Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Monday, March 18, 2013


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ဥပဒေရေးရာရှု
ထောင့်မှ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ကလေး၊ မတ် ၁၈။

... ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်
၉ ဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ဥပဒေ
ရေးရာ ရှုထောင့်မှ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကလေးမြို့၊
နေသာစာကြည့်တိုက်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း
ကလေးမြို့ လူမှုကွန်ယက်မှ ကိုကြည်သာငြိမ်းက
ပြောကြားသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ကလေးခရိုင် ဥပဒေတရားရုံး
မှ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်ဥမ္မာအောင်က ဦးဆောင်ရှင်းပြ
ဆွေးနွေးခဲ့ပြီး ကလေးတက္ကသိုလ်၊ ရုက္ခဗေဒနှင့် ဇီဝဗေဒမှ တက္ကသိုလ်ဆရာများ၊ ကနေဒီ စိမ်းလန်းစိုပြည်ရေးအဖွဲ့၊
ရှေ့နေများနှင့် အခြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
စောင့်ရှောက်လိုသည့် ပုဂ္ဂိုလ်များ အပါအ၀င် ၂၅ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ အခန်း(၁၄)၊ ပုဒ်မ-၃၆ မှာ ၀န်ကြီးဌာနသည် ပြည်ထောင်စု
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစိုးရဌာနအဖွဲ့အစည်း
နှင့် ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုအား နိုင်ငံတော်နှင့် ပြည်သူ့အကျိုး
ငှာ ဤဥဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်
ခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် လျော့ပေါ့ခွင့် ပြုနိုင်သည်လို့
ပြဌာန်းထားတာ တွေ့ရပါတယ်။ ဒီအချက်ဟာ ဥပဒေဟာ တစ်
သားတည်း မဖြစ်ဘူး၊ ဒီပုဒ်မကြောင့် အကျင့်ပျက်မှုတွေ၊ အလွဲသုံးစားမှုတွေ ဖြစ်လာနိုင်လို့ ပုဒ်မ-၃၆ ကို ပြဌာန်းဖို့ မသင့်တော်ကြောင်း ပြောချင်ပါတယ်” ဟု တက်ရောက်သူ
များက ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသည် ယေဘုယျ သဘော
ဆန်နေပြီး တိကျသည့် ပတ်ဝန်းကျင်အရည်အသွေး စံချိန် စံညွှန်းများ ဖော်ပြထားဖို့ လိုကြောင်း၊ အခန်း(၁၀)တွင် ကြိုတင်
ခွင့်ပြုချက် ရယူရန် ပြဌာန်းထားသော် ယခင်အစိုးရ လက်ထက်
တွင် ကြိုတင်ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်နေကြပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နေသည့် လုပ်ငန်းများအပေါ် ဥပဒေအရ
မည်သို့ သက်ရောက်မှုရှိကြောင်း၊ နည်းဥဒေ မထွက်ခင် ပြစ်မှု
ပြစ်ဒါဏ်များကို ရှေးဦးစွာ ပြဌာန်းထားခြင်းမှာ သင့်တော်မှုရှိ၊ မရှိစဉ်းစားရန်လိုကြောင်း တို့ကို ဥပဒေရှုထောင့်မှ အပြန်အလှန်
ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ အလုပ်ရုံ ဆွေးနွေးပွဲ
တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင်ဒေသ နီကယ်သတ္တု ထုတ်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် အကြောင်း တရားများကိုပါ ဆက်စပ် ဆွေးနွေးနိုင်ခဲ့ပြီး ထိုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ မှတ်
တမ်းများမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ
အတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေနိုင်သည့် အချက်
အလက်များ ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ဆွေးနွေးပွဲဖြစ်မြောက်ရေးကို ကလေးမြို့လူမှုကွန်ယက်မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နေ့လယ်(၁း၀၀)နာရီမှ ညနေ(၃း၀၀)
နာရီအထိ ဆွေးနွေးခဲ့ကြသည်။ လာမည့် အကြိမ်တွင် ၁၉၈၂
ခုနှစ် နိုင်ငံသား ဥပဒေကို ဆွေးနွေးကြမည်ဟု သိရသည်။
ကျော်သူစိုး(ကလေးမြို့)

