Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Monday, July 8, 2013

ချင်းတောင်ပေါ်က ပန်းရိုင်း

 ချင်းတောင်ပေါ်က ပန်းရိုင်း
@ မြန်မာ့ခေတ်
ကားလမ်းမှာ လျှပ်စစ်မီး အလင်းရောင် အလျဉ်းမရှိ။ ပျို့အန်လာမည့် ရောင်နီကို မျှော်လင့်ရင်း အမှောင်ထုက ကြီးစိုးနေဆဲပင် ဖြစ်သည်။အလင်းရောင်အားနည်းပြီး ကြမ်းတမ်းသော ခရီးလမ်းပေါ်တွင် အပျိုဖော်ဝင်စ မိန်းမငယ် ၃ ဦးခြေလျှင်ခရီးဖြင့် မနားတမ်း တရွေ့ရွေ့ ဆင်းလာနေသည်။၂၁ မိုင်ရှည်သည်။သစ်ခွပန်းပလိုင်းလေးကို ကျောပိုးလွယ်ပြီး လက်ထဲမှာလည်းပွင့်နေဆဲသစ်ခွပန်းပင်တွေကို ခပ်ဖွဖွဆုပ်ကိုင်ထားသည့် ကောင်မလေးများကိုမြင်လိုက်ရုံဖြင့် ချင်းတိုင်းရင်းသူလေးများဆိုသည်ကို သိပြီးသားဖြစ်၏။
ရိုးရာ ပလိုင်းလေးများကို ခေါင်းအားဖြင့် သယ်မ ထားကြသည်။လက်ထဲတွင်လည်း သစ်ခွပန်းကလေးများ ကိုယ်စီ ကိုင်ထားကြသည်။ သူတို့၏မျှော်လင့်ချက်က
ကလေးမြို့ပေါ်တွင် သစ်ခွပန်းများ ရောင်းရန်ဖြစ်သည်။
ဈေးရောင်းသည့် အချိန်တွင် တစ်စုတစ်စည်းထဲ ရောင်းကြခြင်းမဟုတ်။ တစ်ဦးချင်း လမ်းခွဲကာ ကလေးမြို့ထဲတွင်လှည့်လည်ရောင်းကြခြင်းဖြစ်သည်။သူတို့အထဲမှ အသက်အငယ်ဆုံး ကလေးမလေးမှာ အသက်(၁၄)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပေမည်။ အဖြူ၊အပြာ၊ အ၀ါနှင့် ရောင်စုံသစ်ခွပန်းစည်းများက
သူ့ကျောပေါ်ရှိ ပလိုင်းထဲတွင် ပြည့်နေသည်။
ကလေးမြို့သို့ရောက်သည့်အချိန်ကား မနက် ၇ နာရီ ရှိချေပြီ။ နေ၏ အလင်းရောင် ထွက်သည်နှင့်ပူစပ်စပ် နေရောင်က ကျလေသည်။ ခေါင်းဆောင်းစရာမပါသာ ချင်းတိုင်းရင်းသူကလေးမှာချွေးများစို့၍ မောပမ်းနွမ်းလျပုံပေါ်နေ၏။
ချင်းတောင်ပေါ်မှခူးလာပြီး တကူးတက လာရောင်းသည့် သစ်ခွပန်းလေးများကို တစ်စုံတစ်ယောက်များ ၀ယ်လေမလားဟူသည့် မျှော်လင့်ချက်သမ်းနေသောအကြည့်များ သူမ၏မျက်ဝန်းတွင်ပြေးလွှားနေသည်။
ဗမာစကား သိပ်မတက်ကြဘူးလေ။ မြို့ပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေတာ။ ၀ယ်ချင်တဲ့သူက ခေါ်တော့မှ သူတို့ သစ်ခွပန်းကိုရောင်းကြတယ်ဟု ကလေးမြို့မှ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။ အချိန်ကား နေ့လယ်(၁၁)နာရီခွဲခန့်ရှိနေပြီ။ နေအပူရှိန်က ပို၍ အားကောင်းလာသည်။ မြို့ထဲတွင် လှည့်လည်ရောင်းနေဆဲဖြစ်သည်။
