဒီညပဲ လုပ်ကြံကြမလို့ပဲ ၊နေစမ်းဘာမှ ဖြတ်မမေးနဲ့ မပြောနဲ့၊ ဒီအချိန်မှာ အချီအချ စကားပြော မနေချင်ဘူး။ဟုတ်တယ်။ နာဂဒါသဘုရင်ကို လုပ်ကြံကြမယ်။ဒီလုပ်ကြံမှုဟာ ရောဇဆိုတဲ့ လူတယေက်တည်းရဲ့ အကြံမဟုတ်ဘူး ၊ရာဇဂြိုလ် တမြို့လုံးရဲ့ အကြံ ၊နားလည်လား”
စိတ်ဓါတ်တက်ကြွ လာဟန်ဖြင့် သူထလျှောက်သည်။ရင်ကိုဖွင့် ခြေထောက်ကို ကားလျက် လက်ပိုက်ကာ ရပ်လိုက်သည်။
“ဒီညကို ရာဇဂြိုလ် တမြို့လုံး စောင့်ခဲ့တာကြာပြီ။ နာဂဒါသ ဘုရင်ကို ဆက်ပြီး အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး၊သူ့ အနွယ်အဆက်တွေကိုလဲ ရာဇဂြိုလ်မှာ မဇ္ဈိမမှာ ဆက်နေခွင့် မပေးနိုင်တော့ဘူး။ ဘာဖြစ်လို့လဲ၊သင်းတို့ဟာ အဖသတ်မျိုးတွေလေ”
သူတယောက်တည်း ပြောနေသကဲ့သို့ထင်ရသည်။
“ ဗိမ္ဗိသာရ မင်းကြီးကို သူ့သားအဇာတသတ်က သတ်ပြီး ထီးနန်းစံတယ်။အဇာတသတ်ကိုလဲ သူ့သားဥဒယဘဒ္ဒိက သတ်ပြန်တယ်။ဥဒယဘဒ္ဒိကို သူ့သား ပုဏ္ဏကသတ်။ပုဏ္ဏကို နာဂဒါသကသတ် ။ တဆက်ပြီး တဆက် အဖကိုသတ်ပြီး နန်းစံခဲ့ကြတဲ့ အဖသတ်မျိုး။ရာဖပလ္လင်ကို သွေးအထပ်ထပ်သုတ်လိမ်းတဲ့ ဒီမင်းမျိုးကို ရာဇဂြိုဟ်မှာ ဆက်ပြီးနေခွင့် မပေးနိုင်ဘူး အဲ့ဒါကြောင့် အဖသတ်မျိုးတုံးသွားအောင် နာဂဒါသ မင်းကို လူ့လောက ကနေရှင်းပစ်ရမယ်၊ပြီးတော့”
“ အမောင်......အမောင်....နာဂဒါသ မင်းက ဘယ်သူ့ခမည်းတော်လဲဆိုတာ ”
“ တိတ်စမ်းကဉ္စနာ၊ဇလမိက ရဲ့ဖခမည်းတော်ဖြစ်နေတာဟာ ဘာမှအရေးမပါဘူး၊ဒီနေရာမှာ သူငယ်ချင်းဟာ သူငယ်ချင်းပဲ ၊အဖသတ်မျိုးဟာ အဖသတ်မျိုးပဲ ဇလာမိကဟာ နာဂဒါသမင်းရဲ့ သားတော်ဖြစ်နေတာ တို့ကိစ္စ မဟုတ်ဘူး”
“ဒါဖြင့် .......သူ့ကိုကော၊ဇလာမိက ကိုကောဟင်”
“ မပူပါနဲ့ ကဉ္စနာ သူငယ်ချင်းမို့ ချမ်းသာပေးလိုက်တာ မဟုတ်ပါဘူး။ အလုပ်ကြံခံရမယ့်သူက နာဂဒါသမင်း တဦးတည်းပါ။ ဒါပေမယ့် အဖသတ်မျိုးရဲ့ အနွယ်ကိုလဲ ရာဇဂြိုဟ် မှာ မထားနိုင်ဘူး။ဘုရင်ကို သုတ်သင်ပြီးရင် သူတို့ကိုလဲနှင် ထုတ်ရမှာပဲ၊မဇ္ဈိမ ဒေသရဲ့ မြေပေါ်မှာ သင်းတို့ကို ခြေချခွင့် မဇ္ဈိမဒေသရဲ့လေကို သင်းတို့ ရှူရှိုက်ခွင့် မပေးနိုင်ဘူး”
“ဘုရား.......ဘုရား”
“ မကြောက်ပါနဲ့ ကဉ္စနာ၊ကျုပ်ကိုလဲ လူသတ်သမားလို့မထင်ပါနဲ့ ၊ဒါဟာ အဖသတ်မျိုးတွေကို လက်စတုံးသွား အောင် လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ရာဇဂြိုလ်တစ်မြို့လုံးရဲ့ ဆုံးဖြတ်ချက်ပါ၊ နေစမ်း မင့်ဝင်ဝင်မမေးနဲ့ ၊အရေးကြီး ဆုံးကိစ္စကိုမေးဖို့ မင်းသတိမရဘူး ၊အဖသတ်မျိုးကို အပြီးတိုင် သုတ်သင်ပြီးတဲ့နောက် ရာဇဂြိုဟ် ထီးနန်းမှာ ဘယ်သူဆက်ခံမလဲ ဆိုတာကိုတော့ မင်းမမေးဘူး အမှန်က မင်းအတွက် ဒီကဏ္ဍသာ အရေးကြီးဆုံး ”
“ ကဉ္စနာ .....ကဉ္စနာ....နားမလည်ဘူးအမောင်”
ရောဇပြုံးသည်၊ နှစ်နှစ်ခြိုက်ခြိုက် အပြုံး ဖြစ်သည်။
“ရာဇဂြိုဟ်ရဲ့ ရာဇပလ္လင် အသစ်ပေါ်မှာ ထိုင်စောင့်သူက တို့အားလုံးချစ်ခင် လေးစားတဲ့ပုဂ္ဂိုလ်လေ မင်းလေးဆက် အမှု့ထမ်းခဲ့တဲ့ လိစ္ဆ၀ီသား ပညာရှင်ကြီးလေ”
“ဟင်....အဖေ”
“ ဟုတ်တယ် မင့်ဖခမည်း သုသုနာဂ အမတ်ကြီးဟာ ရာဇဂြိုဟ်ရဲ့ ဘုရင်သစ်ဖြစ်လိမ့်မယ် မင်းဟာ မနက်ဖြန်ကစပြီး ဘုရင့်သမီးတော်ဖြစ်တော့မယ် ကဉ္စနာ”
“ အို.....ကဉ္စနာ ဒါတွေနားမလည်ဘူး၊ နားလဲမလည်ချင်ဘူး။ ဇာလာမိက သူ့ခမည်းတော် လုပ်ကြံခံရမှာကို မသိရှာဘူး၊ အို......မလုပ်ရဘူး၊အမောင်တို့ မလုပ်ရဘူး”
ရောဇ၀ုန်းကနဲ ခုန်ထသည်။ သစ်လုံးချွန် ထောင်ချောက်ကြီးတခု ထွက်ကျလာသည်နှယ်ဖြစ်သည်။
“ မင်းကို ဒီည လွတ်လပ် ခွင့် ပေးထားလို့မဖြစ်တော့ဘူး၊ စံအိမ်တော်မှာ မင်းအခန်းထဲက အပြင်ထွက်လို့မရအောင် ကျုပ်စီမံရလိမ့်မယ်။ ရဲမက် တယောက် လာစမ်းဟေ့ ။ဒီမယ် ကဉ္စနာ ချစ်သူတွေ သူငယ်ချင်းတွေ ဆိုတာဟာ ခုလို ဒီအချိန်မှာ ထီးရေးနန်းရာ အပြောင်းအလဲကို ကိုင်တွယ်နေတဲ့ တပ်မှူး ရောဇ အတွက် ဘာမှ အရေးမကြီးဘူး နားလည်လား ၊ ရဲမက်တယောက် လာစမ်းဟေ့”
၃။
လပေါင်းများစွာ ပြင်ဆင်ထားသည့် အစီအမံ၏ တိကျသေချာမှု့ကြောင့် လုပ်ကြံမှူသည် သပ်ရပ်စွာ အထမြောက်သွားလေသည်။
မလ္လတိုင်း တောတွင်းသားများ၏ ပြင်းထန်သော အဆိပ်လူးနယ်ထားသည့် ထမင်းလုတ် သုံးလုတ်ကို စား အပြီးတွင် နာဂဒါသ ဘုရင်သည် ပွဲတော် အုပ်ပေါ်သို့ မှောက်ရက်လဲကျသွားသည်။ စိုးစဉ်းမျှပင် မလူးလွန့် မလှုပ်ရှားနိုင်ခဲ့၊ နာဂဒါသ ဘုရင်အသက်ကုန်သွားသည့် အချိန်မှာပင် ရာဇဂြိုဟ် နန်းတော် အတွင်းရှိ နေရာ အသီးသီး၌ လည်း ကလဲ့စားခြေသူများက အမိအရ အုပ်စီးလိုက်နိုင်သည်။
“အဖသတ်မျိုးကို လက်စတုံးသော အားဖြင့် နာဂဒါသဘုရင်ကို လုပ်ကြံလိုက်ပြီ” ဟု လည်း ချက်ခြင်းပင်ရာဇဂြိုဟ် တစ်မြို့လုံးသို့ ထုတ်ပြန်ကြေငြာလိုက်သည်။ ကြိုတင်စီစဉ် ထားသည့် အတိုင်း ရာဇဂြိုဟ် တစ်မြို့လုံး တစ်ပြိုင်တည်း မီးတိုင်များထွန်းညှိလိုက်ကြသည်။ နန်းတော် တစ်ခုလုံးတွင်လဲ ဆီမီးတိုင်များ ဖယောင်းတိုင်များ အလင်းဖြင့် ၀င်းထိန်သွားသည်။ ရာဇဘိသေက အခမ်းအနားကိုလည်း ချက်ချင်းပင် စတင်လိုက်ကြသည်။ အဆိပ်သင့် ကာတစ်ကိုယ်လုံးမည်းနက်သွားသော နာဂဒါသဘုရင်၏ အလောင်းကို ဖျောက်ဖျက်နေချိန်မှာပင် ရာဇပလ္လင်ပေါ်သို့ ရာဇဂြိုဟ်၏ ဘုရင်သစ်ရောက်ရှိလာသည်။
ဘုရင်သစ် ကား ကဉ္စနာ၏ ဖခမည်း မင်းလေးဆက်အမှု့ထမ်းခဲ့သော လိစ္ဆ၀ီ သားသူရဲကောင်း အမတ်ကြီး သုသုနာဂ ၊
ရောဇသည် အဖသတ်မျိုး ကလဲ့စားခြေရေး အစီအမံ၏ အဓိက အကြီးအကဲအဖြစ် ဘုရင်သစ် သုသုနာဂဘေးတွင် ရပ်လျှက်ရှိသည်။ ရောဇ ရာဇဂြိုဟ်တပ်မ၏ သေနာပတိ ဖြစ်ခဲ့ပေပြီ၊ ရောဇ၏ လက်ဝဲဘက်တွင် တုန်လှုပ်ခြောက်ခြားလျှက်ရှိသော ကဉ္စနာ ဘုရင့်သမီးတော် ဖြစ်လာသော ကဉ္စနာသည် ဘိသေက သဘင်အပြီးတွင် သေနာပတိ ကတော် အဖြစ် ခံယူရအုန်းမည်ဖြစ်သည်။
နန်းတော်ထဲတွင် ကောင်းချီးသြဘာသံများဖြင့် ဆူညံလှုပ်ရှားလျှက် ရှိသည်။ တိုက်ခိုက်စရာ ရန်သူမရှိပါပဲ လူတိုင်း လက်နက် ကိုင်ဆောင် ထားကြကာ လက်နက်များကို မြှောက်ချီ ဝှေ့ရမ်းနေကြသည်။
“သုသုနာဂ အရှင်ကြီး သက်တော်ရာကျော် ရှည်ပါစေ”
“ အဖေသတ် မျိုးအနွယ် အဆက်တွေကို နှင်ထုတ် ပစ်ကြ”
“ အဇာတသတ် အနွယ်တွေကို ရာဇဂြိုဟ်က နှင်ထုတ်ပစ်ကြ”
“ သွေးစွန်းနေတဲ့ အဖသတ်မျိုးတွေ ရာဇဂြိုဟ်က ထွက်သွား”
“ သုသုနာဂ မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
နန်းတော်ခန်းမ အပြင်ဘက်စီမှ တံပိုးသံများ တခဲနက် ပေါ်ထွက်လာသည်။ ကြွေးကြော်နေကြသံများ တပြိုင်တည်း ရပ်သွားသည် ။ အားလုံး အကြည့်သည် ခန်းမတံခါး ဆီသို့ရောက်သွားသည်။
ခန်းမထဲသို့ ဦးစွာ ၀င်လာခဲ့သူများမှာ သုသုနာဂမင်းကြီး၏ ကြက်သွေးရောင် ရာဇအလံကို ကိုင်ဆောင်လာသည့် ရဲမက်များ ဖြစ်သည်။ရဲမက်များ၏ နောက်တွင် မြို့စောင့် တပ်ဖွဲ့ တစ်ဖွဲ့ လက်နက် အပြည့်အစုံနှင့် လိုက်ပါလာသည်။ မြို့စောင့်တပ်ဖွဲ့နောက်တွင် ကား အလုပ်ကြံခံ နာဂဒါသဘုရင်၏ ဆွေတော်မျိုးတော် အများစု
သုံးယောက်စီတွဲ၍ နှောင်ကြိုးတည်းထားသော အကျဉ်းသားများကို တွေ့လိုက်ရသည်တွင် ကဉ္စနာ သည် မျက်လုံးအစုံကို တင်းကြပ်စွာ ပိတ်လိုက်မိလေသည်။ ရှေ့ဆုံးသုံးယောက်တွဲတွင် အလည်မှ ပါလာသော ဇလာမိက ကို ကဉ္စနာ မကြည့်ရက် ။ ဇလာမိက က ဘာကိုမျှ မမြင်နိုင်တော့သလို ရှေ့တူရူသို့ အကြည့်သေဖြင့် ကြည့်လျှက် လိုက်ပါလာသည်။ သံကြိုးသံ တချွန်ချွန်သည် နန်းတော် ခန်းမထဲတွင် လေးလံစွာ မြည်ဟီးနေတော့သည်။
ဘိသေက ပလ္လင်ရှေ့တွင် အကျဉ်းသားများ ဒူးထောက်လိုက်ကြရသည်။ ဇလာမိကမှ တပါး ကျန်အကျဉ်းသားအားလုံး ခေါင်းငုံ့ထားကြသည်။ နာဂဒါသဘုရင်၏ သားတော်ကြီးဖြစ်သော ဇလာမိကသည် ရာဇပလ္လင်ပေါ်မှ သုသုနာဂဘုရင်ဘေးမှ ရောဇနှင့် ကဉ္စနာသို့သာ စူးစူးရဲရဲ ကြည့်နေသည်။သို့သော် ကဉ္စနာ ခေါင်းရမ်းပြနေသည်ကို ဇလာမိက မြင်ဟန်မတူချေ ။
သုသုနာဂ ဘုရင်က ခေါင်းညိတ်ပြလိုက်သည်
သံတော်ဆင့်၏ အသံဝါကြီး ပေါ်လာသည်။
“ သနာ့ဒါယက ဗိမ္ဗိသာရ မင်းကြီးကို ရက်စက်စွာ လုပ်ကြံ၍ မာဂဓထီးနန်းကို သိမ်းပိုက်ခဲ့သော အဇာတသတ် ဘုရင် လက်ထက်မှ စပြီး နန်းစံလေးဆယ်ရှစ်နှစ်တို့ ကာလပတ်လုံးတစ်ဆက်ပြီးတစ်ဆက် အဖကို သားသတ်၍ ထီးနန်းစိုးစံခဲ့ကြသည်. အဖသတ်မျိုးသည် နာဂဒါသ ဘုရင်၌ လုံးဝဥဿုံ ဆိတ်သုဉ်းပြတ်တောက်သွားပြီ......
“မြင့်မြတ်သော ရာဇဂြိုဟ် ထီးနန်းတော်ကို ယခုအခါ လိစ္ဆ၀ီသူရဲကောင်း သုသုနာဂ မင်းကြီးသိမ်းပိုက်ခဲ့ပြီ ”
“ သုသုနာဂမင်းကြီး၏ မြင့်မြတ်သော အမိန့်တော် နှင့် ရာဇဂြိုဟ် ပြည်သူတို့၏ တခဲနက်သော အလို ဆန္ဒအရ အဖသတ်မျိုး၏ နောက်ဆုံးအဆက်အနွယ် ယခုရှေ့မောက်ရှိ အကျဉ်းသားများအားလုံး ယခုည သန်းခေါင် မတိုင်မီ ရာဇဂြိုလ်မှ ထွက်ခွါ သွားကြရမည် ။ အဖသတ်မျိုးတို့၏ နောက်ဆုံးအဆက်အနွယ် အကျဉ်းသားတို့သည် မာဂဓ မြေကို ခြေမတင်ရ မာဂဓရေကို မသောက်သုံးရ ၊ မာဂဓလေကို မရှူရှိုက်ရ ၊ သုသုနာဂမင်းကြီး ၏ အမိန့်တော်”
သံတော်ဆင့်၏ ပြန်တမ်းအဆုံးတွင် လှုပ်ရှားမှူ့နှစ်ခု ပြိုင်တူလိုဖြစ်ပေါ်သွားသည်။တစ်ခုမှာ ရှေ့ဆုံးသုံးယောက်တွဲ အလည်ရှိ ဇလာမိက ထံမှ ဖြစ်သည်။ ဒူးထောက်ရာမှ အားပြု၍ မတ်တပ်ရပ်လိုက်သော်လည်း လေးလံသော သံကြိုးများကြောင့် ဇလမိက မတ်တပ်မရပ်နိုင်။ သံကြိုးသံ တချွင်ချွင်သာ မြည်သွားသည်။ လှုပ်ရှားမှု နောက်တစ်ခုမှာ သုသုနာဂ ဘုရင်ဘေးတွင်ရပ်နေသော သေနာပတိ ရောဇ ထံမှ ဖြစ်သည်။ ရောဇသည် ရာဇ ပလ္လင်ဘေး စင်မြင့်ထက်မှ ခုန်ဆင်းကာ ဇလာမိက ရှေ့သို့ လျှေက်သွားသည်။
သူငယ်ချင်း နှစ်ယောက်၏ မမှိတ်မသုန် အကြည့်ချင်း ဆုံကြသည်။
ဇလမိက၏ မျက်နှာမှာ အနက်အဓိပ္ပါယ် ဖေါ်မရနိုင်သည့် လျှို့ဝှက်တိတ်ဆိတ်သော မျက်နှာ ဖြစ်သည်။
ရောဇက နှုတ်ခမ်းထောင့်စွန်း နှစ်ဘက်အပေါ်သို့ မြင့်တက်ရု့သာ ပြုံးလိုက်ပြီး ………
“ထီးရေးနန်းရေး ကလဲ့စားချေရေးမှာ သူငယ်ချင်း ရောင်းရင်းဆိုတာ မရှိဘူး ဇလာမိက။ ဒါဟာ ဟိုးလွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်တုန်းက ဥယျာဉ်တော်ထဲမှာ ကလေးငယ်သုံးဦး ဆော့ကစားနေတာ မဟုတ်ဘူး။ ပြီးတော့ မင့် သိထားဖို့ နှစ်ချက်ရှိတယ်။ တစ်ချက်က မင်းတို့ရဲ့ မျိုးနွယ်ဆက်ဟာ အဖတွေကို သတ်ပြီး ထီးနန်းဆက်ခံခဲ့တဲ့ အဖသတ်မျိုးဖြစ်တဲ့ အတွက် ဒီသွေးကျိန်စာကြီးကို မင်းပြန်ပေးဆပ်ရတယ်လို့ နှလုံးသွင်းတတ်ရမယ်။ နောက်တစ်ချက်က ရောဇဆိုတဲ့ ငါဟာ လိစ္ဆ၀ိသွေး စစ်စစ်ဖြစ်တယ်ဆိုတာပဲ။ မဂဓနဲ့ ဝေသာလီ အရှင်ကြားမှာ သူငယ်ချင်းဆိုတာ မရှိဘူး။ ငယ်စဉ်က သူငယ်ချင်း ဖြစ်ကြတာဟာ မင့်အတွက်ရော ငါ့အတွက်ပါ ကံကြမ္မာ လှည့်စားမှုပဲ ဖြစ်တယ်။ ဒီမယ် ဇလာမိက”
ဇလာမိက၏ ရင်ဘတ်ပေါ်တွင် သိုင်းချည်ထားသော သံကြိုးကွင်းကို ရောဇ ဆွဲယူပင့်ချီလိုက်သည်။ ဇလာမိကက ယိမ်းယိုင်စွာ မတ်တပ်ရပ်လျှက်သား ပါလာသည်။
“ဒီမယ် နာဂဒါသ ဘုရင့်သား ငါတစ်ယောက်တည်း သဘော အတိုင်းသာဆိုရင် သကျသာကီဝင်ဆိုတဲ့ မင့်တို့အားလုံးကို တစ်ယောက်မှ အရှင်မထားဘူး နားလည်လား။ သဘောထားကြီးတဲ့ သုသုနာဂ မင်းကြီးနဲ့ ရာဇဂြိုဟ် တစ်မြို့လုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် မင့်တို့ကို အသက်ရှင်လျှက်နဲ့ နှင်ထုတ်လိုက်တာပဲ၊ နားလည်လား”
သံကြိုးကွင်းကို ရောဇ လွှတ်ပေးလိုက်သည်။ ဇလာမိက လဲပြိုမတတ်ဖြစ်သွားပြီးမှ မတ်မတ်ပြန်ရပ်သည်။
“မင့် ဘာပြောချင်သေးလဲ အဖသတ်မျိုး”
ဇလာမိကသည် ရောဇထံမှ အကြည့်ကို ရုပ်သိမ်းကာ နန်းတော်ခန်းမ မျက်နှာကြက်ဆီသို့ ဝေ့ကြည့်လိုက်သည်။ မမြင်တတ်သော ကြည့်ခြင်းမျိုး ဖြစ်လေသည်။ ဇလာမိက၏ တင်းတင်းစေ့သော နှုတ်ခမ်းအထက် ပါးပြင်မှ မျက်ရစ်မှ အသားများ ဆတ်ဆတ်တုန်နေသည်။
“အသက်ရှင်လျှက် ထွက်ခွာခွင့်ရတာကို မင့် ကျေးဇူးတင်လိုက်ပါ”
နန်းတော်ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ရောဇ ရာဇပလ္လင်ဘေးသို့ ပြန်လျှောက်သွားသည်။ စောစောက နေရာတွင် ကဉ္စနာ မရှိတော့ချေ။
“ကဉ္စနာ ဘယ်ရောက်သွားလည်း”
တပ်မှုးတစ်ယောက်က ဦးညွှတ်လျှက် ဖြေသည်။
“ထိပ်ထား ကျန်းခန့် မသာတဲ့ အတွက် အဆောင်တော်ကို ပြန်သွားပါတယ် သေနာပတိ”
အကျဉ်းသားတွေကို ပြန်ပို့လိုက်၊ သန်းခေါင်မတိုင်မီ မြို့တွင်းက ထွက်ခွာသွားဖို့ အားလုံးစီစဉ်ပေးလိုက်ကြ။ အလုပ်အရှား အခုအခံ တစ်ခုခု ရှိတယ်လို့ မသင်္ကာယင် နေရာမှာပဲ အဆုံးစီရင်လိုက်။ သေနာ ပတိ ရောဇရဲ့ နောက်ဆုံးအမိန့်လို့ ထုတ်ပြန်လိုက်ကြ”
တံပိုးသံများ၊ သံကြိုးသံများ ကောင်းချီးပေးသံများ “ အဖသတ်မျိုးတွေ ထွက်သွား” ဟူသော အသံများဖြင့် နန်းတော် ခန်းမဆောင် တစ်ုလုံး ဆူညံလှုပ်ရှားသွား ပြန်သည်။

