Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Saturday, May 21, 2016

ဆိုင်ကလုန်း ရွန်နူ ကုန်းတွင်း မုန်တိုင်းအဖြစ် ချင်းပြည်နယ်ကို စတင်ဖြတ်ကျော်၊

#Eleven_News_Update  21 May 2016 (7:10 PM)

ဆိုင်ကလုန်း ရွန်နူ ကုန်းတွင်း မုန်တိုင်းအဖြစ် ချင်းပြည်နယ်ကို စတင်ဖြတ်ကျော်၊ မုန်တိုင်းအား အနီရောင်အဆင့်မှ အညိုရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်

ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ယနေ့ (မေ ၂၁ ရက်) မွန်းလွဲပိုင်းတွင် ဖြတ်ကျော် ၀င်ရောက်ခဲ့သော ဆိုင်ကလုန်း ရွန်နူသည် ကုန်းတွင်း မုန်တိုင်းငယ် အဖြစ် ချင်းပြည်နယ်ကို စတင် ဖြတ်ကျော် ၀င်ရောက်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ည ၇ နာရီအချိန်တွင် ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် ကုန်းတွင်းမုန်တိုင်းကို မူလက အနီရောင်အဆင့် သတ်မှတ်ထားရမှ အညိုရောင်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ည ၇ နာရီတွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အပြည့်အစုံ

■ မုန်တိုင်းအ‌ခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ် မြန်မာနိုင်ငံ ချင်းပြည်နယ်ကို စတင်ဖြတ်ကျော် ဝင်ရောက် လျက်ရှိသဖြင့် လက်ရှိအခြေအနေကို အညိုရောင်အဆင့်ဟု သတ်မှတ်ပါ သည်။

■ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်(၁၂)နာရီအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်ကျော်ပြီးနောက် တစ်ဖြည်းဖြည်း အားလျော့သွား မည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် ချင်းပြည်နယ်သို့ ဖြတ်ကျော်စဉ် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ (၃၅)မိုင်မှ မိုင်(၄၀)ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါ သည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၅)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။

■ သတိပေးနှိုးဆော်ချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၁.၅.၂၀၁၆)ရက်နေ့မှ (၂၃.၅.၂၀၁၆) ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်ွးပည်နယ်နှင့် ရခိုင်ြပည်နယ်တို့တွင် ဒေသ အလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။

■ အကြံပြုချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့်‌ ကုန်းမြင့်ဒေသ အနီးတွင်နေထိုင်ကြသူများ အနေဖြင့်မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် နိုင်သောကြောင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း အထူးသတိပြုကြပါရန် အကြံပြုအပ်ပါ သည်။

Sources - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, May 20, 2016

ယနေ့ မုန်တိုင်းသတင်း

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Ronau(01B)
၂၀-၅-၂၀၁၆ နံနက် (၇း၄၇)နာရီ။

(၂၁-၅-၂၀၁၆)ရက် ညသန်းကောင်ယံအချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
-----------------------------------------------------------------------------------
မုန်တိုင်းသတင်း
၂၀၅၀၂၀၁၆ ရက် နံနက် (၇း၀၀)နာရီအချိန်ထုတ်ပြန်ချက်

(၂၀-၅-၂၀၁၆)ရက် နံနက်(၃း၃၀)နာရီအချိန် တိုင်းတာချက်များအရ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ROANU(01B) ဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်းက  မြောက် အရှေ့မြောက်ယွန်းယွန်းသို့ တစ်နာရီ (၁၀)မိုင်နှုန်းခန့်ဖြင့် ရွေ့လျှားခဲ့ပါတယ်။

မိုးလေ၀သဂြိုဟ်တုတိမ်ပုံများအရ မုန်တိုင်းရဲ့ မိုးတိမ်တောင်များဟာ လျော့နည်း လာနေတာကိုတွေ့ရပါတယ်။ သို့ရာတွင် မုန်တိုင်းဟာ ဆက်လက်အားကောင်းနှိုင်
သေးတဲ့ အခြေအနေများရှိနေသေးသလို အားလျော့စေနှိုင်တဲ့ ကမ်းနဲ့ နီးကပ်မှု ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားကိုလည်းရှိနေဆဲဖြစ်ပါတယ်။

