Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Tuesday, January 26, 2010

သံခေါင်စာရင်းများ ကောက်ယူ

စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် သံခေါင်စာရင်းများ စတင် ကောက်ယူနေပြီ ဖြစ်ပါသည်။ အောင်သစ္စာ ရပ်ကွက်တွင် လည်း အိမ်ထောင်စု စာရင်းများ ကောက်ယူရာ ဆန္ဒမဲပေးသူများ ၏ စာရင်းပြုလုပ်ရန်အတွက် တအိမ်ထောင်လျှင် သုံးရာ ကျပ်ကိုပါ ကောက်ယူခဲ့ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Monday, January 25, 2010

စာပေဟောပြောပွဲ

ကလေးမြို့ နေသာစာကြည့်တိုက် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာရေးဆရာ ဆူဒိုနင် (ခ) အတ္တကျော်၊ ညီစေမင်း တို့မှ ဇန်န၀ါရီလ ၂၅/၂၆ ရက်နေ့ ညများတွင် နေသာ စာကြည့်တိုက် ရှေ့ ဗိုယ်ချုပ်လမ်းပေါ်တွင် ဟောပြောမည်ဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

3 Star Shows

ကလေးမြို့ အောင်မင်္ဂလာဇတ်ရုံကြီးတွင် ဇန်န၀ါရီလ ၂၂/၂၃ ရက်နေ့ ညများတွင် ခင်မောင်တိုး၊ ဇော်ပိုင်၊ ဖြူဖြူကျော်သိန်း၊ တို့မှ သီဆို ဖျော်ဖြေခဲ့ကြပါသည်။ တစ်ဦးလျှင် ၀င်ကြေး ၄၀၀၀ိ/- ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, January 19, 2010

နေ့သစ်

ရေးသူ မောင်ကိုမောင်(ကလေး)

တံစိုးလက်ဆောင်တိုင်းမှာ
မျှော်လင့်ချက် ပါ မပါ ဆိုတာ
ခြေရာခံ ကောက်မကြည့်ချင်ဘူး …..။

ဝင်ကစွပ်ကောင်တွေလို
အငှားခန္ဓာမမြှောင်ဘူး
ပိုးစုန်းကြူးလေးတွေရဲ့
လင်းဖွဲ့မှုမျိုးလို
ဘယ်အလင်းတန်းက စုပ်မယူဘူး
ကိုယ့်အလင်းနဲ့ ကိုယ် …..။

ဘ၀ရဲ့ တို့ခတ်မှုမှာ
အရှိုးရာတွေ အထပ်ထပ်
ကျပ်ညပ်နေတဲ့ ခရီးရှည်ထဲ
ယီးလေးတွဲခိုရင်း
ခြေတစ်ကွက်စာ နင်းလို့
လိုက်ခဲ့ရပေါင်းလည်းများပြီ ….။

ဘီလ်ဂိတ်လောက် မချမ်းသာရင်နေပါစေ
နေ့သစ်တွေကိုတော့
ချိုမြိန်စွာစားသုံးချင်ခဲ့
ဒါပေမယ့် ဘ၀က
ဆရာ အောင်သင်းပြောသလို
လိုချင်တာ တစ်ခုအတွက်
မလိုချင်တာတွေပါတွဲယူမှ ရမယ်တဲ့ ….။

နွေးထွေးမှုအတိနဲ့ပြီးတဲ့
လွှမ်းခြုံမယ့်မနက်ကိုကြိုလင့်
အခွင့်တော့ မသာနိုင်သေးဘူး
ရွာသွန်းမိုးက
မပြီးနိုင် မစီးနိုင်
ဟီးထိုင်ငိုကြွေးနေတော့ရဲ့ ….။

မောင်ကိုမောင်(ကလေး)
၂၀၁၀ ခုနှစ်၊ဇန်န၀ါရီလထုတ် ဖက်ရှင်မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။


ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, January 16, 2010

နေကြတ်ခြင်း



ကလေးမြို့တွင် ၁၅-၁-၂၀၁၀ ရက်နေ့ ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီထိ နေကြတ်ခဲ့ပါသည်။ ကလေးမြို့တွင် ၁၉၉၅ ခုနှစ်ကလည်း နေကြတ်မှု ဖြစ်ခဲ့ဘူးပါသည်။

ဓါတ်ပုံများကို ဒီမှာ ကြည့်နိုင်ပါတယ် ။

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, January 10, 2010

မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ကလေးမြို့၊ပင်လုံရပ်ကွက် ချင်းပြည်နယ် သစ်ထုတ်ရေး ရုံးဝန်းအနီးတွင် (10-1-2010) ရက်နေ့ မနက် ၁၁ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ ပါသည်။ နေအိမ်တစ်လုံး လောင်ကျွမ်းသွားကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, January 9, 2010

မဟောင်းနွမ်းခဲ့သော အိပ်မက်များ


ရွက်ဝါတွေ မြေခလို လေညှင်းသွဲ့သွဲ့ ညနေခင်းတွေ ကိုယ်လွမ်းမိတယ်။ နေလုံးကြီးက အနောက် ဖက် တောင်တန်းကြီးပေါ် မေးတင် လုလု။ သတိရသေး ရဲ့လား လင်းမြဝေ..။ အချိန်တွေ က အကုန်မြန်လိုက်တာ။ ကိုယ်စိတ်မှာတော့ မနေ့ တနေ့ကလိုပဲ ထင်မိတယ်။ မြို့အထွက် လမ်းကလေးရဲ့ ဘေးမှာ နေကြာ ပန်းတွေကလည်း စီရီရီ ပွင့်လို့။ တို့နှစ်ယောက် အုတ်ခုံလေးပေါ် ထိုင်ပြီး ပြောခဲ့တဲ့ စကားလေးတွေ သတိရတယ် လင်းမြဝေ ရယ်..။


ကိုယ်က သတိမဲ့ ပေါ့ပျက်ပျက် နေတတ်ခဲ့သူ။ သတိတရနဲ့ အမှတ်ထားလိုက်မိတော့ ကိုယ့်ရင် ထဲမှာ ရောက်နေနှင့်ပြီ။ ကိုယ့်ထက် ငယ်တော့ ညီမလေး တစ်ယောက်လို သံယောဇဉ် ရှိတာ လို့ တွေးထင်ထားမိတာ..။ ဝေးနေလို့ လွမ်းတတ်တဲ့ အခါကျမှ ကိုယ်ချစ်မိနေပြီ ဆိုတာ သိလိုက်ရတယ် လင်းမြဝေ။ ကိုယ်တို့ နှစ်ယောက်ရဲ့ ဘ၀ကို သံယောဇဉ်တွေ တိုးပြီး တည်ဆောက်ဖို့ ကိုယ်အရမ်း အခက်တွေ့တယ်။ သီချင်းနဲ့ တီးလုံး မကိုက်သလို key တွေက ခဏခဏ ချော်လို့။ အဆီအငေါ မတည့်တဲ့ စကားလုံးတွေနဲ့ နောက်ပြန် လှည့်ခဲ့ရတဲ့ နေ့တွေလည်း မနည်းဘူး လင်းမြဝေ … မင်း မသိခဲ့ဘူးနော်..။

ကိုယ်တို့နှစ်ယောက် စတွေ့ဆုံချိန်က ဆယ်စုနှစ် တစ်ခုတောင် ကျော်ခဲ့ပြီ…။ မှတ်မိသေးရဲ့လား လင်းမြဝေ..။ ငယ်ဘ၀က ဟားစရာ လေးလေ။ မင်းလေးက မာလကာသီး စားချင်တယ်ဆိုပြီး ကိုယ့်ကို ဂျီကျလို့ မလာကာ ပင်ပေါ် တက်ကောက်ပေးတာလေ။ အဆင်းမှာ ပုဆိုး ချိတ်ပြီး ကျန်နေလို့ ကိုယ်မျက်နှာကြီး ထားစရာ နေရာ မရှိ ဖြစ်နေတာကို မင်းက မျက်စိမှိတ်အောင် ရယ်နေခဲ့တာလေ..။ တစ်ခုရှိသေးတယ် လင်းမြဝေ …။ မင့်ရဲ့ စက်ဘီး သေးသေးလေးကို ကိုယ် ယူ စီးလို့ ဆိုပြီး လိုက်ရိုက်တော့ ပန်းသီး တစ်လုံးကျွေးပြီး ချော့ခဲ့ရတာလေ ..။

