Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Saturday, May 7, 2016

မေလ ၇ရက်နေ့ ညနေ၃ နာရီ ခွဲ ခန့်က ကလေးမြို့တွင် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွင် နေအိမ် (၅)လုံးမီးလောင်ဆုံးရှုံး

မေလ ၇ရက်နေ့ ညနေ၃ နာရီ ခွဲ ခန့်က ကလေးမြို့တွင် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွင် နေအိမ် (၅)လုံးမီးလောင်ဆုံးရှုံး

ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ ၅ သဇင်လမိးနှင့် မြစိမ်းရောင် လမိးဒေါင့်  တွင်မေလ ၇ရက်နေ့ ညနေ ၃ နာရီခွဲ  ခန့်က မီးလောင်ကျွမ်း မှုတစ်ခု ဖြစ်ပွား ခဲ့သည်။

အဲဒီမီးလောင်မှုမှာ အိမ်(၅)လုံး ဂိုထောင် ၁ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါသည်။

မည်သည့်အကြောင်းကြောင့် မီးလောင်ကျွမ်းခဲ့သည်ကိုမသိရသေးပေ။

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းတောင်ပေါ်တွင် ရှိ သော မြေပြိုဆည်နှင့် ပတ်သက်လို့ အစိုးရအဆက်ဆက် အနေ နှင့် ဆောင်ရွက်ပေးမှု နှောင့်နှေးနေ

ချင်းတောင်ပေါ်တွင် ရှိ သော မြေပြိုဆည်နှင့် ပတ်သက်လို့ အစိုးရအဆက်ဆက် အနေ နှင့် ဆောင်ရွက်ပေးမှု နှောင့်နှေးနေ
#######################################################