နောက်(၂၄)နာရီအတွင်း (၂၁-၅-၂၀၁၆ နံနက် ၃း၃၀အတွင်း) မုန်တိုင်း၏ဗဟိုချက် အနီးလေတိုက်နှုန်းဟာ တစ်နာရီ (၅၅-၆၀)မိုင်နှုန်းခန့်အထိ အားကောင်းလာနှိုင်ပါတယ်။ ထို့နောက်အရှေ့မြောက်ဖက်အရပ်ကိုရွေ့လျှားလာရင်း အနောက်လေအေးများနဲ့ ထိတွေ့မိကာ တဖြည်းဖြည်းအားလျော့လာပြီး၊ နောက်(၄၂)နာရီအတွင်း (၂၁-၅-၂၀၁၆ရက် ည ၉း၃၀ နာရီအတွင်း) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနီးမှ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်လိမ့် မယ်လို့ခန့်မှန်းပါတယ်။ (၂၂-၅-၂၀၁၆)ရက် နံနက် (၅း၃၀)နာရီခန်တွင် စစ်တကောင်းမြို့မှ (၁၀)မိုင်ခန့်အကွာတွင် ရောက်ရှိ လာမယ်လို့ခန့်မှန်းပါတယ်။

မုန်တိုင်းရဲ့ ဗဟိုချက်အများဆုံးလေတိုက်နှုန်းဟာ နောက်(၄၈)နာရီအကြာ(၂၂-၅-၂၀၁၆ နံနက် ၃း၃၀ နာရီအတွင်း) တွင် တစ်နာရီ (၅၀-၅၅)မိုင် နှုန်းခန့်ရှိနိုင်ပါတယ်။ လက်ရှိ (၁၉-၅-၂၀၁၆)ရက် ညသန်းကောင်ယံအချိန် မုန်တိုင်းဗဟိုချက်အနီး ပင်လယ်ရေလှိုင်း အမြင့်မှာ (၁၆)ပေခန့်ရှိပါတယ်။  

ဒေါက်တာထွန်းလွင်
MCCW

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, May 11, 2016

သက်ဆိုင်ရာမှ သက်ဆိုင်သူများ ဖြေရှင်းပေးပါ။

သက်ဆိုင်ရာမှ သက်ဆိုင်သူများ ဖြေရှင်းပေးပါ။

၉/၅/၂၀၁၆ မှာကလေးစက်မှုဇုန်ကတော်တော်အဆီအငေါ်မတည့်တဲ့ညွှန်ကြားချက်တခုညွှန်ကြားလာတယ်
မြေကွက်ဂရံလုပ်ထားသူများ ဂရံတခု ၅၅၀၀၀၀ ကျပ်နဲ့လာယူပါ ဆိုတဲ့ညွှန်ကြားချက်ပါ
မကြာခင်ရက်ပိုင်းအတွင်းကဘဲပြည်သူတင်မြှောက်ခဲ့တဲ့nld အစိုးရက မြေစာရင်းပုံစံ ၁၀၅ယူရင်သက်ဆိုင်ရာဌာနကိုသွား ကြာချိန် ၁၅ ရက်စောင့် အဲဒါအတွက်ငွေပေးစရာမလိုဘူး ဂရံလိုချင်ရင်၄၅. ရက်စောင့် ငွေပေးရန်မလိုဘူး အဲလိုအတိအကျ
ညှန်ကြားချက်ထုပ်ထားတာကိုမလိုက်နာဘဲပြည်သူလူထုအပေါ်ဒီလိုငွေကျေးအဓမ္မကောက်ခံတာမဖြစ်သင့်ပါဘူး အစိုးရသစ်ရဲ့ဂုဏ်သိက္ခာကျဆင်းစေပါတယ်
အမိန်ညွှန်ကြားချက်များကိုမထေမဲ့မြင်ပြုရာလဲကျပါတယ် သက်ဆိုင်သူများသိနိုင်ဘို့နဲ့တည့်မတ်နိုင်ဘို့ဖြစ်ပါတယ်