၎။
“နန်းကရည်” ချောင်းသည် “သီရိပဗ္ဗတ” တောင်ပေါ်မှစီးဆင်းလာကာ မြေညီအရပ် ရောက်သည်တွင် တောင်ဘက်သို့ လက်ယာရစ် လှည့်သွားသည်။ “နန်းကရည်” ချောင်း အရှေ့ဘက်တွင် လှပစွာ ပြေလျောနေသော တောင်ကမူလေးတခုရှိသည်။ တောင်မူအလယ်တည့်တည့်တွင် အင်ကြင်းပင်ကြီး တပင်ပေါက်နေသည်။
လူသူမနိုး တောကြီးခေါင်ခေါင်တွင် အစွမ်းရှိတိုင်းကြီးကြီးထွားခွင့်ရနေသော အင်ကြင်းပင်ကြီးသည် လုံးပတ်သံတောင်ဆယ့်ငါးတောင်မျှ ရှိပေမည်။ ထို့ထက်မူ အင်ကြင်းပင်ကြီးကို လက်ယာရစ်ပတ်ကာ တက်နေသော “သာမာဝတီနွယ်ပင်” ကြီးသည် ပင်စည်ထက် နဂါးကြီးတကောင် ရစ်ခွေနေပုံနှင့် တူနေသည်။
ဇလာမိကသည် ၀န်းကျင်လေးမျက်နှာဆီသို့ မျှော်ကြည့်လိုက်သည်။ ကောင်းကင်တိမ်ဆုပ်များကို ထိနမ်းနေသည့်မြင့်မားလှသော တောင်ထွက်ကြီးများသည် အဆင့်ဆင့် အထပ်ထပ်။
တောင်တန်းတို့အလယ်ရှိ ပြန့်ပြူးကျယ်ပြောသောလွင်ပြင်၊ တေးဆိုနေသော နန်းကရည်ချောင်းကြီး၊ နွယ်ပင်တို့ရစ်ပတ်လျက်ရှိသော အင်းကြင်းပင် ကြီးများ။
ရာဇဂြိုလ်မှ ထွက်ခွာခဲ့သည်မှာ သုံးလ လေးလမျှ ရှိပေပြီ။ သစ္စာ ရှိသောကျေးကျွန်များ၊ မှူးမတ် ဗိုလ်ပါများနှင့်တကွ ဆင်မြင်း ရထား အမှူထမ်းတို့လည်း ကြမ်းတမ်းသော ခရီးပြင်းကြောင့် အားအင်ကုန်ခန်းခဲ့ကြပြီ။ အကြမ်းတမ်းခံနိုင်ဆုံးဆိုသော မဟာဓနုလေးကြီးကိုင်သင်တိုင်းနီဝတ် သူရဲကြီးများပင်လျှင် အလဲလဲ အပြိုပြို ရှိနေကြပြီ။
အရွယ် ငယ်လွန်းလှသေးသော ညီတော်နှစ်ပါးဖြစ်သည့် ဥသိကရာဇာနှင့်၊ ကိစ္စနရာဇာတို့သည် ဝေါယာဉ်ပေါ်တွင် လိုက်ပါယင်းဖြင့်ပင် ပြင်းစွာဖျားနာနေကြသည်။
ဇလာမိက ဆုံးဖြတ်လိုက်သည်။
ကိုယ်တိုင်ကိုင်ဆောင်လာသောခရမ်းရောင်တံခွန်၏ အောက်အသွားဘက်ကိုမြေထဲသို့ ထိုးစိုက်ချလိုက်သည်။ ခရီးပြင်း တလျှောက်လုံး မြင်းချင်းယှဉ် ခွာခြေထပ် လိုက်ပါလာသည့်တပ်မင်း ကိုလှမ်းကြည့်သည်၊ တခုခုပြောရန်ဟန်ပြင်နေစဉ်မှာပင် ဇလာမိကသည် ခိုင်ခံ့စွာပြုံးလိုက်ကာ…
“ဒီလွင်ပြင်မှာ အခြေစိုက်ကြစို့။ အမိန့်တော်ထုတ်ပြန်လိုက်။ ယောဇနတိုင်း၊ အရိမညမြို့လို့ ကျွန်ုပ် အမည်ပေးလိုက်တယ်”

သေနာပတိရောဇသည် သားရေချုပ်ကို တတိယအကြိမ် ပြန်ဖတ်နေသည်။ သားရေချပ်အနားကို ဆုပ်ကိုင်ထားသောလက်ဖမိုးသည် လေးလံသော လက်နက်ကြီးတစ်ခုကို ကိုင်စွဲထားရသလို အကြောမြွာများ ခုံးခုံးထနေလေသည်။
“…မြေပုံနှင့်တကွ ရေးဆွဲဆက်သပါသည်။ မြောက်အရပ် သောင်သွပ်အပြင်မှာစ သလ္လာဝတီ၊ မြစ်ဆုံဧရာဝတီ၏ အနောက်ဘက်။ တောင်အရပ် နမန္တတောင်ထိပ်။ အနောက်တောင်ထောင့်အရပ် ၊ ဖိုးခေါင်းတောင်။ အနောက်အရပ် ၊ ရိုးမတောင်အလွှဲ၊ ယမုန္နမြစ်နဖူး။ အနောက်မြောက်ထောင့်အရပ် ကသည်းပြည်၊ အက္က ဘတ်ပြည်၊ မိုင်းလွန်နှင့် ကျောကိုင်း။ ။ သို့လျှင် နယ်နိမိတ် ရှိပါသည်။
ကဒူး၊ ကစက်၊ သက်၊ ကွမ်းရည်၊ အင်ကြယ်မျိုးနွယ်တို့ဖြင့် ယာကွက်ယာခင်း သင့်တင့်စွာ ရောယှက်နေထိုင်ပါသည်။
ညီတော်လတ် ဥသိက ရာဇာကား မဟာဝုန်မြို့ အသီးသီး အုပ်ချုပ်စိုးစံကြပါသည်။
ဇလာမိကရာဇာကား ယောဇနတိုင်း၊ အရိမညမြို့တော်အဖြစ်၊ တည်ထားသမုတ်လျက် ထီးနန်း အုပ်ချုပ်မင်းလုပ်…”
ရောဇလက်တွင်းမှ သားရေချပ်သည် အခန်းထောင့်သို့ လွင့်စင်သွားသည်။ လက်ထဲတွင် သားရေချပ်မရှိတော့သော်လည်း ရောဇ၏လက်သီးဆုပ်ကား မပြေသေး။ ပို၍ပင် တင်းကျပ် ကြီးမားနေသည်။
“ဒါကြောင့် ငါအစောကြီးကတည်းက ပြောခဲ့တယ်။ ရန်စွယ်ရန်ငုတ်ဆိုတာ မီးအကြွင်းအကျန်နဲ့ အတူတူဘဲ။ ပြာတမှုန် မီးတစလောက်တောင် မထားသင့်ဘူး။ နာဂဒါသကို အဆိပ်ခတ်တဲ့အချိန်မှာဘဲ အားလုံးကိုသုတ်သင်ပစ်ဖို့ ငါပြောခဲ့စဉ်က လက်မခံကြဘူး။ ၀ဇ္ဇိဂဏဆုံးဖြတ်ချက်ကြောင့် ငါ့အကြံအစည်ကိုပြန်ရုပ်သိမ်းလိုက်ရတယ်။ အခု သင်းတို့ကတိုင်းပြည်မြို့ရွာ ထူထောင်မိနေကြပြီ။
သင်းတို့ ကြီးထွားလာနေကြပြီ။ ကြည့်စမ်း။ သတိဆိုတာ ပိုတယ်မရှိကောင်းဘူးဆိုပြီး သင်းတို့ရာဇဂြိုလ်က ထွက်အသွားမှာ ငါ့လူယုံတွေကို ထည့်ပေးလိုက်လို့သာ ခုလို အခြေအနေမှန်ကို သိရတာ”
ရောဇသည် တနေ့ထက် တနေ့ပို၍သာ ခက်ထန်လာသည်ဟု၊ ကဉ္စနာတွေးမိနေသည်။ ရာဇဂြိုဟ်၏ သေနာပတိ ဟူသောအဖြစ်တွင် ရောဇ လိုသည်ထက်ပို၍ မောက်မာ ၀င့်ကြွားသည်ဟု လည်းထင်သည်။ စင်စစ်၊ သုသုနာဂဘုရင်၏သမီးတော်နှင့် လက်ဆက်ထားသောသူသည် အိမ်ရှေ့ဥပရာဇာအရာနှင့်သာ လိုက်ဖက်သော်လည်း ရောဇက မြို့ရွာနယ်ပယ် အုပ်ချုပ်ရေး အကျွမ်းမ၀င်၊ နှလုံးမတွေ့ဟုဆိုကာ ဥပရာဇာ အဖြစ်ကို ငြင်းပယ်ခဲ့ပြီး သေနာပတိအဖြစ်ကိုသာ ရယူခဲ့လေသည်။
“အဖသတ် မျိုးတွေဟာ၊ မဇ္ဈိမ ကနေထွက်သွားကြရပြီးတဲ့နောက်မှာ တဖြည်းဖြည်းနဲ့ အမျိုးပြုတ်ဇာတ် သိမ်းသွားလိမ့်မယ်လို့ အားလုံးက ထင်နေကြတယ်။ ငါကတော့ ဒီလိုမထင်ဘူး။ သင်းတို့ မြို့ရွာအသစ် တည်ချင်တည်လိမ့်မယ်လို့ တွေးခဲ့တယ်၊ အခု ငါတွေးတာထက်တောင် သင်းတို့ကပိုပြီး အရာရောက်နေကြပြီ၊ ကြည့်စမ်း ယောဇနတိုင်း အရိမညမြို့တော်တဲ့၊ မဟာဝုန်မြို့တဲ့၊ မိုးညှင်းမြို့တဲ့၊ တထီးတနန်း ဖြစ်နေလိုက်ကြတာ”
ဇလာမိက အပေါ်မှာ ဘာကြောင့်သည်မျှ အငြိုးအတေး ကြီးမားပြင်းထန် နေသည်ကိုတော့ ကဉ္စနာ နားမလည်နိုင်။ နာဂဒါသဘုရင်ကိုလည်း ရှင်းလင်းဖယ်ရှားပစ်ခဲ့ပြီ။ အဖသတ်မျိုး အဆက်အနွယ်များလည်း ရာဇဂြိုလ်သည် လိစ္ဆပီသားတို့လက်တွင်းပြန်လည် ရောက်ရှိခဲ့ပြီ။ ဇလာမိက တို့ညီနောင်သုံးဦးနှင့် သူတို့ နောက်လိုက်နောက်ပါများသည်လည်း ယခုအခါ ရာဇဂြိုလ်နှင့် ဝေးလံလှစွာသော ဒေသ တသီးတခြား ရှိနေကြပြီ။ သို့ပါလျက် ရောဇသည် ဇလာမိကနှင့် ပတ်သက်လာလျှင် ယခုတိုင် ပူလောင်ပြင်းထန်ဆဲ။
“ကဉ္စနာ”
ခက်ထန်သော ခေါ်သံကြောင့် ကဉ္စနာ၏ အတွေးသည် ဖရိုဖရဲ ပျက်စီးသွားလေသည်။
“ကဉ္စနာ ပြောစမ်း၊ မင်းဘယ်လိုထင်သလဲ၊ သင်းတို့အခုလို မြို့နန်းအသစ် တည်နေကြတာကို မင်းဘယ်လိုထင်သလဲ”
“ကဉ္စနာ ဘယ်လိုမှမထင်တတ်ပါဘူးအမောင်၊ ကဉ္စနာဟာ ဘုရင့်သမီးတော်၊ သေနာပတိကတော်သာ ဖြစ်နေပေမယ့် ထီးရေး နန်းရေးတွေကို ဘာမျှမသိပါဘူး၊ ကဉ္စနာဟာ ဒီကမ္ဘာလောကထဲမှာရှိတဲ့ မိန်းမသားတွေထဲက မိန်းမသားတယောက်ပါ”
“ဘယ်ဟုတ်မလဲ၊ မင်းဟာ သေနာပတိရောဇ ရဲ့ဇနီးမယားပဲ၊ မင်းသိနိုင်ရမှာပေါ့”
“ကဉ္စနာ ဘာကိုမျှ မသိနိုင်ပါဘူး အမောင်”
ရောဇ ထိုင်ခုံတခုကို ကြမ်းတမ်းစွာဆွဲယူလိုက်ကာ လေးလံစွာ ထိုင်ချလိုက်သည်။
“အလကားပဲ၊ မင်းလဲ အလကားပဲ၊ လိစ္ဆပီတွေဟာ ဟိုတုန်းကလို မဟုတ်ကြတော့ဘူး၊ ဝေသာလီဂဏ အုပ်ချုပ်ရေးနဲ့ နေခဲ့ကြတဲ့ လိစ္ဆတွေ မဟုတ်တော့ဘူး။ လိစ္ဆပီဆိုတဲ့ နာမည်ပဲရှိတော့တယ်။ ထက်မြက်တဲ့ဥာဏ်၊ ရဲဝံ့တဲ့အတွေး၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေမရှိကြတော့ဘူး၊ မင်းလဲ သွေးဖြူဆုတ်ယုတ်သွားတဲ့ လိစ္ဆ၀ီတယောက်ပဲ… ထွီ…”
ရောဇ ထိုင်ခုံမှ ပြန်ထပြန်သည်။ တွန်းတိုက်ဝှေ့ယမ်း၍ ရပ်လိုက်သည်ဖြစ်သောကြောင့် ထိုင်ခုံလဲကျ သွားလေသည်။
“ဒီမှာ နားထောင်စမ်း ဟေ့၊ ရာဇဂြိုလ်မှာရှိနေကြတဲ့ သူတွေအားလုံး ဘယ်လောက်ပဲပေါ့ပေါ့ဆဆ မေ့မေ့လျော့လျော့ နေကြပေမယ့် ငါကတော့မမေ့နိုင်ဘူး သိလား”
သူ့မျက်လုံးများ နီရဲနေပုံမှာ အခိုးအလျှံများပင် လွှင့်ထုတ်တော့မတတ်။
“အဇာတသတ်ကို ငါမမေ့ဘူး၊ ၀ဿကာရ ကို ငါမမေ့ဘူး၊ စစ်မှန်တဲ့ဂဏ အုပ်ချုပ်ရေးနဲ့၊ သန္တာဂါရအဖွဲ့အစည်း ပျက်စီးခဲ့ရတာကို ငါမမေ့ဘူးနားလည်လား”
ရောဇ ရူးသွပ် နေပြီလားဟု ကဉ္စနာတွေးမိပြန်သည်။
“၀ဿကာရဗြဟ္မဏကို အဇာတသတ်ဘုရင်က သူလျှိုစေလွှတ်ပြီး ငါတို့ ဘိုးဘေးတွေရဲ့ ဝေသာလီကို ဖျက်ဆီးပစ်ခဲ့တာလေ၊ လီစ္ဆ၀ီသားတွေကို အစိတ်စိတ် အမြွာမြွာခွဲပစ်ခဲ့တာလေ”
“အို…အမောင်၊ အဲ့ဒါဟာ ကြာခဲ့လှပါပကော၊ နှစ်ပေါင်းရှစ်ဆယ်ကျော်ခဲ့ပြီ မဟုတ်လား”
“ငါ့ရင်ထဲမှာ မနေ့ကလို့ပဲထင်နေတယ်”
“ဒါပေမယ့် အဇာတသတ်မင်း ကိုကော၊ ၀ဿကာရဗြဟ္မ ကိုကော ကဉ္စနာတို့ မီလိုက် ကြတာမှမဟုတ်ဘဲ အမောင်၊ ဒါဟာ ဟိုးရှေးတုန်းက ဖြစ်ခဲ့တာပဲ၊ အခုလဲ နာဂဒါသဘုရင်ကိုဖယ်ရှားပြီးပြီမဟုတ်လား၊ ဇလာမိက တို့လဲမရှိတော့ဘူး မဟုတ်လား”
ရောဇ ရယ်သည်။ သို့သော် ရယ်သံမှာ မီးပုံတခုမှ မီးလျှံများ တဟဲဟဲ အော်မြည်သံမျိုးနှင့် တူသည်ဟု ကဉ္စနာထင်သည်။
“ကဉ္စနာ၊ မင်းဟာ သေနာပတိကတော် တယောက် ဖြစ်မလာသင့်ဘူး။ ကချေသည် တယောက်ပဲ ဖြစ်သင့်တယ်။ ထီးရေး နန်းရေး မျိုးနွယ်ရေးတွေကိုမင်း ဘာမျှ နားမလည်တတ်ဘူးဆိုတာ ငါယုံသွားပြီ။ ဒါပေမယ့် ငါ့ကိုယ်ထဲက လိစ္ဆ၀ီ သွေးတွေကကတော့ နီရဲနေဆဲပဲ မင်းတို့အားလုံးဘာမျှနားမလည်ပေမယ့် ငါနားလည်တယ်၊ ငါခံစားတတ်တယ်၊ အဇာတသတ်မျိုးနွယ်တွေ ဒီကမ္ဘာလောကရဲ့ တနေရာရာမှာ ရှိနေတာကိုပဲ ငါလက်မခံနိုင်ဘူး၊ သင်းတို့ဒီလောကမှာ ရှိကိုမရှိဘူး”
တစ်စုံတစ်ခုကို ကြိတ်ချေသလို လက်ဝါးနှစ်ဘက်ကို ဆုပ်ချည်ဖြန့်ချည် ပြု့သည်။
“ အင်မတန် ကြီးကျယ် စည်းလုံးတဲ့ ဂဏ အုပ်ချုပ်ရေးနဲ့ သန္တာဂါရ ကိုတောင်မှ ၀ဿကာရလို သူလျှိုမျိုးလွှတ်ပြီး ဖျက်စီးပစ်ခဲ့တဲ့ အဇာတသတ် မျိုးနွယ်တွေဟာ ခုလို ဘုရင်ကို သုတ်သင်၊ ကျန်တဲ့ သူတွေကို နှင်ထုတ်ခံထားရတဲ့ အခြေမျိုးမှာ တနည်းနည်းနဲ့ ပြန်ပြီး အန္တရာယ် ပေးဦးမှာပဲ။သင်းတို့ အခု တထီးတန်းမြို့တည်ကြပြီ၊သင်းတို့ ရာဇဂြိုဟ်ပြည်ကို ပြန်လာမှာပဲ၊သည်တော့”
တက်ကြွမှု အားကြီးစွာဖြင့် ရောဇ မျက်လုံးများ အရောင်တောက်နေကြသည်။
“သင်းတို့ရဲ့ သွေးကြွေးကို ပြန်ဆပ်ခိုင်းရမယ်၊ ဝေသာလီကို သင်းတို့ ဘိုးဘေးတွေ ဖျက်ဆီးခဲ့သလို၊ သင်းတို့ရဲ့ အခု မြို့သစ်ပြည်သစ်ကိုလဲ ပြန်ဖျက်စီးမယ်၊ ၀ဿကာရ ဗြဟ္မာဏ ကို သူလျှိုလွှတ်သလို သင်းတို့အထဲကိုလည်း သူလျှိုလွှတ်ရမယ်၊ ဥပါယ်တံမျဉ် သုံးရမယ်၊ သင်းတို့ သုံးခဲ့တဲ့ နည်းမျိုးနဲ့ ပဲ သင်းတို့ကို ပြန် ဖျက်စီးရမယ်၊ ဟုတ်တယ်”
“အမောင်”
လေပြင်းတွင် လွှင့်ပါသွားသော သစ်ကိုင်းတစ်ခု ပမာ ခန်းမထဲမှ တဟုန်ထိုး ထွက်သွားသော ရောဇသည် ကဉ္စနာ ခေါ်သံကို မကြားနိုင်တော့ချေ။

၅။

မဂတိုင်းနှင့် ရာဇဂြိုဟ်ကို လွမ်းသော အလွမ်းသည်ပင် ခွန်အားသစ်များ ဖြစ်လာကြသည်။ အထပ်ထပ် ၀န်းရံနေသော တောင်တန်း အသွယ်သွယ်တို့သည် လည်ကောင်း သီရိပဗ္ဗတတောင်မှ အဖျားခံခဲ့သော နန်းကရည် ချောင်းကြီးသည် လည်ကောင်း တပြန့်တပြော ရှိလှသည့် လွင်ပြင်ကြီးသည် လည်းကောင်း၊ ရာဇဂြိုဟ်ကို သတိရအောက်မေ့စရာများ ချည်း ဖြစ်နေလေသည်။
သို့သော် .. ဘ၀ဟောင်းကို အပြီးတိုင် စွန့်လွှတ်ခဲ့ကြပြီးပြီ ..။
အသစ်အသစ်သော ဘ၀ကိုသာ တည်ဆောက်ကြရတော့သည်။
အလွမ်းတို့ကို အင်အားများ အဖြစ်သို့ ကူးပြောင်းယူလိုက်ကြသည်။
မဆုတ်မနစ်သော ၀ီရိယ နှင့် အကြား မလပ်သော စည်းလုံးမှုကို အရင်းပြုကာ လောကသစ်ကို ပြု့စုကြသည်။
အရိမည မြို့တော်ကြီးသည် တောင်တို့အကြား တောတို့ အလယ်တွင် လှပစွာ ဖြစ်ထွန်းခဲ့ပေပြီ။ဒေသခံ မျိုးနွယ်တို့ နှင့်လည်း သွေးနှော ချစ်ခင်ခဲ့ကြပြီ။ ကျိန်စာ သင့်ခဲ့သည့် ပမာ ဆိုးရွားစွာ အသတ်မှတ်ခံခဲ့ရသော “အဖသတ်မျိုး” ဟူသည့် အမည်ဆိုးကို လည်း ဆေးကြော သန့်စင်ခဲ့နိုင်ပြီ။
ဇာလာမိက ရာဇာ သည် တစတစ ကျယ်ပြန့် သာယာလာနေသော အရိမည မြို့တော်သစ်ကို ရှင်းသန့်သော နှလုံးဖြင့် ပွေ့ပိုက်ထားလေသည်။.
ဆီးနှင်း ပြိုက်ကျ ညများနှင့် လရောင်ဖြာသော ညများတွင်မူ ဇလာမိက ရာဇာသည် ရာဇဂြိုဟ်ကို ပြင်းစွာ သတိရမိတတ်သေးသည်။ အထူးသဖြင့်မူ ငယ်ပေါင်း ရောင်းရင်း ရောဇနှင့်ကဉ္စနာ ။
ရာဇဂြိုဟ်မှ ထွက်ခွာ လာစဉ်ကမူ ရင်နှင့်အမျှ ပူပြင်းလောင်မြိုက်ခဲ့ရချေသည်။ နန်းတော်ခန်းမအတွင်း လုပ်ကြံသူတို့ အလယ် ရာဇပုလ္လင်ရှေ့တွင် သံကြိုးတဲနှောင်ခံ အကျဉ်းသားအဖြစ်ရောက်ခဲ့စဉ်က ရောဇပြောခဲ့သော စကား များကို မေ့ပျောက်မရ၊ ခမည်းတော် နာဂဒါသ၏ အသက်နှင့်အတူ ပေးဆပ်လိုက်ရသော ဂုဏ်သိက္ခာ အတွက် ရောဇကို ကလဲ့စားချေရန် ဆုံးဖြတ်ခဲ့မိသေးသည်။
သို့သော် အချိန်ကာလသည် ဒေါသနှင့် နာကျည်းမှုများကို တိုက်စားဖြို ဖျက်သွားခဲ့ပြီး ဖြစ်သည်။ ကိုယ်နှိုက်က မည်သို့မျှ မလုပ်ရပါပဲ ကိုယ့်တာ ကိုယ့်ဝန် ဖြစ်ခဲ့သော အဘ၊ အဘိုးတို့ ပြုခဲ့ကြသည့် ကြောက်စရာ အမှုကြီးကိုလည်း ပယ်ဖျောက်နိုင်ခဲ့ပြီးဖြစ်သည်။ စွန်းထင်းပေကျံခဲ့သော သွေးကြွေးကို တစတစ ဆေးကြော သုတ်သင်နိုင်ခဲ့ပြီး ဖြစ်သည်။
ထိုအခါ ရောဇ နှင့်တကွသော ရာဇဂြိုဟ်သားတို့ အပေါ်တွင် အကြွင်းမဲ့ ခွင့်လွှတ်နိုင်ခဲ့လေသည်။ ငြိမ်းအေးချမ်းမြေ့သော နှလုံးသည် နာကျင်စရာ အတိတ်ကို အနိုင်ရရှိသွားလေသည်။