ပြီးခဲ့တဲ့ အတိတ်တွေက ရယ်မော လွမ်းဆွတ် စရာတွေ အပြည့်နဲ့ပေါ့ ။ နွေဦး ရဲ့ ညတွေမှာ ခရေပန်းတွေ အတူ ကောက်တုန်းက စိတ်ကူးတွေနဲ့ တိုးတိတ်စွာ ကြည်နူးလို့။ မင့်တော့ သိခဲ့လိမ်မယ် မထင်ဘူး။ ကိုယ့်ရဲ့လက်မှာ ထိရှခဲ့တော့ စိုးရိမ်စိတ်တွေနဲ့ ဆေးထဲ့ပေးရင်း `` ဒီလောက် နမော်နမဲ့ နိုင်ရမလား ´´ ဆိုပြီး ဆူခဲ့တာလေ..။ ခုထိ အမှတ်ရတယ် လင်းမြဝေ..။
မျက်နှာကြီး စူပုတ်ပြီးတော့ သူငယ်ချင်း ကောင်မလေးနဲ့ အထင်လွဲလို့ မနည်းကြီး ဖြေရှင်းရ တာလေ..။ ဟုတ်တယ်လို့ များ ပြောခဲ့ရင် တစ်ခါတည်း သတ်ပြစ်လိုက်မှာလား လင်းမြဝေ..။

ဟို… အဝေးကြီးမှာ ပညာ သွားသင်တုန်းက တယ်လီဖုန်းလေး ထဲက မင့် အသံလေး ကြားရင်ပဲ ကိုယ့် အလွမ်းတွေ တစ်ဝက်လောက် ပြေပျောက် သွားသလိုပဲ။ ပြန်လာတဲ့ ရက်တွေမှာ မျက်နှာ တည်ကြီးနဲ့ စိုက်စိုက်ကြီး ကြည့်နေတဲ့ အချိန်ဆို ကိုယ်မနေတတ်ဘူး လင်းမြဝေ ..။ တို့နှစ်ယာက် အိမ်ရှေ့ ခုံလေး ပေါ်မှာထိုင်ပြီး ကိုယ် ၀တ္ထူတို တစ်ပုဒ် ဖတ်ပြတော့ ငြိမ်သက်စွာ နားထောင်လို့ ။ဒီအချိန် လေးတွေ ပြန်လိုချင်တယ် ..။ ကိုယ်တို့ တစ်တွေ ထမင်း အတူစားချိန် ဟင်းဖတ်လေးတွေ ခပ်ပြီး ထည့်ပေးတော့ (စိတ်ထဲမှတော့ အိမ်ရှင်မ ကောင်း တစ်ယောက်) ကြည်နူးစိတ်တွေနဲ့ ငရုပ်သီးတောင် မစပ်ဘူး ထင်တဲ့ကောင်ပါ။

ကွမ်းပေါင်း ထုပ်တွေ ကိုယ်စားလို့ စိတ်ကောက်ပြီး တက်အိပ်နေတာ ကြုံခဲ့ရတာ လည်း မင့် အသိဆုံးပါ လင်းမြဝေ .. ။ ကိုယ်တို့ နှစ်ယောက်က မျက်ဝန်းချင်းပဲ စကားပြော ကြရတဲ့ သူတွေပါ။ ရင်ဘတ်ထဲက အကြောင်းတွေကို သီချင်းလေးတွေနဲ့ ဖွင့်ပြော ကြရတာလေ .. ။ မင့် အနားက သူတွေကို ဘီလူးတွေ ဂုမ္ဘန်တွေ ယက္ခတွေ လို့ ကိုယ် မပြော ချင်ပါဘူး။ ရိုးသားတဲ့ ညီမလေးရေ ဖြူစင်ခြင်းတွေနဲ့ ကိုယ့်ဘ၀ရဲ့ မျှော်လင့် ချက်ဟာ မင့်ပါ လင်းမြဝေ ..။