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းပြည်နယ် တိုးတက်ဖို့ အရက်ချက်ရန် သမ္မတ တိုက်တွန်းမှု

ချင်းပြည်နယ် တိုးတက်ဖို့ အရက်ချက်ရန် သမ္မတ တိုက်တွန်းမှု ဝေဖန်သံများ ထွက်ပေါ်
သမ္မတ ဦးသိန်းစိန်၏ ချင်းပြည်နယ် ခရီးစဉ် အတွင်း ဖေဖေါ်ဝါရီ ၁၇ ရက်က ချင်းပြည်နယ် အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများ မြို့မိမြို့ဖ များ နှင့် တွေ့ဆုံစဉ် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်ရေး အတွက် အရက်ချက်ရန် သမ္မတ က တိုက်တွန်းပြောဆိုခဲ့ ကြောင့် ချင်းမြို့မိမြို့မဖ များနှင့် ၀န်ထမ်း အချို့ က ဆိုကြသည်။ “ နှစ်ကြိမ်တောင် ပြောသွားတယ် ။ ခများတို့ အရက်ချက်ပြီး ခေါင်ဖတ်ကို ၀က်ကျွေးပါလားလို့ ပြောတယ်။ ” ဟု သမ္မတ နှင့် တွေ့ ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။ ချင်းပြည်နယ် အတွင်း၌ ပြောင်းဆန် အထွက်များ ၍ စီးပွားဖြစ် တစ်ပိုင် တစ်နိုင် အရက်ချက် ရန် နှင့် ဘေးထွက်ပစ္စည်း အဖြစ် ထွက်ရှိလာသော ခေါင်ဖတ်ကို မွေးမြူရေး အစားအစာ အဖြစ် ၀က်များကို ကျွေးရန် ပြောဆိုခြင်း ဖြစ်ကြောင်း ၊ ဟာသနှောပြောဆို ခြင်း မဟုတ်ဘဲ အကြံပြု ပြောဆို ခြင်းဖြစ်ပြီး အမှန်တကယ် တိုးတက်ရေးကို အကောင့် အထည် ဖေါ်နိုင်သည့် အြံကံပေးချက် အဟုတ်ကြောင့် တီးတိန်မြို့ အစိုးရ နည်းပညာ အထက်တန်းကျောင်းအုပ် ဦးထန်တိမ်းဆိုင် က ၄င်းကေိုယ်တိုင် ကြားသိခဲ့ရသည်ကို လူထုပုံရိပ်သို့ ဝေဖန်ပြောကြားသည်။ “ဒါကို သမ္မတ ကို လက်တွေ့လုပ်ပြလို့ ပြောရမှာပဲ ၊ ပြောစရာစကား မရှိလို့ ပြောတယ်လို့ပဲ သတ်မှတ်ပါတယ်။ မဝေဖန်ချင်ဘူး ။ ဒါပေမယ့် သမ္မတ တစ်ဦး အနေနဲ့ ပြောရမယ့် စကားမဟုတ်ပါဘူး ” ဟု ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ် က ပြောသည်။ သမ္မတ အနေနှင့် ချင်းပြည်နယ်ရှိ အခြား ထွက်ကုန်များကို ဈေးကွက်ကျယ်ပြန်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို လမ်းညွှန်ရမည့် အစား အရက်ချက်ရန် တိုက်တွန်းပြောဆိုမှုကို စိတ်ပျက်မိကြောင်း Federal Institute of Myanmar ချင်းတိုင်းရင်းသား ကိုဆလိုင်းမာန် က လူထုပုံရိပ် သို့ သုံးသပ်ပြောဆိုသည်။ အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ ချင်းဝန်ကြီး ဦးဟုန်းငိုင်းအား ဆက်သွယ်မေးမြန်းရာ ၄င်း၏ ကိုယ်ရေးအရာရှိ က သမ္မတ ခရီးစဉ်တစ်လျှောက်လိုက်ပါခဲ့သည်ဖြစ်၍ ယင်းသို့ ပြောဆိုခြင်းကို မကြားမိကြောင်း ပြောသည်။ သမ္မတ ဦသိန်းစိန်၏ ပြောရေးဆိုခွင့် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် အား အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ တွင် ၄င်းအနေဖြင့် ချင်းပြည်နယ် ခရီးစဉ် တွင်လိုက်ပါခြင်း မရှိသော်လည်း ယင်းကဲ့သို့ ပြောဆိုခြင်းသည် ရယ်ရွှန်းဖတ်ရွှန်း နောက်ပြောင် ပြေခြင်းသာ ဖြစ်ကြောင်း တိုင်းရင်းသားနယ်မြေဖြစ်ပြီး ခေါင်ရည်သည် ချင်းရိုးရာ အစားအသောက် ဖြစ်သောကြောင့် လူထုနှင့် ရင်းနှီးမှုပြု နောက်ပြောင်ပြောဆိုခြင်း သာ ဖြစ်ကြောင်း ပြောဆိုထားသည်။ “သမ္မတ လာတာ အားလုံးဝမ်းသာတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ လိုက်လာတာတွေ့ရတယ်။ မြွေတောင် ကိစ္စ တွေရောပါတယ်။ ကျွန်တော်တို့လည်း တောင်ပေါ်က ပြောနေကြလို့ ကြားလာတာ ။ အပြောင်အပျက်ပဲဖြစ်ဖြစ် ရယ်လို့ မောလို့ ပဲဖြစ်ဖြစ် မပြောသင့် ဘူး လို့ ထင်တယ်။ အားလုံးရဲ့ ရင်ဲမှာတော့ စိတ်မကောင်းကြဘူးပေါ့ ။ ဒီထက်ကောင်းတဲ့ အကြံပေးစေချင်တယ်။ ” ဟု အထက်ချင်းတွင်းလူငယ် ကွန်ရက်မှ ချင်းတိုင်းရင်းသား ကိုထားသျွမ် က ပြောသည်။
Susan
လူထုပုံရိပ်ဂျာနယ် အတွဲ(၁) အမှတ်(၂၅ ) စာမျက်နှာ(၆) တွင်ဖေါ်ပြ ထားသော သတင်းဖြစ်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, March 16, 2013