ပန်းက နှစ်စီးကို ငါးရာပါဟု ချင်း အသံဝဲ၀ဲကလေးဖြင့် ထိုကလေးမက ဗမာလို ပြောသည်။သစ်ခွပန်း ဆယ့်နှစ်မျိုးခန့်ပါရှိပေသည်။ ပန်းများသည် အကြီး အသေး၊ အရောင်အသွေး မျိုးစုံလှသည်။ နှစ်ပင်ခန့်ကို တစ်စည်းသတ်မှတ်သည်။အပင်ကြီးသည့် ပန်းများကို တစ်ပင်တည်းဖြင့် တစ်စည်းသတ်မှတ်သည်။တောင်ပေါ်တွင် ပွင့်သည့် ပန်းများဖြစ်သည့်အတွက် ငွေရင်းစိုက်ထုတ်ရန်မလို။ သစ်ပင်အမြင့်ကြီးများထိပ်တွင် တွယ်ကပ်ပေါက်နေတတ်သော
သစ်ခွပန်းများကို စွန့်စားခူးယူခဲ့ကြရသည်။ နှစ်စီးကိုငါးရာဟုဆိုသော် ထိုကလေးမတွင် ပါလာသည့် ပန်းစည်းများအားလုံး၏ တန်ဖိုးမှာ
ကျပ် ခုနှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်သာရှိပေမည်။ နေမွန်းတည့်ချိန်သို့ ရောက်လုနီးပြီ။ ပုလိုင်းထဲတွင် ပန်းများက ထက်ဝက်ပင် မကျိုးလှသေး။ မောပန်းနွမ်းလျမှုနှင့်အတူ ဆာလောင်မွတ်သိပ်ခြင်းတို့က ပေါင်းဖက် နှိပ်စက်နေဟန်တူ၏။
အခု ချိန်ထိ ထမင်းမစားရသေးဘူး ဟု သူမ၏ ဗမာလိုပြောလိုက်သည့် အသံက ၀ဲသည့်အပြင် ရှက်စိတ်နှင့် သိမ်ငယ်စိတ်ကလေးများ ရောထွေးနေသည်။
သို့သော် နောက်ထပ်ပွင့်အန်လာသည့် စကားလုံးများထဲတွင် သူမ၏စိတ်ခွန်အားများကို ထိတွေ့ခွင့်ရလိုက်သည်။ ၉ တန်းအောင်ပြီး ကျောင်းနားထားရသည်ဟု ဆိုသော်လည်း နောက်နှစ်တွင် ကျောင်းပြန်တက်မည့် ရည်မှန်းချက်က ခိုင်မာနေသည်။ တတိယမြို့တော်ကြီးတွင် ၁၀ တန်းပြန်တက်ရန်အတွက် စိတ်အားထက်သန်နေသည်။မိသားစု စားဝတ်နေရေးအတွက်
သူ့ပုခုံးထက်မှာ သူနိုင်သမျှထမ်းနေခြင်းလည်းဖြစ်၏။
 ကျောင်းပညာဆက်သင်ယူဖို့ စိတ်ထက်သန်မှုပြင်းပြနေသော သစ်ခွပန်းရောင်းသူလေးကဲ့သို့ ပညာရေးနှင့် မိသားစုစားဝတ်နေရေးအတွက် ချင်းတောင်တန်းကြီးပေါ်တွင်မည်မျှရှိမည်ကို မခန့်မှန်းနိုင်တော့ပေ။
ယခုလိုမိုးရာသီတွင် ချင်းတောင်တစ်ခုလုံး ညှို့မှိုင်းအုံ့ဆိုင်းပြီး မိုးက သည်းသည်းထန်ထန်ရွာသွန်းတတ်ပေသည်။ ထိုကဲ့သို့ မိုးရွာလျှင်
ချင်းတောင်ကိုပြန်တက်ရမည့် အပြန်ခရီးက ခက်ခဲပင်ပန်းလှပေမည်။
သို့သော် ချင်းတောင်တန်းကြီးအိပ်တန်းမ၀င်ခင် ၂၁ မိုင်ဝေးသော အိမ်ပြန်လမ်းကို ခရီး နှင်ရပေဦးတော့မည်။
ကျော်သူစိုး(ကလေးမြို့)