မြို့ အထွက်က အကြော်ဆိုင်လေးက စခဲ့တဲ့ တို့နှစ်ယောက် အဖြစ်အပျက်လေ။ မှတ်မိသေး လား လင်းမြဝေ.. ။ မင့်က မင်းသူငယ်ချင်း တွေနဲ့ တစ်ဝိုင်းလေ။ ကိုယ်က ကောင်မလေး သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းလေ ..။ အဲ့ဒီမှာ နှုတ်မဆက်လို့ ဆိုပြီး တစ်လလောက် စိတ်ဆိုးပြီး စကား မပြောပဲ နေခဲ့ တာလေ … ။ အဲ့ဒီ အချိန်တုန်းက ကိုယ့်စိတ်တွေ နေမချိ ထိုင်မသာ ဗလောင်ဆူ ပူတဲ့ စိတ်တွေနဲ့ နွမ်းလျှခဲ့တယ်။ သင်္ကြန်မှာ ရေလောင်းမယ် ဆိုတော့ `` ကျမက ဥပုဒ် ရတယ်´´ ဆိုပြီး ရှောင်ပြေး သွားတာလေ..။ ကိုယ့် ရဲ့ အကြွေး စာရင်းထဲမှာ မှတ်ထားတယ် လင်းမြဝေ …။

တို့ တတွေ မြို့ အထွက်က ဘုရားကို သွားခဲ့ကြတုန်းက အရမ်းပျော် ခဲ့ကြတယ်လေ..။ အပြန်မှာ မိုးတွေရွာလို့ မိုးရေတွေ စိုနေခဲ့တော့ နေမကောင်း ဖြစ်မှာကို စိုးရိမ်ခြင်း စိတ်တွေနဲ့ ။
မိုးခို ရင်းနဲ့ အချိန်တွေ ကုန်လာတော့ အိမ် အပြန် နောက်ကျမှာကို ပူပန်နေတဲ့ ညီမလေး ကို ကြည့်ရင်း အငြိုးနဲ့ ရွာတဲ့ မိုးကို အပြစ်ပဲ တင်ချင်နေမိတော့တယ်…။ အိမ်ရောက်တော့ တုတ် တစ်ချောင်းနဲ့ မစောင့်ပေမယ့်လည်း မကြည်လင်တဲ့ ဆန္ဒနဲ့ မျက်နှာတွေ ကြောင့် ကိုယ် သနားမိတယ် လင်းမြဝေ .. ။ ကိုယ်တို့နှစ်ယောက် တရားဝင် ချစ်သူတွေ ဖြစ်ဖို့ လိုအပ်နေပြီ လင်းမြဝေ ။

ဟို … အဝေး တစ်နေရာမှာ မင့်ရောက်နေတုန်း ကိုယ်တို့ တစ်တွေ လာခဲ့ကြတော့ ပျော်နေတဲ့ မျက်နှာလေးနဲ့ ဆီးကြိုလို့ ကိုယ်စိတ်မှာ အံ့သြမှုတွေနဲ့ ပင်ပန်းခြင်းဆိုတာတွေ ပယ်ပျောက်လို့ နှင်းဖွဲတဲ့ ဆောင်းရာသီ နှင့်အတူ အေးမြစေခဲ့တယ် လင်းမြဝေ..။ အဲ့ဒီ အချိန်ခဏလေး ဟာ တို့ဘ၀အတွက် အရေးပါခဲ့ လိမ့်မယ်လို့ တွေးထင်မထားမိခဲ့ဘူး လင်းမြဝေ ..။ အချိန်တန်လို့ လာရာလမ်းကို ပြန်ရမယ်ဆိုတော့လည်း ညို့မှိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ လက်ပြ နှုတ်ဆက်ခဲ့ တာကို ကိုယ်မမေ့ဘူး …။ အရိုးကွဲမတတ် အေးခဲတဲ့ တောင်ပေါ်ဆောင်းဟာ လွမ်းဆွတ်ခြင်း ထုထည်တွေကို နှင်းမိုးတွေ အဖြစ် ရွာချ လေသလားလို့ ထင်မိခဲ့တယ် လင်းမြဝေ …။