ချင်း/စစ်ကိုင်း မေးခွန်းနဲ့ ကျောင်းသူကျောင်းများရဲ့ အခြေအနေ

by Kalay Myothar (Notes) on Friday, March 15, 2013 at 4:29pm

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် ဖြေဆိုနေကြတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားများ ယနေ့မှာတော့ (၃)ဘာသာ ပြီးလို့သွားပါပြီး။ ကျောင်းသားအများစု ပေါ့ပေါ့ပါးပါး ဖြေဆိုနိုင်ကြတယ်ကြားလို့ ၀မ်းသာရပါတယ်..။ နောက်လာမယ့် မေးခွန်းတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဖြေဆိုနိုင်ကြပါစေ..။ မြန်မာစာမေးခွန်းကတော့ အမှတ် (၅၀)ကျော်လောက်ရအောင် ဖြေဆိုနိုင်မယ့်သူများပေမယ့် ဂုဏ်ထူးသမားတွေအတွက် အနည်းငယ်အခက်အခဲဖြစ်နိုင်တယ်လို့ မြန်မာစာဘာသာရပ်သင်ဆရာတစ်ဦးက ဆိုပါတယ်။ သင်္ချာမေးခွန်းကတော့ ချင်း/စစ်ကိုင်းတွင် မေးခဲ့သမျှ သင်္ချာမေးခွန်းများအနက် ယခုနှစ် သင်္ချာမေးခွန်းသည် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး မေးခွန်းဖြစ်သည်လို့ သင်္ချာဘာသာရပ်သင် ဆရာ(၂)ယောက်က မှတ်ချက်ပြုကြပါတယ်။ အင်္ဂလိပ်စာမေးခွန်းကတော့ ယခုနှစ်မှာ မေးခွန်းတည်ဆောက်ပုံတွေက အနည်းငယ်လွယ်တယ်လို့ ဆိုနိုင်ပါတယ်။ Read the passage မေးခွန်းတွေမှာ Sentence structure တွေကို မျက်စိနောက်စေလောက်အောင် မေးမထားပါဘူး။ Data Base အချက်အလက်အခြေပြု မေးခွန်းတွေသာများပါတယ်။ Cloze Type မေးခွန်းမှာတော့ Unit-11 "Mosquitoes; Getting To Know The Enemies" အကြောင်းအရာထဲက စာပိုဒ်ကို မေးထားပါတယ်။ Cloze Type မေးခွန်းဆိုတာ စာဖတ်အားကို အဓိက စစ်ဆေးတဲ့ မေးခွန်းဖြစ်ပါတယ်။ Grammar သဘောတရားနဲ့ ဖြေလို့ရတယ်ဆိုပေမယ့် စာဖတ်အားကို အဓိက အားထားရတာပါ။ ကလေးမြို့ပေါ်က ကျူရှင်/ဘော်ဒါအချို့မှာ အင်္ဂလိပ်စာအားနည်းသော ကျောင်းသားအများကို Unit-1 to 10 လောက်သာ သင်ကြတယ်လို့ ကြားသိရပါတယ်။ ထိုကဲ့သို့သော ကျောင်းသားများအတွက် အမှတ်ပြည့်ရနိုင်သော