Ulay Than ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြသည်

ဆက်လက်ဖတ်လိုလျှင် ....>>

၁၁-၅-၂၀၁၆ နံနက်(၇း၂၅)နာရီ ဦးထွန်းလွင် မိုးလေ၀သ သတင်း

၁၁-၅-၂၀၁၆
နံနက်(၇း၂၅)နာရီ

အနောက်တောင်မုတ်သုံလေဦးဟာ အခုမေလပထမဆယ်ရက်ပတ်ကုန်ခဲ့တဲ့တိုင်အောင် အီကွေတာနားမှာပဲရှိနေပါသေးတယ်။ ဒါကို မုတ်သုံလေတုံ့ဆိုင်းခြင်း (Retardation of Monsoon) လို့ခေါ်ပါတယ်။ ဒါဟာ မုတ်သုံလေဟည ဗွက်နစ်နေတဲ့ ကားကြီးနဲကတူနေပြီး ရှေ့ကိုမရုန်းနိုင်ဖြစ်နေတဲ့သဘောပါပဲ။ ဒီအခါ ရှေ့ကိုမရုနိးနိုင်တဲ့ကားကြီးကို အခြားကားတစ်စီးက ကူဆွဲပေးရသလို မုတ်သုံလေကိုလည်း ရှေ့ခရီးဆက်ရအောင် မုန်တိုင်းတွေ့ ကူဆွဲပေးတတ်ပါတယ်။ မကြာမီ ဆွဲကားရောက်လာပါတော့မယ်။

အိန္ဒိယမိုးလေ၀သဌာနရဲ့ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း သီရိလင်္ကာကျွန်းတောင်ဖက်မှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ မေလ(၁၁ မှ ၁၂)ရက်အတွင်း အရှေ့မြောက်ဖက်ကိုရွေ့လာပြီး ဘင်္ဂလားပင်လယ်အော်ရဲ့အရှေ့တောင်ပိုင်းအတွင်းကိုရောက်ရှိလာမယ်။ အဲဒီနောက် မေလ(၁၄ မှ ၁၇)ရက်အတွင်း အရှေ့ မြောက်ယွန်းယွန်း ကိုေ၇ွ့လျှားလာပြီး ပိုမိုအားကောင်းလာနှိုင်တယ်လို့ ကနဦးခန့်မှန်းချက်အရ တွေ့ရှိထားရပါတယ်။

noaa အဖွဲ့ရဲကခန့်မျန်းချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း (၁၃-၅-၂၀၁၆)ရက် ညသန်းကောင်ယံအထိ မုန်တိုင်းဖြစ်မလာနှိုင်သေးဘူးလို့ခန့်မှန်းရပါတယ်။
noaa အဖွဲ့ရဲ့ မေလ(၁၇)ရက်နေ့အထိ တစ်ပတ်အတွင်းမိုးရွာသွန်းနိုင်မှုခန့်မျန်းချက်အရ ရခိုင်ပြည်နယ်အလယ်ပိုင်း၊ တောင်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးရွာသွန်းမှုမရှိနိုင်ဟုခန့်မျန်းထားတဲ့အတွက် အဆိုပါဒေသများဆီသို့ မုန်တိုင်းရွေ့ရှားလာဖွယ်ရာမရှိနိုင်သေးဟု ခန့်မှန်းရပါတယ်။

ဦးဓမ္မသာရ
(ဒေါက်တာထွန်းလွင်)
မှတ်ချက်။ နောက်ဆက်တွခြန့်မှန်းချက်များ အချိန်နဲကတပြေးညီ ထုတ်ပြန်ပေးသွားပါ့မယ်။

ဆက်လက်ဖတ်လိုလျှင် ....>>

တမူး နယ်စပ် သတင်း

မြန်မာ - အိန္ဒိယနယ်စပ်တွင် နှစ်နိုင်ငံ ပြည်သူအချို့ မေ ၉ ရက် ညနေ ၅ နာရီကျော်က ပဋိပက္ခဖြစ်ပွားခဲ့ပြီး ညပိုင်း၌ နယ်စပ်စည်းရိုးတွင် နှစ်နိုင်ငံလုံခြုံရေးများ ချထားကြောင်း သတင်းရရှိသည်။