Online ပေါ်မှာ Chatting ထိုးတဲ့ အကြောင်းတွေ ပြောတော့ ကိုယ့်ကို သံသယ မျက်ဝန်းတွေနဲ့ ကြည့်ခဲ့တာကိုလည်း မှတ်မိတယ် ။ Online ပေါ်မှာ ရည်းစားထားတယ်ထင်ပြီး စိတ်ကောက်နေတာလား လင်းမြဝေ ...။ ကိုယ်အဲ့ဒီလို မဟုတ်ခဲ့ပါဘူး ။ မင့်လေးရဲ့ပုံကို ကိုယ့်ရဲ့ Chatting Box ပေါ်မှာ တင်ထားပြီးတော့ ကိုယ်က ဇာတ်လမ်းကို ပိတ်ထားတဲ့သူပါ ။
ကိုယ့်ကို ယုံကြည်လိုက်စမ်းပါ လင်းမြဝေ …။

အခုတော့ လင်းမြဝေ …။ ကိုယ့်ရဲ့ အလွမ်းတွေ ပြေပျောက်ဖို့အတွက် ဓါတ်ပုံ လေး တစ်ပုံသာ ပိုင်ဆိုင်ခွင့် ရှိသေးတဲ့ဘ၀ ကို စိတ်ပျက်မိတယ် ..။ ဘယ်အချိန်မှ ပိုင်ဆိုင်ခွင့် ရမှာလဲ လင်းမြဝေ ..။ ကိုယ်တို့နှစ်ယောက် နီးရဖို့ အတားအဆီးတွေ ကျော်ဖြတ်ပြီး စိတ်ကူးထဲက အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အရောက်လာခဲ့ပါ လင်းမြဝေ … ။ ကိုယ့်ရင်ခွင်ဟာ မင့်အတွက် အသင့်ဖြစ်နေပြီ ကြိုနေမယ် လင်းမြဝေ …။ အစောဆုံ ရောက်အောင်လာခဲ့ပါ။


ဇမင်းခက်
(08.01.2010; 23:30; FRI;)

(ချစ်သောညီမလေး တစ်ယောက်အတွက်)



ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, January 7, 2010

ရှားပါး စာအုပ်ရောင်းပွဲ (ကလေးမြို့)

ကလေးမြို့ ဂန္ဒမာ စာပေမှ ရှားပါး စာအုပ်များကို ၂၀၁၀ ဇန်န၀ါရီလ (၂) ရက်မှ (၆) ရက်နေ့အထိ အောင်မူး (ကလေး) နှင့် ကလေးမြို့ ရှိ ပန်းချီဆရာများ၏ ပန်းချီ လက်ရာများ နှင့် အတူ အရောင်းပွဲတော် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အရောင်းပွဲတော်တွင် သမိုင်း နှင့် ဘာသာရေးဆိုင်ရာ စာအုပ်များ အရောင်းသွက်ခဲ့ကြောင်း သိရှိရပါသည်။

ဓါတ်ပုံများ ကြည့်ရှု့လိုပါက ဒီမှာ ကြည့်ရှု့ နိုင်ပါတယ် ။

ကိုအောင်မူးရဲ့ ပန်းချီကားများ ကို ဒီမှာ ဒီမှာ ကြည့်နိုင်ပါတယ် ။


ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, January 6, 2010

ချင်းရိုးရာ ဖက်ရှင်ပွဲ (ကလေးမြို့)