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, June 12, 2013

ချင်းပြည်နယ်မှအပင်များ.."Stinking passion flower" စူကာ၊တောစူကာ၊ခြင်းကြားပင် ...မျိုးရင်းက Passifloraceae ပါ botanical name ကတော့ Passiflora foetida L. ပါ Habit: Climber/Creeper: ဖြစ်ပြီး Common Names ကတော့ Sukar-gale, Taw-suka.လို့ခေါ်ပါတယ်..ဆေးဖက်ဝင်အပင်လည်းဖြစ်တယ်.ဒီမျိုးရင်းဝင်အပင်တွေထဲက စားလို့ရတဲ့ ပင်မှဲ့သီး(Passiflora edulis Sims) ကတော့ လူသိများထင်ရှားလှပါတယ်၊ ချင်းပြည်နယ်တ၀ိုက်မှာတော့ ပင်မှဲ့သီးပင်တွေကို အိမ်ရှေ့မှာစဉ်ထိုးပြီး စိုက်ကြတယ်၊ ဒီအပင်ကတော့ Genus တူပြီး species ကွဲတဲ့ အရိုင်းပင်ပါ၊ သူ့အသီးကစားလို့မရပါဘူး၊ စူကာပင်လေးတွေက ကားလမ်းနဘေးမှာနွယ်အနေနဲ့ အရိုင်းပေါက်ကြတယ်၊ ခုလို မိုးရာသီမှာ ပွင့်ကြသီးကြပြီး နွေမှာတော့မတွေ့ရပါဘူး၊ အသီးက ခြင်းတောင်းအကြားလေးနဲ့တူလို့တချို့က ခြင်းကြားပင်လို့တောင်ခေါ်ကြပါတယ်၊ သူ့ရဲ့ Stigma နဲ့ anthers များက တခြားပန်းများနဲ့မတူ ထူးခြားလှပါတယ် (Thetnaingookalayun 6-13)

By- Dr.ThetNaingOo (Kalay University ) Facebook မှ

 

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းပြည်နယ်မှအပင်များ.."ခရမ်းပန်း"..မြန်မာလိုမသိလို့ ကိုယ့်ဘာသာ ပေးလိုက်တဲ့အမည်ပါ၊ သေသေခြာခြာကြည့်တော့ ခရမ်:အပွင့်နဲ့အရမ်းတူတာ၊ ဒါပေမဲ့သူက ပိုကြီးပြီးအရောင်ပိုတောက်တယ်၊ ပြီးတော့အဆုပ်လိုက်လည်းပွင့်တယ်၊ မျိုးရင်းက ခရမ်းမျိုးရင်း Solanaceae ပါ မျိုးစု Genus ကတော့ Solanum ဖြစ်ပါတယ်၊ species ကတော့ရှာဆဲပါ၊ အဝေးကကြည့်ရင်အရမ်းလှပါတယ်၊ ခုဟာက အပွင့်နဲနဲကျသွားပြီ၊ ကြို့သုံးပင်ကျေးရွာ၊ အိမ်တအိမ်ရဲ့ရှေ့မှာအလှစိုက်ထားတာပါ၊ မျိုးက တီးတိန်က ယူခဲ့ပြီးရအောင်စိုက်ထားတယ်လို့သိရတယ်၊ ကိုင်းချိုးပြီးစိုက်တာ ၃ ကိုင်းမှာတကိုင်းဘဲရှင်တာလို့ပြောပြတယ်၊ တီးတိန်မှာတော့ ပိုပြီးလှမှာပါ ရာသီဥတုအေးမြတာရော အစိုဓါတ်ပါဆိုတော့ပန်း ပိုခံမှာပါ၊ အိမ်ရှင် ချင်းအမျိုးသမီးကြီးကတော့ မင်္ဂလာဆောင်ပွဲတွေတောင် ဒီပန်းကို ပန်ကြတယ်လို့ပြောပြတယ်၊ ဘာဘဲပြောပြော PhD လုပ်နေတဲ့ ဆရာမလေးအတွက်တော့ ၀မ်းသာစရာ Specimen တခုပါ..(Thetnaingookalayuni:6-13)