မေးခွန်းက ဒုက္ခလှလှပေးမှာဖြစ်ပါတယ်။ နံပါတ် (၃) မေးခွန်းဖြစ်တဲ့ ကွက်လပ်ဖြည့်မေးခွန်းမှာတော့ အခက်အခဲမရှိသလောက်ဖြေဆိုနိုင်ကြမယ်လို့ မျှော်လင့်လို့ရပေမယ့် သတိမထားမိရင် အမှတ်လျှော့ခံရမယ့် မေးခွန်းအချို့ပါဝင်နေပါတယ်။ နံပါတ် (၄)မှာတော့ ရွေးချယ်စရာပေးထားလို့ ကျောင်းသူကျောင်းသားများအတွက် Short Question မေးခွန်းများဟာ သိပ်ခက်ခဲမယ် မထင်ပါဘူး။ ကဗျာ Paraphrasing ကတော့ ကျောင်းသူကျောင်းသားအများစု အားနည်းကြပါတယ်။ နံပါတ် (၆) မေးခွန်း Punctuation မှာတော့ နောက်ဆုံးနံပါတ်(၅) စာကြောင်းကို ပြုပြင်ကြရာမှာ သာမန်ကျောင်းသားများအတွက် အခက်အခဲ အနည်းငယ်ရှိနိုင်ပါတယ်။ Stylistic Transformation ( Grammar ) မေးခွန်းကတော့ ကျောင်းသူကျောင်းသားများကို များစွာငှဲ့ညှာထားတယ်လို့ ပြောလို့ရပါတယ်။ Paragraph Writing မှာတော့ Unit-1 "The Calendar" ကို မေးထားတော့ ကျောင်းသူကျောင်းသား အများစုရေးနိုင်ကြမယ့် အခြေအနေဖြစ်ပါတယ်။ Essay / Letter ကဏ္ဍမှာလည်း များစွာတွေးတောစရာမလိုဘဲ အခြေခံအကြောင်းအရာများကို အခြေခံဝါကျများ အသုံးပြုလျက် ရေးသားမည်ဆိုလျှင်တောင် ကောင်းစွာဖြေဆိုနိုင်ရန် ရွေးချယ်စရာများပေးထားလို့ ... ယခုနှစ် အင်္ဂလိပ်စာမေးခွန်းကတော့ ဂုဏ်ထူးရှင်များစွာ ထွက်ပေါ်လိမ့်ဦးမည်ဟု မျှော်လင့်မိပါသည်။ ( စာကြွင်း --->   အ.ထ.က-၁ စာဖြေဌာနတွင် ဖြေဆိုနေသော ကျောင်းသားတစ်ယောက်သည် ဖြေဆိုချိန် နာရီဝက်ကျော်လောက်တွင် ထွက်ခဲ့ပြီး ယင်းကျောင်းသားကို အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားသော ဆရာတစ်ဦးက "ညီလေး .. နံပါတ် (၂) Cloze Type ကို ဘယ် Unit ထဲက မေးလဲ" လို့ မေးလိုက်တော့ အဲဒီကျောင်းသားလေးက တိုင်းရင်းသားသံ ၀ဲဝဲဖြင့် "အား .. ဆရာသမား ... ကျွန်တော်တော့ တစ်ခါမှ မမြင်ဖူးဘူး ... unseen ဖြစ်မယ်ထင်တယ်" လို့ ဖြေကြားသွားပါကြောင်း ... )

