Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Saturday, March 16, 2013

ချင်း/စစ်ကိုင်း မေးခွန်းနဲ့ ကျောင်းသူကျောင်းများရဲ့ အခြေအနေ

by Kalay Myothar (Notes) on Friday, March 15, 2013 at 4:29pm

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် ဖြေဆိုနေကြတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားများ ယနေ့မှာတော့ (၃)ဘာသာ ပြီးလို့သွားပါပြီး။ ကျောင်းသားအများစု ပေါ့ပေါ့ပါးပါး ဖြေဆိုနိုင်ကြတယ်ကြားလို့ ၀မ်းသာရပါတယ်..။ နောက်လာမယ့် မေးခွန်းတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဖြေဆိုနိုင်ကြပါစေ..။ မြန်မာစာမေးခွန်းကတော့ အမှတ် (၅၀)ကျော်လောက်ရအောင် ဖြေဆိုနိုင်မယ့်သူများပေမယ့် ဂုဏ်ထူးသမားတွေအတွက် အနည်းငယ်အခက်အခဲဖြစ်နိုင်တယ်လို့ မြန်မာစာဘာသာရပ်သင်ဆရာတစ်ဦးက ဆိုပါတယ်။ သင်္ချာမေးခွန်းကတော့ ချင်း/စစ်ကိုင်းတွင် မေးခဲ့သမျှ သင်္ချာမေးခွန်းများအနက် ယခုနှစ် သင်္ချာမေးခွန်းသည် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး မေးခွန်းဖြစ်သည်လို့ သင်္ချာဘာသာရပ်သင် ဆရာ(၂)ယောက်က မှတ်ချက်ပြုကြပါတယ်။ အင်္ဂလိပ်စာမေးခွန်းကတော့ ယခုနှစ်မှာ မေးခွန်းတည်ဆောက်ပုံတွေက အနည်းငယ်လွယ်တယ်လို့ ဆိုနိုင်ပါတယ်။ Read the passage မေးခွန်းတွေမှာ Sentence structure တွေကို မျက်စိနောက်စေလောက်အောင် မေးမထားပါဘူး။ Data Base အချက်အလက်အခြေပြု မေးခွန်းတွေသာများပါတယ်။ Cloze Type မေးခွန်းမှာတော့ Unit-11 "Mosquitoes; Getting To Know The Enemies" အကြောင်းအရာထဲက စာပိုဒ်ကို မေးထားပါတယ်။ Cloze Type မေးခွန်းဆိုတာ စာဖတ်အားကို အဓိက စစ်ဆေးတဲ့ မေးခွန်းဖြစ်ပါတယ်။ Grammar သဘောတရားနဲ့ ဖြေလို့ရတယ်ဆိုပေမယ့် စာဖတ်အားကို အဓိက အားထားရတာပါ။ ကလေးမြို့ပေါ်က ကျူရှင်/ဘော်ဒါအချို့မှာ အင်္ဂလိပ်စာအားနည်းသော ကျောင်းသားအများကို Unit-1 to 10 လောက်သာ သင်ကြတယ်လို့ ကြားသိရပါတယ်။ ထိုကဲ့သို့သော ကျောင်းသားများအတွက် အမှတ်ပြည့်ရနိုင်သော မေးခွန်းက ဒုက္ခလှလှပေးမှာဖြစ်ပါတယ်။ နံပါတ် (၃) မေးခွန်းဖြစ်တဲ့ ကွက်လပ်ဖြည့်မေးခွန်းမှာတော့ အခက်အခဲမရှိသလောက်ဖြေဆိုနိုင်ကြမယ်လို့ မျှော်လင့်လို့ရပေမယ့် သတိမထားမိရင် အမှတ်လျှော့ခံရမယ့် မေးခွန်းအချို့ပါဝင်နေပါတယ်။ နံပါတ် (၄)မှာတော့ ရွေးချယ်စရာပေးထားလို့ ကျောင်းသူကျောင်းသားများအတွက် Short Question မေးခွန်းများဟာ သိပ်ခက်ခဲမယ် မထင်ပါဘူး။ ကဗျာ Paraphrasing ကတော့ ကျောင်းသူကျောင်းသားအများစု အားနည်းကြပါတယ်။ နံပါတ် (၆) မေးခွန်း Punctuation မှာတော့ နောက်ဆုံးနံပါတ်(၅) စာကြောင်းကို ပြုပြင်ကြရာမှာ သာမန်ကျောင်းသားများအတွက် အခက်အခဲ အနည်းငယ်ရှိနိုင်ပါတယ်။ Stylistic Transformation ( Grammar ) မေးခွန်းကတော့ ကျောင်းသူကျောင်းသားများကို များစွာငှဲ့ညှာထားတယ်လို့ ပြောလို့ရပါတယ်။ Paragraph Writing မှာတော့ Unit-1 "The Calendar" ကို မေးထားတော့ ကျောင်းသူကျောင်းသား အများစုရေးနိုင်ကြမယ့် အခြေအနေဖြစ်ပါတယ်။ Essay / Letter ကဏ္ဍမှာလည်း များစွာတွေးတောစရာမလိုဘဲ အခြေခံအကြောင်းအရာများကို အခြေခံဝါကျများ အသုံးပြုလျက် ရေးသားမည်ဆိုလျှင်တောင် ကောင်းစွာဖြေဆိုနိုင်ရန် ရွေးချယ်စရာများပေးထားလို့ ... ယခုနှစ် အင်္ဂလိပ်စာမေးခွန်းကတော့ ဂုဏ်ထူးရှင်များစွာ ထွက်ပေါ်လိမ့်ဦးမည်ဟု မျှော်လင့်မိပါသည်။ ( စာကြွင်း --->   အ.ထ.က-၁ စာဖြေဌာနတွင် ဖြေဆိုနေသော ကျောင်းသားတစ်ယောက်သည် ဖြေဆိုချိန် နာရီဝက်ကျော်လောက်တွင် ထွက်ခဲ့ပြီး ယင်းကျောင်းသားကို အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားသော ဆရာတစ်ဦးက "ညီလေး .. နံပါတ် (၂) Cloze Type ကို ဘယ် Unit ထဲက မေးလဲ" လို့ မေးလိုက်တော့ အဲဒီကျောင်းသားလေးက တိုင်းရင်းသားသံ ၀ဲဝဲဖြင့် "အား .. ဆရာသမား ... ကျွန်တော်တော့ တစ်ခါမှ မမြင်ဖူးဘူး ... unseen ဖြစ်မယ်ထင်တယ်" လို့ ဖြေကြားသွားပါကြောင်း ... )