အရိမည မြို့တော်သစ်သည် ပြည်သား ပြည်သူ ဦးရေနှင့် မဆံ့ချင်တော့၊။ ကဒူး၊ကစက်၊သက်၊ ကွမ်းရည် မျိုးနွယ်ဖွားတို့သည်လည်း တဖြည်းဖြည်းနှင့် တိုးပွားလာသည်။
နွယ်ပင်ကြီးများ ရစ်ပတ်နေသော အင်ကြင်းတော ရှိရာ လွင်ပြင်သစ်သို့ ပြောင်းရွှေ့၍ မြို့သစ်တည်ရန် စီမံရတော့မည်။ အသစ်ပြောင်းရွှေ့မည့် လွင်ပြင်ကျယ်ကြီး နေရာသည် အကွက်အကွင်းပိုကျသည်။ ၀န်းကျင်ပတ်လည်ရှိ တောင်ကြီးငါးလုံးကလည်း ဝေဘူလ၊ ဝေဘာရ၊ ဗန္ဓ၀၊ ဂိဇ္ဈကုဋ်၊ ဣသိဂိလိကည်း ဟူသော ရာဇဂြိုဟ် မြို့တော်၏ တောင်ကြီးငါးလုံးကို အမှတ်ရစေသည့် အထိမ်းအမှတ် ဖြစ်နေသည်။
မှူးမတ်များ၊ပုရောဟိတ်များကလည်း မြို့သစ်တည်မည့် အစီအမံ အတွက် နေ့ည မခွဲခြား အမှုတော် ယူနေကြသည်။ မျိုးနွယ်ဖွား တိုင်းရင်းသားများကလည်း တက်တက်ကြွကြွ ပါဝင်ကြသည်။
ပို၍ လှပသော အနာဂတ်ဘ၀သစ်သည် တစတစ ရုပ်လုံးကြွလာပေပြီ။ ဇလာမိကရာဇာနှင့်တကွ အရိမညပြည်သားအားလုံး မြို့သစ်တည်ဆောက်ရေးအတွက် လှုပ်လှုပ်ရှားရှား ရှိနေကြချိန်မှာပင်..
အံ့သြစရာကောင်းလှသော အဖြစ်တခုပေါ်ပေါက်လာသည်။
အခြားမဟုတ်…
ရာဇဂြိုလ်မှ သေနာပတိ ရောဇနှင့်သူ၏ ကိုယ်ရံတော်တပ်ဖွဲ့ အ၇ိမညသို့ ရောက်လာခြင်းပင်ဖြစ်သည်။

မြင်းတပ်ဖွဲ့၏ ရှေ့ဆုံးတွင် သေနာပတိရာဇ ဦးဆောင်လာသည်။ ရောဇလက်ထဲတွင် မည်သည့် လက်နက်ကိုမျှ ကိုင်စွဲမထား။ သို့သော် ရောဇ၏ဘေးမှ တပ်မှုးလက်ထဲတွင်ကား ရှည်လျားသောလှံတံတခုကို မြင့်မားစွာ မြှောက်ချီလာသည်။ လှံတံ၏ အသွားးဘက်သည် အပေါ်တွင်ရှိနေသည်။ လှံတံအသွားအောက်တွင်ကား အဖြူရောင်တံခွန်။
ငြိမ်းချမ်းစေ့စပ်မှု အထိမ်းအမှတ် အဖြူရောင်တံခွန်။
မြို့သစ်တည်ရာ ယာယီနန်းရှေ့ မြေကွက်လပ်အရောက်တွင် ရောဇသည်မြင်းပေါ်မှ အသာအယာဆင်းသည်။ သူ့ကိုယ်ပေါ်မှ အဖြူရောင် ၀တ်ရုံစသည် လှပစွာ ၀ဲကျသွားသည်။
လက်နက်တစုံတရာ ကိုင်စွဲမထားသော ရောဇ၏၀တ်စုံမှာ သေနာပတိဝတ်စုံမဟုတ်။ ကိုယ်ကျပ်အဖြူ၊ ဦးရစ်ပေါင်းအဖြူ၊ ၀တ်ရုံအဖြူ၊ သံတမန်ကြီးတဦး၏ ၀တ်စုံမျိုး။
ရောဇသည် မြေကွက်လပ်ကို ဖြတ်လာပြီး ဇလာမိကရာဇာရှေ့တွင် တင့်တယ်စွာ ရပ်လိုက်လေသည်။ နွေးထွေးသောအပြုံးသည် ရောဇမျက်နှာပေါ်တွင် အထင်အရှား။
ဇလာမိကရာဇာသည် အံ့သြခြင်းကြီးစွာဖြင့် တိတ်ဆိတ်နေသည်။ သူငယ်ချင်းရောဇကို မည်သည့်စကားဖြင့် နှုတ်ဆက်ရမှန်းမသိ။ မည်သို့ခရီးဦးကြိုရမှန်းမသိ ရောဇသည် လက်အစုံကို ရှေ့သို့ဆန့်ထုတ်၍…
“သူငယ်ချင်း ဇလာမိက။ နောင်တတရားကိုပွေ့ပိုက်ပြီး ရောက်လာတဲ့ငြိမ်းချမ်းရေးတမန်ရောဇကို မင်းဘယ်လိုကြိုဆိုမလဲ။ မင်းရဲ့အရိမညက ရောဇနဲ့ သူရဲ့ငြိမ်းချမ်းရေး တမန်အဖွဲ့ကို များမောင်းထုတ်လိုက်ဦးမှာလား ဟင်”
ရောဇသည် လက်အစုံကိုပြန်ရုပ်သိမ်းကာ ဒူးထောက်ချလိုက်ပြန်သည်။
“ခွင့်လွှတ်ပါ၊ သူငယ်ချင်းရောင်းရင်းကို တွေ့လိုက်ရတော့ ငယ်ငယ်ကလိုပဲ သုံးနှုန်းခေါ်ဝေါ်မိသွားပါတယ်။ အရိမညဘုရင်မင်းမြတ် ကျွန်တော်မျိုးဟာ ရာဇဂြိုလ် ငြိမ်းချမ်းရေးတမန်အဖွဲ့ခေါင်းဆောင် ရောဇဖြစ်ပါတယ်”
ထိုအခါမှပင် ဇလာမိကရာဇာ လှုပ်ရှားလာသည်။
“ရောဇ သူငယ်ချင်း ထစမ်း၊ ထစမ်းပါ။ မင်းနဲ့ငါဟာ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေပါ၊ အဲ့ဒီလိုမနေပါနဲ့”
ယာယီနန်း သလွန်မှထကာ ဇလာမိကရာဇာသည် ရောဇကိုပွေ့ဖက် နှုတ်ဆက်လေသည်။
“သူငယ်ချင်းရောဇ၊ မင်းငါ့ဆီရောက်လာတယ်နော်”
“ဟုတ်တယ် သူငယ်ချင်း။ နောင်တတရားတွေနဲ့အတူ ရောက်လာတာပါ့။ မှားခဲ့မိတဲ့ အပြစ်တွေကို ဆေးကြောချင်လို့ ငါကိုယ်တိုင် ငြိမ်းချမ်းရေးတမန်အဖွဲ့ကိုဦးဆောင်ပြီး လာခဲ့တာပါ။ မင်းအပေါ်မှာ ကျူးလွန်စော်ကားမိတာတွေ အားလုံးကို ကိုယ်တိုင်တောင်းပန်ချင်လို့ မင်းရဲ့ခွင့်လွှတ်မှုကို တောင်းခံချင်လို့ ငါလာခဲ့တာ”
“ငါ အားလုံးကို ခွင့်လွှတ်ပြီးသားပါ သူငယ်ချင်း၊ ဖြစ်ခဲ့သမျှတွေအားလုံးအတွက်လဲ ငါ့သံသရာဝဋ်ကြွေးကို ငါပြန်ဆပ်ရတယ်လို့ပဲ နှလုံးသွင်းခဲ့ပါတယ်”
“၀မ်းသာလှပါတယ် သူငယ်ချင်း၊ ရာဇဂြိုလ်ကနေမင်းတို့ကို နှင်ထုတ်ခဲ့ပြီးတဲ့နောက် ငါတချိန်လုံး နောင်တရနေခဲ့တယ်။ ဒီဒေသမှာ မင်းတို့ မြို့သစ်တည်ပြီး နန်းစိုက်ကြတယ်ဆိုတာ ခရီးသွား ကုန်သည်တွေကနေတဆင့် ကြားရတော့ မင်းရှိရာကိုအရောက်လာဖို့ ငါစိတ်အားထက်သန်နေခဲ့တယ်။ အခု ရာဇဂြိုလ် ငြိမ်းချမ်းရေးတမန်အဖွဲ့ကို လွှတ်မယ်ဆိုတော့ ဒီအဖွဲ့မှာငါ့ကိုပဲ ခေါင်းဆောင်ခန့်ပါ၊ သေနာပတိရောဇအနေနဲ့ မဟုတ်ပဲ တမန်အဖွဲ့ခေါင်းဆောင်ရောဇအဖြစ်နဲ့ သွားပါရစေလို့ ငါအမိန့်တော်တောင်းခဲ့တယ်။ ငါ့ဆန္ဒ ပြည့်ဝပြီ သူငယ်ချင်း၊ မသေခင်မှာ မင်းနဲ့တွေ့ပြီး မင်းရဲ့ခွင့်လွှတ်မှုကို အရယူသွားချင်တဲ့ဆန္ဒ ပြည့်ရပြီလေ”
ရောဇ၏လက်ကို ဆုပ်ကိုင်ထားယင်း ဇလာမိကရာဇာသည် စိတ်လှုပ်ရှားစွာလှုပ်ယမ်းနေလေသည်။ ဇလာမိကရာဇာ၏ လက်ပေါ်သို့ ရောဇက ထပ်၍ အုပ်မိုးဆုပ်ကိုင်လိုက်ပြန်သည်။
“ကဉ္စနာကော နေကောင်းရဲ့လား ရောဇ”
“နေကောင်းတယ်၊ သူလဲ ဒီကိုသိပ်လိုက်လာချင်ရှာတယ်။ ငြိမ်းချမ်းရေးတမန်အဖွဲ့ ဖြစ်နေလို့သူမလိုက်သာဘူး။ မင်းကို နှုတ်ဆက်လိုက်ကြောင်းလဲ တဖွဖွ ပြောရှာတယ်”
ဇလာမိကရာဇာသည် မှူးမတ်ဗိုလ်ပါများရှေ့တွင် အရိမညဘုရင်ဟူသော အဖြစ်ကိုမေ့ပျောက်နေသည်။
မင်းရဲ့တမန်အဖွဲ့ကို သီးခြားအနားယူပါစေ ရောဇ၊ မင်ကတော့ ငါနဲ့အတူ နန်းဆောင်ထဲမှာ လာနေပါ၊ တို့သူငယ်ချင်းနှစ်ယောက်တည်း စကားတွေပြောရအောင်”
“ဟုတ်တာပေါ့၊ ငါကလဲ ဒီဒေသကို မင်းတို့ရောက်လာပုံ၊ အရိမညမြို့သစ်တည်ပုံတွေကို သိပ်နားထောင်ချင်နေတာ”
သူငယ်ချင်းနှစ်ယောက် နွေးထွေးသော ပြန်လည်တွေ့ဆုံခန်းသည် အားလုံးဆီသို့ ကူးစက် ရိုက်ခတ်သွားလေသည်။

၆။
ရာဇဂြိုလ်နှင့် အရိမညတို့အကြား ရွှေလမ်းငွေလမ်းပေါက်သွားသည်။ ရောဇပင်လျှင် အရိမညသို့ သုံးကြိမ်တိုင် ရောက်ခဲ့ပြီဖြစ်သည်။ နောက်ဆုံးအကြိမ်မှာ တမန်အဖွဲ့နှင့်မဟုတ်ပဲ သီးခြားလာရောက်ခြင်းဖြစ်သည်။ ရောဇသည် ဇလာမိကရာဇာနှင့်အတူ ယောဇနတိုင်းဒေသအနှံ့သို့ ခရီးထွက်ခဲ့သည်။ ဇလာမိကရာဇာကလည်း တိုင်းခန်းလှည့်လည်ရာတိုင်းသို့ ရောဇကို ခေါ်သွားတတ်သည်။
ဤသို့ဖြင့်ပင် အချိန်ကာလများ ကုန်ဆုံး ရွေ့လျားလာခဲ့သည်။
မြို့သစ်တည်ရေး အစီအမံလည်း တစထက်တစရုပ်လုံးကြွလာသည်။ ပုရောဟိတ်တို့၏ တွက်ချက်မှုအရ မြို့သစ်ကို သာသနာ နှစ်တရာပြည့်နှစ်တွင် အပြီးတိုင် တည်ထားပြောင်းရွေ့ရန် အမိန့်ထုတ်ပြန်လိုက်သည်။ သီရိပဗတတောင်ပေါ်မှ စီးဆင်းလာသော နန်းကရည်ချောင်းရေကိုလည်း ရေကန်သုံးဆင့်ခံ၍ ရေမပြတ် သွင်းထားသည်။ မြို့သစ်၏ ကျုံး သုံးတန်အတွက်ဖြစ်သည်။
မြို့၏အရှေ့မျက်နှာ ရှမ်း၊ အနောက်မျက်နှာ ကစက်၊ တောင်မျက်နှာ သက်၊ မြောက်မျက်နှာ အင်ကြယ်မျိုးနွယ်တို့ နေထိုင်ရန်လည်း ပန္နက်ချခဲ့ပြီ ဖြစ်သည်။ အလယ်ချက်မ မူအကြီးဆုံးသော အင်ကြင်းပင်ကြီးကိုပယ်၍ ထီးနန်းကနက် တည်ထောင်ရန် အစီအမံပြုထားသည်။
တောင်ငါးလုံးအလယ် လွင်ပြင်ကြီးထဲသို့ နန်ဘုံတခု ဆင်းသက်လာသည့်အလား ထင်မှတ်စေရမည့် ထိုမြို့သစ်၏အမည်ကိုလည်း ဌာနငါးရပ် နွယ်ပတ်လျက်ရှိသောကြောင့် “နွယ်ပတ်” မြို့ဟု မှည့်ခေါ်ရန် ညှိနှိုင်းထားကြသည်။
ရောဇသည် လက်ရွေးစင်အမတ်များကို စံအိမ်တော်သို့ခေါ်ရန် စုရုံးထားသည်။ စံအိမ်တော်၏ လှို့ဝှက်ခန်းမဆောင်တွင် အာလုံးတွေ့ဆုံကြသည်။ ထိုလက်ရွေးစင်အမတ်များသည် လက်ရုံးရည် ကျွမ်းကျင်ထက်မြက်ကြသော ရာဇဂြိုလ်၏ အကောင်းဆုံးစစ်သည်တော်များလည်း ဖြစ်ကြလေသည်။
“အားလုံး အထူးဂရုစိုက်ပြီး နားထောင်ကြစမ်း၊ ဒီတခါတွေ့ဆုံစည်းဝေးပွဲဟာ အရေးအကြီးဆုံးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အခုအထိ ငါတို့လုပ်ခဲ့တဲ့သေနင်္ဂအစီအမံကို အစအဆုံးအားလုံးပြောင်းပြီး သေနင်္ဂအသစ် လုပ်ရမယ့်အရေးဖြစ်တယ်”
အဆုံးစွန်သော စိတ်ဝင်စားမှုများဖြင့် ခန်းမဆောင်သည် တိတ်ဆိတ်နေသည်။
“အဖသတ်မျိုး အဆက်အနွယ်တွေကို ကစဉ့်ကလျားပျက်စီးသွားအောင် ငါကြံစည်ခဲ့တယ်။ ငါကိုယ်တိုင် သင်းတို့ရဲ့ အရိမညကို သုံးခေါက်သွားခဲ့တာ မင်းတို့အသိပဲ။ တို့ရဲ့ လိစ္ဆ၀ီကို အဇာတသတ်လက်ထက်က ၀ဿကာရဗြဟ္မဏရောက်လာပြီး အလွန်သိမ်မွေ့တဲ့ နည်းနဲ့ဖြိုခွဲ ဖျက်ဆီးခဲ့သလို အခုလဲ သင်းတို့ကို နှလုံးစွမ်းရည်နဲ့ ဖျက်ဆီးဖို့ငါကြိုးစားခဲ့တယ်။ ဒါပေမယ့် ဇလာမိကနဲ့ သူ့ဒေသအုပ်ချုပ်ရေးဟာ ငါတို့ရဲ့ ဝေသာလီလို မဟုတ်ဘူး။ အရိမညဒေသဟာ ထူးခြားတဲ့အုပ်ချုပ်ရေးနဲ့ ဖွဲ့စည်းထားတာတွေ့ရတယ်”
“ဘယ်လိုထူးခြားနေပါသလဲ တပ်မင်း”
“ဒေသခံ တိုင်းရင်းသား မျိုးနွယ်ဖွားတွေနဲ့ ဇလာမိကရဲ့လူတွေဟာ သိပ်ညီညွတ်ကြတယ်။ ဒီမျိုးနွယ်စုဟာ ရိုးသားသလောက် သစ္စာလဲ သိပ်ကြီးမားကြတယ်။ ဇလာမိကတို့ကလဲ သူတို့နဲ့ တသွေးတည်း တဘောထားကြတယ်။ ဒီတော့ အရိမညဟာ ဝေသာလီ မဟုတ်သလို ငါကလဲ ၀ဿကာရမဟုတ်ဘူး။ လိစ္ဆ၀ီကို အဇာတသတ် ဖျက်ဆီးခဲ့တဲ့နည်းလမ်းမျိုးကို ငါတို့အခုသုံးလို့မရတော့ဘူး။ ဒါကြောင့် နူးညံ့တဲ့နည်းနဲ့ သူတို့အထဲကို ၀င်ရောက်ပြီး တစတစ သူတို့ချင်းသွေးကွဲသွားအောင် လုပ်တဲ့နည်းကို ငါစွန့်ပယ်ပစ်လိုက်ပြီ”
“သေနင်္ဂအသစ်က ဘယ်လိုပါလဲ တပ်မင်း”
“လက်ရုံးရည်စွမ်းနဲ့ ဖြိုဖျက်တဲ့သေနင်္ဂ”
အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
“ရာဇဂြိုလ်တပ်မတွေနဲ့ ချီပြီး လုပ်ကြံဖို့လားတပ်မင်း။”
“မဟုတ်ဘူး၊ ဇလာမိကတို့ကို ချေမှုန်းဖို့ဆိုတာ မင်းတို့သိတဲ့အတိုင်း ငါတဦးတည်းရဲ့အကြံမဟုတ်ဘူးလား။ ဒီလောက်ခက်ခဲတဲ့ ခရီးကြမ်းကြီးကို ချီတက်ပြီး ဟိုးအဝေးကြီးက အရိမညမြို့လေးကို တိုက်ခိုက်ဖို့ သုသုနာဂဘုရင်ကြီးကဘယ်လိုမှ ခွင့်ပြုမှာမဟုတ်ဘူး။ ဘုရင့်အမိန့်တော်ကို ငါမရနိုင်ဘူး”
“လှို့ဝှက်တပ်ဖွဲ့နဲ့ပေါ့ တပ်မင်း”
“မှန်တယ်၊ ဒါပေမယ့် စစ်သည်ရဲမက်အနေနဲ့ ချီတက်သွားရမှာမဟုတ်ဘူး၊ အယင်တုန်းကလိုပဲ တမန်အဖွဲ့အဖြစ်နဲ့ သွားရမှာ၊ ဟိုရောက်မှ အရိမညရဲ့ အရေးကြီးဆုံးလူတွေကို သုတ်သင်ပစ်မှာ။ မင်းတို့ကို သုံးစုခွဲမယ်၊ တစုက မဟာဝုန်က ကစ္စနရာဇာကို လုပ်ကြံ၊ တစုက မိုးညှင်းက ဥသိကရာဇာကိုလုပ်ကြံ၊ တစုက ငါနဲ့အတူ အရိမညမှာနေ၊ ငါကိုယ်တိုင် ငါ့လက်နဲ့ ဇလာမိကကိုသုတ်သင်မယ်။ အားလုံးပြီးတာနဲ့ သုံးဖွဲ့စလုံးပြန်စုံပြီး ရာဇဂြိုလ်ကို ပြန်လာရုံပဲ”
“အင်းမတန်ကောင်းတဲ့ အစီအမံပါပဲ တပ်မင်း”
“အသေးစိတ် အစီအရင်တွေကို အရိမညရောက်တဲ့အခါမှ ငါ အမိန့်တော်ထပ်ပေးမယ်၊ ဘာမေးစရာလိုသေးလဲ”
“တခုမေးပါရစေ တပ်မင်း”
“ပြော”
“အရိမညကို ဘယ်တော့ထွက်ခွာကြရပါမလဲ”
“နက်ဖြန်ပဲ ငါတို့သွားကြမယ်၊ နောက်တပတ်အတွင်းမှာ သူတို့ဟာ နွယ်ပတ်လို့အမည်ပေးမယ့် မြို့သစ်ရဲ့ အရှေ့တံခါး ပန္နက်ချပွဲ ကျင်းပလိမ့်မယ်။ အဲ့ဒီပွဲအမီ သွားရမယ်၊ ပန္နက်ချပွဲအတွက် သင်းတို့ အာရုံများနေခိုက်မှာ ငါတို့က….”

၇။
“နွယ်ပတ်” ဟုအမည်ပေးမည့် မြို့တော်သစ်၏ အရှေ့မျက်နှာ “ကြိမ်တံခါး” နှင့် “စည်ပေါက်တံခါး” အကြားတွင် ကြီးစွာသော တဲနန်းကြီးတလုံးထိုးထားသည်။ အရိမည မြို့သူမြို့သားအားလုံး တဲနန်းကြီး၏ ၀ဲယာ ရှေ့နောက်ဝန်းကျင်သို့ စုရုံးရောက်ရှိနေကြသည်။
တဲနန်း၏ အတွင်းဘက် စင်မြင့်အလယ်တွင် ဇလာမိကရာဇာ နေရာယူထားသည်။ ဇလာမိကရာဇာ၏ လက်ယာဘက်တွင် ညီတော်များဖြစ်ကြသော ဥသိကရာဇာနှင့် ကိစ္စနရာဇာတို့ရှိကြပြီး
လက်ဝဲဘက်တွင်ကား ပန္နက်ချပွဲအတွက် အထူးဧည့်သည်တော် သံတမန်အဖြစ် ရောက်ရှိလာသော ရာဇဂြိုလ်မှရောဇ ထိုင်နေသည်။
ပန္နက်ချပွဲကား နံနက်စောစော မင်္ဂလာအချိန်ကပင် ပြီးစီးသွားခဲ့ပြီ။
အရှေ့တံခါး ပန္နက်ချပွဲ၏ အောင်ပွဲသဘင်အဖြစ် တဲနန်းကြီးတွင် ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။
မျိုးနွယ်ဖွားတို့၏ အထူးထူးအပြားပြားသော အကအခုန်များကို တခုပြီးတခု တင်ဆက်နေသည်၊ သင်တိုင်းနီစွပ် မဟာဒနုလေးကြီးကိုင် ကဒူးစစ်သည်အက၊ သင်တိုင်းအနက်စွပ်စူနုဓနုလေးကိုင် လူရိုင်းမျိုးနွယ်စုအက၊ ကာစွဲသန်လျက်ကိုင် ကမ်းယံမျိုးနွယ်စု အကများကို တခုပြီးတခု တင်ဆက်သွားကြသည်။
ရောဇသည် ရှေ့တကောင်းထဲမှ ခေါင်သေရည်ကို ပထမအကြိမ်မြောက်အဖြစ် ရှေ့အနုတ်ဖော် စုတ်တံဖြင့် စုပ်ယူလိုက်သည်။
“သူငယ်ချင်း ဇလာမိက၊ မင်းရဲ့ တိုင်းသူပြည်သားတွေဟာ ဒီမြေပေါ်မှာ စစ်တိုက်လဲ အကောင်းဆုံး၊ ပျော်လဲအပျော်ရွှင်ဆုံး လူတွေပဲထင်တယ်။ ဒီဒေသမှာ ဒီလို မြို့နန်းတည်နိုင်ခဲ့ပြီး ဒီလိုအုပ်ချုပ်နိုင်တဲ့မင်းကို ငါချီးကျုးပါတယ် သူငယ်ချင်း”
“ရာဇဂြိုလ် ငြိမ်းချမ်းရေးတမန်ကြီးရဲ့ ချီးကျူးမှုကို ခံယူရတဲ့အတွက် ဂုဏ်ယူပါတယ် သူငယ်ချင်း”
ရောဇ တဟားဟားရယ်သည်။ ခေါင်သေရည်အစွမ်းဖြင့် ရောဇ ပို၍ တက်ကြွ ရွှင်မြူးနေလေသည်။
ထိုစဉ်မှာပင် မှူးမတ်တယောက်က ဘုရင့်သလွန်အနီး ချဉ်းကပ်လာသည်။
“သလ္လာဝတီ အထက်ပိုင်းက မျိုးနွယ်စုငယ်လေးတခုရဲ့ ကိုယ်စားလှယ်တဖွဲ့ ရောက်ရှိလာပါတယ် ဘုရင်မင်းမြတ်။ မြို့တော်တံခါး ပန္နက်ချပွဲ အောင်ပွဲသဘင်မှာ သူတို့ရဲ့ မျိုးနွယ်စုစစ်အကနဲ့ ဖျော်ဖြေပူဇော်ယင်း၊ ဘုန်းတော်အောက်ခိုလှုံခွင့်ပြုပါလို့ တောင်းပန်ပါတယ်။”
“ခွင့်ပြုလိုက်ပါလေ။ မျိုးနွယ်စုငယ်လေးတွေကိုလဲ အရေးအရာထားရပေမပေါ့။”

