တွဲလက်များ ပရဟိတ အဖွဲ့ ချစ်ခင် ရင်းနှီးရေး အစီစဉ် အဖြစ် ပြည်ထောင်စုနေ့၊
ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့်၊ ချစ်သူများနေ့၊ အပြည်ပြည်ဆိုင်ရာ
အသဲကွဲသူများနေ့ အကြို အထိမ်းအမှတ် တွဲလက်များ ဇရာအို နှင့်
သမီးပျိုလေးများ ၊ တွဲလက်များ လူငယ် ခြေကျ အသင်းနှင့် လူငယ် ခြေ မတက်
အသင်းတို့ ဘောလုံး ပြိုင်ပွဲကို (8-2-2015) Sunday တွင် ကျင်းပ
ပြုလုပ်ခဲ့ပါသည်။ ပထမ ပွဲတွင် ဇရာအို ကညာပျို အသင်းတို့ တို့ယှဉ်ပြိုင်ကြရာ
ပထမပွဲစဉ်တွင်ဇရာအို အသင်းက ၄ -၁ ဖြင့်အနိုင်ရရှိသွားပြီး
ဒုတိယပွဲစဉ်တွင် တွဲလက်များ အပြာသင်း ( Kyi Win Haing, MIn Di Min,
ချင်းတွင်းကိုကို, Mg Ko Mg, Paing Soe, Rajar, Ni Min Oo, Kalaymyo Thar,)
အသင်းက တွဲလက်များ အဖြူ အသင်း( Kms Swe, Maung Myoe, Tazar Win, Than
Thik, Nyein Thu Min, Soe Naing Tun, Kyaw Moe, Nyi Lay) ကို ၅-၄ ဖြင့်
အနိုင်ရရှိသွားပါသည်။
Download Apk File
http://www.sendspace.com/file/yud6dl
Tuesday, February 10, 2015
တွဲလက်များ ပရဟိတ အဖွဲ့ ချစ်ခင် ရင်းနှီးရေး အစီစဉ်
Monday, February 2, 2015
ကလေးမြို့ ဗိုလ်ချုပ် နှစ်တရာပြည့် အခမ်းအနား
ဗိုလ်ချုပ် နှစ်တရာပြည့် အခမ်းအနားကို ကလေးမြို့တွင် စာပေဟောပြောပွဲ ဆရာ မောင်သာချို၊အော်ပီကျယ်၊ဇဂနာ၊ ကောင်းသန့်တို့မှ (၁-၂-၂၀၁၅ မှ ၂-၂-၂၀၁၅ )ထိ ညပိုင်းတွင် လည်းကောင်း၊ ပျော်ပွဲ ရွင်ပွဲ အားကစားပွဲများ ကို ၁၄-၂-၂၀၁၅ ထိ ကျင်းပ ပြုလုပ်သွားမည်ဟု သိရှိရပါသည်။
Wednesday, January 7, 2015
လေသာတောင်ရေနံမှော် စာသင်ကျောင်းသို့ အလှုတစ်ခေါက် ။ ကိုဆူး ( ချင်းတောင်ခြေ )
လေသာတောင်ရေနံမှော်စာသင်ကျောင်းသို့ အလှုတစ်ခေါက်
++++++++++++++++++++++++++++++++++++++++++
ကျနော်တို့ မြို့လေး မှာ ပရဟိတ အဖွဲ့တွေ အများအပြားရှိပါတယ် ။ ကိုယ်နဲ့ စိတ်တူကိုယ်တူ တွေ စုပြီး ကိုယ်အားသန်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ကြလေ့ရှိပါတယ် ။ ကျနော်တို့ သူငယ်ချင်းတွေ စုပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး လူသူလေးပါး အရောက်အပေါက် နည်းပါးတဲ့ နေရာ က စာသင်ကျောင်းလေးတွေ ဆီကို စာရေးကိရိယာတွေ လှုဒါန်းကြပါတယ် ။ အနယ်နယ် အရပ်ရပ်က သူငယ်ချင်းမိတ်ဆွေ အလှုရှင်တွေ ရဲ့ လှုဒါန်းမှုတွေ နဲ့ “ မ ” တည်ပြီး “ တွဲလက်များပရဟိတ ” အဖွဲ့ဆို တဲ့ အမည်နဲ့ ကျနော်တို့ က ကိုယ့်စရိတ် ကိုယ်စားစနစ် နဲ့ သွားရောက် လှုဒါန်းပေးပါတယ် ။
