Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Monday, April 21, 2014

2014 ကလေး သင်္ကြန် မြင်ကွင်းများ (၂)

2014 ကလေး သင်္ကြန် မြင်ကွင်းများ (၂)
























ဆက်လက်ဖတ်လိုလျှင် ....>>

Friday, April 18, 2014

2014 ကလေး သင်္ကြန် မြင်ကွင်းများ (၁)

2014 ကလေး သင်္ကြန် မြင်ကွင်းများ (၁)





































ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, March 26, 2014

မောင်ကိုကိုကြီးနှင့် မခင်သူသူဝင်းတို့အတွက် နိုင်ငံတော်သမ္မတထံမှ မင်္ဂလာ လက်ဆောင်မွန်။

မောင်ကိုကိုကြီးနှင့် မခင်သူသူဝင်းတို့အတွက် နိုင်ငံတော်သမ္မတထံမှ မင်္ဂလာ လက်ဆောင်မွန်။
[Photo : Ko Ko Gyi (The 88 Generation Students)]




ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, March 20, 2014

ကိုကိုကြီး + မခင်သူသူဝင်းတို့ ၏ မင်္ဂလာဦး ဆွမ်းကျွေး

ကိုကိုကြီး + မခင်သူသူဝင်းတို့ ၏ မင်္ဂလာဦး ဆွမ်းကျွေး သံဃာတော် (၁၀) ပါးတို့အား ဆွမ်းကပ်လှူခြင်းကို ကလေးမြို့ ညောင်ပင်သာ ရပ်ကွက် ဗိုလ်ချုပ်လမ်း (ဒေါက်တာ သိန်းဝင်း)+ ဒေါ်ကြည်ကြည်မြင့် (ရတနာပုံ ထီဆိုင်) နေအိမ်တွင် ပြုလုပ်ခဲ့ပါသည်။
ဓါတ်ပုံ -SueSue




ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, March 13, 2014

““ကိုကိုကြီး + မခင်သူသူဝင်းတို့ ၏ မင်္ဂလာ ဧည့်ခံပွဲ ဖိတ်ကြားလွှာ””

၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ကိုကိုကြီး နှင့် ကလေးမြို့ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း ( ရတနာပုံထီဆိုင်/ ဗိုလ်ချုပ်လမ်း ကလေးမြို့) ၏ သမီး မခင်သူသူဝင်း တို့ ၏ မင်္ဂလာ မင်္ဂလာ ဧည့်ခံ ပွဲ အခမ်းအနားကို ကလေးမြို့ နဂါးရွှေစင် ခန်းမတတွင် ၂၁-၃- ၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့ ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်း နှင့် ပါတီဝင်များလည်း တက်ရောက် ချီးမြှင့် မည်ဟု သိရှိရပါသည်။





ဆက်လက်ဖတ်လိုလျှင် ....>>

Monday, February 10, 2014

ချစ်သူများနေ့ အကြို ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ

ချစ်သူများနေ့ အကြို ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ
ကလေး ဖေဖေါ်ဝါရီ ၉

ချစ်သူများနေ့ အကြို “တွဲလက်များ” ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် မီဒီယာ အသင်း၊ ကဗျာဆရာ အသင်း၊ ကျောင်းဆရာများ အသင်း၊ ကွန်ပျုတာ ပညာသည်များ အသင်း၊ အင်ဂျင်နီယာ များ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည်ဟု သိရှိရပါသည်။ နောက်ဆုံး ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ တွင် ကျင်းပပြုလုပ်မည်ဟု သိရှိရပါသည်။







ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, January 25, 2014

သတင်း ပို့ လိုလျှင်

ကလေးမြို့ Application တွင် သတင်းများ ထည့်သွင်းလိုပါက kalaymyo.ads@gmail.com သို့ ပေးပို့သူ အမည် နေရပ်လိပ်စာ အပြည့်စုံနှင့် ပေးပို့ပြီး ထည့်သွင်းနိုင်ပါသည်။


Admin

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, December 20, 2013

2014 တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း

2014 တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း


ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, November 30, 2013

တွဲလက်များ ပရဟိတ အဖွဲ့ နှင့် အင်တာဗျူး

ကလေးမြို့မှာ ရှိတဲ့ တွဲလက်များ ပရဟိတ အဖွဲ့ မှ ကို ကျော်မိုး နှင့် အင်တာဗျူး ဖြစ်ခဲ့ ပါတယ် ။