အ၀ကျယ်သော စည်မျက်နှာပေါ်သို့ တုတ်ချောင်းနှစ်ချောင်းက တချက်စီ တလှည့်စီကျလာသည်တွင် တဒုန်းဒုန်း အသံပေါ်လာသည်။ မျက်နှာပြင်ညီသော သံမောင်းကို သူသဏာန်ရှိသော ပစ္စည်းတို့ဖြင့် ထိုးခတ်လိုက်သောအခါ စူးရှတုန်ခါသော အသံထွက်ပေါ်လာသည်။
တူရိယာမှာ ထိုမျှသာဖြစ်သည်။
တူရိယာနှစ်မျိုး။ တီးခတ်သူနှစ်ဦး။
ကခုန်သူမှာ တဦးတည်းသာဖြစ်သည်။
ငှက်မွေးတောင် စိုက်ထားသော ဦးဆောင်းမှာ ကြီးမားလှပြီး။ ရောင်စုံငှက်မွေးများမှာလည်း ကခုန်သူ လှုပ်ရှားတိုင်း တဖွားဖွားလွင့်ဝဲလျက်။ ဖားဖားလျားလျား ပွရောင်းသော သင်တိုင်းရှည်ကြီးမှာလည်း တအိအိ ယမ်းခါလျက်။ သင်တိုင်းရှည်ကြီး၏ အောက်နားတွင် ရောင်စုံလဲသီးများကို သီဆွဲထားသည်။ ထိုသင်တိုင်းရှည်ကြီးအောက်မှ ခုန်ပေါက်နေသော ခြေအစုံတွင် သားမွေးခြေ၀တ်ကို သားရေကြိုးဖြင့် အထပ်ထပ် စည်းနှောင်ထားသည်။
ကပြသူ၏ မျက်နှာကား မကောင်းဆိုးဝါးတကောင်၏ မျက်နှာဖြစ်သည်။ ပြူးကြယ်သော မျက်လုံးအောက်တွင် ဆေးရောင်များကိုဆိုးသည်။ နီရဲသော မျက်ဆန်တ၀ိုက်တွင်လည်း အစိမ်းရောင်ဖြင့် ၀ိုင်းပတ်ရေးခြယ် ထားသေးသည်။
“လူရိုင်းမျိုးနွယ်စု ငယ်ပဲထင်ပါတယ်။ ငါလဲ ဒီလိုဝတ်စားဆင်ယင်းမှုမျိုးကို တခါမှမကြည့်ဖူးဘူး၊ သလ္လာဝတီ အထက်ပိုင်းဆိုတော့လဲ အင်မတန်ဝေးသီခေါင်းတဲ့ဒေသပေါ့၊ မျက်နှာဖုံးစွပ်ပြီး ကတာပဲကြည့်၊ မျက်နှာဖုံးကို ခြယ်ထားတဲ့ဆေးရောင်တွေကိုကြည့်၊ ဒါဟာ အမဲလိုက်ခြင်းတခုတည်းနဲ့ အသက်မွေးတဲ့ လူရိုင်းတွေရဲ့ထုံးဓလေ့တမျိုးပဲ”
ဇလာမိကရာဇာက ရောဇကိုပြောပြနေသည်။ ရောဇ စကားပြန်မဆိုနိုင်။ ခေါင်သေရည်၏ ယစ်မှုးရီဝေခြင်းနှင့်အတူ ကပွဲစည်းဝိုင်းအလယ်မှ ကြောက်စရာမျက်နှာဖုံးစွပ် ကခုန်သူကို ငေးကြည့်နေသည်။
စည်သံ၊ သံမောင်းသံသည် တဖြည်းဖြည်းမြန်လာသည်။ ကခုန်သူ၏ ခြေအစုံကလည်း ပို၍မြန်လာသည်။
“ဟုတ်ပါတယ်၊ ဒါဟာ အမဲလိုက်ပြီး ရလာတဲ့ အမဲကို စားသောက်တဲ့ပွဲမှာ အောင်ပွဲခဲတဲ့ အကမျိုးပဲ”
ကခုန်သူသည် ဗလာဟင်းလင်းလက်အစုံကို အထက်သို့မြှောက်ကာ ကိုယ်ကို တွန့်လိမ်ကာ ခြေအစုံကို အဆက်မပြတ်နင်းဆောင့်ကာ လှုပ်ရှားနေသည်။
“ဒါဟာ သူတို့ကိုးကွယ်တဲ့ နတ်ဒေ၀တာတပါးကို ပူဇော်နေတဲ့သဘောပဲ ရောဇ”
လက်အစုံကို ပြန်ချသည်။ သင်တိုင်းအတွင်းသို့ ညာလက်ကိုနှိုတ်သည်။ ပြန်ထုတ်လိုက်သောအခါ ဓားမြှောင်တချောင်းပါလာသည်။ အဆူညံအသွက်လက်ဆုံး စည်သံတွေနှင့်အတူ ဓားမြှောင်ကို မြေပြင်သို့ပင် စိုက်ဝင်နေသော ဓားမြှောင်ကို လှည့်ပတ်၍ ကခုန်ပြန်သည်။
“သားကောင်တကောင် မိသွားပြီဆိုတဲ့ အဓိပ္ပာယ်”
ကခုန်သူသည် စည်တီသမား အနီးတွင်ချထားသော တစုံတရာကို ကောက်ယူလိုက်ပြန်သည်။ ထိုအရာကား ကြီးမားလှသော လေးကြီးဖြစ်သည်။ လေးညှို့ဆင်ပြီးသားလည်းဖြစ်သည်။ ထိုလေးကြီးကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ကာ ညာလက်က ညှို့ကိုဆွဲငင်လျက် ခုန်ပေါက်ပြန်သည်။ ညှို့တွင်မြှားတံမရှိ။
“ပိုပြီး ကြီးမားတဲ့ သားကောင်တွေ့နေပြီဆိုတဲ့ အဓိပ္ပာယ်လား မသိဘူး၊ စိတ်ဝင်စားစရာ မကောင်းဘူးလား ရောဇ”
လေးညှို့ကိုဆွဲယူဟန် မြှားလွှတ်ဟန် လှုပ်ရှားမှုများဖြင့် အရပ်လေးမျက်နှာသို့ ၀ိုင်းကြည့်သည်။
စည်သံအကျယ်လောင်ဆုံး သံမောင်းသံ အစူးရှဆုံး။
တဒုန်းဒုန်း အသံသည် ရင်ထဲအထိပင် ထိုးစိုက်မတတ်။
ကခုန်သူ၏ လှုပ်ရှားမှုသည်လည်း လေပွေ တခုပမာ ၀ိုင်းလှည့်နေသည်။ သင်တိုင်းတဖားဖားဝေ့လျက် ငှက်မွေးတောင်တို့ တခါခါယိမ်းလျက်။
လှည့်ပတ်ယင်းဖြင့်ပင်၊ ကခုန်သူ၏ ညာလက်ထဲတွင် မြှားတချောင်းရိပ်ကနဲ ပါလာသည်။ မြှားကိုလေးညှို့တွင်တင်သည်၊ ညှို့ကိုငင်သည်။ လေးကိုင်းကွေးညွတ်လာသည်။ ဘုရင့်သလွန်ဘက်သို့ မျက်နှာမူသည် ညှို့ကို အဆုံးတိုင်ငင်သည်။ ထို့နောက်….
ညှို့ကိုဖြုတ်လိုက်သည်။ မြှားတံသည် တဟုန်ထိုး ပျံသန်းလာကာ ဇလာမိ့ရာဇာ၏ လက်ဝဲဘက်တွင်ထိုင်နေသော ရောဇ၏ရင်ဝသို့ ၀င်ရောက်စွဲမှန် သွားသည်။
ရောဇ၏ အသံနက်ကြီးနှင့်အတူ အာလုံး ဖြိုင်ဖြိုင် ထကြသည်။ ကခုန်သူသည် ဇလာမိကရဇာ ရှေ့သို့ ရောက်လာသည်။ ဆေးရောင်ခြယ်ထားသော မျက်နှာဖုံးနှင့်တကါ ငှက်မွေးတပ်ဦးဆောင်းကို ချွတ်ခွာချလိုက်သည်။ လှပသောမျက်နှာတခု ပေါ်လာသည်။
ဇလာမိကရာဇာငယ်၏နှုတ်မှ အသံတသံ ချောက်ချားစွာ ထွက်ကျလာသည်။
“ကဉ္စနာ”

၈။
သာသနာနှစ်တရာ ပြည့်ခဲ့ပြီ။
တပေါင်းလဆန်း ဆယ့်ငါးရက်တွင် “နွယ်ပတ်” မြို့တော်သစ်ကြီးကို လည်းခမ်းနားစွာတည်ပြီးခဲ့ပြီ။
ဇလာမိကရာဇာဘုရင်ကြီးသည် နန်းတော်လေသာမှနေ၍၊ မြို့တော်ကိုဝန်းရံနေသော တောင်ငါးလုံးအနက် ၀ိဇ္ဖျကုဋ်တောင်နှင့်တူသော တောင်တလုံးဆီသို့ မျှော်ကြည့်နေသည်။
နှစ်များစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဇလာမိကရာဇာ ဘုရင်ကြီးသည် နွယ်ပတ်မြို့တော်ကြီး၏ အရှေ့တံခါးပန္နက်ချပွဲ အောင်ပွဲသဘင်ကို မေ့မရနိုင်။
မိမိရှေ့မှောက်မှာပင်၊ မရှုမလှသေပွဲဝင်ခဲ့ရသော သူငယ်ချင်း ရောဇ။ ထို့နောက် ချစ်လှစွာသော ခင်ပွန်းသည်ကို ကိုယ်တိုင်လက်ဖြင့် သုတ်သင်ခဲ့သည့် ကဉ္စနာ။
ကဉ္စနာ၏စကားတို့ ယခုတိုင် ရင်ထဲတွင် မြည်ဟည်းဆဲ။
ကမ္ဘာလောကရဲ့ ငြိမ်းချမ်းမှုကို ရောဇဟာ ဖျက်ဆီးတော့မယ်။ အားလုံးမေ့ပျောက်ပြိး၊ အားလုံးက မြုပ်နှံလိုက်ကြတဲ့ အတိတ်က မကောင်းမှုတွေကို သူပြန်တူးဖော်ပြီး ရန်ငြိုးရန်စ မီးအသစ်တွေ လောင်မြိုက်အောင် သူလုပ်တော့မယ်။ သူအစီအစဉ်တွေ အာလုံးကို ကဉ္စနာသိတယ်။ ငြိမ်းချမ်းသာယာတဲ့ အရိမည၊ နွယ်ပတ် ဒေသသစ်ကို သူဖျက်ဆီးပစ်တော့မယ်လေ။ ကဉ္စနာဟာ သူ့ကို ငယ်ငယ်လေး ကတည်းကချစ်မိခဲ့တာပါ။ ဇလာမိကရယ်၊ ရောဇရယ်၊ ကဉ္စနာရယ် သုံးယောက်ဟာ ငယ်သူငယ်ချင်းတွေပါ။ ဇလာမိက…. သူငယ်ချင်း မှတ်မိသေးလားဟင်။ ရာဇဂြိုလ်ဥယျာဉ်တော်ထဲမှာ တို့ဆော့ကစားခဲ့စဉ်က သူငယ်ချင်းရဲ့ သဲမြို့လေးကို သူဖျက်ဖို့ကြိုးစားခဲ့တယ်လေ။ အဲဒီတုန်းကတည်းက ကဉ္စနာ သူ့ကိုတားဆီးခဲ့တယ်။ ပွဲကြည့်အောင်လုပ်တမ်းကစားရအောင်ဆိုပြီး သူ့ရဲ့ရန်လိုတဲ့ စိတ်တွေကို ပယ်ဖျောက်ပစ်ခဲ့တယ်လေ။ အခုလဲ အရိမည၊ နွယ်ပတ်မြို့သစ်နဲ့ သူငယ်ချင်းရဲ့အသက်ကို ကဉ္စနာ ကာကွယ်ခဲ့ပါပြီ။ ဒါပေမယ့် အခုဟာက ရာဇဂြိုလ်ဥယျာဉ်တော်ထဲက ကလေးငယ်သုံးဦး ကစားတဲ့ပွဲမဟုတ်တော့ဘူး။ အခုဟာက ကမ္ဘာလောကရဲ့ ငြိမ်းချမ်းသာယာမှုလေ…”
ဇလာမိကရာဇာ ဘုရင်ကြီးသည် မျက်လုံးအစုံကို တင်းကျပ်စွာ ပိတ်လိုက်သည်။ သို့သော် ကဉ္စနာ့အသံနှင့် ကဉ္စနာ့ရုပ်သွင်ကို ဖျောက်၍မရ။
“ကဉ္စနာဟာ လီစ္ဆ၀ီသူ တဦးလေ၊ သုသုနာဂဘုရင့် သမီးတော်လေ၊ ပြီးတော့ သေနာပတိရောဇကို ရင်ပွင့်မတတ် ချစ်တဲ့သူလေ၊ အချစ်ဆုံးခင်ပွန်းကို ငြိမ်းချမ်းသာယာမှုအတွက် ကဉ္စနာ ကိုယ်တိုင် သတ်ပစ်လိုက်ပြီလေ၊ မိမိခင်ပွန်းကို သတ်ဖြတ်တဲ့ အပြစ်အတွက် လိစ္ဆ၀ီသူ ကဉ္စနာဟာ ကိုယ်တိုင်ပဲ အပြစ်ဒဏ်ခံယူရမယ်လေ…”
အံ့သြခြင်း၊ တုန်လှုပ်ခြင်း များဖြင့် အားလုံးငေးငိုင်နေကြစဉ်မှာပင် ကဉ္စနာသည် လည်တွင်ဆွဲထားသော ရွှေဗူးငယ်တခုကို ဖြုတ်ယူခဲ့လေသည်။
“ဒါဟာ သူငယ်ချင်းရဲ့ ဖခမည်းတော် နာဂဒါသဘုရင်ကိုလုပ်ကြံခဲ့တဲ့ အဆိပ်ရည်လေ၊ အားလုံးအတွက် ကဉ္စနာ ပေးဆပ်ခဲ့ပါပြီ သူငယ်ချင်းရယ်၊ ကဉ္စနာ့ ဓနတွက်သာ ဆုတောင်းပေးပါတော့ အော်….”
လှပသော နှုတ်ခမ်းမြွာ အစုံဆီသို့ ရွှေဗူးငယ် ရောက်ရှိသွားသည်။ ရောဇ အနီးမှပင် ကဉ္စနာ လဲကျသွားခဲ့လေသည်။
ငါတို့ကြိုးပမ်း တည်ထောင်ခဲ့တဲ့ ဟောဒီ နွယ်ပတ်မြို့တော်နဲ့ ယောဇနတိုင်းတခွင် ဒေသကြီးဟာ ကမ္ဘာတည်သရွေ့ ငြိမ်းချမ်းသာယာသွားမှာပါ ကဉ္စနာ။ ဒီမြေပေါ်မှာ ပျော်ရွှင်စရာ အကောင်းဆုံး၊ သစ္စာတရား အထွန်းကားဆုံးဒေသ ဖြစ်နေမှာပါ။ ဒီဒေသကြီး အဓွန့်ရှည်နေသည်နဲ့အမျှ မင်းတို့ရဲ့ ဘ၀ဘ၀တွေဟာလဲ ငြိမ်းချမ်းသာယာတဲ့ ဘ၀တွေအဖြစ် လှုပ်ရှား ရှင်သန်နေနိုင်ကြပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ် ကဉ္စနာ၊ မင်းချစ်တဲ့ ရောဇနဲ့ အတူ မင်းချစ်တဲ့ ငြိမ်းချမ်းမှုကို တွေ့အောင်ရှာဖွေနိုင်ကြပါစေ”
ဇလာမိကရာဇာဘုရင်ကြီးသည် လေသာဆောင်မှ ခွာခဲ့သည်။
ဘုရင်ကြီး၏ ခြေအစုံတို့ ဦးတည်လျှောက်လှမ်းရာကား ရွှေနန်းတော်ဘုရားဆောင် ဖြစ်လေသည်။

ချစ်ဦးညို
၆-၁၀-၁၉၈၅

(မှတ်ချက်။ ။ဆရာတော်အရှင် ပဒုမ ရေးသားစီရင်တော်မူသော “ကာလေးမြို့ အနှစ်တထောင်ပြည့် အထိမ်းအမှတ်” “ကာလေးမြို့ သမိုင်း” စာအုပ်ပါ အချက်အလက်တချို့ကို အခြေပြု၍ ဤ ၀တ္ထုကိုဖွဲ့ပါသည်။ အရိမညမြို့၊ နွယ်ပတ်မြို့ဆိုင်ရာ အချက်အလက်များမှအပ၊ ကျန်အချက်အလက်အကြောင်းအရာတို့သည် စာရေးသူ၏ စိတ်ကူးသာဖြစ်ပါသည်။ မည်သို့ဆိုစေ၊ ဤ၀တ္ထုအတွက် အခြေခံအချက်အလက်များ ရရှိစေခဲ့သော “ကာလေးမြို့သမိုင်း” ပြုစုသူ ဆရာတော် အရှင် ပဒုမ၏ ကျေးဇူးတရားကို မှတ်တမ်းပြု ပူဇော်အပ်ပါသည်။ စာရေးသူ)

ကလေးမြို့နယ် မဂ္ဂဇင်း၊ ၁၉၈၅-၈၆ ခုနှစ်မှ ကူးယူ ဖေါ်ပြပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, November 28, 2010

အထက(၁)ကလေးမြို့ ကျောင်းသားကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲ

ကလေးမြို့ အထက(၁) ကျောင်းသားကျောင်းသူဟောင်းများ ၏ (၁၄)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကို ဒီဇင်ဘာလ (၂၆)ရက်နေ့ တွင်ကျင်းပမည် ဟု သတင်းရရှိပါသည်။ အထက(၁) ကျောင်း မှ အသက်(၆၀) ပြည့် အငြိမ်းစားယူ ဆရာ/ဆရာမကြီးများကို လက်အုပ်ချီမိုး ရှိခိုးပူဇော်ကြမည်ဟု သိရပါသည်။ အထက(၁ ) အာစရိယ ပူဇော်ပွဲ အတွက် အလှုငွေများလှုဒါန်းရန်နှင့် အချက်အလက်များကို သိရှိနိုင်ရန်အတွက် ဖေါ်ပြ ပါ နာမည် များနှင့် တယ်လီဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည်။ ကိုကိုအောင်( နေသာမှ မဟုတ်) --073-21181 ၊ ကိုသန့်ဇင်ဝင်း --073-21165 ၊ ကိုအောင်ဝင်းခိုင် -- 09-47072589 ၊ ကိုကျော်စွာဝင်း (မီလျှံနာ ကွန်ပြူတာ) -09--6472037 ။ 073--21667 ။ ကိုသန့်ဇင်လင်း +မဥမ္မာ 09-6472035 ။ 09-47073553။ 073-22488။ ဦးမောင်မောင် -073-21692 ။ ဦးဘိုမင်း (အားမာန်ဘော်ဒါဆောင်) 09-47072876။ ဒေါ်ခင်စန်းဝင်း (ပန်းသဇင်) 09-6472197။ 073-22162။ ဒေါ်မြစုစုထွေး 09-6472903 ။ 09-47073753 ၊ ဒေါ်တင်မာအေး 073-22502 ။နှင့် ကိုအောင်သူထွန်း 09-47073533 ၊ 09-6472206 တို့ကို ဆက်သွယ်နိုင်သည် ဟု သိရှိရပါသည်။ ယခုသတင်းအား အွန်လိုင်းမှ တဆင့် ချစ်သူငယ်ချင်းများ ဆီသို့ ဆက်လက်ပို့ဆောင် အကြောင်းကြားပေးကြပါ။ နိုင်ငံပိုင်သတင်းစာနှင့် weeklyeleven journal တွင်လည်း ကြော်ငြာများ တည့်သွင်း ကြော်ငြာသွားမည် ဟု သိရှိရပါသည်။ ယခုနှစ် အာစရိယ ပူဇော်ပွဲကို အထက(၁) ကျောင်း၏ အားကစားခန်းမ တွင် ကျင်းပလိမ့် မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, November 27, 2010

ကလေးမြို့၊ အ.ထ.က(၁) ကျောင်းဝင်းအတွင်း ၀ါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

၂၇-၁၁-၂၀၁၀ (စနေနေ့) မနက်(၁း၃၀)နာရီအချိန်ခန့််တွင် ကလေးမြို့၊ အ.ထ.က(၁) ကျောင်းဝင်းအတွင်းရှိ မြ၀တီနှစ်ထပ်ကျောင်းဆောင်သစ်မှာ လျှစ်စစ်ဝါယာ ရှော့ ချွတ်ယွင်းမှုကြောင့် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ မီးလောင်ကျွမ်းဆောင်မှာ အထက်၊အောက် (၆)ခန်းရှိပြီး ဆရာများနားနေခန်း(ညာဘက်ခြမ်း)မှ စတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆောင်ပုံစံမှာ တစ်ဖက်လျှင် သုံးခန်းစီ၊ စုစုပေါင်း (၁၂)ခန်းရှိပြီး မူလပထမ မြ၀တီကျောင်းဆောင် ဟောင်းအား ပြန်လည်ပြုပြင် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ လက်ရှိတွင် ဆရာများ၊ စာရေးများနားနေခန်း၊ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ တယ်လီဖုန်း စသဖြင့် တစ်ကျောင်းလုံး၏ အရေးကြီးပစည်းများထားရာဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ်တွင် ပစ္စည်း အချို့တ၀က်ကိုသာ မီးလွတ်ရာသို့ ရွေ့ပြောင်းနိုင်ခဲ့ပြီး တစ်ဆောင်လုံးနီးပါး လောင်ကျွမ်း ပျက်စီးခဲ့သည်။ " ကွန်ပျူတာတစ်လုံး၊ စာလှည့်စက်တစ်လုံး၊ တီဗွီတစ်လုံးပဲရွေ့နိုင်တယ်။ တခြား ထိုင်ခုံတွေ၊ မေးခွန်းသေတ္တာတစ်လုံး၊ ဗီရိုတွေလည်းရွေ့နိုင်တယ်။ ကျန်တဲ့ အရေးကြီး စာရွက်စာတမ်းတွေ၊ ပရိဘောဂပစည်းတွေ ပါကုန်တယ်" ဟု ကျောင်းဝင်းအတွင်းနေ တစ်ဦးကပြောပြသည်။ " ၀ါယာရှော့ကြောင့် ဖြစ်ရတာပါ" ဟု တာဝန်ရှိသူတစ်ဦးကပြောပါသည်။ မြို့နယ်အဆင့် စတုတတန်းမှ အဌမတန်းထိ ထူးချွန်ပြိုင်ပွဲ(အင်္ဂလိပ်၊ သင်္ချာ)ကို ၂၆/၁၁ တွင်ရေးဖြေ ကျင်းပခဲ့ပြီး မီးလောင်ကျွမ်းချိန် ၂၇/၁၁ တွင် ၄င်းကျောင်းဆောင်အောက်ထပ်တွင် နှုတ်ဖြေ ဖြေဆိုရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။ " မီးသတ်ကားက ဥသြလည်းမဆွဲတော့ မသိလိုက်ဘူး။ တစ်ရေးနိုးလို့ လူသံသူသံတွေကြားလို့ မေးကြည့်မှ မီးလောင်တာမှန်းသိရတယ်။ ကျွန်မတို့ ငယ်ငယ်ကတည်းက တက်ခဲ့ရတဲ့ မူလကျောင်းဆောင်ဆိုတော့ တအားဝမ်းနည်းမိတယ်" ဟု လာကြည့်သူတစ်ဦးက ပြောပြခဲ့သည်။ အချို့ သက်ကြီးရွယ်အိုများမှာ ငိုကြွေးကြကြောင်းလည်း သိရသည်။ ကျောင်းစောင့်၏ မီးလန့်သံချောင်းသံကြောင်း ကျောင်းဝင်းနေ ဆရာများလာရောက်ခဲ့ပြီး၊ အနီးရှိ မဟာစည်၊ ၀ိသုဒါရုံစာသင်တိုက်၊ နေသာစာသင်တိုက်တို့မှ သံဃာတော်များမှလည်း မီးသတ်တပ်ဖွဲ့နှင့်အတူ မီးကို ကူညီဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ နံနက် ငါးနာရီခန့်တွင် မီးများ ငြှိမ်းသတ်နိုင်ခဲ့ပြီး ခြောက်နာရီခန့််တွင် တစ်မြို့လုံးမှ လူများလာရောက်ကြည့်ရှုခဲ့ကြသည်။ ကျောင်းဆောင်၏ အရှေ့ဘက်ခြမ်း လက်တန်းများမှာမူ မီးလောင်ကျွမ်းခြင်းမရှိဘဲ နံဘေးနှစ်ဖက်၊ နောက်ဘက်နှင့် သွပ်မိုးများမှာမူ လောင်ကျွမ်းပျက်စီးသွားခဲ့သည်။ အနီးရှိ ရွှေရတုဆောင်သို့လည်း မီးမကူးမီ ငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်အဆောင်များကိုမှ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ မြ၀တီကျောင်းဆောင်သစ် တစ်ဆောင်တည်းသာလျှင် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

လှမျိုးဦး(ကျီကုန်း)

ဆက်လက်ဖတ်လိုလျှင် ....>>

Monday, November 8, 2010

ကလေးမြို့ ဆန္ဒမဲ အခြေအနေ

ကလေးမြို့၏ မဲဆန္ဒနယ်မြေများ၏ များ၏ မဲစာရင်းအခြေအနေများကို အောက်ပါအတိုင်းသိရှိရပါသည်။
မှတ်ချက်။ ။တပ်နယ်၏ ဆန္ဒမဲများ မပါဟု သိရှိရပါသည်။

(၁)ပြည်သူ့လွှတ်တော်

ပြည်ခိုင်ဖြိုးပါတီ - ၄၇၈၆၀ မဲ
တစည ပါတီ - ၃၂၆၂၀ မဲ
ချင်းတိုးတက်ရေးပါတီ - ၂၉၇၀၂ မဲ

(၂)အမျိုးသား လွှတ်တော်

ပြည်ခိုင်ဖြိုးပါတီ - ၄၆၅၉၄ မဲ
တစည ပါတီ - ၃၄၆၃၈ မဲ
ချင်းတိုးတက်ရေးပါတီ - ၂၉၃၅၅ မဲ

(၃)တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)

ပြည်ခိုင်ဖြိုးပါတီ - ၂၀၅၁၂ မဲ
တစည ပါတီ - ၁၉၈၉၄ မဲ
ချင်းတိုးတက်ရေးပါတီ - ၁၁၂၇၂ မဲ

(၄)တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)

ပြည်ခိုင်ဖြိုးပါတီ - ၂၇၁၂၃ မဲ
တစည ပါတီ - ၁၄၀၈၅ မဲ
ချင်းတိုးတက်ရေးပါတီ - ၁၈၇၁၉ မဲ

(၅)ချင်းလူမျိုးစုလွှတ်တော်

ပြည်ခိုင်ဖြိုးပါတီ - ၇၅၈၁ မဲ
တစည ပါတီ - ၂၀၆၇ မဲ
ချင်းတိုးတက်ရေးပါတီ - ၁၂၇၄၁ မဲ
တသီးပုဂ္ဂလ - ၄၀၉၈ မဲ

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, September 17, 2010

ကလေးမြို့ နှင့် ပါတီများ

ကလေးမြို့တွင် ယှဉ်ပြိုင်အရွေးခံမည့် ပါတီ (၃)ပါတီ ရှိပါသည်။ ၎င်းတို့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသား တိုးတက်ရေး ပါတီ တို့ဖြစ်ပါသည်။ ၎င်းပါတီများမှ လွှတ်တော် လေးရပ်လုံးတွင် ပါဝင်ယှဉ် ကြမည် ဖြစ်ပါသည်။ အမျိုးသားလွှတ်တော်တွင် ဦးမြဖေ(တစည)၊ ဦးသိန်းလှိုင် (ပြည်ခိုင်ဖြိုး)၊ ဦးခင်မောင်ရီ (ချင်းတိုးတက်ရေး)၊ပြည့်သူ့လွှတ်တော်တွင် ဦးအောင်မိုး (တစည)၊ ဦးတင်လှိုင် (ပြည်ခိုင်ဖြိုး)၊ ဦးခေါသွလာလ် (ချင်းတိုးတက်ရေး)၊ တိုင်းဒေသကြီးလွှတ်တော်(၁)တွင် ဦးကျော်မြင့် (တစည)၊ ဦးစိန်ဝင်း (ပြည်ခိုင်ဖြိုး)၊ ဦးခေါသင်ထန်း (ချင်းတိုးတက်ရေး)၊ တိုင်းဒေသကြီးလွှတ်တော်(၂)တွင် ဦးဖေတင် (တစည)၊ ဦးခင်မောင်သန်း (ပြည်ခိုင်ဖြိုး) ၊ ဦးဇမ်ခင်ထန် (ချင်းတိုးတက်ရေး)၊ ချင်းတိုင်းရင်းသားလွှတ်တော်တွင် ဦးကျင်ဇပုမ် (တစည)၊ ဦးကျင်လျံမန် (ပြည်ခိုင်ဖြိုး)၊ ဦးနိုထန်ကပ် (ချင်းတိုးတက်ရေး) တို့မှ အသီးသီး ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

ကာယကံမေတ္တာ ကုသိုလ်ဖြစ်ဆေးခန်း

ကလေးမြို့ ကာယကံမေတ္တာ နာမှုကူညီရေးအသင်းမှ နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးဆောင်၍ ကုသိုလ်ဖြစ် ဆေးခန်းကို (၁၈-၉-၂၀၁၀) တွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရပါသည်။ အဆိုပါ ဆေးခန်းတွင် တစ်ရက်လျှင် ကျပ်ငွေ သုံးသောင်း သုံးစွဲ၍ အခမဲ့ လူနာများအား ဆေးကုသေ။ပးမည်ဟု သိရှိရပါသည်။ ဆေးပဒေသဘင်အတွက် လှူဒါန်းလိုသူများ နေသာကျောင်း ဆရာတော်ထံတွင် လှူဒါန်းနိုင်ပါသည်

ဆက်လက်ဖတ်လိုလျှင် ....>>

တမူးမြို့တွင် CDMA ဖုန်း ပြောနိုင်ပြီ

စစ်ကိုင်းတိုင်း တမူးမြို့တွင် CDMA တယ်လီဖုန်းများကို စက်တင်ဘာလ ပထမပတ်တွင် မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ငါးသိန်းတန်နှင့် တစ်ဆယ့်ငါးသိန်းတန် တယ်လီဖုန်း အလုံး (၉၀၀) ခန့်ရောင်းချပေးကြောင်း သိရှိရပါသည်။ကျပ်ငါးသိန်းတန် တယ်လီဖုန်းမှာ ငါးသိန်း သုံးသောင်းခန့် ကုန်ကျကြောင်း နှင့် မိုးရေးမြို့မှ ကုန်သည်များ မှလည်း ၀ယ်ယူကြောင်းနှင့် ကျပ်ခြောက်သိန်းဖြင့် အရောင်းအ၀ယ် ဖြစ်ကြောင်း သိရှိရပါသည်။ ကလေးမြို့တွင်လည်း တတိယ အကြိမ်အဖြစ် One stop Servie အဖြစ် ရောင်းချပေးကြောင်း သိရှိရပါသည်။ အပိုငွေ တစ်သောင်းငါးထောင်ကျပ် ပေးဆောင်ရကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Monday, September 6, 2010

ဘီပိုးကာကွယ်ဆေးနှင့် သစ္စာသွေးလှူရှင်များ

မြန်မာဘရူဝါရီကုမ္ပဏီလီမီတက်၏ ကရုဏာရှေ့ရှုမြန်မာမှုအစီအစဉ်ဖြင့် စေတနာရှင်သွေးလှူဒါန်းသူများကို ဘီပိုးကာကွယ်ဆေး ထိုးပေးခြင်းအခမ်းအနားကို (၃၁-၈-၂၀၁၀)၊ နံနက်(၉)နာရီတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဇေယျခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကလေးမြို့ ဒေသကွပ်ကဲရေးမှူး၊ ဒု-ဒ.က.စမှူးနှင့် ဒေသအာဏာပိုင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသားသွေးလှူဘဏ်ဥက္ကဋ္ဌ ဒေါက်တာသီတာအောင်၊ မြန်မာဘရူဝါရီကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာနှင့် အဖွဲ့သားများ၊ သစ္စာသွေးလှူရှင်များမှ ဦးဆောင်ဆရာတော်၊ အကျိုးဆောင်ကော်မတီများနှင့် သစ္စာသွေးလှူသူ စေတနာရှင်များ၊ ZYA ခရစ်ယာန်အဖွဲ့ သွေးလှူရှင်များနှင့် အကျိုးဆောင်များ၊ ဂျာနယ်အချို့၏ ဒေသတွင်း သတင်းထောက်များ တက်ရောက်ခဲ့ကြပါသည်။

ကလေးမြို့တွင် မြို့ကြီးများကဲ့သို့ သွေးထိန်းဘဏ်များ မရှိသည့်အတွက် သစ္စာသွေးလှူရှင်များကဲ့သို့သော စေတနာသွေးလှူရှင်များကို အားထားနေရသည်မှာ ယနေ့ထိအတိုင်ဖြစ်ပါသည်။ သွေးလိုအပ်သော လူနာများအနေဖြင့် အရေးအပေါ်အခြေအနေများတွင် လိုအပ်သော သွေးကို အချိန်မီရရှိနိုင်ရန် အလွန်အရေးကြီးလှပါသည်။ ယခင်က အနီးအနားမှ စေတနာရှင်များအပေါ် မှီခိုနေကြရာမှ ယခုကဲ့သို သစ္စာသွေးလှူရှင်များ ပေါ်ပေါက်လာသောအခါ လွန်စွာအဆင်ပြေခဲ့ပေသည်။ သို့သော်လည်း စေတနာရှင်သွေးလှူဒါန်းသူများ၏ သွေးမှာ သန့်ရှင်းနေစေရန် အလွန်လိုအပ်လှပါသည်။ HIV ပိုး ဘီပိုးကဲ့သို့သော ရောဂါပိုးများ မကူးစေရန်နှင့် ရောဂါပိုးသန့်ရှင်းသော သွေးများ လှူဒါန်းနိုင်ရန်အတွက် သစ္စာသွေးလှူရှင်များအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ ယခုအခါ မြန်မာဘရူဝါရီကုမ္ပဏီ၏ ကရုဏာရှေ့ရှုမြန်မာမှု အစီအစဉ်ဖြင့် လှူဒါန်းသော ဘီပိုးကာကွယ်ဆေးများကို သစ္စာသွေးလှူရှင်များထဲမှ ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းပြီးကြသူများကို မဲစနစ်ဖြင့် သစ္စာသွေးလှူရှင်ဦးရေ (၁၈၀၀)ထဲမှ (၃၄၁)ဦးကို ကာကွယ်ဆေးထိုးပေးခဲ့ပါသည်။ နောက်နောင်များတွင်လည်း ရံပုံငွေအခြေအနေပေါ်မူတည်၍ သစ္စာသွေးလှူရှင်များအား ယခုကဲ့သို့ ကာကွယ်ဆေးများ ထိုးခြင်းအစီအစဉ်ကို ဆောင်ရွက်သွားကြရန် ကြိုးပမ်းနေကြပါသည်။ ဘီပိုးကာကွယ်ဆေး အလှူရှင်များကို ဖိတ်ခေါ်အပ်ပါသည်။

ဓာတ်ပုံများကို naythar.multiply.com/photos/album/26 တွင် ကြည့်ရှုနိုင်ပါသည်။

www.naythar.org မှ ကူးယူဖေါ်ပြပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, August 21, 2010

သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ (၄)

ကျွန်တော် မေးလ်ထဲကို ရောက်ရှိလာတဲ့ကိုတဇောင်းနီ(မြန်မာစာ) ကိုမြစ်သာ တို့ သတင်းနှင့် သတင်းသမား အကြောင်းတွေ အပြန်အလှန် ရေးသားကြတဲ့ အကြောင်းအရာတွေ ဖေါ်ပြပြီးတဲ့ နောက်မှာ နောက်ထပ် ရောက်လာတဲ့ ``ကလေးမြို့ ရေကြီးခြင်း ´´ သတင်း အကြောင်း လေး ကို ကျွန်တော် အမြင်နဲ့ အတူ ဖေါ်ပြ ပေးပါမယ်။ သတင်း သမား ကလည်း သတင်းသမားရဲ့ အခက်အခဲ တွေ ပြောပြသလို စာဖတ်သူများ ကလည်း သတင်း အမှားတွေ ဖတ်ရတဲ့ အကြောင်းတွေ ပြောကြတယ်။ အဲ့လိုဆို သတင်း တစ်ပုဒ်ဟာ ဘယ်သူမှာ တာဝန်ရှိသလဲ။ သတင်းရေးသူမှာလား သတင်းကို ဖေါ်ပြတဲ့ မိဒီယာမှာ ကော တာဝန်မရှိဘူးလား။ ဖုန်းနဲ့ ရလိုပဲဖြစ်ဖြစ် မေးလ်နဲ့ ရလို့ပဲ ဖြစ်ဖြစ် သူများပြောလို့ ရတဲ့ သတင်းပဲဖြစ်ဖြစ် သတင်းဟာ အမှန်ဖြစ်ဖို့တော့ လိုလိမ့်မယ်ထင်ပါတယ်။ ကို တဇောင်းနီ(မြန်မာစာ) ပြောတဲ့ သမုတိသစ္စာ နှင့် အောင်သူထွန်း(ကလေးမြို့) တို့ရဲ့ နန်းဖါလုံဈေး အရောင်းအ၀ယ် သတင်းမှာ အရောင်းအ၀ယ် နည်းတာ အမှန်ဖြစ်ကြောင်း သိရပြီး ဤ သတင်းမျိုးသည် အများပြည်သူအတွက် အကျိုးသက်ရောက်မှု အနည်း သာရှိသဖြင့် ထိခိုက်မှု မရှိဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ကြီးကျယ်သော အတင်းအမှား မျိုးကတော့ စာဖတ်သူများ အတွက် ထိခိုက်နစ်မှုများ ရှိနိုင်ပါသည်။ အချို့ သတင်းများတွင် သတင်းမှန်သော်လည်း ဓါတ်ပုံများအား မှားယွင်းစွာ ဖေါ်ပြခြင်း၊ အချို့ တူသယောင်ယောင် ရှိသဖြင့် လုပ်စားခြင်းများ လည်း တွေခဲ့ဘူးပါသည်။ အရည်အသွေး ညံ့ဖျင်းသော စာဖတ်သူများကြောင့် သတင်းသမားတွေရဲ့ လုပ်စားခြင်းကို ကျွန်တော်တို့ ခံနေကြရတာလား ….။ `` ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး ´´ မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ဆိုတဲ့ သတင်းအကြောင်းပါ။ အမှန် ဖြစ်တာက ချင်းတောင်မှာ မိုးသည်းထန်စွာ ရွာသဖြင့် တောင်ကျ ရေများကြောင့် ရေလျှံခြင်း ဖြစ်ပါတယ်။ ရေကျ ချိန်ဟာ စုစုပေါင်းကြာချိန် (၃) နာရီခန့် ရှိသည်ဟု သိရပါတယ်။ မြင်တွေ့သူ တစ်ဦးမှ ရေကျစဉ်တွင် ချောင်းတွင်း ကလေးငယ် အယောက် (၃၀) ခန့် ရေချိုးနေပြီး (၁၅) ယောက်ခန့်မှာ ချောင်းအလယ်တွင် ရှိနေပါတယ်။ အနီးနားတွင်လည်း လူကြီးများ ရှိနေသည်ဟု သိရှိရပါသည်။ကလေးမြို့ မိုးတွင်းကာလများတွင် ချောင်းအတွင်း ရေမျော မှုများ မှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စ တစ်ခုကဲ့သို့ ဖြစ်နေကြပြီး ရေ၀င်၍ ကျောင်းပိတ်ခြင်းမှာ လည်း အစဉ်လာ တစ်ခု ဖြစ်နေပြီဟု သိရှိရပါသည်။ ယခုနှစ် ကျောင်းပိတ်ခြင်းတွင် မြို့နယ် ပညာရေးမှုးမှ စနေ၊တနင်းဂနွေ ပိတ်ရက်တွင် အစားထိုး ကျောင်းပြန်တက်ခိုင်းသည်ဟု သိရှိရပါသည်။ ၎င်း သတင်းတွင် ဖြစ်ပွားမှုအား ပုံကြီးချဲ့ ရေးသားပြီး ရောကြိတ် သတင်းများ ပါဝင်နေပါသည်။ ဥပမာ `` ယမန်နှစ် အောက်တိုဘာလအတွင်း ကလေးမြို့တွင် ရေကြီးမှုဖြစ်ရာ လူ ၁ ဦးမျောပါ သေဆုံးခဲ့ကာ အိမ်ခြေ ၂ဝဝဝခန့် အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့မှု ဖြစ်ပွားခဲ့သည်။´´ မနှစ်က မြစ်သာမြစ် ရေကြီးပြီး ဖြစ်သည့် ကိစ္စအား တောင်သာ ချောင်းပဲ ရေကြီး သလိုလို ရောကြိတ် ရေးထားသည်များ ပါဝင်နေပါတယ်။ အခု တင်ပြတဲ့ သတင်းက မေးလ်ထဲကို ရောက်လာတဲ့ သတင်း ကို ဖေါ်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော် အမြင်ကတော့ ဒီလို သတင်းမျိုးကို မှန်ဘီလူးဖြင့် ရေးပြီး ရောကြိတ် သတင်းလို့ မြင်ပါတယ်။ ကလေးမြို့ မဟုတ်တဲ့ အခြားဒေသမှ စာဖတ်သူများ ဖတ်မိလျှင် တော်တော်စိုးရိမ်စာ သတင်းဟု ထင်နိုင်ပါသည်။ စာလေး ရေးတတ်ရုံနဲ့ သတင်း သမား တစ်ယောက် ဖြစ်နိုင်မယ် မထင်ပါဘူး။ ဤ Post သည် တော်သော ဂျာနယ်လစ်များ အတွက် မရည်ရွယ်ပါ။ ရှော်သော ဂျာနယ်လစ်များ အတွက်သာ ဖြစ်ပါသည်။

ဒီလင်းခက်

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, August 13, 2010

ကလေးမြို့ စာရေးဆရာ မြရွက် ကွယ်လွန်

ဆရာမြရွက်၏ ကိုယ်ရေးအကျဉ်း
၁၉၅၂-ခု၊ စက်တင်ဘာ(၂၅)ရက်၊ ကြာသပတေးနေ့တွင် အဘဦးသီး + အမိ ဒေါ်တင်ရွှေတို့မှ မုံရွာမြို့ အလယ်ရပ်တွင် မွေးဖွားခဲ့သည်။အမည်အရင်းမှာ သန်းထွန်း ဖြစ်သည်။ မွေးချင်း (၁၂) ယောက်တွင် ဒုတိယ မြောက်သား ဖြစ်သည်။ မုံရွာမြို့ အလယ်ရပ် ပေါ်တော်မူ ကျောင်းနှင့် ဗုဒ္ဓဘာသာ အထက်တန်းကျောင်း (အထက-၁) တို့တွင် အခြေခံပညာရေး အထက်တန်းထိ သင်ကြားခဲ့သည်။ ၁၉၈၃-ခုနှစ် ကလေးမြို့တွင် အခြေချနေထိုင်သည်။ အသက်(၄၀)အရွယ် ၁၉၉၂-ခုနှစ်၊ အောက်တိုဘာတွင် ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊ ရင်ခုန်ပွင့်မဂ္ဂဇင်းတို့တွင် စာပေလောကသားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ယနေ့ထိ အသက်(၅၈)နှစ် အရွယ် ကွယ်လွန်ချိန်အထိ ဆုရ၀တ္ထုတို (၄)ပုဒ်အပါအ၀င် မဂ္ဂဇင်းဖော်ပြပါရှိပြီး ၀တ္ထုတို(၆၀)ပုဒ် ကျော် ရေးသားခဲ့သည်။ ပါဝင် ရေးသားခဲ့သော မဂ္ဂဇင်းများမှာ ရင်ခုန်ပွင့်၊ စံပယ်ဖြူ၊ စတိုင်သစ်၊ ရနံ့သစ်၊ မန္တလေးယဉ်ကျေးမှု မဂ္ဂဇင်း၊ မန္တလေး အထင်ကရ မဂ္ဂဇင်း (Icon)၊ မြန်မာသစ်၊ မဟေသီ၊ နွယ်နီ၊ လုံမလေး၊ ရုပ်ရှင် သစ္စာ၊ ( Teen)၊ မြရည်ီသီတာ၊ ပြစ်မှု၊ Faces၊ ပန်းအလင်္ကာ၊ မြားနတ်မောင်၊ အပျိုမ၊ မနုစာရီ၊ ဝေဒ၊ မိုးဂျာနယ်၊ မှုခင်းစုံ၊ သပြေ ၊မဟာ၊ ချယ်ရီ၊ လပြည့်ဝန်း၊ ရွက်နုဝေ၊ ရုပ်ရှင်အမြူတေ၊ ရင်ခုန်သံ၊ စသည်တို့နှင့် ဈေးကွက်၊ ရွှေအမြုတေ၊ မြန်မာပို့စ်၊ 24/7 စသည့် ဂျာနယ်များစွာတို့တွင် မြရွက်၊ သန်းညို့၊ စန်းစန်း၊ မြသိန်းထွန်း၊ ဘကံ စသည့် ကလောင်အမည်များစွာဖြင့် လက်ရှိမဂ္ဂဇင်း ဂျာနယ်ပေါင်းများစွာတွင် ၀တ္ထု၊ ဆောင်းပါးနှင့် သတင်းအက်ဆေးများ ရေးသားလျက်ရှိသည်။ ကလေးတောင်ညို စာဖတ်သူအကြိုက် ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ပင်လုံရပ်ကွက် နေအိမ်တွင် ၂၀၁၀၊ သြဂုတ်(၁၃)ရက်၊ သောကြာနေ့ ညနေ(၅)နာရီအချိန် အသည်းရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး၊ (၁၄-၈-၂၀၁၀) ရက် စနေ့နေ့ မွန်းလွဲ (၂) နာရီတွင် စံသာ သုဿာန်သို့ ပို့ဆောင် သဂြိင်္ုလ် မည် ဖြစ်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

မောင်ကံချို(ကလေး) သို့ အလွမ်းပြေ

ကလေးမြို့ မှ ကဗျာဆရာ မောင်ကံချို ကွယ်လွန်ခြင်း (၄) နှစ်ပြည့် အမှတ်တရ အလွမ်းပြေ အခမ်းအနားကို (၁၁.၈.၂၀၁၀ ) ရက်နေ့တွင် အောင်မူး (ပန်းချီ) ၏ ဂယ်လာရီ တွင် ကလေးမြို့ မှ စာရေးဆရာများ စာပေ၀ါသနာရှင်များ တက်ရောက်၍ ကဗျာရွက်ခြင်း အလွမ်းပြေ စကား ပြောကြားခြင်းများ ပြုလုပ်ပြီး ကလေး-ဂန့်ဂေါ ကားလမ်း ဘေး GTC ၏ တောင် ဘက်တွင် အမှတ်တရ သစ်ပင် (၄၂)ပင် စိုက်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ (၃)