ကလေးမြို့တွင် နယူးရီးယား ည နှစ်သစ်ကြိုဆိုပွဲ အဖြစ် တာဟန်းရပ်ကွက် EFC ခန်းမတွင် Chin Song Concert and Fashion Show ပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပွဲတွင် အကောင်းဆုံး အဆိုရှင်ဆု ရိုးရာ ၀တ်စားဆင်မှု ခေတ်ပေါ် ၀တ်စားဆင်ယင်မှု ဆု တို့ကို ရွေးချယ် ပေး အပ်ပြီး ရိုးရာ အက များဖြင့် ဖျော်ဖြေခဲ့ကြသည်ဟု သိရှိရပါသည်။

ဓါတ်ပုံများကို ကြည့်လိုလျှင် ဒီမှာ ကြည့်နိုင်ပါတယ် ။

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, January 3, 2010

ကြည့်မြင်တတ်ကြစေ

ရေးသူ သခင်နွယ်

တိုက်ခန်းသစ်လေးတစ်ခုမှာ လာရောက်နေထိုင်တဲ့ လက်ထပ်ထိမ်းမြားပြီးခါစ လင်မယားစုံတွဲလေး တစ်တွဲပေါ့၊ အိမ်ပြောင်းခဲ့ကြပြီးတဲ့ နောက်တစ်နေ့ မနက်ခင်းမှာ ဇနီးမောင်နံနှစ်ယောက် နံနက်စာ အတူထိုင်စားနေကြရင်း ဇနီးသည်လေးက တဖက်အိမ်က ဖွှတ်လျှော်ပြီး လှန်းထားတဲ့ အင်္ကျီ အ၀တ်အထည်တွေကို မှန်ပြူတင်းပေါက်ကတစ်ဆင့် ကြည့်ပြီး ယခုလိုမှတ်ချက်ပေးပါတယ်--- “မောင်ရယ် ဟိုဖက်အိမ်က ကြိုးတန်းမှာလှန်းထားတဲ့ အ၀တ်အထည်တွေကို ကြည့်လိုက်စမ်းပါအုံး၊ မဖွတ်မလျှော်ပဲ ဒီအတိုင်းပဲ လှန်းထားသလားတိုင်ထင်ရတယ်၊ ဒီအမျိုးသမီးက အ၀တ်တိုင်ကောင်းကောင်း မဖွတ်လျှော်တတ်သေးပါဘူး၊ ဆပ်ပြာမှုန့်သုံးတာ နည်းသွားလို့လည်း ဖြစ်နိုင်မယ်ထင်ပါတယ်လေ”။ ဒီအချိန်မှာ ခင်ပွန်းသည်ဖြစ်သူက ဇနီးသည်လေးညွှန်ပြတဲ့ဖက်ကို ကြည့်လိုက်ပါတယ်။ ဒါပေမယ့် ဘာမှတ်ချက်မှတော့ မပေးပါဘူး။ ဒီလိုပဲ တစ်ဖက်အိမ်က အ၀တ်အထည်တွေ ကြိုးတန်းပေါ်မှာ လှန်းထားတွေတဲ့ အခါတိုင်းလိုလိုပါပဲ ဇနီးသည်ဖြစ်သူလေးဟာ အမြဲမှတ်ချက်ပေးလာခဲ့တာပေါ့။ ဒီလိုနဲ့ တစ်လခန့် ကြာလာတဲ့ တစ်ခုသော မနက်ခင်းလေးမှာတော့ ဇနီးသည်လေးက တစ်ဖက်အိမ်ရဲ့ အ၀တ်တန်းက လျှော်ဖွတ်ပြီး လှန်းထားတဲ့ အ၀တ် အထည်တွေကို ကြည့်လိုက်ပြီး တအံ့တသြနဲ့ သူမရဲ့ ခင်ပွန်းသည်လေးကို အခုလိုပြောလာသတဲ့--- “ဟယ် ဟိုမှာကြည့်လိုက်စမ်းပါအုံး ဒီနေ့တော့ ခါတိုင်းက လျှော်ဖွတ်ပြီး လှန်းထားတဲ့ အ၀တ်အထည်တွေနဲ့ကတော့ တခြားစီပဲ ၊ဘယ်လို မှန်မှန်ကန်ကန် လျှော်ဖွတ်ရသလဲဆိုတဲ့ နည်းစနစ်တွေကို လေ့လာထား လိုက်ပြီထင်တယ်၊ ဘယ်သူကများ သူကို သင်ပေးလိုက်လိမ့် သိချင်စမ်းပါဘိ”။ ဇနီးသည်လေးရဲ့ မှတ်ချက် စကားလေး အဆုံးမှာတော့ ယခင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးပဲ တစ်ချိန်လုံး ငြိမ်နေခဲ့တဲ့ ခင်ပွန်းသည်လေးက “ ဒီလိုပါ နှမရယ် ဒီမနက်လေ မောင် အိပ်ယာက အစောကြီးထပြီးတော့ ဒို့အိမ်မှာရှိသမျှ မှန်ပြူတင်းတွေ အားလုံးကို သန့်ရှင်းရေးလုပ်ထားလိုက်တာလေ” တဲ့။ ဒီ အဖြစ်အပျက်မျိုးတွေဟာ နေ့စဉ်ဘ၀မှာ ဖြစ်မြဲဓမ္မတာလေးပါနော်။
သူတစ်ပါးရဲ့ အမူအကျင့်အပေါ် ရှုမြင်တတ်တဲ့ မိမိရဲ့အမြင် သဘောထားဟာ ရှုမြင်သူ မိမိကိုယ်တိုင်ရဲ့ အမြင်ကြည်လင်မှု မကြည်လင်မှု အပေါ်မှာလည်း အများကြီး အခြေခံပါတယ်။ ဒါကြောင့် တစ်ပါးသူရဲ့ အပြစ်အနာအဆာတွေနှင့်ပတ်သက်ပြီး ဘယ်လိုဝေဖန်ချက်မျိုးကိုမှ မပေးသေးခင် မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ဝေဖန်တတ်တဲ့ အမူ အကျင့်လေးတွေကို ထူထောင်ပေးတာဟာ အကောင်းဆုံး ရတနာ တစ်ပါးပါဖြစ်ပါတယ်------- ။