By- Dr.ThetNaingOo (Kalay University ) Facebook မှ

 

 

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းပြည်နယ်မှအပင်များ..".ဗျောက်ပင်" .မြန်မာအမည်မရှိပါဘူး ( Family Acanthaceae ) ထဲကပါ တီးတိန်က ကောက်ယူခဲ့တယ်.. မြေပြန့်မှာပေါက်တဲ့ ဗျောက်ပင် (ခေါ်) နဂါးမှိုင်း Ruellia tuberosa နဲ့ အရမ်းတူပေမဲ့ species ကွဲပါတယ် ၊ အရွက်လည်းမတူပါဘူး ၊ အလေ့ကျပေါက်တဲ့ wild species တပင်ပါ...

By- Dr.ThetNaingOo (Kalay University ) Facebook မှ


ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, May 1, 2013

အရင်တုန်းကနဲ့ အခု

Min Di Min

      အရင်တုန်းက တစ်ပတ်နွမ်းကားလိုင်းတွေနဲ့ လမ်းကြမ်းကို ဖြတ်သန်းရင်း ခရီးသွားခဲ့ကြရတဲ့ ကလေးဒေသခံတွေဟာ ခုဆို အဆင့်မြင့် အဲကွန်းလေအိတ်ကားလိုင်းတွေ အလျှိုအလျှိုပေါ်လာလို့ စတိုင်ကျကျနဲ့ ခရီးသွားနိုင်ကြပါပြီ။ တစ်ချိန်တုန်းကဆိုရင် ခရီးသည်တင်လိုင်းတွေ ဘယ်လောက်များ တာဝန်မဲ့ခဲ့ကြသလဲဆို လမ်းမှာ ကားပျက်ရင်တောင် တာဝန်ယူပို့ဆောင်ပေးခြင်းမရှိခဲ့ကြ၊ ခရီးသည်သက်သာရေးထက် ကုန်ပိုတင်နိုင်ရေးသာ အရေးပေးခဲ့လို့ ခရီးသည်တွေမှာ ကားစီးနေစဉ် ခြေချခွင့်တောင်မရဘဲ တရားထိုင်သလို ထိုင်လိုက်ခဲ့ကြရ၊ အောက်က စပရိန်မွေ့ယာရွဲ့စောင်းနေတာကြီးကို ငယ်ပါစောင်းအောင် သည်းခံစီးခဲ့ကြရ ၊ ထွက်ချင်တဲ့အချိန်ထွက်လို့ ခရီးသည်အရေးကို တစ်စက်ကလေးမှ ဂရုမစိုက်ခဲ့ကြတဲ့ ကားဂိတ်များဟာ ခုဆို ဈေးလျှော့ပြီး ခရီးသည်ကို ဓားပြလို လိုက်လုနေကြရပါပြီ။ တစ်ချို့လည်း ခါတော်မီပြုပြင်ကြပြီး သူများလေအိတ်ဆို ကိုယ်လည်းလေအိတ်နဲ့ လိုက်ပြိုင်ကြပါတယ်။ ဘယ်လိုပဲပြိုင်ပြိုင် ခရီးသည်တွေအပေါ် စေတနာမထားခဲ့ကြတာမို့ သူတို့ရဲ့ သစ္စာရှိဖောက်သည်တွေကို စုဆောင်းမထားနိုင်ကြတာဟာ ရေရှည်မှာ ရည်တည်ဖို့လွယ်မှာမဟုတ်ပါဘူး။ ခရီးသည်တင်လိုင်းအသစ်တွေ ပေါ်လာတာ ၀မ်းသာစရာပါ။ လမ်းများကောင်းဦးမယ်ဆိုရင်တော့ ငွေရွှင်တဲ့ကလေးသားတွေဟာ နိုင်ငံပတ်နေကြဦးတော့မှာဖြစ်ပါတယ်။