တဇောင်းနီ(မြန်မာစာ) ပြန်ပြောတဲ့ သတင်းသမား အကြောင်း

ကိုမြစ်သာခင်ဗျား
အရေးတယူဖြေရှင်းပြလို့ကျေးဇူးတင်ပါတယ်။ သတင်းယူပုံယူနည်းတွေကို
ကိုမြစ်သာသိသလောက် ရှင်းပြပေးတာလည်း ကြည်နူးစွာဖတ်ရပါတယ်။ ဘယ်လိုပဲ
လုပ်ကြ လုပ်ကြပေါ့ဗျာ။ တစ်ချိန်တည်းလိုလို ထွက်တဲ့
ဂျာနယ်နှစ်စောင်မှာပါနေတဲ့ ဆန့်ကျင်ဘက်သတင်းနှစ်ပုဒ်မှာ တစ်ပုဒ်ကတော့
မှားနေပြီမို့လားခင်ဗျ။ ကျုပ်တို့ ပြည်သူတွေက သတင်းသမားတွေရဲ့
အခက်အခဲတွေကို နားလည်ပေးပြီး မှားလည်း မှားပါစေပေါ့လို့ သဘောထားရမှာလား။
သတင်းဂျာနယ်တွေမှာ မှားယွင်းစွာဖော်ပြနေတဲ့သတင်းတွေအတွက် စောဒကတက်ခွင့်
သို့မဟုတ် ထောက်ပြခွင့် သို့မဟုတ် ဝေဖန်ခွင့် ကျုပ်တို့တွေမှာ
မရှိတော့ဘူးလား။ မှားလို့ မှားနေတယ်ပြောတာကိုပဲ သတင်းသမားတွေရဲ့
အခက်အခဲတွေ ၊ ဘ၀အခြေအနေတွေကို လွမ်းလောက်အောင်ရေးပြနေတာတော့ ဘာကို
ရည်ရွယ်နေမှန်း ကျွန်တော် နားမလည်ပါ။ ----မသိရင်
မရေးနဲ့လို့ပြောတာမျိုးကတော့--- ပုံစံခွက်ကြီးထဲကအသံကြီးဗျာ။
ကိုမြစ်သာခင်ဗျား
ကျွန်တော်က ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ ကျောင်းဆရာတွေက စာသင်တယ်။
စစ်သားတွေက နိုင်ငံတော် ကာကွယ်တယ်။ ဆရာဝန်တွေက ဆေးကုတယ်။ အင်ဂျင်နီယာတွေက
ဆောက်လုပ်တယ်။ ပြုပြင်တယ်။ သတင်းသမားတွေက သတင်းရေးမယ်။ ပြည်သူတွေက
သူတို့တွေကို မှီခိုအားထားကြရပါတယ်။ စစ်သားဖြစ်ပြီး စစ်တိုက်ရမှာကို
ညည်းပြမနေပါနဲ့။ ကျောင်းဆရာဖြစ်ရင် စာသင်ရမှာကို မပျင်းပါနဲ့။ ဆိုင်ရာ
ဆိုင်ရာ တာဝန်တွေ ထမ်းနေကြပါတယ်။ ဒီဘ၀တွေကို ကိုယ်ကိုယ်တိုင်ပဲ
ရွေးချယ်ခဲ့ကြတာမဟုတ်လားခင်ဗျာ။ ဆိုလိုချင်တာကတော့ ကိုယ့်ဘက်ကိုယ့်တာကနေ
တာဝန်ကျေစွာ ထမ်းရွက်ကြမယ်ဆိုရင် ပြည်သူတွေကလည်း အခွန်ထမ်းရတာကို
ကျေနပ်နေမှာပါ။ ဘယ်ဝန်ထမ်း၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ညာဝါးတွေဆိုရင်တော့
ပြည်သူက မချစ်တာအမှန်ပါပဲ။ ဂီတလောက၊ စာပေလောက၊ သရုပ်ဆောင်လောက၊
အားကစားလောက ၊ သတင်းလောက ... ဘယ်လောကက လူပဲဖြစ်ဖြစ်
အမှန်တကယ်ပေးဆပ်နေကြသူတွေ ၊ တာဝန်ကျေနေကြသူတွေကိုတော့ဖြင့်
မချစ်မနှစ်သက်ဖို့ တန်ခိုးအာဏာနဲ့တားရင်တောင် ပြည်သူတွေက
မေတ္တာမပျက်ချစ်လျက်ရှိကြပါတယ်။
ကျွန်တော့်ရဲ့ ဝေဖန်မှုမှာပါတဲ့ သတင်းသမားနှစ်ယောက်အနက် တစ်ယောက်ကတော့
သတင်းမှားဖန်တီးသူဆိုတာသေချာတာပေါ့။ သူတို့ဘာသာသူတို့ ဒီသတင်းကို
ဘယ်လိုယူခဲ့ယူခဲ့ ဘယ်လိုပဲရခဲ့ရခဲ့ ၊ ခြေလျင်လျှောက်ပြီးပဲ သတင်းယူယူ၊
လူကြုံမေးလို့ပဲသိသိ။ ကြိုက်သလိုသိပါ။ ကျွန်တော်တို့က အမှန်ကို
မျှော်လင့်ပါတယ်။ ရှင်းလင်းတဲ့အသိကိုရချင်ပါတယ်။ ကိုမြစ်သာက
သတင်းသမားတွေကိုယ်စား ပြောပြသူဆိုတော့ သူတို့ကို ထပ်ပြောပြလိုက်ပါဦးဗျာ။
ပြည်သူကို အမှန်သတင်းလေးတော့တင်ပြနိုင်အောင် ကြိုးစားပေးကြပါလို့။
သူ့တာဝန် ကိုယ့်တာဝန်ကို ကျေမှ လှတာပါဗျာ။
ထပ်ပြီးပြောပါဦးမယ်။ ကျွန်တော်တို့နိုင်ငံမှာ သတင်းသမားစစ်စစ်တွေ
ရှိသလို ညာဝါးသတင်းသမားတွေလည်း ရှိနေကြပါတယ်။
ဆားအိုးထဲလက်နှိုက်ကြတာချင်းအတူတူ အနာရှိတဲ့သူက စပ်ဖျဉ်းဖျဉ်းခံစားရမှာပါ။
ကျွန်တော်က သာမန်နိုင်ငံသား၊ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ မသိရကောင်းလား၊
နားလည်မပေးနိုင်ရကောင်းလား၊ မသိဘဲ ထပြောရမလားလို့ ဒေါသဂတိနဲ့
ပြောချင်တယ်ဆိုရင်လည်း ဟုတ်ကဲ့ ပြောနိုင်ပါတယ်။ ခင်ဗျား ခံယူချက်နဲ့
ခင်ဗျားပါ။
လောက အသီးသီးက ညာဝါးများ သိထားဖို့က ပြည်သူလူထုဆိုတာ ဘာလဲ ...လို့
ခေါင်းထဲမှာ အမြဲထည့်ထားစေချင်ပါတယ်။

တဇောင်းနီ (မြန်မာစာ)

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, August 12, 2010

သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ (၂)

ကိုမြစ်သာရဲ့ သတင်းအကြောင်း

တဇောင်းနီရဲ့ဆောင်းပါးကို
http://www.kalaytownship.co.cc/2010/08/blog-post.html ကနေ
ကိုမြစ်သာဖတ်လိုက်ရပါတယ်။ ဆရာတဇောင်းနီရဲ့ အရေးအသားတွေထဲက တချို့ ကို
ကိုမြစ်သာလေ့လာမိသလောက် ပြောစရာလေးတွေအနည်းငယ်ရှိခဲ့ပါတယ်။ ကိုမြစ်သာဟာ
အပျော်တမ်း ဘလော့ကာ အထူးသဖြင့် သတင်းများကိုသာ စိတ်ဝင်စားတဲ့
ဘလော့ကာတစ်ဦးအဖြစ် ခံယူထားပါတယ်။ ဆရာတဇောင်းနီ ရဲ့ အရေးအသားတချို့မှာ
သတင်းသမာများကို အထင်သေးအမြင်သေးရှိပုံကို မိမိကိုယ်က ပဲညံ့ နေသလိုလိုနဲ့
နှိပ်ကွပ်ထားတာကို သိနိုင်ပါတယ်။ အဲဒီထဲကနေ ကိုမြစ်သာထုပ်နှုပ်ပြပါ့မယ်။
***ဖုန်းဖြင့်ဆက်မေး ချရေးလိုက် သတင်းများ မည်မျှ များနေပြီဆိုသည်ကို
ဆန်းစစ်သင့်ပြီ ဖြစ်ပါသည်။*** ဆိုတဲ့စာသား ကိုပြန်လည်ရှင်းလင်းပါ့မယ်။
သတင်းသမားဆိုတာ သတင်းဖြစ်တိုင်းအရောက်သွားဖို့ရာမလွယ်ကူပါဘူး။ ဒါ့ကြောင့်
ဒေသအသီးသီးမှာရှိတဲ့ သတင်းမြင်ကွင်းကို အနီးဆုံးထိတွေ့မြင်ရကြားရတဲ့
သတင်းသမားရဲ့ သတင်းပေး( source)၊ သတင်းရင်းမြစ်များဆီကို ဆက်သွယ်ရပါတယ်။
သတင်းထောက်ကိုယ်တိုင်ကလည်း အဲဒီဒေသကို အနည်းဆုံး တစ်ခါ (သို့မဟုတ်)
နှစ်ခါလောက်သာရောက်ဖူးတယ်ဆိုရင် တော်တော်လေးအဆင်ပြေပါတယ်။ ကလေးမြို့
အခြေစိုက်သတင်းသမားများက မိုင်အားဖြင့် (၈၀) ကျော်ကွာဝေးတဲ့
တမူးမြို့နယ်က သတင်းကို ဖုန်းလေးနဲ့လှမ်းပြီး သတင်းယူတာကို ဆရာတဇောင်းနီက
သိပ်ဘ၀င်တွေ့ဟန်မတူပါဘူး။ ဟုတ်ကဲ့ ....မြန်မာနိုင်ငံအတွင်းက
ဂျာနယ်တွေအကုန်လုံး ရန်ကုန်မြို့ ကို အခြေစိုက်ပြီး ..ရေးသားနေကြတာပါ။
အဲဒီဂျာနယ်တွေမှာပါတဲ့ သတင်းတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအသီး သီးက
သတင်းတွေပါ။ ကိုယ်တိုင်သွားရောက်ယူခဲ့တာလည်းရှိသလို အဆက်အသွယ်အသီးသီး (
သတင်းရင်းမြစ်များမှပို့တဲ့ .တယ်လီဖုန်း၊ အွန်လိုင်းမေး၊ နဲ့ ဖက်စ်
အခြားသော ဆက်သွယ်ရေး...) မှပေးပို့သည်များလည်းရှိပါတယ်။ သတင်းများရဲ့
(၇၀) ရာခိုင်နှုန်းဟာ သတင်းရင်းမြစ်များဆီက ရခြင်းဖြစ်ပါတယ်။
(ကိုမြစ်သာရဲ့ခန့်မှန်းပါ) ဂျာနယ်နယ်အပါအ၀င် သတင်းဌာနအသီးသီးဟာ
တယ်လီဖုန်း အစရှိတဲ့ ဆက်သွယ်ရေးကိရိယာများကို အသုံးပြု ၍ သတင်းယူ ၊
သတင်းရေးသား၊ ထုပ်လွှင့်နေကြတာကို ဆရာတဇောင်းနီ...မသိတာလား။
မသိချင်ယောင်ဆောင်ပြီး ...ရေးလိုက်တာလားဆိုတာ..(ကျုပ်မှ
မသိပဲ...ဆိုပြီရှောင်လွှဲလို့မရပါ. ..မသိရင်မရေးပါနဲ့
...သေသေချာချာမသိသော...အကြောင်းအရာများကို
..ရေးသားခြင်းဟာ...ကူးစက်ကပ်ရောဂါသင့်ခြင်းထက် ပြည်သူလူထုကို
ဒဏ်ရာရောဂါတွေ ရရှိ ဆိုးရွားပါတယ်။ ) ၊ စစ်ပွဲတွေကြားမှာ
ကင်မရာတကားကားနဲ့ သတင်းယူနေတဲ့ ကျည်ဆံတွေကို ရှောင်ရှားပြီး
သတင်းယူနေတာကို စလောင်းကနေတွေ့မြင်
နေကြရတာ..သတင်းကိုစိတ်ဝင်စားတဲ့သူတိုင်းကြည့်ဖူးကြမှာပါ။ ..ဟုတ်ကဲ့
..ကျွန်တော်တို့
နေထိုင်နေတာ..မြန်မာနိုင်ငံတော်ဆိုတာ..ဆရာတဇောင်းနီ...သတိချွတ်ယွင်းပြီး
..မေ့သွားတယ်ထင်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာ...ဆရာသိမှာပါ။ ဟုတ်ကဲ့
...နားထောင်ဖူးမှာပါ။ ဟုတ်ကဲ့
...ဒါလောက်ပြောလိုက်ရင်..သဘောပေါက်မယ်ထင်ပါတယ်။ သတင်းဓါတ်ပုံ
ဘယ်နှစ်ပုံကို ဘယ်နေရာတွေများရိုက်ဖူးပါသလဲ...။
ဟေ့..ဘယ်ကောင်ဓါတ်ပုံရိုက်တာလဲကွ...ဆိုတာတွေ ကြားဖူးမှာပါ။ ကျွန်တော်တို့
သတင်းဓါတ်ပုံအတွက် အခက်အခဲတွေမြန်မာနိုင်ငံမှာရှိတဲ့
ဂျာနယ်လစ်တိုင်းလိုလို တွေ့ကြုံဖူးကြမှာပါ။ ၀ါသနာအရသာ လုပ်နေကြတဲ့
သတင်းသမားများကိုနောက်ဆုံး အနေနဲ့ ဆရာတဇောင်းနီစော်ကားလိုက်တာက
*****ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော
သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။*****
သတင်းသမားများလုပ်စားတယ်လို့ စွပ်စွဲလိုက်ခြင်းပါ။ ဟုတ်ကဲ့
...ဆရာအထက်မှာရေးခဲ့ပါတယ်။ ဘာတဲ့...သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ၁၅၀၀
ကျပ်လား၊ ၃၀၀၀ ကျပ်လား ဒါမှမဟုတ် သန်း ၅၀ အတွက်လား ။ ဒါမှ မဟုတ် လူသားထု
တစ်ရပ်လုံး အတွက်လား ကိုယ်ယုံကြည်ရာ အလုပ်အတွက် အသက်ကိုတောင် ပဓါန မထားဘဲ
ရှေ့တန်းစစ်မြေပြင်တောင် ထွက်ပြီး သတင်းယူကြတဲ့ လေးစားဖွယ်ရာ
ဂျာနယ်လစ်တွေ နိုင်ငံအတွက် သတင်းတစ်ပုဒ်ကို အသက်နဲ့ ရင်းပြီး ယူတတ်ကြတဲ့
သတင်း ထောက်လှမ်းရေး သမားတွေ
......*****ဆရာတဇောင်းနီသိပြီးဖြစ်မှာပါ.။။ဒါပေမယ့်
သိအောင်ထုပ်ပြောလိုက်ပါ့မယ်..... သတင်းတစ်ပုဒ်ရတာက တစ်ပုဒ်ကို
တစ်ထောင်ကနေ တစ်သောင်းခွဲကနေ သုံးသောင်းလောက် (သတင်းရှည်နဲ့
ဆောင်းပါးအပါအ၀င်ပါ) အထိရကြတယ်လို့သိရှိရပါတယ်။ ခင်ဗျားပြောတဲ့
အနောက်နိုင်ငံမှ သတင်းထောက်များ လစာဟာ အနိမ့်ဆုံးလစာ ဒေါ်လာ(၆၀၀၀)
လောက်ရကြတယ်လို့သိရပါတယ်။ (ကျန်တဲ့ အခွင့်အရေးတွေ ရရှိကြပါသေးတယ်) အဟဲ
...မြန်မာငွေနဲ့ဆို..တစ်လ သိန်းခြောက်ဆယ်လောက်ပါ။
ဒီလောက်ဆို...သဘောပေါက်ရောပေါ့...မြန်မာနိုင်ငံအတွင်းက သတင်းသမားတိုင်းဟာ
ဝါသနာအရင်းခံပြီး အလုပ်လုပ်နေကြခြင်းဖြစ်ပါတယ်။
ငွေရေးကြေးရေးအရချမ်းသာတဲ့ သတင်းသမားစာရေးဆရာဆိုတာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အစ ..မချမ်းသာခဲ့တာကို လူထုဒေါ်အမာ ရေးတဲ့
သခင်ကိုယ်တော်မှိုင်းစာအုပ်ဖတ်ကြည့်ရင် သိမှာပါ။ ယနေ့အချိန် အထိ
သတင်းစာဆရာ၊စာရေးဆရာများဟာ ချမ်းသာတယ်ဆိုတာမရှိသေးပါဘူး။
ဟုတ်ကဲ့...လုပ်စားတာလား..ပြည်သူကိုယ်စေတနာရှိလို့ရေးတာလား(တဇောင်းနီကြီးပြောတဲ့
သန်းငါးဆယ်အတွက်လားပေါ့) ...မြစ်သာလွင်ပြင်ပရိတ်သတ်များက
သာ...ဆုံးဖြတ်ကြပါ။သတင်းတစ်ပုဒ်ရေးလိုက်လို့... ထမင်းတစ်လုပ်မလွယ်ပေမယ့်
နားရင်းအုပ်တော့ခံဖို့ ပိုနီးတယ်ဆိုတာ...ပရိတ်သတ်ကြီးသိမှာပါ။
အကြောင်းမညီလို့သာပါ...ဆရာတဇောင်းနီရေ...လုပ်စားသတင်းဆရာများလို့...အဟုတ်များ
...ပြည်သူမြင်သွားမှ ဖြင့်
..၀ါးရှည်နဲ့လှမ်းရမ်းတာ...မြစ်သာတို့ကို...မေတ္တာရှိတဲ့
...ပရိတ်သတ်တွေတလွဲထင်မှာမို့....အလွဲသဘင်...ခင်ဗျားသတင်းကြီးကို...အရှုပ်ဖြည်ကာ..အဟုတ်အတည်...ရေးလိုက်ရပါကြောင်း....။..ဆက်ချင်ပါသေးတယ်...(မှတ်ချက်**အွန်လိုင်းထိုင်
ရေးရတာ တစ်နာရီကို(လေးရာကျပ်ပါ)....ကုန်ကျပါတယ်။ အခုပို့စ်အတွက်
တစ်နာရီခွဲလောက်ရေးသားလိုက်ရပါတယ်။ )
မေတ္တာဖြင့်
ကိုမြစ်သာ။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, August 7, 2010

သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ

ကျွန်တော်တို့ပဲ သေသင့်ပါတယ် သတင်းထောက်ကြီး တို့ရယ်

သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ၁၅၀၀ ကျပ်လား၊ ၃၀၀၀ ကျပ်လား ဒါမှမဟုတ် သန်း ၅၀ အတွက်လား ။ ဒါမှ မဟုတ် လူသားထု တစ်ရပ်လုံး အတွက်လား ကိုယ်ယုံကြည်ရာ အလုပ်အတွက် အသက်ကိုတောင် ပဓါန မထားဘဲ ရှေ့တန်းစစ်မြေပြင်တောင် ထွက်ပြီး သတင်းယူကြတဲ့ လေးစားဖွယ်ရာ ဂျာနယ်လစ်တွေ နိုင်ငံအတွက် သတင်းတစ်ပုဒ်ကို အသက်နဲ့ ရင်းပြီး ယူတတ်ကြတဲ့ သတင်း ထောက်လှမ်းရေး သမားတွေ နောက် ငှက်ပျောတစ်ပင်မှ အခိုင်နှစ်ခု ထွက်ကြောင်း၊ ၀က်မလေးမှ ခေါင်းနှစ်လုံးပူးပါသော သားလေး မွေးကြောင်းမှသည် လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်ပေးတော့မည့် သတင်း မြောက်ကိုရီးယား၏ နုစီမံကိန်းသတင်း မက္ကစီကို ပင်လယ်ကွေ့ရှိ ရေနံ အညစ်အကြေးသတင်း မုန်တိုင်းသတင်း၊ စစ်ပွဲ သတင်း၊ လမ်းပိတ်ထားကြောင်း သတင်း၊ ရေလှူနေသော သတင်း … စသည် စသည်ဖြင့် လူ့အဖွဲ့စည်းကို ထုတ်ပြန်နေသော သတင်းများ ၊
ယနေ့ကမ္ဘာသည် သတင်း ကမ္ဘာ ဖြစ်သည်နှင့် အညီ သတင်းတို့သည် အဘယ်မျှ အရေးကြီးကြောင်း သတင်းခံစားသူ တစ်ယောက်အနေဖြင့် လည်းကောင်း၊ သာမာန်လူ နေထိုင်မှု ဘ၀မှ နိုင်ငံသား တစ်ဦး အနေဖြင့် လည်းကောင်း ကျွန်တော် ကောင်းစွာ သဘော ပေါက်ထားပါသည်။ ပညာရှင် တစ်ယောက် အနေဖြင့်မူ ဘယ်သို့ ညာသို့ မဝေဖန်တတ်ပါ။ အကဲဖြတ် အမှတ်ပေးရန်လည်း မစွမ်းပါ၊ ကျွန်တော် လက်လှမ်းမီသမျှ သတင်းတို့ကို ဖတ်ပါသည်။ ကြေငြာ သတင်း ဒေသတင်း ကမ္ဘာ သတင်း အချို့က အရေးကြီး အချို့လည်း မလိုအပ်လှ။ အရေးကြီး သတင်း တို့ကို အချက်လက် မှန်မှန် စေတနာ မှန်မှန်ဖြင့် တင်ပြပေးနေကြသော သတင်းသမားတို့အား ကျွန်တော်များစွာ လေးစားပါသည်။ သူတို့၏ ဘ၀ ရပ်တည်မှုကို ခရေစေ့တွင်းကျ သိရလေ ပိုပြီး လေးစား ရလေ ဖြစ်ပါသည်။
သို့သော် …….
ယနေ့ခေတ်တွင် သတင်းဂျာနယ် အမျိုးမျိုးမှ သတင်းမျိုးစုံ တင်ဆက်လာခဲ့ရာ သတင်းဂျာနယ်ကြီး နှစ်စောင်မှ ဒသ သတင်းတို့ကို စိတ်ဝင်စားဖွယ် ဖတ်လိုက်ရပါသည်။ ၎င်းတို့မှာ
-`` မဏိပူရဘက်မှ ၀ယ်သူများလာ၍ နန်းဖာလုံဈေး၌ အရောင်း အ၀ယ်ကောင်း´´ ဟူသော ခေါင်းစဉ်ဖြင့် 2010 Auguest 1 ထုတ် 24/7 NEWS JOURNAL, Vol:5, No.32, တွင် တင်ဆက်ထားသည့် ``သမုတိသစ္စာ´´ ၏ သတင်းနှင့်
- `` မိုးတွင်းကာလအတွင်း မြန်မာ- အိန္ဒိယ နယ်စပ် နန်းဖာလုံဈေးတွင် အရောင်း အ၀ယ် နည်းပါလျှက်ရှိ ´´ ဟူသော ခေါင်းစဉ်ဖြင့် 2010 August 4 ထုတ် WEEKLY ELEVEN NEWS JOURNAL, Vol;5 No.43 တွင် တင်ဆက်ထားသည့် ``အောင်သူထွန်း(ကလေးမြို့) ၏ သတင်းတို့ ဖြစ်ပါသည်။
သတင်းခေါင်းစဉ် နှစ်ခုကို ဖတ်ကြည့်ယုံမျှဖြင့် သတင်းနှစ်ခု၏ လားရာကို သိသာနေပါပြီ။ သတင်းထောက် နှစ်ဦလုံးမှာ ကလေးမြို့ အခြေစိုက် သတင်း သမားများ ဖြစ်ပါသည်။ ကလေးမြို့မှ မိုင်(၈၀) ကျော် ဝေးသော နန်းဖာလုံ ဈေး၏ သတင်းကို သတင်းကို သူတို့ မည်သို့ ယူလာခဲ့ကြသည်ကို ကျွန်တော်မသိပါ။ သာမာန်ဆိုလျှင် ကျွန်တော်လည်း သတိထားမိမည် မထင်ပါ။ ယခုတော့ နာမည်ကြီး ဂျာနယ်ကြီး နှစ်စောင်၏ နောက်ဆုံးထုတ်ဂျာနယ် များတွင် တစ်ပြိုင်နက်တည်း ပါလာသောကြောင့်သာ သတိထားမိခြင်း ဖြစ်ပါသည်။ ရက်စွဲအရ မဆို စလောက် ကွာသော်လည်း ယင်းဂျာနယ် နှစ်စောင်သည် စာဖတ်သူ လက်ထဲသို့ တပြိုင်တည်း ရောက်လာသော ဂျာနယ်များ ဖြစ်ကြပါသည်။ ကျွန်တော်တို့ ကံကောင်းသည်မှာ နန်းဖာလုံဈေး အရောင်းအ၀ယ် ဖြစ်ခြင်း မဖြစ်ခြင်းသည် စာဖတ်သူ ရာခိုင်နှုန်းအများစုအတွက် အရေးမပါလှခြင်း ဖြစ်ပါသည်။ သို့အတွက် သတင်း၏ ဆိုးကျိုးမှာ ကျွန်တော်တို့အတွက် သက်ရောက်မှု မရှိသလောက် နည်းပါသည်။
ယခင်ကလည်း ဂျာနယ် တစ်စောင်တွင် ကလေးမြို့ ကာယကံ မေတ္တာ အဖွဲ့ကြီး၏ ကုသိုလ်ဖြစ် ဆေးခန်းကို ကဆုန်လပြည့်နေက ဖွင့်လှစ်ကြောင်း သတင်းအမှား နေသာ ပညာဒါန သင်တန်း၏ (၁၅) နှစ်ပြည့် မဂ္ဂဇင်းအတွက် စာမူ ဖိတ်ခေါ်မှု သတင်းပါ အချက်အလက် အမှား စသည့် သတင်းအမှားများ စာဖတ်သူ လက်ထဲသို့ ရောက်ခဲ့ပြီး ဖြစ်ပါသည်။
သည်အတိုင်းသာ သတင်းသမားတို့၏ အရည်အသွေးကို ဆိုင်ရာ ဆိုင်ရာ တို့က လျစ်လျူရှုထားကြမည်ဆိုပါက ဖြစ်ပေါ်လာမည့် နိုင်ငံသစ်အတွက် စတုတ္ထမဏ္ဍိုင်ကို ကျွန်တော်တို့ ပြည်သူများ မည်သို့ ယုံကြည်ရပါမည်နည်း။ ဖုန်းဖြင့်ဆက်မေး ချရေးလိုက် သတင်းများ မည်မျှ များနေပြီဆိုသည်ကို ဆန်းစစ်သင့်ပြီ ဖြစ်ပါသည်။
နောက်ဆုံး လက်ညှိုးထိုးမည်မှာ သတင်းဖတ် ပရိတ်သတ်များ ဖြစ်ပါသည်။ ကျွန်တော်လည်း ပါပါသည်။ ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။