"အိန္ဒိယနိုင်ငံက လူမှုအဖွဲ့အစည်းတွေ ကနေပြီး နယ်စပ်ကနေ အ၀င်အထွက် မလုပ်ဖို့ မနေ့ကတည်းက ကြိုတင်ကြေညာ ထားတာရှိတယ်။ ကျွန်တော်တို့ တမူးလူငယ်ကွန်ရက်ကလည်း အိန္ဒိယနိုင်ငံဘက်ကို အ၀င်အထွက် မလုပ်ဖို့အတွက် ကြေညာပေးထားပါတယ်။ နယ်စပ်ပိတ်မယ်ဆိုပြီး ကြေညာထားတာကိုလည်း နှစ်နိုင်ငံ ပြည်သူတွေသိတယ်။ အိန္ဒိယနိုင်ငံမှာက လူမှုအဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့် အာဏာရှိတယ်။ အဖွဲ့အစည်းတစ်ခုက နယ်စပ်ကို ပိတ်မယ်ဆိုရင် အစိုးရအဖွဲ့က လူတွေက ဘာမှမလုပ်နိုင်ဘူး။ ပိတ်ပေးရတာပဲ။ အဲဒီလိုပိတ်ရင် လူမှုအဖွဲ့အစည်းက လူတွေကလာပြီး စောင့်ပေးကြတယ်။ နယ်စပ်ပိတ်တယ်ဆိုရင် အိန္ဒိယနိုင်ငံဘက် ဘယ်သူမှ အ၀င်မခံဘူး။  အဲဒီလိုအချိန်မှာ မြန်မာနိုင်ငံဘက်က လူတစ်စုက အိန္ဒိယနိုင်ငံ အတွင်းကို ၀င်ဖို့ကြိုးစားတာ။ အဲဒီမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယနိုင်ငံ အတွင်းက လူတွေနဲ့ အချင်းများတော့တာပဲ။ ဖြစ်တာကတော့ ညနေ ၅ နာရီ ၁၅ မိနစ်လောက်ကဖြစ်တာ။ အဲဒီလိုဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံအဖွဲ့က လုံခြုံရေးတွေက ထိန်းလိုက်တယ်။ မြန်မာနိုင်ငံ ဘက်ကလည်း လုံခြုံရေးတွေ ရောက်လာပြီး ထိန်းတယ်။ နှစ်နိုင်ငံနယ်စပ်ကို လုံခြုံရေးတွေက စောင့်ရှောက်နေပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ခယက၊ မယကတွေ လာကြည့်တယ်။ ပြဿနာကိုတော့ မေ ၁၀ ရက်မှ ဖြေရှင်းကြမယ်လို့ သိရပါတယ်" ဟု တမူးလူငယ်ကွန်ရက်မှ ကိုရင်ကိုဦးက ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် အမှတ် (၂) ကို မေ ၉ ရက် နံနက်ပိုင်းက ပိတ်ထားခဲ့ရာ နယ်စပ်နန်းဖာလုံဈေး အရောင်းအ၀ယ် ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။


Writer:
အောင်သူထွန်း

ဆက်လက်ဖတ်လိုလျှင် ....>>

မုံရွာတွင် အရွယ်မရောက်သေးသော ကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အရာရှိတစ်ဦး၏ဇနီးအား အမှုဖွင့်

မုံရွာတွင် အရွယ်မရောက်သေးသော ကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အရာရှိတစ်ဦး၏ဇနီးအား အမှုဖွင့်
**********************************************************************

တူမတော်စပ်သော က လေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ် စက်မှုများ ပြုလုပ်ခဲ့သည်ဟုဆို ကာ မုံရွာမြို့ ရုံးကြီးရပ်ကွက် မြို့ မရဲစခန်းအတွင်း နေထိုင်သည့် ယာဉ်ထိန်းရဲအရာရှိတစ်ဦး၏ အ မျိုးသမီးအား မုံရွာမြို့ မြို့မရဲစခန်း တွင် ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက် စာမျက်နှာ တွင် မေ ၅ ရက်က မုံရွာမြို့ မြို့မရဲစခန်းအတွင်း အရွယ်မရောက် သေးသော ကလေးငယ်နှစ်ဦး နှိပ် စက်ညှဉ်းပန်းခံရသည့် သတင်း များ ပျံ့နှံ့ခဲ့သည့်နောက်ပိုင်း စစ် ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများနှင့် မုံရွာဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ သွားရောက်စစ်ဆေးခဲ့သည်။