Turn To English


(သခင်နွယ် စုစည်းတင်ပြသည်)


ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, January 2, 2010

မစိုးရိမ်ပါနဲ့

ရေးသူ သခင်နွယ်

ဘ၀မှာ စိုးရိမ်စရာဆိုလို့ နှစ်မျိုးပဲရှိတယ်၊
ကျန်းမာရေး ကောင်းသလား နောက်တစ်ခုက
ကျန်းမာရေး မကောင်းဘူးလား ဒါပဲ၊
တကယ်လို့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲဟေ့ ဆိုရင် နောက်ထပ် စိုးရိမ်စရာဆိုလို့ ဘာများ ရှိသေးလို့လဲ၊
အဲ တကယ်လို့များသာ ကျန်းမာရေးက အတော်ကိုချူချာသူတစ်ယောက်ပါ ဆိုရင်တော့
နောက်ထပ် မျှော်လင့်ချက်နဲ့ စိုးရိမ်စရာဆိုပြီး နှစ်မျိုးတော့ ရှိလာပြန်တာပေါ့၊
မျှော်လင့်ချက်က ကျန်းမာရေး ပြန်ကောင်းလာမှာလား
စိုးရိမ်စရာကတော့ သေရမှာလား၊
ကျန်းမာရေး ပြန်ကောင်းလာမယ်ဆိုရင်တော့
ဝမ်းမြောက်စရာပဲပေါ့၊
အဲဒီလိုမှမဟုတ်ပဲ ကျန်းမာရေးအခြေနေက ပိုလို့သာ ဆုတ်ယုတ်လာခဲ့ပြီး သေရတော့မယ်ဆိုရင်ဖြင့်
နတ်ပြည်ကို လားမှာလား ငရဲပြည်ကိုသွားမှာလား ဆိုတဲ့
တမလွန်အတွက် စိုးရိမ်စရာ အတွေးစနှစ်ခုက ပြေးဝင်လို့လာပြန်တယ်။
နတ်ပြည်မှာ စံမြန်းရမှာသေချာတယ် ဆိုရင်တော့ ကျေနပ်စရာလေးပေါ့နော်။
အကယ်၍များသာ ကံမကောင်း အကြောင်းမလှလို့ ငရဲပြည်ကို သွားခဲ့ရမယ်ဆိုရင်တော့လေ
အဲဒီမှာ အရင်ရောက် နေသူတွေကို တစ်ယောက်ချင်းလိုက်ပြီး နှုတ်ဆက်နေရတာနဲ့ အလုပ်တွေပိုရှုပ်နေပေလိမ့်မယ်။
အဲဒီကို အရင်ရောက် နေသူတွေက ဘယ်သူတွေ ဖြစ်မလဲဆိုတာ သိလား ---
အဲဒါ အခြားသူတွေ မဟုတ်ဘူး၊ မင်းရဲ့ သူငယ်ချင်း တွေလေ ၊ အဲဒီအခါကြရင် မင်းအတွက် စိုးရိမ်ဖို့ အချိန်လေးများတိုင် ပေးနိုင်တော့မှာ မဟုတ်ဘူးနော်--
ဒါကြောင့်ပြောတာ အရာရာအပေါ်မှာ ပူဆွေးတမ်းတမနေပါနဲ့၊
ပျော်ပျော်ကြီး သာနေကြည့်လိုက်စမ်းပါ !
တစ်နေ့တာရဲ့ နေ၀င်ချိန်မှာ မငိုကြွေးလိုက်ပါနဲ့ ဘာကြောင့်လဲဆိုတော့ ကောင်းကင်က တောက်ပနေတဲ့ ကြယ်တာရာ လေးတွေရဲ့ အလှအပနှင့် ခံစားပိုင်ခွင့်ကို မင်းရဲ့ မျက်ရည် ပေါက်လေးတွေက ပိတ်ပင်လိုက်မှာ စိုးရိမ်လို့ပါ။

Turn To English

(သခင်နွယ် စုစည်းတင်ပြသည်)

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, January 1, 2010

ယဉ်ကျေးလိမ္မာ သင်တန်း


နေသာ ပညာဒါန၏ ယဉ်ကျေးလိမ္မာ သင်တန်းကို နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးဆောင်၍ တောင်ဖီလာ တောရကျောင်းတွင် ပြုလုပ်ရာ ၂၆-၁၂-၀၉ ရက်နေ့တွင် ပြီးစီးပြီ ဖြစ်ပါသည်။ အဆိုပါ ပွဲတွင် စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ မှ ကျောင်းသား ကျောင်သူများ အား စိတ်ဓါတ်ကို မြှင့်တင်နိုင်ရန် ကိုယ့်ကိုကို ယုံကြည်မှု ရှိစေရန် ၄င်းတို့၏ အတွေ့ အကြုံများနှင့် ဟောပြောပို့ချခဲ့ပြီး၊ စာရေးဆရာ ကံထွန်းသစ်မှ လည်း ကျောင်းသား ကျောင်းသူများ အား အသိပညာ ဆိုင်ရာ အကြောင်းတို့ ဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူတို့၏ မေးခွန်းများကို ပြန်လည်ဖြေ ကြားခဲ့ကြပါသည်။ ကလေးမြို့နယ် တရားရုံှး တရားသူကြီးတစ်ဦမှ ဥပဒေဆိုင်ရာ အချက် အလက်များ ဟောပြောခဲ့ကာ ကလေးခရိုင် ရဲတပ်ဖွဲ့ မှ ယဉ်စည်းကမ်းဆိုင်ရာ အကြောင်းများနှင့် ယဉ်တိုက်မှု အကြောင်းများ အား ပိုစတာနှင့် တကွ ဟောပြောခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကလေးများအား ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားများ ပျော်ရွင်ဖွယ်ရာ ဂိမ်းများ တရားထိုင်ခြင်း တရားမှတ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။


ဓါတ်ပုံများကို ကြည့်လိုလျှင် ဒီမှာ သွားရောက်ကြည့်ရှု့နိုင်ပါသည်။


ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။