တဇောင်းနီ (မြန်မာစာ)

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, July 29, 2010

သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး

(၃၁၈)ကြိမ်မြောက် ဆွမ်းလောင်းရေစက်ချပြီးစီးခြင်း

ကလေးမြို့ကျက်သရေဆောင်သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး၏ (၃၁၈)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းပွဲကြီး ယနေ့ (၁၉-၇-၂၀၁၀)တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ မြို့ပေါ်ကျောင်းတိုက်များမှ ဆွမ်းခံသံဃာတော်ပေါင်း (၆၇၅)ပါးရှိပြီး ဓမ္မရက္ခိတ သုခ၀တီစာသင်တိုက်မှ ဘဒ္ဒန္တ ဥတ္တမ က ဆွမ်းရေစက်ချတရား ဟောကြားချီးမြင့်ခဲ့ပါတယ် ..။


အသင်းကြီးတည်ထောင်ခဲ့ပုံနှင့် လုပ်ဆောင်ချက်အကျဉ်း

ကလေးမြို့သည် သဘာဝပတ်ဝန်းကျင်တောတာင်များနှင့် ၀န်းရံလျက် ရေမြေ ရာသီဥတု ကောင်းမွန်ခြင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ခြင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်း၍ ခရီးလမ်းဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့ကြောင့် လူနေထူထပ်ပြီး စီးပွားရေး ဖွံ့ဖြိုးသော မြို့တစ်မြို့ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု၏ အကျိုးဆက်အနေဖြင့် ဘာသာ သာသနာသည်လည်း ထွန်းကားပြန့်ပွား၍ သာသနာရောင်ဝါ ထွန်းလင်း တောက်ပ လာလေသည်။ မြို့နယ်တစ်ခွင်တွင် မြန်မာနှင့် ချင်းတိုင်းရင်းသားအများစုတို့ နေထိုင်ကြသကဲ့သို့ လူမျိုးခြား၊ ဘာသာခြားများလည်း ရှိကြပြီး ဘာသာကြီး လေးခုဖြစ်သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့သည် မိမိတို့ ယုံကြည်သက်ဝင်မှုအလျောက် လွပ်လပ်စွာ ကိုးကွယ်လျက်ရှိကြပြီး အေးချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ကြသော ဒေသဖြစ်ပါသည်။
ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပရိယတ္တိစာသင်တိုက်ကြီး (၉)တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပဋိပတ္တိဝိပဿနာတရားပြဌာနရိပ်သာများ အပါအ၀င် ဘုန်းတော်ကြီးကျောင်းပေါင်း (၃၅)ကျောင်း၊ သီလရှင်စာသင်တိုက် (၁)တိုက်၊ သီလရှင်ကျောင်း (၅)ကျောင်းတို့ တည်ရှိပြီး ရဟန်းသံဃာသူတော်စင်ယောဂီနှင့် သီလရှင်စုစုပေါင်း (၁၀၀၀)ကျော်တို့ သီတင်းသံကလေးမြို့ကျက်သရေဆောင်ုးလျက် သာသနာပြုကြသဖြင့် သာသနာရောင်ဝါ ထွန်းလင်းတောက်ပသော မြို့ကလေးတစ်မြို့အဖြစ် ရှိနေပါသည်။ သာသနာ့ကိစ္စများတွင် ဆရာ+ဒကာ တာဝန်များရှိရာ ရဟန်းတော်များဖက်မှ တာဝန်ကျေကြသကဲ့သို့ မြို့သူမြို့သား နယ်သူနယ်သား ဒကာ+ဒကာမများဖက်မှလည်း စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် သာသနာတော်မြတ်ကြီးအတွက် လိုအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးကို မပြတ်မလပ်ရအောင် ဖြည့်ဆည်းလှူဒါန်း ထောက်ပံ့ကြသည်ကို တွေ့ရပါသည်။
ဒါယကာ+ဒါယိကာမများအနေဖြင့် မိမိတို့၏ ဘာသာရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရာတွင် ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုများကို တရားဟော တရားပြဌာန(ရိပ်သာ)များတွင်သာ အများအားဖြင့် ပြုလုပ်ရသည်ဖြစ်ရာ အရောက် အပေါက်များသည့်အတွက် ထိုကျောင်းများတွင် လိုအပ်သော ပစ္စည်းလေးပါးကို သိသည့်အလျောက် လှူဒါန်းမှုတို့ကိုလည်း ပြုလုပ်ဖြစ်ကြလေသည်။ ဒကာ+ဒကာမများနှင့် အထိအတွေ့နည်းပြီး မိမိတို့ ပရိယတ္တိစာပေကိုသာ တစိုက် မတ်မတ်ကြိုးကုတ်အားထုတ်နေကြရသော ပရိယတ္တိ၀န်ဆောင် စာသင်တိုက်များမှာမူ ဒကာ+ဒကာမများ အရောက်အပေါက်နည်းသည့်အလျောက် သတိမမူမိသဖြင့် လိုအပ်သော ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့မှု နည်းနေသည်ကို သဘာဝကျစွာ လေ့လာတွေ့ရှိရပါသည်။ အချို့စာသင်တိုက်တို့တွင် ဆွမ်းကွမ်းကိစ္စချို့တဲ့သည့်အတွက် သင့်တင့်မျှတအောင် ချွေတာသုံးဆောင်မှီဝဲရင်း သာသနာ့တာဝန်ကို ကြိုးစားထမ်းဆောင်နေရသည်ကို တွေ့ရှိရပါသည်။
သို့အတွက် သင့်တင့်မျှတသော ကျောင်းများတွင်လည်း ပြည့်စုံကုံလုံလာစေရန် ချို့တဲ့သောကျောင်းများတွင်လည်း အဆင်ပြေချော့မွေ့၍ ပြည့်စုံသည်အထိ ဖြစ်လာ စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပုဂ္ဂိုလ်စွဲ၊ ကျောင်းစွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ သာသနာတော်အတွက်သာဟူသော မူကိုချမှတ်၍ မိမိတို့တတ်စွမ်းသမျှ တစ်ပိုင်းတကဏ္ဍမှ တာဝန်ယူကြရန်ဟူသော စိတ်ဆန္ဒသည် သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး ပေါ်ပေါက်လာရခြင်း၏ အကြောင်းအရင်းဟုဆိုလျှင် မှားအံ့မထင်ပေ။

အသင်းကြီးပေါ်ပေါက်လာပုံ
ဟိန္ဒူဘုရားကျောင်းဝင်းအတွင်း နာဂလှိုင်ဂူဆရာတော်ဘုရားကြီး ကမကထပြု၍ တည်ထားကိုးကွယ်တော်မူသော ရေဆန်ကျွန်းမြတ် ဗောဓိ သတ်ရုပ်ပွား တစ်ထောင်စေတီတော်မြတ်၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတါင် အထူးတရားပွဲကိုပါ ထည့်သွင်းကျင်းပရန် ကြိုးပမ်းကြရာမှ စကားလှဓမ္မာရုံဆရာတော်ကြီး ဘဒ္ဒန္တဓမ္မပါလ၏ တိုက်တွန်းနိုးဆော်မှုနှင့် စီစဉ်မှုတို့ကြောင့် နှစ်စဉ်ကြွရောက်မြဲဖြစ်သော စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော်ဘုရားကြီး၏ တမူးမြို့အထူးတရားပွဲ ခရီးစဉ်တွင် ကလေးမြို့တွင်လည်း အထူးတရားပွဲကျင်းပနိုင်ရန်အတွက် ကလေးမြို့ ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်းဘုရား) ဂေါပကအဖွဲ့မှ ၂၀၀၂-ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် အစည်းအဝေးခေါ်ယူ၍ တရားပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း စီစဉ်ခဲ့ရာ ( ၂၇-၂-၂၀၀၂ )နေ့တွင် သီတဂူဆရာတော်ကြီး၏ ပထမအကြိမ် အထူးတရားပွဲကြီး ခြိမ့်ခြိမ့်သဲအောင်မြင်စွာ ပြီးစီးခဲ့လေသည်။
ရေဆန်ကျွန်းမြတ်ဗောဓိသတ်ရုပ်ပွားတစ်ထောင်စေတီ၏ ပထမ အကြိမ် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မဟာစည်ရိပ်သာမှ အကျိုးဆောင်များ ယောဂီဝတ်အသင်းများ ပါဝင်အားဖြည့်ပေးရန် ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်းဘုရား) ဂေါပက ဦးဝင်းစိန်နှင့် ဦးဌေးအောင်တို့၏ မေတ္တာရပ်ခံချက်ဖြင့် မဟာစည်ရိပ်သာ အကျိုးဆောင်အတွင်းရေးမှူး ဦးစိုးကြီး၏ စီစဉ်ကူညီပံ့ပိုးမှုကြောင့် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်မှ အစပြုကာ သာသရေးဆိုင်ရာ ကိစ္စများတွင် ၀ါသနာတူများ လက်တွဲမိကြသည်။ ၂၀၀၂-ခုနှစ် ကုန်ဆုံး၍ ၂၀၀၃-ခုနှစ်တွင် ဒုတိယအကြိမ် သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲအချိန် နီးကပ်လာခဲ့ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြရင်း ကလေးမြို့တွင် လစ်ဟာနေသော သာသနာပြုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် သာသနာရေး ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြရာ ဦးစိုးကြီးက ဆွမ်းလောင်းအသင်းဖွဲ့ရန်ကိစ္စ ဖွင့်ဟလာလေသည်။ မြို့ပေါ်တွင် တပိုင်တနိုင် သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက်၊ သူ့ကျောင်း၊ ကိုယ့်ကျောင်းအလိုက် ဆွမ်းလောင်းဆွမ်းကပ်အဖွဲ့များ ရှိကြသော်လည်း တစ်မြို့နယ်လုံးဆိုင်ရာ ဆွမ်းလောင်းအသင်းဟူ၍ မရှိသေးသဖြင့် ထိုကိစ္စဆောင်ရွက်နိုင်လျှင် ကလေးမြို့သာသနာတော်အတွက် အကျိုးများမည်ကို မျှော်ရည်မိကြလေသည်။ သို့နှင့် ဦးဌေးအောင်၊ ဦးစိုးကြီး၊ ဦးဝင်းစိန်၊ ဦးစိုးဝင်း၊ ဦးဘောက်သီး၊ ဦးမော်ဟန်း၊ ဦးကြည်စိုးဦး စသော ၀ါသနာ၊ စေတနာတူ ပုဂ္ဂိုလ်များစုစည်း၍ ကျယ်ကျယ်ပြန့်ပြန့်တိုင်ပင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြလေသည်။
ထိုသို့ဖြင့် (၂၂-၅-၂၀၀၃)နေ့တွင် ဒုတိယအကြိမ် အထူးတရားပွဲကြီးသို့ တရားချီးမြင့်ရန် ကြွရောက်လာစဉ် ဆရာတော်ခေတ္တသီတင်းသုံးရာ စကားလှ ဓမ္မာရုံကျောင်းတွင် သီတဂူဆရာတော်ကြီးထံ ချဉ်းကပ်၍ ဆွမ်းလောင်းအသင်းကိစ္စ လျှောက်ထားအမည်တောင်းခံခဲ့ကြရာ ဆရာတော်ကြီးက ၀မ်းပမ်းတသာ ထောက်ခံကြိုဆိုအားပေး၍ သဒ္ဓမ္မပါလသံဃဒါနဆွမ်းလောင်းအသင်းဟူသော အမည်ကမ္ဗည်းမော်ကွန်း တွင်စေကာ သြ၀ါဒစကားမြွက်ကြားတော်မူခဲ့လေသည်။ (၂၂-၅-၂၀၀၃)မှ (၂၃-၅-၂၀၀၃)အထိ ဒုတိယအကြိမ် သီတဂူအထူးတရားပွဲကြီးကို တက်ညီလက်ညီ ကြိုးစားအားထုတ်ကြ၍ ပိုမိုအောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြလေသည်။
ဒုတိယအကြိမ် အထူးတရားပွဲအပြီးတွင် သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒစကားကို ခံယူ၍ ဆွမ်းလောင်းအသင်းဖွဲ့စည်းရေးကိစ္စကို ဆောင်ရွက်ကြရာ (၂၇-၅-၂၀၀၃)နေ့တွင် မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၏စီစဉ်ပေးမှုဖြင့် ဈေးမိဈေးဖကိုယ်စားလှယ်များနှင့် မြို့မဈေးရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးစိုးကြီးမှ ဆွမ်းလောင်းအသင်းဖြစ်မြောက်ရေးနှင့်ပတ်သက်၍ တင်ပြရာဆွေးနွေးခဲ့ရာ အထူးပင်အောင်မြင်ခဲ့လေသည်။ တဆက်တည်းမှာပင် (၆-၆-၂၀၀၃)နေ့နှင့် (၁၄-၆ ၂၀၀၃)နေ့များတွင် ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်း) ဓမ္မာရုံတွင် မြို့မိမြို့ဖများနှင့် ၀ါသနာတူများ စုပေါင်းတွေ့ဆုံဆွေးနွေးခဲ့ကြရာ - သြ၀ါဒစရိယဆရာတော်များ ရွေးချယ်ရေး၊ နာယကပုဂ္ဂိုလ်များရွေးချယ်ရေးနှင့် အလုပ်အမှုဆောင်များ ရွေးချယ်ရေးတို့ကို လျာထားသတ်မှတ်ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ဖြင့် ၁၃၆၅-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၈)ရက်၊ (၂၁-၇-၂၀၀၃)နေ့တွင် သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး၏ ပထမအကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကြီးကို စတင်ဖွင့်လှစ်နိုင်ခဲ့လေသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, July 28, 2010

ရာစုသစ် ဝမ်းစာ

အနားသတ်မျဉ်းမညီတဲ့ ပန်းချီကားတစ်ချပ်လို ဘဝကို စိတ်လိုလက်ရ ခံစားပစ်လိုက်စမ်း။

ငှက်တွေအိပ်တန်းပျံတာကိုကြည့်ဖို့ မြို့ပြင်ထွက်လာခဲ့တယ်။ ဘေးကသူငယ်ချင်းကတော့ ငါ့ကို နားလည်ပေးတဲ့ မျက်ဝန်းတွေနဲ့ကြည့်လို့။ ငှက်တွေပျံလာလိုက်ကြတာ။ ဒီ ကဘော်ကြီးရဲ့ ဟိုဘက်စွန်း တောင်ရိုးမှာနားခိုကြလေမလား ...။ ဟုတ်ပါရဲ့။ လွတ်လပ်တဲ့လေထုမှာ လွတ်လပ်စွာပျံကြ။ အိပ်တန်းနေရာတွေမှာ မိသားတစ်စု စုံစုံလင်လင်နဲ့ စီစီညံနေအောင် အော်ဟစ်မြူးတူးကြဦးမယ်။ တစ်ချို့က လေးကိုင်းလို အုပ်စုဖွဲ့ပျံလို့။ တစ်ချို့က စစ်ဗျူဟာခင်းသလို အထပ်ထပ်ဝန်းရံလို့။ လှလိုက်တဲ့ငှက်တွေ။ ချုပ်စနေခြည်အောက်မှာ ဆေးရောင်စိုနေတဲ့ ကချေသည်တွေလိုပါပဲ။ အော်...။ ဘဝ။ ဘဝ။ ဖြစ်တည်ရာတွေ ဘယ်လိုပဲကွာကွာ အိပ်ပြန်ချိန်တွေကိုတော့ အားလုံးမျှော်ကြမှာပဲ။
သူငယ်ချင်းနှစ်ယောက် ဘာစကားမှမပြောဖြစ်ဘဲ ညနေပိုင်းလေးကုန်သွားတယ်။ ]ပြန်ကြရအောင်ကွာ} တဲ့။ ကိုယ်မပိုင်တဲ့ညတွေ သိပ်များလွန်းလှပြီ။ သိပ်လှတဲ့ညတွေမှာ ကိုယ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ် နေပစ်လိုက်ချင်မိပါရဲ့။ လရောင်အောက်မှာ တန်းလျားလေးတစ်လုံးချပြီး ခြေပစ်လက်ပစ်လဲလျောင်းမယ်။ ကြယ်တွေကို ရေတွက်ကြည့်မယ်။ လ ရဲ့ မျက်နှာပြင်ကို စေ့စေ့ကြည့်ရင်း သီချင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စ ညည်းမယ်။ ငြိမ့်ကနဲ တိုက်လာတဲ့ လေညင်းက ကိုယ့်ဘဝအပူတွေကို စုပ်ယူသွားမှာ သေချာတယ်။ ပတ်ဝန်းကျင်ရဲ့ တောတောင်သံ စူးစူးညက်ညက်လေးတွေလည်း သံစုံတီးဝိုင်းကအသံတွေလို နားထောင်နေမယ်။ ကိုယ်ရချင်ခဲ့တာက အဲဒီလိုညတွေလေ။ လူငယ်တစ်ယောက်ပီပီ အဲဒီလိုညတွေကို တစ်ယောက်တည်း စိတ်ရှိသလို သုံးလိုက်ချင်တာ။
အပြန်လမ်းမှာတော့ မြို့ကလေးရဲ့ အနောက်ဘက်တောင်တန်းမှာ နေလုံးပျောက်သွားတာကြာပြီ။ ခေတ်နဲ့အညီ စည်ကားတိုးတက်လာတဲ့ မြို့ကလေးမှာ မီးလုံးတွေ လေထဲမျောလာသလို လမ်းတစ်လျှောက်မီးရောင်စုံ စီးမြောလို့။ အပြန် အသွား၊ အချိုးအကွေ့ ၊ အဖြောင့်၊ အဖြတ်။ ဦးတည်ရာအမျိုးမျိုးနဲ့ ယာဉ်မျိုးစုံ။ အိမ်ပြန်ကြလေသလား။ ဟုတ်မှာပါ။ အိမ်ပြန်ကြတာပဲဖြစ်မယ်ထင်ပါရဲ့။ တစ်ခါတစ်ခါ အိတ်ဇောပေါက်နေတဲ့အသံနဲ့ ဘေးကနေ ပွတ်ကာသီကာ ရှောင်ထွက်သွားတတ်သေးရဲ့။ ဘာအဓိပ္ပာယ်ရှိလို့လဲ။ မမေးနဲ့။ လူငယ်တွေဘဝမှာ အဓိပ္ပာယ်တွေ၊ ဘာတွေနဲ့ သိပ်လေးနက်နေကြမှာမဟုတ်ဘူး။ လူငယ်တွေက လွတ်လပ်တယ်။ တက်ြွကတယ်။ နောက်စိတ်စေရာအတိုင်း ပြုမူတတ်ကြတယ်။ ကိုယ်အားကျတဲ့ လူငယ်ဘဝ။
(သား အိမ်ထောင်မပြုချင်သေးဘူးမေမေ....}လို့ ဟိုးအဝေးကြီးက အမေ့ကို တိုးတိုးလေးလှမ်းပြောမိတယ်။ ဝတ္ထုစာအုပ်တစ်အုပ်လို ဘဝရဲ့အဆုံးသတ်ပိုင်းကို ကျော်ဖတ်ကြည့်လိုက်ရရင်လည်း ကောင်းသား။ လက်ထပ်မယ့်နေ့ရက်ကို ရင်မောစွာစောင့်နေမယ့် ကောင်မလေးလည်း မိဘလယ်ယာမှာ ပင်ပင်ပန်းပန်းကူနေရလောက်ပြီပေါ့။ သူလည်း အတူဆုံရမယ့် ရက်တွေကို စောင့်နေမှာသေချာတယ်။ တကယ်တော့ ကိုယ်က နှစ်ကိုယ်တူဘဝအတွက် ဘာမှ အဆင်သင့်မဖြစ်သေးတဲ့လူ။ အိမ်ပြန်ဖြစ်တိုင်း မျှော်လင့်ချက်တွေနဲ့စောင့်နေတဲ့ သူ့အတွက် ဟန်ဆောင်စကားတွေနဲ့ ကတိပေးရပေါင်းများခဲ့ပြီ။ ဒီတစ်ခါ အသေအချာပဲလို့ တည်တည်တံ့တံ့စကားဆိုချင်နေပါပြီလေ။
ည (၇)နာရီ ထိုးပြီဆိုရင် ကိုယ်က ]ဘုစုခရုတွေ} လို့အပြောခံရရင် စိတ်ဆိုးတတ်တဲ့ ကလေးတွေကြားမှာ။ ]ရှင်းပြပေးပါဦး}ဆိုပြီး စာကူကျက်ခိုင်းတဲ့သူတွေ၊ ညီမျှချင်းရဲ့ တစ်ဘက်က ကိန်းကို အခြားတစ်ဘက်ရောက်အောင် မှန်မှန်မပို့တတ်တဲ့သူတွေ၊ အလေးလံဆုံး ဝန်ထုပ်ကိုပိုက်ပြီး ခပ်တည်တည်နဲ့ ငိုက်နေကြသူတွေ၊ မဟားဒယားခက်လှတဲ့ ပုစ္ဆာကြီးတွေကို ရွေးမေးပြီး ဆရာကို အကဲစမ်းကြတဲ့သူတွေ၊ ပြီတည်တည်နဲ့ မခိုးမခန့်ကြည့်တတ်တဲ့သူတွေ... စတဲ့ စတဲ့ စရိုက်အမျိုးမျိုးနဲ့ ကလေးတွေကြားမှာ။ တစ်ခါတစ်လေတော့ သူတို့ကို ကိုယ်ပြောတတ်သမျှနဲ့ ဆုံးမစကားတွေ ပြောနေမိပြန်ရော။ ]အင်း ကိုယ်ကိုယ်တိုင်ကရော ...... စံထားစရာဘဝ ဟုတ်ရဲ့လား။ ဟုတ်မှာပါလေ}လို့ ရသေ့စိတ်ဖြေ ဖြေရတယ်။
ည (၁၁)နာရီထိုးရင်တော့ ကိုယ့်ရဲ့ အိပ်ယာဝင်ခရီးမှာ ဓာတုဗေဒညီမျှခြင်းတွေ၊ စာကြည့်မီးတောင် ဗဃ.ီဃ မခွဲတတ်သူတွေက မေးလိုက်ကြတဲ့ ခေတ်ပေါ် ရူပဗေဒပစ္စည်းတွေအကြောင်း၊ ဖားခုန်သလို ပုံမှန် ခုန် ခုန်သွားတဲ့ ဗဏ ကိန်းစဉ်တွေအကြောင်း၊ ဟိုအကြောင်း၊ သည်အကြောင်းတွေနဲ့ စိတ်ထဲမှာ မွန်းကြပ်လို့။ ]ဟူး] ဆိုပြီး အိပ်ယာထက်မှာ ဝမ်းထဲကလေပူတွေကို မှုတ်ထုတ်ပစ်မိတယ်။ အိပ်ခန်းလေးရဲ့ အပူငွေ့ထက် ရင်ထဲကအပူငွေ့က ပိုပါတယ်လေ။
ညအိပ်မပျော်ခင်လေးမှာ ကိုယ်တို့ကျောင်းရဲ့ အမှတ်တရထုတ်တဲ့ မဂ္ဂဇင်းကို ဖတ်မိတယ်။ ]ပညာချွန်သူတို့ရဲ့ အမှတ်တရစကားများ}တဲ့။ ဟုတ်တယ်။ ကိုယ့်အတန်းဖော်တွေရဲ့စကားတွေပေါ့။ သူတို့ဓာတ်ပုံတွေနဲ့။ စင်ပေါ်ရောက်နေကြပြီဆိုတော့လည်း ပြောသမျှ တင့်ကြပါပေတယ်။ ကိုယ်ကတော့ သူတို့စကားတွေနဲ့ သူတို့ရဲ့ပုံရိပ်တွေ ထပ်ထပ်မြင်လာလို့ ပြုံးမိပါသေးရဲ့။ ]တော်သဟေ့။ ကြိုးစားကြကွာ} လို့ စိတ်ထဲကနေ မုဒိတာနဲ့ အားပေးမိတယ်။
ကိုယ်မှာတော့ ကိုယ့်မိသားစုလေးရဲ့ ခြောက်ကပ်ကပ် အဆီအနှစ်တွေကို ငဲ့ခဲ့ရ၊ မုဆိုးမ မိခင်အိုကို ငဲ့ခဲ့ရ၊ ညီငယ် ညီမငယ်လေးတွေရဲ့ရှေ့ရေးကို ငဲ့ခဲ့ရ။ ငဲ့ခဲ့ရတာတွေကလည်း အများသားလေ။တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာတွေ ရောက်လာချိန်က မိသားစုရဲ့ ငိုသံတွေကို ခုထိမမေ့သေး။ အထူးသဖြင့် မုဆိုးမ အမေရဲ့ ငိုသံတွေ။ ]သားရယ် အမေတာဝန်မကျေတော့ဘူး}တဲ့။ ပြောပြောပြီး ငိုတတ်တဲ့အမေ။ သားတစ်ယောက်ကို ပြန်တောင်းပန်တဲ့ အမေ။ ]သူများတွေပို့သလို အဲဒီကျောင်းကြီးကြီးတွေဆီ သားကိုပို့ချင်ခဲ့တာ}တဲ့လေ။ ပြန်တွေးကြည့်ပြန်တော့လည်း ငွေကုန်များမယ့် ကျောင်းကြီးတွေဆီ မတက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အဲဒီတုန်းက ကိုယ့်ဆုံးဖြတ်ချက်တွေကို အခုထိ ကျေနပ်နေတုန်း။ ]အဝေးသင်တက္ကသိုလ်ဆိုတာလည်း သူ့ဂုဏ်နဲ့သူပါအမေ} လို့ အမေ့ဆီ စိတ်မှန်းပြီး အိမ်ပြန်ချိန်တွေကို တမ်းတမိပြန်ရော။
အခုတော့ ကိုယ့်မှာ ကိုယ်ပို့တဲ့ ရေညှိအားဆေးဗူးလေးတွေကြောင့် ပီတိစွမ်းနဲ့ ကျန်းမာနေတဲ့အမေရယ်၊ ကိုယ့် ရင်ငွေ့နဲ့ ရင်းနှီးခဲ့ရတဲ့ ဘွဲ့တစ်ခုရယ်၊ ကိုယ့်ဝင်ငွေလေးနဲ့ ကျောင်းထားပေးတဲ့ ညီမငယ်လေးရယ်၊ ကိုယ်သင်သမျှကို ]နားလည်တယ်ဗျ}လို့ အားပါးတရအော်တတ်တဲ့ တပည့်တွေရယ်၊ ဒါတွေကိုပဲ ကိုယ့်ဘဝလို့ဆိုစေတော့။ ]အင်း ..ကိုယ့်ကိုယ်ကို ကျေနပ်နေနိုင်ဖို့လိုတယ် } ဆိုပြီး အိပ်စက်ဖို့လုပ်တော့ ည (၁၂)နာရီထိုးနေပြီ။ အဲဒီည အိပ်မက်ထဲမှာတော့ ကိုယ်ဟာ အိမ်ပြန်ခရီးကို စိတ်လိုလက်ရ နှင်လို့။

ကောင်းလူ ( မြ န် မာ စာ )

(၂၀၁၀ခုနှစ်၊ ဇူလိုင်လထုတ်၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း)




ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, July 25, 2010

စိတ်တခု၏ အိုဇုံးလွှာ

ရုန်းကန်ရင် ဖဲ့ယူမိ
စိတ်ရှိတိုင်း ဆွဲခေါ်မိ
တွေ့မိတိုင်း ကူးယူမိ
ဒီလိုနဲ့ သူ ......