      နောက်တစ်ခုက အထူးကုဆေးခန်းတွေ အလျှိုအလျှိုပေါ်လာတာပါပဲ။ ဒီမှာတော့ အထူးကုဆေးခန်းတိုင်းက ပါရဂူဆရာဝန်တွေကို အချိန်ပိုင်းနဲ့လိုက်ချိတ်ပြီး ထိုင်ခိုင်းရတာမို့ ထူးခြားတဲ့တိုးတက်မှု ရှိမလာပါဘူး။ လူနာကို ၃း၃၀ ချိန်းပြီး ဆရာဝန်က ည ၈ နာရီလောက်မှ ရောက်ချင်ရောက်တာမို့ သေစရာရှိရင် သေဖို့လုံလောက်ပါတယ်။ ဘယ်အထူးကုဆေးခန်းကမှ ပိုကောင်းတယ်၊ ပိုစိတ်ချရတယ်ဆိုတဲ့ သတင်းကောင်း ပြန့်မလာပါဘူး။ ဆေးခန်းတွေက စေတနာအရည်အသွေးမပြည့်ကြပေမယ့် မြို့ခံတွေကတော့ အထူးကုရောဂါစွဲနေကြပါပြီ။ ဘာဖြစ်ဖြစ် အထူးကုနဲ့မှ ပြချင်ကြတော့တာကလား။ အထူးကုဆရာဝန်ကြီးတွေဟာ ဆေးခန်းများမှာ အချိန်တွေပိုင်းထိုင်ကြပါတယ်။ စမ်းသပ်ခက လူနာတစ်ဦး ၅၀၀၀ ကျပ်ပါ။ ကျန်တဲ့ ဘာညာတွေလုံးဝမပါဘဲကို ပေးရတဲ့ကြေးပါ။ ဆေးခန်းတစ်ခန်းကတော့ သူတို့ဆီမှာ လူနာ ၁၅ ဦးပဲလက်ခံပါသတဲ့။ တစ်ချို့ဆေးခန်းတွေကတော့ ဆေးရောင်းရတဲ့အပေါ်ကနေ လူနာရှင်တွေဆီက ငွေသဲ့ယူကြပြီး အချို့ဆေးခန်းတွေကတော့ စွယ်စုံစစ်ဆေးချက်တွေနဲ့ သဲ့ယူကြပါတယ်။ လူနာဆိုတာကတော့ ဖြစ်လာရင် ကုန်မှာပဲလို့သဘောထားကြတာမို့ ငွေကုန်တာထက် စိတ်သက်သာရာရရေးတော့ မျှော်လင့်ကြပါတယ်။ ကျွန်တော့် သူငယ်ချင်းက သူ့ဆိုင်ကယ်နဲ့ထိခိုက်မိလို့အမျိုးသမီးတစ်ဦးကို ဆေးခန်းပြပေးတာ သွေးချို၊ ဆီးချို၊ နှလုံး၊ သွေးတိုး၊ စတဲ့ ရောဂါစုံ အကုန်စစ်ပစ်လိုက်တာ တစ်ခါတည်း ၂သောင်းခွဲကုန်ပါသတဲ့။ အစမ်းသပ်ခံရတဲ့ အမျိုးသမီးဟာ နောက်နေ့မှာ လေးလလောက်ငုပ်နေတဲ့ မီးယပ်တွေ ပြန်ပေါ်လာတယ်လို့ ပြသနာရှာတာမို့ နောက်ထပ်ဆေးဖိုး ငါးသောင်းထပ်ကုန်ကျခံရပါသတဲ့။
      ဗိုက်နာနာနေလို့ တောကနေတက်လာတဲ့ ခယ်မတော်ကတော့ အထူးကုနဲ့ပြပြီး အထွေထွေစစ်ဆေးမှု ခံယူ၊ စီတီစကင်ရိုက်ပြီး နောက်နေ့အဖြေသိဖို့ ပြန်ချိန်းတာ ဆရာဝန်ကြီးရောက်မလာလို့ ည ၁၀နာရီခွဲထိ စောင့်ခဲ့ရပါတယ်။ နောက်နေ့လည်း အဲဒီဆရာဝန်ကြီး လာဖို့မသေချာတာမို့ လက်ထောက်ဆရာဝန်နဲ့သာ အဖြေတွေသိဖို့ပြခဲ့ရပါတယ်။ ညည နာလွန်းလို့မအိပ်နိုင်တဲ့သူ့အတွက် တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပါတယ်။ ဆရာဝန်ကြီးနဲ့ပြထားတာမို့ ဗမာဆေးလည်းမတိုက်ရဲ၊ ဘာဆက်လုပ်ရမှန်းလည်းမသိဖြစ်ကြရပါတယ်။ အထူးကုဆေးခန်းက စာရေးမလေးလည်း လူနာနဲ့ ဆရာဝန်ကြားမှာ ဗျာများရပါလေတယ်။