Kalay Myothar Facebook မှ ကူးသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

အလှူ

ကိုရီးယား ရောက် ကလေးမြို.မှ ညီအကိုများ ကလေးမြို. ဓမ္မရက္ခိတ ဘုန်းကြီးကျောင်း နာရေး ကူညီမူ ယာဉ် အတွက် မိမိတို. ချွေးနည်းစာ အလှူငွေများကို မိမိနဲ. သက်ဆိုင်ရာ တာဝန်ခံ ပုဂ္ဂိုလ်များထံ မိမိလစာထွက်ရက်နဲ. အချိန်မှီ ဆက်သွယ် လှူဒန်းမူ ပြူလုပ်စေလိုပါသည်

မြောက်ပိုင်းတာဝန်ခံ ကိုစောဝင်း ။ ။ ဖုန် = ၀၁၀-၇၂၁-၇၅၃၀၂

အလယ်ပိုင်းတာဝန်ခံ ကိုပြည်.ဖြိုးမောင်။ ။PYIE PHYO MAUNG
(IBK BANK =221 274311 02 011) ဖုန် =( ၀၁၀-၃၉၁၀- ၄၁၂၄)

အောက်ပိုင်းတာဝန်ခံ ကိုဘီဂျေး။ ။ ဘဏ်အကောင့် BE JAY ( K B BANK ) - BANK CODE (04) ACCOUNT NO592802-04067537 AND **NONGHYUP BANK CODE (11) ACCONT NO 356-0284-6016-53
ဖုန် = (၀၁၀-၉၈၈-၁၅၄၂၅)
.......ကျေးဇူးတင်ပါသည်.....။
 

ဆက်လက်ဖတ်လိုလျှင် ....>>

.( လက်ပန်းတောင်သားများသို့ )