Kalay Myothar Facebook မှ ကူးသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

အလှူ

ကိုရီးယား ရောက် ကလေးမြို.မှ ညီအကိုများ ကလေးမြို. ဓမ္မရက္ခိတ ဘုန်းကြီးကျောင်း နာရေး ကူညီမူ ယာဉ် အတွက် မိမိတို. ချွေးနည်းစာ အလှူငွေများကို မိမိနဲ. သက်ဆိုင်ရာ တာဝန်ခံ ပုဂ္ဂိုလ်များထံ မိမိလစာထွက်ရက်နဲ. အချိန်မှီ ဆက်သွယ် လှူဒန်းမူ ပြူလုပ်စေလိုပါသည်

မြောက်ပိုင်းတာဝန်ခံ ကိုစောဝင်း ။ ။ ဖုန် = ၀၁၀-၇၂၁-၇၅၃၀၂

အလယ်ပိုင်းတာဝန်ခံ ကိုပြည်.ဖြိုးမောင်။ ။PYIE PHYO MAUNG
(IBK BANK =221 274311 02 011) ဖုန် =( ၀၁၀-၃၉၁၀- ၄၁၂၄)

အောက်ပိုင်းတာဝန်ခံ ကိုဘီဂျေး။ ။ ဘဏ်အကောင့် BE JAY ( K B BANK ) - BANK CODE (04) ACCOUNT NO592802-04067537 AND **NONGHYUP BANK CODE (11) ACCONT NO 356-0284-6016-53
ဖုန် = (၀၁၀-၉၈၈-၁၅၄၂၅)
.......ကျေးဇူးတင်ပါသည်.....။
 

ဆက်လက်ဖတ်လိုလျှင် ....>>

.( လက်ပန်းတောင်သားများသို့ )

·လက်ပန်းတောင်းကလူတွေ အနေနဲ့ မုံရွာ- ကလေးဝ-ယာကြီး လမ်းကဖြစ်ဖြစ် ချင်းတွင်းမြစ်ကြောင်းအတိုင်းဖြစ်ဖြစ် အထက်ကိုနည်းနည်းလောက်ပဲတက်လာစေချင်တယ်..ခင်ဗျားတို့လက်ပန်းတောင်းထက်ဆိုးတာတွေမြင်ရလိမ့်မယ်..စိမ်းစိုညို့မှောင်ခဲ့တဲ့ တောင်တွင်းဒေသ မီးလောင်ပြင်လို သစ်ငုတ်တိုတွေနဲ့ ...နိင်ငံ့အဓိကကျောက်မီးသွေးမြို့တော် ကလေးဝသစ်ချောက်မိုင်း တောင်တွေအကုန် သစ်ကြားသီးပိုးထိုးထားသလိုဟောင်းလောင်းဖြစ်နေတယ် ပြီးတော့ ဘာ ညာ ကုမ္မဏီတွေရဲ့ အိုးပင်းကတ် ဆိုတဲ့ တူးဖေါ်မှု့စနစ်သစ် ဟူးကောင်းချိုင့်ဝှမ်းအသစ်လာဖွင့်မလားမှတ်ရမယ်..ဒေသခံပြည်သူလူထု ဘာစပွန်ဆာမှမရှိ မြစ်ပိတ်တံတားထိုးခံရတာအဖတ်တင် ဘာကျမ်းမာရေး ဘာထောက်ပံ့ကြေးမှမရှိ နေ့စားနဲ့မီးသွေးသာရေယာဉ်တွေပေါ်ထမ်းတင် တစ်ရက် နှစ်ထောင်သုံးထောင်လောက်ရမယ်..လုပ်ချင်လုပ်မလုပ်ရင်ငတ်သေ ဒါပဲ. . . . .မော်လိုက်ဆိုတဲ့မြို့ ကျွန်းသစ်အင်မတန်နာမည်ကြီးခဲ့တဲ့သစ်လုပ်ငန်းမြို့ အခုအဲ့ဒီခရိုင်အတွင်းသစ်ကြီးဝါးကြီးမပြောနဲ့ပေါင်လုံးလောက်အပင်တောင်မချန်ဘူး မယုံရင် အဲ့နားကသစ်ဆိပ်တွေမှာလာကြည့် ဖလက်တွဲကြီးငယ်အစုံအညီနဲ့ ခရိုနီတွေကဲနေတယ်. . .ကဲ ဒါပေမယ့် ကျုပ်တို့မျက်စေ့စုံမှိတ်ဆန္ဒမပြဘူး..သူများထောင်ချောက်ထဲခေါင်းမလှိုနိင်ဘူး ကျုပ်တို့လိုချင်တဲ့ခေတ် ရောက်ခါနီးမှလမ်းချော်ကျန်ရစ်မှာမလိုလားဘူး ..အဓိကနဲ့သာမည ကိုကျုပ်တို့အထက်ချင်းတွင်းသားတွေကတော့ကောင်းကောင်းနပ်တယ်......စောင့်မယ် သည်းခံပြီးစောင့်မယ်...ပန်းတိုင်ရောက်သွားရင်ကျန်တာတွေကတော့ကျွဲကူးရေပါ အားလုံးပြေလည်သွားမှာအသေအချာမို့လေ.......( လက်ပန်းတောင်သားများသို့ )