မုံရွာမြို့ မြို့မရဲစခန်းအတွင်း နေထိုင်သော ယာဉ်ထိန်းရဲအရာရှိတစ်ဦး၏ဇနီး အသက်(၄၉)နှစ် အရွယ်ရှိ အမျိုးသမီးသည် တူမတော်စပ်သည့် အသက် (၁၃)နှစ်နှင့် အသက်(၉)နှစ်အရွယ် ကလေးငယ်နှစ်ဦးအား ဦးခေါင်းကို အုတ်နီခဲဖြင့်ထုခြင်း၊ မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ လက်ကို သွားဖြင့်ကိုက်ခြင်း၊ ကျောကုန်းကို သွားဖြင့်ကိုက်ခြင်း၊ ဦးခေါင်းကို ကတ်ကြေးဖြင့် ထိုးခြင်း၊ နောက်ကျောကို တုတ်ဖြင့်ရိုက်နှက်ခြင်း၊ မိုးရွာသည့်အခါ အိမ်အပြင်ဘက်တွင်ရပ်၍ ဒဏ်ပေးခြင်းတို့ ပြုလုပ်ခဲ့ သည်။

နှိပ်စက်ခံရသည့် ကလေးနှစ် ဦးသည် ယာဉ်ထိန်းရဲ၏ တူမအရင်းများဖြစ်ပြီး ကလေးမိဘများမှာ ဆုံးပါးသွားပြီဖြစ်ကြောင်းနှင့် နှိပ်စက်သူအမျိုးသမီးကို ဖမ်းမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် အသက်(၁၃)နှစ် အရွယ် မိန်းကလေးတွင် နောက် စေ့ဖူးရောင်၊ ယာနားနောက် သွား ဖြင့်ကိုက်သည့်ဒဏ်ရာ၊ ၀ဲယာပါး နှစ်ဖက် ညိုမည်းဒဏ်ရာ(ပြင်ပလူ နာ မစိုးရိမ်ရ)နှင့် အသက်(၉)နှစ် အရွယ် မိန်းကလေးငယ်တွင် ၀ဲ ယာလက်တစ်လျှောက် ဖူးရောင် ညိုမည်းဒဏ်ရာ၊ ၀ဲယာလက်ပြင် သွားဖြင့်ကိုက်သည့်ဒဏ်ရာ၊ ယာ နားနောက် သွားဖြင့်ကိုက်သည့် ဒဏ်ရာ(ပြင်ပလူနာမစိုးရိမ်ရ) စ သည့် ဒဏ်ရာများရှိခဲ့ကြောင်း ရဲ မှတ်တမ်းများအရ သိရသည်။

‘‘ကျွန်မတို့ လူမှုဝန်ထမ်းဦးစီး ဌာနအနေနဲ့ကတော့ ဒီလိုနှိပ်စက် ခံရတဲ့ကလေးတွေကို အမြန်ဆုံး ယာယီစောင့်ရှောက်ရေးစခန်းမှာ လက်ခံပြုစု စောင့်ရှောက်မယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးပြီးပြီဆိုရင် ပြစ်မှုကျူးလွန်သူ ကိုတော့ သက်ဆိုင်ရာဥပဒေအ တိုင်းကိုတော့ လုပ်ဖို့ရှိတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်ကပြောသည်။

လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ညှဉ်းပန်းနှိပ်စက်ခံ ရသော ကလေးငယ်နှစ်ဦးကို လာရောက်တွေ့ဆုံခဲ့ပြီး ပြစ်မှုကျူး လွန်သူအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

‘‘ပြစ်မှုကျူးလွန်တဲ့ အမျိုးသမီးက ကလေးနှစ်ယောက်ကို လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းတယ်ဆိုတာ မျက်မြင်သက်သေ တွေလည်းရှိတယ်။ နောက်ပြီး တော့ ဗီဒီယိုသက်သေတွေလည်းရှိတယ်။ ကာယကံရှင် ကလေး တွေ ကိုယ်တိုင်ထွက်ဆိုထားတဲ့ ထွက်ဆိုချက်တွေလည်းရှိတယ်’’ ဟု လူငယ်ကွန်ရက်ညှိနှိုင်းရေးမှူး ကိုဇော်သူရိန်ထွန်းကပြောသည်။

မျိုးမင်းဦး (မုံရွာ )

7Day Daily. မှကူးယူဖေါ်ပြပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် နန်စီပွန်ဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ကြောင့် ချောင်းရေများ သုံးစွဲရန် အတွက် ဒေသခံ များ အခက်အခဲရှိနေ

အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် နန်စီပွန်ဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ကြောင့် ချောင်းရေများ သုံးစွဲရန် အတွက် ဒေသခံ များ အခက်အခဲရှိနေ
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် နန်စီပွန်ဒေသတွင် ရွှေတူးဖော်ရေး လုပ်ငန်းများ ကြောင့် ဒေသခံများ သုံးစွဲနေသည့် ချောင်းရေများ ပိုမိုနောက် ကျိလာပြီး ရေသုံးစွဲရေး အတွက် ဒေသခံများ အတွက် အခက်အခဲများ ရှိနေသည်ဟု သိရှိရပါသည် ။ “
“ ဒေသခံတွေကို လည်း စွန့်ပြစ် မြေစာပုံ မှာ ကျောက်တွေ ဘာတွေ ရှာခွင့် မပြုပါဘူး ။ နန်စီပွန် ဒေသ ဖက်မှာ တော့ အကြီးဆုံး ကုမ္မဏီ တစ်ခုပဲ ၊ ကျောက်ရော ရွှေရော တုတ်တာ ။ တရားဝင် လုပ်ကိုင်နေတာ လား တရားမ၀င်ဘူးလား ဆိုတာ ကျနော်တို့ မသိဘူး ။ သူတို့က စွန့်ပြစ်မြေဇာတွေကို ချောင်းထဲ ပြစ်တယ် ။ နန်စီပွန်ချောင်း ထဲ ပေါ့ ။ ကြိုးတံတား တစ်ခု ရှိ တယ် အဲဒီ အောက်ဖက်မှာ ။ ရေအနေ အထားက က မြေစာတွေ ပြစ်တော့ နောက် ကျိနေတယ် ။ မြေစာပုံကလည်း ချောင်းကို ပိတ်သလို ဖြစ်နေတယ် ။ ကုမ္မဏီ အကြီး တွေရှိတယ် ။ အသေးလေးတွေ လည်း ရှိတယ် ။ လုပ်ကွက်တွေ က ဘယ်ဟာက တရားဝင်တယ် ဘယ်ဟာက တရားမ၀င်ဘူး ဆိုတာ မသိဘူး ။  နန်စီပွန် ခန္တီး ကနေ ဆိုင်ကယ် နဲ့ ၃ နာရီ လောက် မောင်းရတယ် ။ ခန္တီး ရဲ့ အထက်ဖက်ပါ ။  ချောင်းက လည်း ချင်းတွင်းမြစ်ထဲ ၀င်တဲ့ ချောင်းပါ ။ ကုမ္မဏီ အကြီးစား ၃ခု ရှိတယ် ။ကျန်တဲ့ တစ်ပိုင်တစ်နိုင် အသေးလေး တွေ လုပ်တာပါ ။ နန်စီပွန်ကျေးရွာ ၊ မကျန်ခ ဆိုတဲ့ ရွာတွေ ရှိပေမယ့် အဓိက က နန်စီပွန်ပဲ ။ ဒီချောင်း ထဲက ရေ ကို ပဲ သုံးနေရတယ် ။ မျောမီးကျလာတဲ့ ဟာတွေက ချောင်းကတဆင့် ချင်းတွင်းမြစ်ထဲ ရောက်လာမှာပဲ ။ အဲဒါဆိုရင် ခန္တီးကလည်း ဒီချင်းတွင်းရေ ကို ပဲ သောက်နေရတာ ။ ဒါတွေကို အာဏာပိုင်တွေက အမြန်ဆုံး စစ်ဆေးသင့်ပါတယ် ။ ” ဟု ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့် မှ ပြောကြားခဲ့ပါသည် ။ ခန္တီးမြို့နယ် အတွင်း တွင် ရွှေမှော်များ စွာ ရှိ ပြီး အချို့ မှော်များ မှာ ချင်းတွင်းမြစ် အနီးဝန်းကျင် တွင် ဖြစ် ကြ၍ အချို့ မှော်များ မှာ ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်သော ချောင်းများ ထဲ တွင် လုပ်ကိုင်နေကြ ခြင်း ဖြစ်သည် ဟု သိရှိရပါသည် ။ “ ကျနော် တို့ ဆင်သေရွာ ဆိုရင် ရွာရဲ့ အထက်ဖက်မှာ ရှိတဲ့ ချောင်း ရဲ့ အထက်ဖက် မှာ ရွှေ တွေ ကျင် ကြတော့ အောက် ဖက် မှာ ရှိတဲ့ စိုက်ခင်း တွေ အကုန် ပျက်ကုန်တယ် ။ စိုက်ခင်းတွေ ပျက်ရုံတင် မဟုတ်ဘူး စိုက်ပျိုးမြေ တွေပါ ပျက်ကုန်တယ် ။ စိုက်လို့ ပျိုးလို့ အဆင်မပြေ တော့ဘူး ။ အဲဒီ မျောမြီး ရေတွေက ချောင်းကတဆင့် ချင်းတွင်းမြစ်ထဲကို ရောက်လာတယ် ။ ကျနော် တို့ က ချင်းတွင်းမြစ်ရေ ကို သောက်ရတယ် ။ မြစ်ရေ နောက် တယ်ဆိုလည်း ဒါပဲ သောက်ရတာပဲ လေ။ ဒီလို ဖြစ်နေတာ ကြာပြီ ဆိုပေမယ့် ဘယ်သူမှ ဒီကိစ္စ ကို ဖြေရှင်းပေးမယ့် သူမရှိ ဘူး ။ ” ဟု ဆင်သေကျေးရွာ မှ ဒေသခံ မှ ပြောကြားခဲ့ပါသည် ။ “ အခု ဆိုရင် ဆင်သေက နေ ကြည့်လိုက်မယ်ဆိုရင် ရေတွေ က တော်တော် နောက်နေတယ် ။ ချင်းတွင်းမြစ်ထဲ မှာ ရော အထက်ပိုင်းက ချောင်းမြောင်းတွေ ထဲမှာ မျောမြီး ပြစ်နေတာ တွေ ကျနော်တို့ သိနေတယ် ။ ဒီကိစ္စတွေကို ကျနော်တို့ လည် သေချာအောင် လေ့လာနေပါတယ် ။ ဒီကိစ္စကို တွေကို သေသေချာချာ စီစစ် သွားတယ် ။ ဒီလုပ်ကွက်တွေ အားလုံး တရားဝင်မ၀င် ကိစ္စ တွေကို စစ်ဆေး သွားမယ်။ ချင်းတွင်းမြစ်ကို လည်း ပိုပြီးသန့်စင် သွားအောင် မြစ်တောက်လျှောက် မှာ ရှိတဲ့ ရွှေမျော တွေကို အရေးယူ ဆောင်ရွက်သွားမယ် ။ ” ဟု ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး မှ ပြောကြားခဲ့ပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, May 8, 2016