မြစ်သာမြစ်ရဲ့ ကတို့ ဆိပ်မှာတော့ တစ်ဖက်ကျေးရွာကလာတဲ့ သီးနှံအိတ်တွေ နဲ့ အုတ်တွေကို တင်ချ နေတာ တွေ့ရပါတယ်။ မြစ်သာမြစ်ရဲ့ ရေနည်းကာလ မှာ ဆိုရင်တော့ မြစ်ကို တံတားထိုးပြီးတော့ ကူးကြပါတယ်။ အခုတော့ တံတားက ထိုးလက်စ တန်းလန်းဖြစ်နေတော့ ဆိုင်ကယ် ဖြတ်လို့ မရသေးပါဘူး ။
ရေနက်နက်မဟုတ်လို့ တော်သေးတာပေါ့ ။ အဲလို ဆိုတော့ ဒီလို ကူးဖြတ်ဖို့ အတွက် ကျနော်မ၀ံရဲပါဘူး ။ကျန်တဲ့သူငယ်ချင်းတွေက တစ်စီးပြီးတစ်စီး စက်လှေပေါ်ကို ဆိုင်ကယ်တင်ပြီး မြစ်သာမြစ်ကို ဖြတ်ကြပါတယ်။
ပေါက်တောကျေးရွာက ထွက်တယ်ဆိုရင်ပဲ လူတစ်ယောက်သွားဖို့ အကျယ်ရှိတဲ့လမ်း ကို ဆိုင်ကယ်စီးခဲ့ရပါတယ်။ ဆိုင်ကယ် နှစ်စင်း ရှောင်ဖို့ တောင်ခက်ခဲလှတဲ့ လမ်းတွေ ဖြစ်ပြီး ချောင်းတွေကို ဖြတ်ရသလို အတင်အဆင်းကြီးတဲ့ နေရာတွေ ရှိပါတယ်။ တောင်ကမ်းပါးယံကို ဆိုင်ကယ်တစ်စီးသွားရရုံ လမ်းဖောက်ထားတဲ့ နေရာတွေကို ကို ဖြတ်သန်းခဲ့ရသလို ပဲ ချိုင့်ကျင်းတွေကိုတော့ စာဖွဲ့လို့ မနေ တော့ပါဘူး ။ လမ်းတစ်ဝက်မှာပဲ ကောင်မလေး နှစ်ယောက်စီးလာတဲ့ စူပါကပ်ကို ကျနော်က ပြောင်းစီးပြီး သူတို့ ကို ဆိုင်ကယ်စီးကျွမ်းကျင်တဲ့ ယောကျာင်္းလေးတွေ နောက်ကို လိုက်ပါစေပါတယ်။ ဒေသခံအချို့ က ဆိုင်ကယ် နဲ့လာကြိုပေးလို့ သာ အဆင်ပြေပါတယ်။ ဒါ့ကြောင့်လည်း မိုးတွင်းဆိုရင် ဆိုင်ကယ်လမ်းမပေါက်လို့ မလာကြပါနဲ့အုန်းလို့ ပြောကြတာ ဖြစ်မှာပေါ့ ။ မိုးတွင်းဆိုရင်တော့ ဆိုင်ကယ်နဲ့ သွားဖို့ မဖြစ်တော့သလို ခြေလျင်လမ်းကို တော်တော် သွားယူရမှာပါ ။မိုးများတယ်ဆိုရင်တော့ ကျနော်တို့ ဖြတ်ခဲ့ ရတဲ့ ချောင်းတွေ မြောင်းတွေကို သူတို့ ဖြတ်ဖို့ လွယ်မှာမဟုတ်ဘူးလေ ။ ဒါပေမယ့်လည်း သူ့အရပ် နဲ့ သူ့ဇတ်ဆိုသလိုပေါ့ သွားသွားလာလာတော့ ရှိနေကြတယ်လို့ သိရပါတယ် ။
ကျနော်တို့ အလှုနေ့မှာပဲ ကျောင်းတက်လာတဲ့ ကလေးတွေကို ကြက်သားဆန်ပြုတ်အလှုဒါနပြုပါတယ်။ မူကြိုကနေ စတုတ္ထတန်းအထိ ရှိတဲ့ ကျောင်းလေး မှာ စည်စည်ကားကားပေါ့လေ ။ ကျနော်တို့ က လှုစရာစာရေးကိရိယာတွေ နဲ့ ကျောင်းဝတ်စုံလေးတွေကို ကလေးတွေ လက်ထဲ အရောက် ပေးအပ်ကြပါတယ် ။ “ အရင်ကတော့ တဲပေါင်းထောင်နဲ့ ချီပြီး ရှိတဲ့ မှော်ကြီးပေါ့ ။ ဆီ ( ရေနံစိမ်း ) ကလည်း တော်တော်ရကြတယ် အဲဒီတုန်းကတော့ တာဝန်ယူတယ်ဆို တဲ့ ကုမ္မဏီတွေ ရှိခဲ့တယ် ။ မှော်ဥက္ကဌ ဆိုတာတွေ ရှိခဲ့တယ် ။ အားလုံးက ဆီ( ရေနံစိမ်း) ရဖို့ အတွက်လုံးပမ်းကြရင်း ဒီရေနံမှော်က ပြန်လည်းခြောက်ကပ်သွားသည်အထိ မှော်မှာ ရှိတဲ့လူတွေ အတွက်ဘာမှ ဖြစ်မလာခဲ့ပါဘူး ။ အခုတော့ ကျနော်တို့က စာသင်ကျောင်း ရအောင်ဆောင်ရွက်ပေးထားတယ်။ ဘာသာရေးနဲ့ ဆိုတရားပွဲတွေ ကျင်းပပေးတယ် ။ ကျမ္မာရေး နဲ့ပတ်သက်ရင် ဆရာဝန်ကြီးတွေကနေ ဆေးမှုးတွေ အထိ ဆေးလာစစ်ပေးဖို့ ဖိတ်ကြားပေးခဲ့တယ် ။ အခုဆိုရင် စာကြည့်တိုက်လေး တစ်ခု တည်ဆောက်နေပါတယ် ။ ဒီအနီးအနားမှာ ရှိတဲ့ ကျေးရွာက ဒေသခံတွေ နဲ့ ဆရာတော်တွေက ကလည်း ထောက်ပံ့ပေးကြပါတယ်။ ကျနော်တို့ နေတဲ့ နေရာလေးကို ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အားလုံးက လည်း ၀ိုင်းဝန်းပြီးအလှုငွေ ထည့်ဝင်ကြပါတယ် ။ ” ဟု လေသာတောင်ရေနံမှော်မှ ဦးဖိုးငို မှ ပြောကြားခဲ့ပါတယ် ။ စာကြည့်တိုက် တစ်ခု ပေါ်ပေါက်လာတယ်ဆိုရင်တော့ ထောင်တံခါး တစ်ချပ်ပိတ်တာပဲ လို့ အဆိုရှိခဲ့လေတော့ ဒီလိုမှော်တွေ မှာ စာကြည့်တိုက်လေး ပေါ်ပေါက်လာမယ် ဆိုတော့ အကောင်းဖက်ကို ဦးတည်ရွေ့လျားလာတယ်လို့ ပြောရမှာပေါ့ ။
ဒီရေနံမှော် ကလည်း သက်တမ်းကြာလာတော့ ပြောင်းကြရွှေ့ကြနဲ့ အမြဲနေကြတဲ့ အိမ်ခြေ ၈၀ ၀န်းကျင်လောက် တော့ ရှိပါသေးတယ်။ သူတို့က လည်း ဒီမှော်မှာ ကျန်တဲ့ ရေနံစိမ်းတွင်းလေးတွေကို ခပ်ယူရင်း ဒီဒေသခံ ဖြစ်နေကြတဲ့ သူတွေပေါ့ ။ သူတို့ သားသမီးတွေ အတွက် ပညာရေး အတွက် ဆိုတာကလည်း အနီးအနားရွာ မှာ သွားထားဖို့ကလည်း မလွယ်တဲ့နေရာ ။ မှော်ဆိုတာကလည်း ဘယ်မှော်မဆို မကောင်းမှု ပေါင်းစုံ စုစည်းရာဒေသလို့ အမည်ထွက်နေသလို ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ တွေ့မြင်ခဲ့ရတဲ့ လေသာတောင်ရေနံမှော်လေးက တော့ အကောင်းဖက်တွေ ဆီကို ကြိုးစားရွေ့လျားနေတာ တွေ့ရပါတယ် ။ ကောင်းမှု လုပ်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်လေတော့ ဒီလိုမှော်ဒေသတွေ မှာ ကောင်းကျိုးတွေကို သယ်ပိုးနိုင်တဲ့ လူတွေ ဦးဆောင်လာကြတာ ၀မ်းသာစရာပါ ။ ဒီရေနံမှော်ထဲမှာ ရှိတဲ့ ကျောင်လေးထဲက ကလေးငယ်လေးတွေ ထဲမှာ လည်း ပညာတတ် လူကောင်းလူမွန်တွေ ဘယ်လောက်များထွက်ပေါ်လာမယ်ဆိုတဲ့ ကျနော်တို့ ရဲ့ မျှော်လင့်ချက်တွေက ဟိုးတောင်ပေါ်ရိုးပေါ်က ပေါ်ထွက်လာတဲ့ နေခြည်တွေလို နွေးထွေးစွာမျှော်လင့် ရင်းဖြင့် ။
ကိုဆူး ( ချင်းတောင်ခြေ ) ။။။။ ကိုဆူး(ချင်းတောင်ခြေ)