Lin Latt Kyal Facebook မှ ကူးသည်။။။

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, March 15, 2013

၈၈မျိုးဆက်ကျောင်းသားများ ကလေးမြို့ ရဲ့ စာရင်းရှင်းတမ်း

၁။ ပွင့်လင်းအလံနှင့် လက်ကမ်း ၂၀၀၀၀ ကျပ်
၂။ ကြေညာလက်ကမ်း ၂၇၃၀၀ ကျပ်
 ၃။ ဟောင်ကောင်(3) ထမင်းဖိုး၇၁၆၀၀ ကျပ်
၎။ တာဟန်းဟောပြောပွဲ ကုန်ကျစရိတ် ၇၇၀၀၀ ကျပ်
၅။ ကလေးမြို့ မီးစက်စရိတ်နှင့် အသံချဲ့စက်ဖိုး ၆၅၀၀၀ ကျပ်
 ၆။ ကလေးမြို့ည ဒီဇယ် ၆ဂါလံ ၂၄၀၀၀ ကျပ်
 ၇။ ရန်ကုန်-ကလေး စားစရိတ် ၂၂၇၀၀၀ ကျပ်
၈။ ဗီနိုင်းဘိုး ၆၇၂၀၀ ကျပ်
၉။ အိုဆို ဒီဇယ်ဘိုး ၄၄ ဂါလံ x ၄၂၀၀ ၁၈၄၈၀၀ ကျပ်

 စုစုပေါင်း ကုန်ငွေ ၇၆၃၉၀၀ ကျပ်

စုစုပေါင်း ကောက်ခံငွေ = ၁၁၅၄၀၀၀ ကျပ်
စုစုပေါင်း ကုန်ကျစရိတ် = ၇၆၃၉၀၀ ကျပ်

လက်ကျန်ငွေ = ၃၉၀၁၀၀ ကျပ်

 တောင်ပေါ်ခရီးစဉ်တစ်လျောက်လုံး ကိုဖိုးဝ( ရွှေလွင်ပြင်) မှ ၃ ည ၄ ရက် အခမဲ့ ကူညီ ကားမောင်းပို့ပေးသဖြင့် ၈၈ အမျိုးသားကျောင်းသားများမှ မှတ်တမ်းတင်ပါသည်။

 မှတ်ချက်။ ။ ဤစာရင်းပါ ကောက်ခံငွေနှင့်သုံးငွေ အားလုံးသည် ကိုအောင်သက်တင် (ဘကြူး) မှ တာဝန်ယူထားခြင်းဖြစ်ပါသည်။

အောင်သက်တင် (ဘကြူး) 
၈၈မျိုးဆက်ကျောင်းသားများ
ကလေးမြို့

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, March 9, 2013

၈၈ ပွင့်လင်းအဖွဲ့ တီးတိန်အသွား

၈၈ ပွင့်လင်းအဖွဲ့ တီးတိန်အသွား ယာဉ်တန်းရှေကခရီးသည် ဂျစ်ကားတစ်စီး လမ်းဘေးဂျောက်ထဲကျသွားလို့ ဒဏ်ရာရ သူများကို ပါလာတဲ့ဆရာဝန်နှင်ကူညီ။ https://www.facebook.com/kms.swe မှကူးသည်။။။။

ဆက်လက်ဖတ်လိုလျှင် ....>>

ရိ ရေကန် ရောက် ၈၈မျိုးဆက်ကျောင်းသားများ

https://www.facebook.com/pages/Chin-World/167011980026853?ref=stream ကူးသသည်။။။

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းကား မောင်းသင်နေသော ကိုကိုကြီး

https://www.facebook.com/pages/Chin-World/167011980026853?ref=stream မှ ကူးသည်။။။

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, March 8, 2013

၈၈ မျိုးဆက်များရဲ့ ချင်းတောင်ခရီး

ရိုးရာဂီတ ကို လည်း စိတ်ဝင်စားတဲ့....မင်းကိုနိုင်... တီးတိန်မြို့ ။ မီးပုံပွဲ ည ၊ တွဲလက်တွေ မဖြုတ်စတမ်း ။ ပျော်ကြရွှင်ကြ ရင်ခုန်ကြ........တောင်ပေါ်မြေပြန့် သွေးစည်းကြ....( မတ် ၇ ) တောင်ပေါ်ခေါင်ရည် ချိုမြမြ ....