·လက်ပန်းတောင်းကလူတွေ အနေနဲ့ မုံရွာ- ကလေးဝ-ယာကြီး လမ်းကဖြစ်ဖြစ် ချင်းတွင်းမြစ်ကြောင်းအတိုင်းဖြစ်ဖြစ် အထက်ကိုနည်းနည်းလောက်ပဲတက်လာစေချင်တယ်..ခင်ဗျားတို့လက်ပန်းတောင်းထက်ဆိုးတာတွေမြင်ရလိမ့်မယ်..စိမ်းစိုညို့မှောင်ခဲ့တဲ့ တောင်တွင်းဒေသ မီးလောင်ပြင်လို သစ်ငုတ်တိုတွေနဲ့ ...နိင်ငံ့အဓိကကျောက်မီးသွေးမြို့တော် ကလေးဝသစ်ချောက်မိုင်း တောင်တွေအကုန် သစ်ကြားသီးပိုးထိုးထားသလိုဟောင်းလောင်းဖြစ်နေတယ် ပြီးတော့ ဘာ ညာ ကုမ္မဏီတွေရဲ့ အိုးပင်းကတ် ဆိုတဲ့ တူးဖေါ်မှု့စနစ်သစ် ဟူးကောင်းချိုင့်ဝှမ်းအသစ်လာဖွင့်မလားမှတ်ရမယ်..ဒေသခံပြည်သူလူထု ဘာစပွန်ဆာမှမရှိ မြစ်ပိတ်တံတားထိုးခံရတာအဖတ်တင် ဘာကျမ်းမာရေး ဘာထောက်ပံ့ကြေးမှမရှိ နေ့စားနဲ့မီးသွေးသာရေယာဉ်တွေပေါ်ထမ်းတင် တစ်ရက် နှစ်ထောင်သုံးထောင်လောက်ရမယ်..လုပ်ချင်လုပ်မလုပ်ရင်ငတ်သေ ဒါပဲ. . . . .မော်လိုက်ဆိုတဲ့မြို့ ကျွန်းသစ်အင်မတန်နာမည်ကြီးခဲ့တဲ့သစ်လုပ်ငန်းမြို့ အခုအဲ့ဒီခရိုင်အတွင်းသစ်ကြီးဝါးကြီးမပြောနဲ့ပေါင်လုံးလောက်အပင်တောင်မချန်ဘူး မယုံရင် အဲ့နားကသစ်ဆိပ်တွေမှာလာကြည့် ဖလက်တွဲကြီးငယ်အစုံအညီနဲ့ ခရိုနီတွေကဲနေတယ်. . .ကဲ ဒါပေမယ့် ကျုပ်တို့မျက်စေ့စုံမှိတ်ဆန္ဒမပြဘူး..သူများထောင်ချောက်ထဲခေါင်းမလှိုနိင်ဘူး ကျုပ်တို့လိုချင်တဲ့ခေတ် ရောက်ခါနီးမှလမ်းချော်ကျန်ရစ်မှာမလိုလားဘူး ..အဓိကနဲ့သာမည ကိုကျုပ်တို့အထက်ချင်းတွင်းသားတွေကတော့ကောင်းကောင်းနပ်တယ်......စောင့်မယ် သည်းခံပြီးစောင့်မယ်...ပန်းတိုင်ရောက်သွားရင်ကျန်တာတွေကတော့ကျွဲကူးရေပါ အားလုံးပြေလည်သွားမှာအသေအချာမို့လေ.......( လက်ပန်းတောင်သားများသို့ )

Lin Latt Kyal Facebook မှ ကူးသည်။။။

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, March 15, 2013

၈၈မျိုးဆက်ကျောင်းသားများ ကလေးမြို့ ရဲ့ စာရင်းရှင်းတမ်း

၁။ ပွင့်လင်းအလံနှင့် လက်ကမ်း ၂၀၀၀၀ ကျပ်
၂။ ကြေညာလက်ကမ်း ၂၇၃၀၀ ကျပ်
 ၃။ ဟောင်ကောင်(3) ထမင်းဖိုး၇၁၆၀၀ ကျပ်
၎။ တာဟန်းဟောပြောပွဲ ကုန်ကျစရိတ် ၇၇၀၀၀ ကျပ်
၅။ ကလေးမြို့ မီးစက်စရိတ်နှင့် အသံချဲ့စက်ဖိုး ၆၅၀၀၀ ကျပ်
 ၆။ ကလေးမြို့ည ဒီဇယ် ၆ဂါလံ ၂၄၀၀၀ ကျပ်
 ၇။ ရန်ကုန်-ကလေး စားစရိတ် ၂၂၇၀၀၀ ကျပ်
၈။ ဗီနိုင်းဘိုး ၆၇၂၀၀ ကျပ်
၉။ အိုဆို ဒီဇယ်ဘိုး ၄၄ ဂါလံ x ၄၂၀၀ ၁၈၄၈၀၀ ကျပ်

 စုစုပေါင်း ကုန်ငွေ ၇၆၃၉၀၀ ကျပ်

စုစုပေါင်း ကောက်ခံငွေ = ၁၁၅၄၀၀၀ ကျပ်
စုစုပေါင်း ကုန်ကျစရိတ် = ၇၆၃၉၀၀ ကျပ်

လက်ကျန်ငွေ = ၃၉၀၁၀၀ ကျပ်

 တောင်ပေါ်ခရီးစဉ်တစ်လျောက်လုံး ကိုဖိုးဝ( ရွှေလွင်ပြင်) မှ ၃ ည ၄ ရက် အခမဲ့ ကူညီ ကားမောင်းပို့ပေးသဖြင့် ၈၈ အမျိုးသားကျောင်းသားများမှ မှတ်တမ်းတင်ပါသည်။