ကလေးမြို့တွင် ကုန်ကားဖြင့်တင်ဆောင်လာသော ဆိုင်ကယ်များ ဂျူတီဆောင် တရားဝင်တင်သွင်းခြင်း ဟုတ်မဟုတ် ရှောင်တခင်စစ်ဆေး

ကလေးမြို့တွင် ကုန်ကားဖြင့်တင်ဆောင်လာသော ဆိုင်ကယ်များ ဂျူတီဆောင် တရားဝင်တင်သွင်းခြင်း ဟုတ်မဟုတ် ရှောင်တခင်စစ်ဆေး

ကလေး၊ မေ ၃
ကလေးမြို့၊ နတ်ချောင်းလမ်းတွင် မေ ၂ ရက်က ကုန်ကားဖြင့် တင် ဆောင်လာသော ဆိုင်ကယ်များကို တရားဝင် ဂျူတီဆောင်တင်သွင်း လာခြင်း ဟုတ်မဟုတ် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စစစ) နှင့် မြို့နယ် အကောက်ခွန်ဦးစီးဌာနတို့ က ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။
“ဒီနေ့ပဲ ကျွန်တော်တို့က ကုန်ကားအသေးနဲ့ ဆိုင်ကယ် ၁၀ စီး မိုးကာအုပ်ပြီး ကားလေးကွင်း ကနေ သယ်လာတယ်၊ ကားလေး ကွင်းကနေ နတ်ချောင်းလမ်းမှာရှိတဲ့ ကျွန်တော်တို့ကုန်ဂိတ်ကို လာတော့ အကောက်ခွန်နဲ့ စစစ အဖွဲ့တွေက လိုက်လာပြီး လာစစ်တယ်၊ အဓိက ကတော့ ဂျူတီနဲ့ တရားဝင် သွင်းမ သွင်းပေါ့၊ ဂျူတီ စာရွက်တွေကအစ ဆိုင်ကယ်ချက်ဆီနံပါတ်၊ ဘောက် ချာနံပါတ်တွေကအစ သေချာတိုက် ကြည့်ပြီး စစ်တယ်၊ ကျွန်တော်တို့ က တရုတ်နယ်စပ်ကနေ သယ်လာ ကတည်းက ဂျူတီနဲ့ ဆိုတော့ ဖမ်း ခံရတာမျိုးတော့ မရှိဘူး” ဟု မေ ၂ ရက်က ဆိုင်ကယ်သယ်ဆောင် လာမှုနှင့် ပတ်သက်၍ စစ်ဆေးခံ ရသူများတွင် ပါဝင်ခဲ့သူ ကိုဒါးပူက ဆိုသည်။
ကလေးမြို့တွင် ဆိုင်ကယ် များ ဂျူတီဖြင့် တရားဝင်တင်သွင်း လာခြင်း ဟုတ်မဟုတ် ရှောင်တခင် စစ်ဆေးခြင်းကို ယခင်က တစ်ကြိမ် တစ်ခါမျှ မပြုလုပ်ဖူးဘဲ ယခုစစ် ဆေးမှုသည် ယခုနှစ်အတွင်း ပထမ ဦးဆုံးဖြစ်ပြီး ကလေးမြို့ဆိုင်ကယ် ဆိုင်အချို့ကို ပြည်သူများက တိုင် ကြားထားမှုကြောင့် ယင်းသို့ စစ် ဆေးခြင်း ဖြစ်ကြောင်း စစစ နှင့် အကောက်ခွန် ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ ပြောကြားခဲ့ကြောင်း ကိုဒါးပူ ထံမှ ထပ်မံ သိရသည်။
“ကလေးမြို့က ဆိုင်ကယ် ဆိုင်တွေကို တိုင်ထားတာရှိလို့ အခုလို စစ်တာလို့ ပြောသွားတယ်၊ အခုလို စစ်တော့ တရားဝင် တင် သွင်းနေတဲ့သူတွေအတွက် အကျိုး ရှိတာပေါ့၊ တချို့ဆိုင်တွေဆို Without တွေနဲ့ရောပြီး ရောင်းနေတာ တွေရှိတယ်” ဟု ၎င်းက ပြောသည်။
လမ်းမကြီးများပေါ်တွင် ဆိုင် ကယ်များတင်ဆောင်ကာ သွားလာ နေသော ကားအချို့ကို စစ်ဆေး ခြင်းနှင့်ပတ်သက်၍ ကလေးမြို့နယ် အကောက်ခွန်ဦးစီးဌာန (ကင်းစ ခန်း) သို့ သွားရောက်မေးမြန်းရာ “စစစ က ဂျူတီမဲ့ဆိုင်ကယ်တွေ ဟုတ်မဟုတ် စစ်ဆေးဖို့ လာခေါ် တာနဲ့ အကောက်ခွန်အဖွဲ့တွေ လိုက် သွားတာပါ၊ ကျွန်တော်တို့မှာလည်း တကယ် တာဝန်ရှိတယ်လေ၊ စီမံ ချက်အနေနဲ့ စစ်ဆေးဖို့ ဌာနက တရားဝင် ညွှန်ကြားတာမျိုး မရှိ သေးဘူး၊ ဆိုင်ကယ်ဆိုင်တွေကို တိုင်ထားတယ် ဆိုတာလည်း စစစ ကို တိုင်တာဖြစ်လောက်တယ်၊ အ ကောက်ခွန်ကို လာတိုင်တာမျိုးမရှိ ဘူး၊ နောက်ပိုင်းလည်း အခုလို စစစ က အကူအညီတောင်းရင် တော့ ကူစစ်ပေးရမှာပါ၊ ဒီနှစ်ထဲ မှာတော့ ပထမဦးဆုံးအကြိမ် စစ် ဆေးတာပါ” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြော ကြားခဲ့သည်။
ကျော်ကျော်အောင်(ကလေးမြို့)

Credit: AUTOMOBILE Weekly Car Journal

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။