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, March 7, 2013

၈၈မျိုးဆက်များ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ကလေးမြို့ ခရီး ----------------------------------------------- ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈မျိုးဆက်များသည် အဖွဲ့ ၂ ဖွဲ့ခွဲပြီး ချင်းပြည်နယ်ခရီးစဉ်ကို ထွက်ခွာခဲ့ရာ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ယနေ့ မတ်လ ၆ ရက်၊ နံနက် ၁၀း ၁၅ နာရီတွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပြီး အံ့ဘွယ်ကျော်၊ မာကီ၊ စမ်းချောင်းကိုကိုကြီး၊ မျိုးသန့်၊ ကိုကိုလှိုင်၊ မီးမီး၊ မာမာဦး၊ မာယာ နှင့် တဉ္စာဦးတို့ သည် ယနေ့ နံနက် ၁၀း ၃၀ နာရီတွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။ ထိုသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၂း ၄၅ နာရီက ကလေးမြို့၊ တာဟန်း တောင်ဖီလာရပ်ကွက်၊ ရာပြည့် နှစ်ခြင်းခန်းမတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကြပြီး ဒေသခံများ၏ လက်ရှိအခက်အခဲဆိုင်ရာများကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ညနေ ၄း ၄၅ တွင် ရုတ်သိမ်းခဲ့ကြပြီးနောက်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, March 15, 2012

ကလေးက မီး

၁၄-၃-၂၀၁၂ ရက်နေ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ဗိုလ်ချုပ်လမ်း ဘီအိုစီ အနီး မီလျံနာ (၂) ကွန်ပျူတာ မိတ္တူဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ အနည်းငယ်သာ လောင်ကျွမ်းခဲ့သည်ဟု သိရပါသည် ။။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, August 30, 2011

ရွက်ပုန်းသီးပုရပိုက်မြို့..(သို့မဟုတ်)....