Sunday, January 4, 2015
ကလေးမြို့ ( ၆ရ )ကြိမ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်
ဓါတ်ပုံ - Win Soe, Kms Swe
Friday, September 19, 2014
ချင်းတောင်နှင့် ကလေးဒေသရှိ စာသင်ကျောင်းများသို့ တွဲလက်များ ပရဟိတအဖွဲ့မှ စာရေးကိရိယာများလှူဒါန်း
စစ်ကိုင်း၊ စက်တင်ဘာလ၁၆
ကျွန်တော်တို့အဖွဲ့က လူငယ်တွေနဲ့ အဓိကဖွဲ့စည်းထားပြီး ချင်းတောင်ခြေဒေသနဲ့ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ သွားလာမှုခက်ခဲပြီး လူသူလေးပါး အရောက်အပေါက်နည်းပါးတဲ့ဒေသတွေက ကျောင်းတွေကို လေ့လာစုံစမ်းပြီး သွားရောက် လှူဒါန်းနေတာပါ။ အဲဒီ့ငွေကို ကျွန်တော်တို့အဖွဲ့က စီမံခန့်ခွဲပြီး ခက်ခဲတဲ့ဒေသတွေမှာရှိတဲ့ စာသင်ကြားနေကြရတဲ့ မူလတန်း၊ အလယ်တန်း ကျောင်းသားကျောင်းသူအများစုကို စာရေးကိရိယာတွေ သွားပြီးလှူဒါန်းတာဖြစ်ပါတယ်။ ဒီလိုသွား ရောက်တဲ့စရိတ်နဲ့ ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက်တော့ အဖွဲ့သားတွေက မိမိငွေနဲ့ စိုက်ထုတ်ပြီး သွားရောက် လှူဒါန်းပေးတာပါဟု အဆိုပါအဖွဲ့မှ ကိုမျိုးသက်နိုင်က ပြောကြားသည်။
ကျွန်တော်တို့အဖွဲ့သားတွေရဲ့ တတ်နိုင်သလောက် ထည့်ဝင်တဲ့ငွေတွေရယ်၊ မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပရောက် မြန်မာများ၊ အလှူငွေများဖြင့် အကူအညီပေးနေခြင်း ဖြစ်ပါသည်။ အခုဆိုရင် ကျွန်တော်တို့ စာရေးကိရိယာအတွက် ကျပ်၂၇သိန်းကျော်ဖိုး၊ စာကြည့်တိုက်အတွက် စာအုပ်ကျပ်၂ သိန်းဖိုး၊ ရေတွင်းရေကန်အတွက် ကျပ်(၁၆)သိန်းကျော် ဖိုးလောက် လှူဒါန်းပြီးပါပြီဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကလေးတက္ကသိုလ်မှ နည်းပြဆရာ ဦးအောင်ဆန်းလင်းက ပြောကြားသည်။
၁၇-၉-၂၀၁၄ ရက်နေ့ ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ မှ
Thursday, September 4, 2014
တွဲလက်များဖြင့် ကူညီမည် ””
““ တွဲလက်များဖြင့် ကူညီမည် ””
==========================
(မြတ်-ကလေး)
စာသင်ကျောင်းဟုခေါ်သော်လည်း လူနေအိမ်ကို အသွင်ပြောင်းထားခြင်းသာ ဖြစ်သည်။ ကျောင်းရှေ့တွင် အလံတိုင်တစ်ခုရှိသော်လည်း ကျောင်းပိတ်ရက်မို့ အလံလွှင့်ထူထားခြင်းမရှိ။ သို့သော် ထိုကျောင်းငယ်လေးမှ စာသင်ကြားနေသော အသံများ ထွက်ပေါ်လာသည်။