မေး။ ။ တွဲလက်များ အဖွဲ့ ကို ဘယ်အချိန်ကများ စဖွဲ့ ဖြစ်ပါသလည်း ။
ဖြေ။ ။တွဲလက်များ အဖွဲ့ ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ စဖွဲ့ ဖြစ်ပါတယ် ။
မေး ။ ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ စဖွဲ့ ဖြစ်တာ ပါလည်း။
ဖြေ။ ။ ဒီလိုဗျ .. ၂၀၁၀ ၀န်းကျင်လောက်က စ ကလေးတွေရဲ့ ပညာတွေ အကြောင်း ပြောဖြစ်ကြတယ် ..။ လိုအပ်နေတာလေးတွေ မြင်ပြီး ဖြည့်ဆည်း ပေးချင်တဲ့ စိတ်ရှိခဲ့တာ ..။ လုပ်နိုင်တာလေးတွေ လေးတွေ လုပ်ကြမယ်ပေါ့ ..။ အခု မြစ်ကြီးနား ရောက်နေတဲ့ သူငယ်ချင်းက မတည်ပြီး တိုက်တွန်းတာက နေ စလုပ်ဖြစ်ကြတာ ..။ ဘာကို အဓိက ထား ပြီး လုပ်ကြမလည်းလို့ ဆွေးနွေးကြတော့ “ ပညာရေး ၊ ကျန်းမာရေး ” ကို အဓိက ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ ..။
မေး။ ။ ဘယ်လို ဖွဲ့စည်းထားပြီး အင်အား ဘယ်နှစ်ယောက်လောက် ရှိပါလည်း ..။
ဖြေ။ ။ အားလုံး စိတ်တူကိုယ်တူ သူငယ်ချင်းတွေချည်းပါပဲ ..။ ဆရာ ဦးမျိုးလွင်နှင့် ကိုကြည်ဝင်းလှိုင် တို့ကတော့ နာယက တွေပါ ။ သူတို့တွေ ရဲ့ အကြံ ပေးမှုတွေ နဲ့ လုပ်ဖြစ်ကြတာပါ ။ အဖွဲ့ ၀င် အနေနဲ့ ကတော့ (၁၅) ယောက်လောက် ရှိပါတယ် ..။ စီမံတဲ့ အပိုင်း ကိုတော့ ကိုမျိုးက လုပ်တာ များတယ် ..။
မေး။ ။ ပညာရေး အတွက်  ဘယ်လို ကဏ္ဍမျိုးတွေမှာ ဆောင်ရွက်ဖြစ်ပါသလည်း ။
ဖြေ၊  ။ အဓိကတော့ ကလေးတွေ အတွက်ပေါ့ ..။ ကျေးလက် ဒေမှာ ရှိတဲ့ ပညာသင်ကြားရေး အတွက် အခက်ခဲ ရှိတဲ့ ကလေးတွေ လုပ်ဖြစ်တယ် ..။ အခု ကျွန်တော်တို့ နိုင်ငံက “ ဒီမို ကရေစီ” အုပ်ချုပ်ရေးကို ကူးပြောင်းတဲ့ အချိန်ရောက် နေပြီ။ ကလေးတွေ ပညာ များများ တတ်ဖို့ လိုတယ် ..။ စာ များများ ဖတ်ဖို့ လိုတယ်..။ ဒါမှ သူတို့ အသုံချခံ တွေ မဖြစ်မှာ ..။ လောလော ဆယ်တော့ ကျွန်တော်တို့ တတ်နိုင်တာလေးတွေ လုပ်ပေးနေတာ ..။ အဓိကတော့ ဗလာစာအုပ် ခဲတံ ပေတံ ကျောင်းသုံး ပစ္စည်းတွေ လှူကြတာပါ .။