သမိုင်းအရဆိုပါတော့ ကလေးမြို့ကမှော်ဆရာတွေမထွက်ဘူး
(ဆောင်းရာသီကိုတော်လှန်ဖို့ခေါင်ရည်တစ်ခွက်နဲ့
အိမ်ထဲမှာကွေးနေကြသလား)
မြို့တည်သက္ကရာဇ်(၃၂၈)ကတော့မှော်ဆန်တယ်
အခုလိုဆောင်းဆို
အိနြေ္ဒ-နေရဉ္စရာရဲ့မြ၀တီစံဆိုင်ရှေ့မှာ
မှော်ဝင်အက္ခရာများ
စာပေသဘောတရားတွေနဲ့ စားတော်တိုက်
လပြည့်ညတောင် လန့်ဖျပ်မှောင်မိုက်သွားတတ်သေး(ဟိုတုန်းက)
ကျွန်တော်တို့ဆိုတာကလေးမြို့ရဲ့မှော်ဝင်သစ်စေ့တွေ
တောင်ကနေမြောက်ကိုလားတဲ့ပြောင်းပြန်သိုင်းသမားမြစ်သာနံဘေး
စုမိဆောင်းမိအလင်းမျှင်ချင်းပေါင်းပြီးရသအညှောက်တွေပြိုင်တူပေါက်ကြ
နှလုံးသွေးရဲ့တောက်ခေါက်သံ
ဝတ္ထုကဗျာသီချင်းတွေရေးကြတယ်
မြို့ကွက်ကသိပ်မထူထပ်ပေမယ့်ခံစားမှုအရေထူထူနဲ့
စာအုပ်ထူထူကြီးတွေကိုကြိုက်ကြတယ်
ကျွန်တော်တို့မြို့ကဧည့်သည်လာရင်သီချင်းဆိုတဲ့မြို့
တောင်ကဖီလာ..မြစ်ကပြောင်းပြန်...လူတွေက ကန့်လန့်.....တဲ့
မနာလိုလို့ပြောကြတာ..အဲသလို
ပစိပစပ် အပြုံးတစ်စုံဆို
ပိဋကတ်သုံးပုံနဲ့ထုထည့်လိုက်ရမှာ ၀န်မလေးတဲ့မြို့
အချိန်ကိုတန်ဖိုးထားချက်တော့
အိပ်မက်တောင်မှလိုရင်းတိုရှင်းမက်တဲ့မြို့
ကျွန်တော်တို့မြို့.....
ကလေးမြို့.....ကလေးမြို့....ကလေးမြို့
ချင်းတောင်တန်းကိုလွယ်အိတ်လုပ်
ဇလပ်ပွင့်တစ်ဆုပ်ကြီးရငင်သားကိုရဲရဲခွဲ
ချယ်ရီထင်းရှူးရနံ့သယံဇာတအားလုံး အင်္ကျီချုပ်ဝတ်ထားတဲ့မြို့
ဆရာမ ဂျူးရဲ့..တိမ်နဲ့ချည်တဲ့ကြိုး..လူလားမြောက်သွားခဲ့တဲ့မြို့
မြို့လယ်ခေါင်မှာလေယာဉ်ကွင်းရှိတဲ့မြို့
မေခ....မလိခမြစ်ဆုံကိုမမြင်ဖူးပေမယ့်
မြစ်သာ-နေရဉ္စရာ-မြစ်သာ-ချင်းတွင်းဆုံစည်းရာတွေကို
တစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်နေတတ်တဲ့မြို့..ခင်ဗျားတို့လိုပဲ
ကျွန်တော်တို့မှာ...
ဇာတိရနံ့ထုံထားတဲ့ ကိုယ်ပိုင်အိပ်ရာဝင်ပုံပြင်လေးတွေရှိပါတယ်
ချင်းတောင်ပေါ်ကနေဈေးကွက်မြင်းစီးထွက်လာတဲ့
သစ်တော်သီးလေးတစ်လုံးလောက်
ချိုမြိန်မှုတွေစောက်မနက်ခဲ့ဘူး
သမိုင်းအရဆိုပါတော့..
ဇာတိမြို့ဖွဲ့ကဗျာဟာ
ရွက်ပုန်းသီးပုရပိုက်ဆန်နေတယ်......။ ။


အောင်မှူးဝေ

စိတ်ကူးချိုချိုအနုပညာ..မြို့တွေ၊ရွာတွေ၊ကဗျာတွေစာအုပ်မှ ကူးယူတင်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, May 31, 2011

ဇွန်(၅)ရက်နေ့ သစ်ပင်စိုက်ပွဲ

ကလေးမြို့ သစ်ပင်ချစ်သူများ စုစည်း၍ Green Valley အဖွဲ့နှင့် မြို့နယ်သစ်တောဦးစီ ဌာနတို့ ပူးပေါင်း၍ ကလေး- ဂန့်ဂေါ ကားလမ်းဘေး GTC တောင်ဘက်မှ သာယာကုန်း ရွာအထိ ဇွန်လ (၅) ရက်နေ့တွင် သစ်ပင် စိုက်ပျိုးကြမည်ဟု သိရှိရပါသည်။ ယမန်နှစ်က စိုက်ပျိုးခဲ့သော သစ်ပင်များမှ သေသောအပင်နေရာများ တွင်လည်း အစားထိုး စိုက်ပျိုးမည်ဟု သိရှိရပါသည်။ သစ်ပင်များ စိုက်ပျိုးပြီး ၄င်းအပင်များ ရှင်သန်ရေးအတွက် ပြုစုစောင့်ရှောက်ရေးမှာ ပိုပြီး အဓိက ကျကြောင်း သစ်ပင်စိုက်ပျိုးသူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။