“ အပင်တွေကို သက်ရှိများလို့ ခေါ်ရင် မှန်လား၊ မှားလား(မှန်)၊ လူသည် တိရိစ္ဆာန်လို့ ခေါ်သည် ဆိုရင် မှန်လား မှားလား(မှန်) ” ဟု ကလေးများက ပြိုင်တူ အော်လိုက်ကြသော အခါ စာသင်ကြားပေးနေသူမှာ ပထမကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် မျက်နှာက ပြုံးစိစိဖြစ်သွားလေသည်။
ယင်းမှာ ကလေးမြို့နယ်၊ ရွာစည်ရွာသာအုပ်စု၊ ကဗျင်းချောက်ကျေးရွာရှိ မူလတန်းကျောင်း၏ ပစ္စက္ခ အခြေအနေဖြစ်ပါသည်။ ကျောင်းသားများမှာ တကယ့်အစစ်ကျောင်းသားများ ဖြစ်ကြသော်လည်း သင်ပေးနေသော ဆရာကတော့ အစစ်မဟုတ်။
ကလေးမြို့အခြေစိုက် တွဲလက်များ ပရဟိတအဖွဲ့ဝင် အစိုးရ၀န်ထမ်း တစ်ဦးဖြစ်ပြီး ကလေးငယ်များအတွက် စာရေးကိရိယာများနှင့် အဟာရဒါန (ကြက်သား ဆန်ပြုတ်) လာရောက်လှူဒါန်းစဉ်တွင် ကလေးများနှင့် ရင်းနှီးမှုရှိစေရန် စာသင်ကြားပေးနေခြင်း ဖြစ်သည်။
ကဗျင်းချောက်ကျေးရွာမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလကြိုးဝိုင်းအတွင်း တည်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးမှာ ကလေးမြို့နှင့် ပိုနီးသဖြင့် ကလေးမြို့နယ်အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ခွာလ်ဆင်း ချင်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာဖြစ်သည်။
၁၉၁၆ ခုနှစ်ကစတင်ရွာတည်နေထိုင်ခဲ့ကြပြီး လက်ရှိတွင် အိမ်ခြေ ၃၃ အိမ်၊ လူဦးရေ ၁၄၀ ဦးရှိကြောင်း၊ မူတန်းကျောင်းအား ၁၉၉၀ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထန်းပြန်းက ပြောပြသည်။
ထူးခြားသည်က ရွာရှိကျောင်းမှာ မူလတန်းကျောင်းဖြစ်သော်လည်း အတန်းစုံသင်ကြားပေးရခြင်းမျိုးမဟုတ်။ ယခုနှစ်တွင် သူငယ်တန်း၊ ပထမတန်းနှင့် တတိယတန်းကိုသာ သင်ကြားရပြီး ကျောင်းသားမရှိခြင်းကြောင့် ဖြစ်ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာ ဦးငွန်ဟဲရ်က ပြောဆိုသည်။
“ ကလေးတွေကို သင်ပေးရတာ မြန်မာစာပိုခက်တယ်။ ကျန်တဲ့ဘာသာတွေလည်း အခက်အခဲရှိပါတယ်၊ မြန်မာစကားရယ်၊ ချင်းစကားရယ်၊ ကျွန်တော်တို့ ခွာလ်ဆင်းစကားရယ် အဲဒီသုံးမျိုး ရောပြီးကာမှ သင်ပေးနေရတာ ” ဟု ၄င်းက ကလေးများကို ကြည့်ရင်း ပြောပြသည်။
ယခုနှစ်တွင် ကျောင်းအုပ်ဆရာမကြီးအပါအ၀င် ၀န်ထမ်းအင်အား သုံးဦးရှိပြီး ကလေးငယ် ၁၅ ဦးကို စာသင်ကြားပေးရကြောင်း၊ သူငယ်တန်း ရှစ်ဦး၊ ပထမတန်း နှစ်ဦးနှင့် တတိယတန်း ငါးဦးဖြစ်ကြောင်း၊ ကျောင်းနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးမှ မည်သည့်ထောက်ပံ့မှုမျိုးမှ မရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ ကဗျင်းချောက်ကျေးရွာအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၂ ဦးရှိပြီး ကလေးတက္ကသိုလ်တွင် ပညာသင်ကြားနေဆဲဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထန်းပြန်းက ပြောဆိုသည်။