မှီတွယ်ခြင်းတွေ ပျောက်ပြီး
တစိမ်းပြင်ပြင်ဖြစ်လို့
လူထဲကလူဆိုပေမယ့်
မရောထွေးနဲ့တဲ့လေ
ဒီလိုနဲ့ သူနဲ့လူ ......

သွားရာလမ်းက မတူညီနိုင်ဘူးတဲ့
သူ့ကလေးတွေ .....
ခေါ်ချင်ပါတယ်
ထွေးပွေ့ချင်ပါတယ်
ဒီမျက်လုံးတွေနဲ့ ကင်းဝေးရာ
ဒါဟာ ကမ္ဘာလို့
ယုယတဲ့လက်တတွေရှိတယ်
ချိုသာတဲ့ စကားလုံးတွေနဲ့
ကြည်လင်တဲ့ အကြည့်လှတွေကြောင့်
သူတို့ပျော်မှာပါလို့ ....

သို့သော်လည်းကွယ်
နေရာတိုင်းမှာ ရုံးကန်ခြင်းတွေနဲ့
သူတို့တွေ အသားကျဖို့တော့ လိုလိမ့်မယ်
ဒုက္ခလည်းရုန်းကန်ခြင်း
ငြိမ်းအေးရာလည်း ရုံးကန်ခြင်းမို့
သူတို့အတွက် ငါတို့တွေရဲ့ အလုပ်
တကယ်ပဲ.....
မြေပြင်ပေါ်မှာ လမ်းလျှောက်ပေးနေပြီလားဆိုတာ
စဉ်စားရင်းစဉ်းစားရင်း
ကြည့်မိ
ထိမိ
ငေးမိ
ဖြုတ်ချမိ
ဆွဲထူမိ
လက်လှမ်းမိ
ဖြေသိမ့်မိ
ပြောနေမိ
ကူညီမိ
ဒီလိုနဲ့
သူတို့နဲ့ငါဟာ ....
အထီးကျန်ခြင်းတွေတော့ တူညီနေပါပြီ

စဉ်းစားရင်း စဉ်းစားရင်း
စိတ်နဲ့ ဘ၀မြုတ်ထားလိုက်ဖို့ဆိုရင်
အခုဆို... ငါ့တစ်ယောက်ထည်းဖြစ်နေခဲ့တော့
ဒီအခန်းကျဉ်းထဲမှာ ....။
ငါ့စာနာခြင်းတွေနဲ့
ငါ့ရဲ့ ကမ္ဘာ .....။

ရွှေသတ္တိ
( ပိတောက်ပွင့်သစ်- အမှတ်-(၃၂)၊ ဇူလိုင်လ၊၂၀၁၀)

ဆက်လက်ဖတ်လိုလျှင် ....>>

သံသယ

စာရွက်တွေကို ဖြန့်လိုက်တာပါပဲ
မှင်အစိုကို ကြိုက်ပေမယ့် ပြဿနာနည်းနည်းတော့ရှိတယ်
ပြတင်းပေါက်မြင်ကွင်းနောက်ကို စကားလုံးတွေက မလိုက်နိုင်
တချို့စကားလုံးနောက်ကိုလည်း မှတ်ဥာဏ်ကမလိုက်နိုင်
ရီဆိုက်ကယ်ဗင်နဲ့ တူတူလာတဲ့ ကျွန်တော်တို့ ဦးနှောက်တွေဟာ
စက်တွေနဲ့ပိုတူလာပြီး စက်တွေက ဦးနှောက်နဲ့ ပိုတူလာတယ်
မူလစိတ်ကူးတွေ စာကြောင်းရေဘယ်လောက်မှာ ပေါက်ချလာမလဲဆိုတာ
လမ်းမှာတွေ့တဲ့ သူငယ်ချင်းဆီက တိုးတိုး တိုးတိုးတွေလည်း စဉ်းစားစရာပဲ
ဝက်တုတ်ကွေးနဲ့ ကြည်ဇော်အေးဂစ်တာထဲက လက်ကျန်တစ်တိုင်းက အစ
တာလီဘန်ကျည်ဆန်နဲ့ လွဲသွားတဲ့ ဗြိတိန်စစ်သားတစ်ယောက်က အလယ်
ခင်ဗျားက ကျားဘက်ကလား ကျွန်တော့်ဘက်ကလား အဆုံး ဆိုပါတော့
ဒီအရေးအသားထဲက ဆီးဖြူသီးတွေနဲ့ စကောထဲ ရောက်နေတဲ့ စကားလုံးများ
များသောအားဖြင့်တော့ အရာရာပြင်ဆင်ထားပြီးဖြစ်ကြောင်းတွေ ချည်းပါပဲ
စားဖွယ်စုံ ခံစစ်ကို စစ်ထုတ်ပစ်လိုက်တဲ့အရည်ကျဲနဲ့ ကျန်နေတဲ့ လက်ကျန်အနယ်အနှစ်
စိုင်းဝင်းမြင့်ရဲ့ ပုဂံထဲကလို ခြေရာ လက်ရာက ပြောတဲ့စကားတွေ သူ့နေရာနဲ့သူ
ထိုးထည့်လိုက်လို့ လျှောခနဲ ၀င်သွားတာတောင် ကွက်တိဆိုတဲ့စကားထွက်ကျလာသေးတယ်
အပေါ်ကရတာနဲ့ အောက်မှာကုနတာနဲ့ ကွက်တိဆိုတဲ့ စာရင်းရှင်းတမ်းမျိုး ကျွန်တော်
သိတ်သဘောကျတာပဲ လက်ထဲမှာဓါးလွတ်ကြီးကိုင်ထားတာက လွဲရင်ပေါ့လေ
ဗိုက်ဆာလာလို့ ညနေမှဆက်ရေးမယ် စိတ်ကူးမိသွားသလားမဖမ်းမိလိုက်ပြန်ဘူး
ကျွန်တော့်စူစမ်းစိတ်ရယ် အစာအိမ်ရယ်နဲ့ ဒီဖြစ်စဉ်ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း
ထိစမ်းမိသမျှအရာရာ နူးညံ့သိမ်မွေ့လှပါတယ် ခြေထောက်တွေကလည်း ဘာဆိုလား
ကျွန်တော်မှတ်ဥာဏ်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုလည်း ကျွန်တ်ာသံသယဖြစ်ပါတယ်
ရိုင်ဖယ် မိုင်နှစ်ဆယ် တိုင်မကွယ်နဲ့ ဆိုတာကိုလည်း ကျွန်တော်သံသယဖြစ်ပါတယ်
ကျွန်တော့်ရဲ့ မြင်တွေ့ကြားသိမှု အာရုံနယ်ပယ်က အစ
အခုရေးပြီးသမျှ စာကြောင်းတွေထဲမှာ မူလစိတ်ကူးတွေ ပါမပါအလယ်
ဒီအရေးအသား ဖြစ်စဉ်တစ်ဝက်တစ်ပျက်ဟာ ကဗျာ
ဟုတ်မဟုတ် အဆုံး ……။

ကိုဇော် (ကလေးမြို့)
၂၀၁၀ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

အလင်းစက်များ (၆)

မျက်စိတဆုံးဆိုတာ ပျောက်ကွယ်စက်ရှိတဲ့နေရာ
အလင်းရောင်နဲ့ ထုထည်နဲ့ ထိရှရာ မျဉ်းကြောင်းများ
တစ်ခုခုကိုဆုံးဖြတ်လိုက်တာပဲ သဘာဝကျတယ် မှန်တယ်စသည်ဖြင့်
အကောက်အယူနဲ့ ပတ်သက်သမျှ အလေ့အကျင့်က အန်ချသမျှအရာရာ
လူဆိုတာ အဆင်ပြေအောင် တွေးတတ်ပြီးသား ဒီလိုလား ဒီလိုပဲလား
ထင်ယာင်ထင်မှား ကိစ္စအားလုံးဟာ အလင်းရောင်နဲ့ ဆိုင်ပါတယ် ဆိုရင်
ဝိုးတ၀ါးအလင်း မထင်မရှား ပုံရိပ် မသဲကွဲတဲ့ မြင်သိစိတ် အာရုံများ
အားလုံးမွှေနှောက် တူရာစုပြီး ဖြစ်နိုင်ခြေ လက်ခံနိုင်ခြေနဲ့ ပကတိဖြစ်ရပ်တွေမှာ
အမှန်တရားမပွင့်ဘူး
လမ်းဘေးကထွက်လာနိုင်တာ မျောကေင်တစ်ကောင်ဖြစ်မယ်
မြွှေတစ်ကောင်ဖြစ်ချင်ဖြစ်မယ် မြွေဆိုတာ ကြောက်စရာ ကိုယ်စားပြု့ဆဲ
မြွေဆိုတဲ့ထုထည်အပေါ် အလင်းရောင်ဖြတ်ကျနေပုံသာ ပြောလိုပါတယ်
ခင်ဗျားမျက်လုံးထဲမှာ အကောင်လိုက်ခွေနေတဲ့ ကိစ္စကို မဆုံးဖြတ်နိုင်သရွှေ့
အကြည့်ငေးငေးမှာ အဓိပ္ပါယ်တွေမစွဲလောင်သေးသရွှေ့ ပုံရိပ်တွေမျှသာာ
မျက်စိတစ်ဆုံးမှာ မျက်လုံးထဲမှာ ဟိုအဝေးပျောက်ကွယ်စက်မှာ ရင်ထဲမှာ
အထူးသဖြင့် ခင်ဗျားရဲ့ ဥာဏ်အလင်းနဲ့ ထွန်းလင်းသမျှ အဓိပ္ပါယ်များ
မှတ်ဥာဏ်နဲ့သိစိတ်အစဉ်မှာ တဖျတ်ဖျတ်မီးကူးနေတဲ့
ညီမလေးက သူ့ ပုခက်ခေါင်မိုးက ငှက်ရုပ်လေးတွေကိုကြည့်ပြီး
တခစ်ခစ် ရယ်နေတယ် ဖေဖေ ….။

ကိုဇော်(ကလးမြို့)
၂၀၁၀ခုနှစ်၊ဇူလလိုင် လ ထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, July 20, 2010

ထန်ဘုရားသမိုင်း

ထန်ဘုရားသည် ကလေးမြို့နယ် အင်းတင်ရွာတွင် တည်ရှိပါသည်။ ကလေးမြို့၏ အနောက်တောင်ဘက် ယွန်းယွန်း(၂၅) မိုင်အကွာတွင် ရှိ၍ သဘာဝအလျှောက်ချွန်ထက် မို့မောက် နေသော ငှက်လင်းတနှင့်တူသော ဂိဇ္ဈကုဋ်တောင်ထက်ပေါ်၌ ရှိသော ထန်ဘုရား တောင်တော်ကို ကလေးမြို့ကပင် မှုန်ပျပျဖူးမြော်နိုင်ပါသည်။ ကလေး-နတ်ချောင်း ကားလမ်းမပေါ်မှဆိုလျှင် ပို၍ထင်ရှားစွာ ဖူးမြင်နိုင်ပါသည်။ထန်ဘုရားသည် အနောက်ဘက် ဝေဘူဝေဘာတောင်(ချင်းတောင်တန်း)ကြီး နှင့် မြစ်သာမြစ် တို့၏ အရှေ့ဘက် ဂိဇ္ဈကုဋ် တောင် တောနက်အတွင်းရှိ အလွန်မြင့်မားမတ်စောက်သော ကျောက်ကမ်းပါးယံကြီးနှင့် လိုဏ်ဂူအတွင်းတွင် အလိုအလျောက် ထူးဆန်းစွာ စံပယ်နေ တော်မူခြင်းဖြစ်သည်။
ရှမ်းဘာသာ စကားနှင့် လိုဏ်ဂူကို“ထန်”ဟုခေါ်၍ ထိုလိုဏ်ဂူရှိသောတောင်ကို ထန်တောင်ဟု ခေါ်သည်။ ထိုတောင်အနီး၌ စီးဆင်းသောချောင်းကို ကား ထန်ချောင်း ဟု ခေါ်ပြီး ယင်းချောင်းအနီးတည်ရှိ၍ လိုဏ်ဂူအတွင်း ဖူးတွေ့ရသောကြောင့် ထန်ဘုရား ဟု လူသိများခဲ့ခြင်းဖြစ်သည်။ လူပေါင်း(၅၀) ခန့်ဆန့်သော လိုဏ်ဂူအတွင်း၌ ဆင်းတုတော်နှင့် ဆင်မင်းတို့သည် ဂူဝကိုကျောပေး၍ အနောက်ဘက်သို့ မျက်နှာမူနေပါသည်။ ဘုရားရှင်၏ နောက်ကျော်မှကပ်၍ ဆင်မင်းသည် ဆင်ချီတိုင်နှင့်အတူ ဘုရားရှင်ကို ဦးခိုက်နေပါသည်။
ဝိနယပိဋကကျမ်းလာ ဖော်ပြချက်အရ ဗုဒ္ဓလက်ထက်တော်က ကောသမ္ဗီပြည်တွင် မပြောပလောက်သည့် ၀ိနည်းကိစ္စဖြင့် သံဃာတို့ကွဲပြားကြရာ ဗုဒ္ဓကိုယ်တိုင် ဆိုဆုံးမ၍ မရနိုင်သဖြင့် ဘုရားရှင်သည် ပါလိလေယျတောသို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ ထို့အတူ ဆင်ကြီးတစ်ကောင်သည်လည်း ဆင်ငယ်များကို ဆုံးမ၍ မရသည့်ပြင် စားရေး ၊နေရေးပင်ပန်းလှသဖြင့် တစ်ကောင်တည်းပင် ထိုတောသို့ သွားရောက်နေထိုင်ခဲ့သည်။ ထိုတော၌ ဗုဒ္ဓနှင့် ဆင်မင်းတို့တွေ့ကြ၍ ဆင်မင်းက ဗုဒ္ဓကိုတစ်ဝါတွင်းလုံး လုပ်ကျွေးပြုစု ကာ နေထိုင်ခဲ့ကြပါသည်။ကာလအတန်ကြာသောအခါ ကေသမ္ဗီပြည်သားတို့သည် သံဃာ တော်တို့အား အပ၌ဿဒေပဝေနိယကံ ပြုပေးလိုက်ကြသဖြင့် သံဃာတော်မျာ ဆွမ်းဒုက္ခနှင့် ကြုံကြသဖြင့် အရှင်အနန္ဒာ အမှူးထား၍ ဘုရားရှင်ထံ ၀င်ခဲ့ကြပါသည်။ဘုရား ရှင်သည် သံဃာတော်များအပေါ်၌ မဟာဂရုဏာတော်ထားတော်မူကာ ဆင်မင်းကိုစွန့် ခွာ၍ ကောသမ္ဗီပြည်သို့ ပြန်လည်ကြွသွား တော်မူခဲ့သည်။ ထိုအဖြစ်အပျက်ကို အကြောင်း ပြု၍ ဆင်မင်းနှင့်ဘုရားကို ထုထားကိုးကွယ်ခဲ့ကြဟန်ရှိပါသည်။ ဆင်မင်းနှင့်ဘုရားမှာ အောက်ခံ ကျောက်သားပကတိနှင့် တစ်ဆက်တည်း ဖြစ်ပေါ်လျက်ရှိကြရာ မည်သူမည်ဝါ လာရောက်ထွင်းထုထားသည်ကိုကား ယနေ့တိုင် အထောက်အထားပြည့်စုံစွာ ဖော်ပြနိုင် ခြင်း မရှိပါချေ။
ထန်ဘုရားသည် သင်္ကြန်တွင်းကာလတွင် အစည်ကားဆုံးဖြစ်သည်။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ လာရောက်ဖူး မြှော်ကြပါသည်။ ထန်ဘုရားတွင် အဓိဋ္ဌာန် လာရောက်ဝင်ကြ သော သူတော်စင်ပုဂ္ဂိုလ်ထူးများလည်းမကြာခဏ တွေ့ရှိရသည်ဟု ဆိုပါသည်။ ဘုရားသို့ သွားရာတွင် ကလေးမြို့၏ တောင်ဘက်(၁၅)မိုင်ဝေးသော နတ်ချောင်းမှတစ်ဆင့်၊ နတ်မြောင်းရွာ၊နတ်နန်းရွာ တို့ကို ဖြတ်ကျော်၍ မြစ်သားမြစ်ကို ကားနှင့်ကူးဖြတ်ရသည်။ တစ်ဖက်ကမ်းရှို လှည်းလမ်းကြောင်းအတိုင်း သွားပြီး အင်းတင်ကျေးရွာမှ တစ်ဆင့် ဂိဇ္ဈကုဋ် တောင်ခြေသို့ လှည်း(သို့မဟုတ်)ဂျစ်ကားဖြင့်သွားနိုင်သည်။ အကွေ့ကိုးကွေ့ ရှိသော ထန်ချောင်းကိုဖြတ်ပြီးမှ ထန်ဘုရားတောင်ခြေသို့ ရောက်ရှိပါသည်။ ယခုအခါ ထန်ဘုရားရှိရာ လိုဏ်ဂူ သို့သစ်သားစောင်းတန်းမှ တစ်ဆင့် လွယ်ကူစွာ တက်ရောက်နိုင်ကြပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, July 17, 2010

အင်တာနက်ကို မုန်းတယ်၊ မိန်းမတွေကို မုန်းတယ်၊ ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ...

မှတ်ချက်။ ။ မူရင်း စာရေးသူ မသိပါ။ Forward Mail ထဲမှ ရ၍ ကူးယူ ဖေါ်ပြထားပါသည်။

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံးမှာင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံ ည(၁၂)နာရီ တိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ messageမှာ ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရ ထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"သို့သော် တစ်မိနစ်မျှပင် မကြာလိုက်...."ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့်စာတွေအပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ onlineသူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင် အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက်

ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံ အချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကိုအံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည်ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော် မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"

"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန်(သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက် (၂၃)နှစ် ဖြစ်ပြီး chat room ထဲမှ 'မေ' ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို စွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံးထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ 'မေ' ၏ဖော်ရွေသော အပြောအဆိုများပေါ်တွင်သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော 'မေ' မှာ သူ သိနားမလည်သည်များကို သင်ပြတတ်သည်။ 'မေ' ၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း 'မေ' မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား""ကောင်းပြီလေ",မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ 'မေ' ၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။

ကြာတော့အင်တာနက်ထဲတွင် ပြောရသည်ကို သူအားမရတော့။ 'မေ'ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင် တွေ့ပြီး 'မေ' ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ 'မေ' ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ 'မေ' က တောင်းဆိုမှုတွေ များလွန်းနေပြီ ဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် 'မေ' ၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ 'မေ' ပို့လာသော စာကြောင်း များကို ဖတ်ခြင်းဖြင့်သူ့အပေါ်တွင် 'မေ' စိတ်ကုန် လာပြီ ဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိ သော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက်မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ ၀င်မိတတ်သည်။ ၀ိညာဉ်၏သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်း ပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ တန်းချိန်များကိုညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက်ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်း ထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ် အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်းမျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့ သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ ဆံပင်များကို ပွတ်သပ်နေသည်။ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန် ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည် ထားဦး..ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်း ပါလား...စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ် တစ်ယောက်ဖြစ်ကြောင်းကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။ "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား..

ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံ ဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့...ကွန်ပျူတာ ပါဝါခလုတ်ကို မြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စား ဆင်ယင်မှုတွေ၊ ကျွန်မ၏ အကျင့်တွေကို သူသိနေခဲ့ခြင်း ဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။

သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့်ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့်ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းကအဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲ များသည် အလင်းရောင်ကိုကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူ ထလိုက်သည်။ ကော်ဖီဖျော်ရန်

ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူ ဖြစ်သည်။ သူ၏ ခံစားချက် များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..

တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် 'မေ' ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။သူ့လို ရုပ်ရည်ချောမောသည့် လူကို 'မေ' ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ..."အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက် ပေါ်က ကျွန်မအား ပြောပြနေသလဲ..ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကိုဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသောတစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါး ပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်းသူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ် နေသည်။ဒီည သူလာပါဦးမလား...။ မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင် နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထား မိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့ သူရှိပြီးသား..အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော် တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်းပောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်ထားသည်ဟု ကျွန်မ မြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူ လိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော် ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှု တွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်အချိန်သတ်မှတ်ပြီး လာခဲ့တယ်။

တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ် လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သောခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏ စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက် အနေနှင့် သူ၏ပိုက်ထွေးမှုကိုကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျ လာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာသုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ" ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကိုကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိ လာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ် သွားတော့မယ် ဆိုတာ ရာခိုင်နှုန်းတစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့် ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်းအားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ

ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်းကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်ပတ်သက်ခဲ့ဖူးသမျှ သူမှတ်မိနေမည် ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။

လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင်စာမေးပွဲတွင် ကျွန်မ ဒုက္ခ လှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ

လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသောအရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစုံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သောစကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိတ်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍

အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကိုညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်""တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲ သွားနိုင်မလား"ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။ နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူ ရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံး အကြိမ် တွေ့ဆုံကြသည်။

ပြီးပါပြီ။

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။