မေး။ ။အကိုတို့ အဖွဲ့ အနေနဲ့ ဘာတွေ များ ဆောင်ရွက်ခဲ့ ပြီးပြီလည်း ခင်ဗျာ ..။
ဖြေ။ ။ ၂၀၁၂ ခုနှစ်မှာ သာစည်ရွာ မိဘမဲ့ ပရဟိတ ကျောင်း၊ အောင် ရွာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၊ ကျွန်းတောရှေရင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း စုစုပေါင်း ကျောင်းသား (၄၅၀) လောက်ကို လှူဖြစ်ခဲ့တယ် ..။ အင်းဒင်ရွာ တို့ကျေားရွာ စာ ကြည့်တိုက်အတွက် စာအုပ်တွေ လှူဖြစ်ခဲ့တယ် ..။
ကျွန်းတောမှာ သွားလှူတုန်းကဆို ကလေးတစ်ယောက်က ဗလာ စာအုပ် ပါမလာဘူး။ စာရွက်လေးတွေပဲ ပါလာတာ ။ မေးကြည့်လိုက်တော့ မောင်နှမတွေကို ဗလာစာအုပ် တစ်အုပ်စီ မပေးနိုင်လို့ စာရွက်ကို ဖြုတ်ပြီး ဝေပေးတာတဲ့..။ ခဲတံကျတော့ကော ဆိုတော့ ခဲတံကို ပိုင်းပြီး ဝေပေးတာတဲ့ ..။ တော်တော် စိတ်မကောင်း ဖြစ်မိတယ်..။
မေး။ ။ အကိုတို့ အဖွဲ့ Fan Page လုပ်ထားတယ်ဆို
ဖြေ။ ။ရှိတယ်ဗျ “တွဲလက်များ ပရဟိတ အဖွဲ့ - ကလေးမြို့ ” ဆိုပြီး လုပ်ထားတာ ။ အခုတော့ မရှိတော့ဘူး။  Hack ခံ လိုက်ရတယ် ..။ တော်တော်ဆိုးတယ်ဗျ .။
မေး။ ။ ဘယ်သူတွေ Hack သွားတယ်လို့ ထင်ပါသလည်း.။
ဖြေ။ ။ ကျွန်တော့် အမြင် ပြောရရင် ဘာသာရေးဆိုင်ရာ ပဋိပက္ခ ဖြစ်စေချင်တဲ့ အဖွဲ့ လို့ ထင်တယ် ..။ On Line ပေါ်မှာ ကျွန်တော်တို့ အဖွဲ့လို Fan Page တွေ အများကြီး ရှိတာ ..။ ကျွန်တော်တို့ ဖွဲ့ ဆိုတာကလည်း နာမည်ကြီးတဲ့ အဖွဲ့ အင်အားကောင်းတဲ့ အဖွဲ့ လည်း မဟုတ်ဘူး။ ဒါကို လာပြီး Hack သွားတာ ထူးဆန်းတယ် ..။
မေး။ ။ ဒီနှစ်ကော ဘာတွေ လှုပ်ရှား ဖြစ်ပါလည်း။
ဖြေ။ ။ ၂၀၁၃ ထဲမှာ အောင်ရွာ မြလင်း အေးရိပ်မွန် လှူ ပြီး သွားပြီ ။ ပြီးတော့ ရေကြီးတုန်းက အိမ်ပါသွားတဲ့ မိသားစုတွေကို လည်း လှူ ဖြစ်လိုက်တယ် ။ ဒီဇင်ဘာ လထဲမှာ ကျွန်းတောရယ် ဖေါင်ကူးရွာက စာသင်ကျောင်းရယ် သွားလှူဖြစ်ယ် .။ ဒီနှစ်ကျောင်းသား (၇၀၀) လောက် လှူဖြစ်မယ် ။
မေး။ ။ ကျန်းမာရေး ဆိုင်ရာမှာ ကော ဘာတွေများ ကူညီဖြစ်ပါသလည်း ။
ဖြေ။ ။ ကျန်းမာရေး ကဏ္ဍက မလုပ်နိုင်သေးဘူးဗျ ။ ကျွန်းတောမှာ တော့ ရေတွင်းရယ် ရေစင် ရေစုပ်စက် လှူဖြစ်တယ် ။ ရေအခက်အခဲ ဖြစ်နေတာကို တွေ့တာနဲ့ လုပ်ဖြစ်သွားတာ .။ အဲ့ဒီတုန်းက အစ အဆုံး အဖွဲ့ တွေ ၀ိုင်းလုပ်ကြတာဆိုတော့ ပျော်စရာ တော်တော် ကောင်းတယ် ။  ငြင်းကြ ခုန်ကြ နဲ့ ကိုဌေးဝင်း၊ ကိုကြည်ဝင်းလှိုင် တို့ အင်ဂျင်နီယာတွေ ၀င်လုပ်မှ ပဲ ပြီးတော့တယ် . ။ တကယ့် အမှတ်ရစရာပါပဲ . ။
မေး။ ။ ရှေ့ နှစ်တွေ မှာကော ဘာတွေ လုပ်ဖို့ အစီစဉ် ရှိပါသလည်း ။
ဖြေ။ ။ ကလေးတွေ အတွက် ပညာရေး အထောက်အပံ့ကတော့ မဖြစ်မနေ လုပ်မယ် ။ ရံပုံငွေ အင်အား ကောင်းပြီး တတ်နိုင်ရင် အသက်မွေးဝမ်းကြောင်း ပညာရပ် ကို Donate လုပ်ဖို့ အစီစဉ် ရှိတယ် . ။ ဥပမာ - ကွန်ပျုတာလို ပညာရပ်မျိုး၊ ပြီးတော့ ဖုန်း - Android Os တို့  နည်းပညာကို လုပ်ပေးဖို့တော့ ရှိတယ် ..။ ကျွမ်းကျင်သူတွေ ရှိတယ် ..။ အခြေခံ ပစ္စည်းတွေတော့ လိုသေးတယ် ..။