 မှတ်ချက်။ ။ ဤစာရင်းပါ ကောက်ခံငွေနှင့်သုံးငွေ အားလုံးသည် ကိုအောင်သက်တင် (ဘကြူး) မှ တာဝန်ယူထားခြင်းဖြစ်ပါသည်။

အောင်သက်တင် (ဘကြူး) 
၈၈မျိုးဆက်ကျောင်းသားများ
ကလေးမြို့

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, March 9, 2013

၈၈ ပွင့်လင်းအဖွဲ့ တီးတိန်အသွား

၈၈ ပွင့်လင်းအဖွဲ့ တီးတိန်အသွား ယာဉ်တန်းရှေကခရီးသည် ဂျစ်ကားတစ်စီး လမ်းဘေးဂျောက်ထဲကျသွားလို့ ဒဏ်ရာရ သူများကို ပါလာတဲ့ဆရာဝန်နှင်ကူညီ။ https://www.facebook.com/kms.swe မှကူးသည်။။။။

ဆက်လက်ဖတ်လိုလျှင် ....>>

ရိ ရေကန် ရောက် ၈၈မျိုးဆက်ကျောင်းသားများ

https://www.facebook.com/pages/Chin-World/167011980026853?ref=stream ကူးသသည်။။။

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းကား မောင်းသင်နေသော ကိုကိုကြီး

https://www.facebook.com/pages/Chin-World/167011980026853?ref=stream မှ ကူးသည်။။။

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, March 8, 2013

၈၈ မျိုးဆက်များရဲ့ ချင်းတောင်ခရီး

ရိုးရာဂီတ ကို လည်း စိတ်ဝင်စားတဲ့....မင်းကိုနိုင်... တီးတိန်မြို့ ။ မီးပုံပွဲ ည ၊ တွဲလက်တွေ မဖြုတ်စတမ်း ။ ပျော်ကြရွှင်ကြ ရင်ခုန်ကြ........တောင်ပေါ်မြေပြန့် သွေးစည်းကြ....( မတ် ၇ ) တောင်ပေါ်ခေါင်ရည် ချိုမြမြ ....

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, March 7, 2013

၈၈မျိုးဆက်များ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ကလေးမြို့ ခရီး ----------------------------------------------- ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈မျိုးဆက်များသည် အဖွဲ့ ၂ ဖွဲ့ခွဲပြီး ချင်းပြည်နယ်ခရီးစဉ်ကို ထွက်ခွာခဲ့ရာ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ယနေ့ မတ်လ ၆ ရက်၊ နံနက် ၁၀း ၁၅ နာရီတွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပြီး အံ့ဘွယ်ကျော်၊ မာကီ၊ စမ်းချောင်းကိုကိုကြီး၊ မျိုးသန့်၊ ကိုကိုလှိုင်၊ မီးမီး၊ မာမာဦး၊ မာယာ နှင့် တဉ္စာဦးတို့ သည် ယနေ့ နံနက် ၁၀း ၃၀ နာရီတွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။ ထိုသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၂း ၄၅ နာရီက ကလေးမြို့၊ တာဟန်း တောင်ဖီလာရပ်ကွက်၊ ရာပြည့် နှစ်ခြင်းခန်းမတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကြပြီး ဒေသခံများ၏ လက်ရှိအခက်အခဲဆိုင်ရာများကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ညနေ ၄း ၄၅ တွင် ရုတ်သိမ်းခဲ့ကြပြီးနောက်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, March 15, 2012

ကလေးက မီး

၁၄-၃-၂၀၁၂ ရက်နေ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ဗိုလ်ချုပ်လမ်း ဘီအိုစီ အနီး မီလျံနာ (၂) ကွန်ပျူတာ မိတ္တူဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ အနည်းငယ်သာ လောင်ကျွမ်းခဲ့သည်ဟု သိရပါသည် ။။

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။