      ကျွန်တော့်ရဲ့ ဇနီးသည်မိခင်လောင်းကိုတော့ စစ်ဆေးရုံက အထူးကုနဲ့အပ်ထားပါတယ်။ ပြုစုစောင့်ရှောက်မှု အလွန်ကောင်းတယ်လို့ စစ်ဆေးရုံဟာ ခုတစ်လော နာမည်ရနေပါတယ်။ ပြည်သူ့ဆေးရုံက အရပ်သားဆရာဝန်များ ကောင်းတဲ့ဘက်ကို ယှဉ်နိုင်ကြစေချင်ပါတယ်။ ခွဲခကတော့ တစ်သိန်းလောက်ကျနိုင်တယ်လို့ အရင်တက်ဖူးသူများက ကြိုတင်ရှာဖွေထားဖို့ သတိပေးထားလေရဲ့။ ဇနီးသည်ကတော့ စစ်သားဆရာဝန်လေးငါးယောက်က ၀ိုင်းပြီး မွေးပေးကြမယ့်အဖြစ်ကို ကြိုတွေးလို့ ရှက်နေရှာပါတယ်။ ရွာပြန်ပြီး အရပ်လက်သည်နဲ့မွေးမယ် တကဲကဲလုပ်နေလို့ ကျန်းမာရေးကိစ္စပဲ ၊ ရှက်မနေနဲ့လို့ပြောထားရပါတယ်။

      သေချာတာကတော့ ကလေးမြို့ ဆေးခန်းတွေနဲ့ ဆေးဝန်ဆောင်မှုဟာ ပြသနာများစွာရှိနေဆဲပါပဲ။

      ကားလိုင်းအသစ်တွေ တိုးလာလို့ ခရီးသွားရတာအဆင်ပြေသလို အထူးကုဆေးခန်းတွေလည်းတိုး၊ လူနာတွေလည်းအဆင်ပြေစေချင်ပါတယ်။ စေတနာနဲ့ကုသပေးပြီး သစ္စာရှိဖောက်သည်တွေ စုမထားနိုင်ကြရင်တော့ နာမည်ကောင်းကျန်မှာမဟုတ်သလို ရေရှည်လည်း မြဲနိုင်ကြမှာမဟုတ်ပါဘူး။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, April 23, 2013

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု (၆)

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု


ဆက်လက်ဖတ်လိုလျှင် ....>>

Friday, April 19, 2013

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု (၅)

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု


ဆက်လက်ဖတ်လိုလျှင် ....>>

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု (၄)

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု




ဆက်လက်ဖတ်လိုလျှင် ....>>

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု (၃)

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု


ဆက်လက်ဖတ်လိုလျှင် ....>>

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု (၂)

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု


ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, April 18, 2013

New Apk File

အခုသုံးနေတဲ့ Apk File လေး အဆင်မပြေရင် အောက်က လင့်မှာ ဒေါင်းပါ ... Last Version ပါ ။
ဒေါင်းရန်

ဆက်လက်ဖတ်လိုလျှင် ....>>

2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု

 2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု

ထိုမာသင်္ကြန်မှာပါ ဘော်စကို လက်ရာလေးပါ

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။