မေး။ ။ တွဲလက်များ အဖွဲ့ ကို ဆက်သွယ်ရင် ဘယ်လို ဆက်သွယ်ရမလည်း ခင်ဗျ ။
ဖြေ။ ။  မောင်ကိုမောင်(ကလေး) ဖုန်း- 0947072090 ၊ ကိုအောင်ဆန်းလင်း ဖုန်း - 09400465111 ကိုသက်နိုင်ဦး ဖုန်း - 09400533811 တို့ကို ဆက်သွယ်လို့ ရပါတယ် ။

အခုလို ဖြေကြားပေးတဲ့ ကို ကျော်မိုးကို ကျေးဇူးတင်ပါတယ် ..။

လင်းသစ်မွန်

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, November 20, 2013

ကလေးမြှို အထက (၁) အာစရိယ ပူဇော်ပွဲ

ကလေးမြို့
အထက(၁) ကျောင်းသား/ကျောင်းသူ ဟောင်းများ၏
(၁၇) ကြိမ် မြောက် အာစရိယ ပူဇော်ပွဲ

သူငယ်ချင်းတို့ ရေ .......
အထက(၁) ကျောင်းတော်ကြီးမှာ 
တို့ တတွေကို ပညာ သင်ကြားပေးခဲ့သော
အငြိမ်းစားယူ အသက် (၆၀) ပြည့် ဆရာ /ဆရာမကြီး များအား
လက်အုပ်ချီမိုး ရှိခိုးပူဇော် ကန်တော့ ကြဖို့
ဆက်ဆက်လာကြနော် ...........။

ရက်စွဲ ----- ၂၉-၁၂-၂၀၁၃ (တနင်းဂနွေနေ့)။
အချိန်------- နေံ့လယ် (၁း၀၀) နာရီ။
နေရာ ------- အထက(၁) ရွှေရတု ခန်းမ။

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, November 15, 2013

ကလေးမြို့ Apllication သုံးစွဲသူများ ခင်ဗျား ...
ကလေးမြို့ Apllication တွင် ကလေးမြို့ နှင့် အခြား ပတ်ဝန်းကျင်မြို့ များ၏ နာရေးများကို  နာရေး ကြေငြာများ အခမဲ့ ထည့်သွင်းနိုင်ပါပြီ ။ ထည့်သွင်းလိုပါက kalaymyo.ads@gmail.com သို့ ပေးပို့သူ အမည် နေရပ်လိပ်စာ အပြည့်စုံနှင့် ပေးပို့ပြီး ထည့်သွင်းနိုင်ပါသည်။

Admin

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။