တွဲလက်များ ပရိဟိတအဖွဲ့အား ကလေးမြို့ရှိ Online သုံးစွဲသော စာပေ၀ါသနာရှင်များ၊ သတင်းထောက်များဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ပညာသင်ကြားရန်ခက်ခဲချို့တဲ့သော ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း တွဲလက်များ အဖွဲ့ဝင် ဦးမျိုးသက်နိုင်က ပြောဆိုသည်။
“ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အဓိက ကူညီချင်တာ။ လက်ရှိမှာတော့ ချို့တဲ့တဲ့ကျောင်းတွေကို စာရေးကိရိယာတွေ လှူဒါန်းတာပဲ လုပ်နိုင်သေးတယ် ” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ သာစည်မိဘမဲ့ပရဟိတကျောင်း၊ အောင်ရွာဘုန်းတော်ကြီးသင် ပညာရေးကျောင်း(နှစ်ကြိမ်)၊ ကျွန်းတောရေရှင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(နှစ်ကြိမ်)၊ မြလင်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အေးရိပ်မွန် အမျိုးသမီး မိဘမဲ့ဂေဟာ၊ ဖောင်ကူးကျေးရွာ မူလတန်းကျောင်း၊ အိုးမြေထူးကျေးရွာ မူလတန်းကျောင်း၊ ကဗျင်းချောက်ကျေးရွာ မူလတန်းကျောင်းများသို့ စာရေးကိရိယာများ လှူဒါန်းနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ လှူဒါန်းမှုပေါင်း ၁၀ ကျောင်း၊ လှူဒါန်းငွေပေါင်း ၂၆ သိန်းခန့်ရှိပြီဖြစ်ကြောင်း၊ အွန်လိုင်းအလှူအဖြစ် စင်ကာပူရောက် ကလေးမြို့သူမြို့သားများ၊ ကိုရီးယားရောက် ကလေးမြို့သူမြို့သားများနှင့် မူဆယ်မြို့စသော ဒေသများမှ လှူဒါန်းမှုများ ရှိခဲ့ကြောင်း တွဲလက်များ၏ မှတ်တမ်းများအရ သိရသည်။
တွဲလက်များ ပရဟိတအဖွဲ့(ကလေးမြို့)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် ဦးမျိုးသက်နိုင်(၀၉၄၇၀၇၂၁၂၃)၊ ဦးအောင်ဆန်းလင်း (၀၉၄၀၀၄၆၅၁၁၁)နှင့် ကမ္ဘောဇ ဘဏ် အကောင့်နံပါတ် KBZ Bank Account No. 0481120000644 သို့ ဆက်သွယ်နိုင်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
မြတ်(ကလေး)
The Voice Weekly





























































.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)