ချင်းတောင်ပေါ်တွင် ရှိသော မြေပြိုဆည် ( မြေပြိုကန် ) များ နှင့် ပတ်သက်၍ အစိုးရအဆက်ဆက် အနေ နဲ့ ဆောင်ရွက်ပေးမှု  နှောင့်နှေးနေသော ကြောင့် ဒေသခံများ စိုးရိမ်မှု ရှိ လာပြီး လာမည့် မိုးရာသီ ကာလအတွင်း စိုးရိမ်မှု မရှိ စေရန် နှင့် ဒေသခံ ပြည်သူလူထု အနေ နှင့် ကလည်း ကြိုတင်ကာကွယ်မှု များ မည်ကဲ့ သို့ ဆောင်ရွက်ရမည်ကို အသိပညာပေးမှု များ လိုအပ်နေသေး သည်ဟု သိရှိရပါသည် ။
“ ကျမအနေ နဲ့က မြေပြိုဆည် အတွက် တင်တာ ဒါ ပထမဆုံးအကြိမ်ပါ ။ မြေပြိုဆည် တစ်ခု ထဲ တင်မဟုတ်ပါဘူး ။ကျမတို့ က မုန်း ၊ ကျီးအုံကျီးဝ ၊ နဲ့ ရာဇဂြိုဟ်ရော ချင်းတောင်ပေါ်မြေပြိုကန် တွေ အတွက် ရော ပြောမှာပါ ။ လွှတ်တော်က ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ လက်ခံလိုက်ပါတယ် ။ ၂၀၁၅  မိုးရာသီ တုန်းက ညဖက်ကြီး မှာ မြေပြိုဆည် ကျိုးပြီး ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟားခါးလေး ကျေးရွာ ကို ရွှံ့နွံ တွေ ကျရောက်ခဲ့ တယ် ။ ကံကောင်းလို့ သာ လူအသေအပျောက်မရှိ ခဲ့ပေမယ့် တစ်ရွာလုံး နီးပါး ပျက်စီးခဲ့တယ် ။ ဒီလို အခြေအနေ တစ်ခု မှာစိုးရိမ်ပူပန်စရာ တွေ အများကြီးရှိလာပြီ။ ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ရန် အတွက်ကလည်း အင်မတန်မှ အရေးကြီးလာတယ် ။ အဲဒီ အချိန်တုန်းက ဆောင်ရွက်ခဲ့တဲ့ အစိုးရ အနေ နဲ့ ကော လက်ရှိ ဆောင်ရွက်နေတဲ့ အစိုးရအနေ နဲ ရော ဒီကိစ္စတွေ  ရဲ့ အပေါ် မှာ သေသေချာချာ ဆောင်ရွက်ပေးခဲ့တာ မတွေ့ခဲ့ရဘူး ။ အခုအချိန် ဟာ မိုးလည်း ကျဖို့ ရာနီးပြီ ဆိုတော့လည်း စိုးရိမ် ပူပန်မှု တွေ ရှိလာပါတယ် ဒီ့အတွက်  လွှတ်တော် အတွင်းမှာ အရေး တကြီး အဆို တင်သွင်းမှာပါ ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ ပြောကြားခဲ့ပါသည် ။ မြေပြိုဆည် နှင့် ပတ်သက်၍ ဧပြီလ အတွင်းက လူကယ်ပြန်ဝန်ကြီး နှင့် အဖွဲ့ ကလေးမြို့ သို့ လာရောက်ခဲ့ ပြီး လူမှုအဖွဲ့အစည်းများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည် ။
မြေပြိုဆည် နဲ့ ပတ်သက်ပြီး  ဖြစ်ကတည်းစ ပြီး အော် ကြတာပဲ ၊ အရင် အစိုးရ လက်ထက်ကရော ၊ လက်ရှိအစိုးရလက်ထက်မှာ ရော မြေပြိုဆည် ကို သွားပြီးတော့ လေ့လာပြီး သွားပြီ ။ လေ့လာပြီး သွားတဲ့ အပေါ်မှာ ဘာမှ အကောင်အထည် ဖော် ဆောင်ရွက်ခြင်းမရှိသေးဘူး ။ အဲဒီအတွက် အားရကျေနပ်ခြင်း မရှိ ဘူး ။ အစိုးရ အသစ်ကလည်း ရက်တစ်ရာ ထဲမှာ ပါတယ်လို့ သာပြောတာ အခု အချိန် တော့ မြေပြိုဆည်နဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် ကိုင်တွင်ဖြေရှင်းတာ မရှိသေးဘူး ။ ဒီအတွက် ကလေးမြို့မှာ ရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ရော ဒေသခံတွေ အနေ နဲ့ ရော စိုးရိမ်ကြောင့်ကျမှုတွေ ရှိ နေပါပြီ ။ မေလ နောက် ဆုံး အပတ် အတွင်းလောက် မှာ မှ အကောင်အထည် ဖော် ဆောင်ရွက်ခြင်း မရှိဘူး ဆိုရင်တော့ တောင်းဆိုသင့်တဲ့ ကိစ္စ ဖြစ်လို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ဖို့ အတွက် တော့ အစီအစဉ်တွေ ဆွဲထားပြီးပြီ ။ အဓိက လုပ်ရမှက တော့ အသိပညာပေး ကိစ္စတွေ ပေါ့ ။ မြေပြိုဆည် ကြီး ပေါက်ကျ လာလို့ ရှိရင် ဘယ်လိုလုပ်ရမလဲ ၊ သဘာဝဘေးဒဏ် ကျရောက်လာလို့ ရှိရင် ဘယ်ဒေသတွေက ဘယ်လို ဖြစ်နိုင်တယ် ဆိုတာ တာဝန်ရှိတဲ့ ၀န်ကြီးဌာန တွေက တာဝန်တွေ ခွဲဝေ လုပ်သင့် ပြီး အခုအချိန်မှာ စလုပ်သင့်နေပြီ ။ မြေပြိုဆည်ကြီးကို ဖောက်ချတာ မဖောက်ချတာ ဆိုတာ မစဉ်းစားနဲ့အုန်း မြေပြိုဆည်ကြီး နဲ့ ပတ်သက်လို့ ချင်းပြည်နယ်ဖက်ကရော စစ်ကိုင်းတိုင်းဖက်ကရော ရှိတဲ့ ပြည်သူလူထုတွေကို ဘာမှ အသိပညာပေး လုပ်ငန်းတွေ မလုပ်နိုင်သေးဘူး ။ အဓိက ဆောင်ရွက်သင့်တာက တော့ အသိပညာပေးလုပ်ငန်းတွေ လုပ်ရမယ် ။ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး အတွက်ဘယ်လို အစီအစဉ်တွေ ရှိတယ် ဆိုတာ ချပြထားရမယ်။ ကယ်ဆယ်ရေး အတွက်လည်း ကလေးမြို့မှာ ထိထိ ရောက်ရောက် လုပ်ထားသင့်နေပါ ပြီ ။ အဓိက အစိုးရအနေ နဲ့ အလုပ်သင့်ဆုံးက သဘာဝဘေးအန္တရယ် နဲ့ ပတ်သက် တဲ့ အသိပညာပေးလုပ်ငန်းစဉ်တွေ ၊ သဘာဝဘေးဒဏ် တကယ်တမ်း ကျရောက်လာခဲ့ပါက ကူညီထောက်ပံ့ပေးမှု လုပ်ငန်းစဉ်တွေ ကို ကြိုတင်ပြင်ဆင်တဲ့ အနေ နဲ့ အားသွန်ခွန်စိုက် လုပ်သင့်နေပြီလို့ ထင်ပါတယ် ။မြေပြိုဆည်နဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လိုပုံစံမျိုး အကောင်အထည် ဖော် ဆောင်ရွက် မယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ချပြသင့်ပြီ ။ အခု အချိန်မှာ လုပ်မယ် ဆိုလို့ ရှိရင်လည်း မိုးကလည်း ကျနေပြီ ဖြစ်တဲ့ အတွက် ရာဇဂြိုဟ်ဆည် အနီးမှာ ရှိတဲ့ ဒေသခံ တွေ နဲ့ မြေပြိုဆည် အနီးမှာ ရှိတဲ့ ဒေသခံ တွေ ကို အသိပညာပေးလုပ်ငန်း ၊ ကယ်ဆယ်ရေးလုပ်ငန်း ၊ သဘာဝဘေးဒဏ် ကိုဘယ်လို ကာကွယ်ရမယ် ဆိုတာ တွေ လုပ်ပေးနေသင့်ပြီ ။ ” ဟု အထက်ချင်းတွင်းလူငယ်ကွန်ယက်မှ ကိုကျော်သက်ဝင်း မှ ပြောကြားခဲ့ပါသည် ။

Eleven Media Group

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, May 5, 2016

ကလေးဝမြို့တွင် ဆေးရုံအုပ် လစာထုတ်ယူသော်လည်း တာဝန်ထမ်းဆောင်ခြင်းမရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမှာ တာဝန်ကျတဲ့ ဆေးရုံအုပ်က လစာထုတ်ယူပြီးပေမဲ့ ဒီနေ့ထိ duty ဝင်ရောက်ခြင်းမရှိသေးပါ အထက်ကို တိုင်ကြားထားတယ်လို့ သိရပါတယ် အရေးယူ ဆောင်ရွက်ခြင်းမရှိတာက မြို့ခံလူတွေရဲ့ ကျန်းမာရေးကို ထည့်မတွက်ကြတာလား
အရေးမပါဘူး ဂရုစိုက်စရာမလိုဘူးလို့များ ယူဆထားကြတာလားဗျ

ဆက်လက်ဖတ်လိုလျှင် ....>>

မြေပြိုဆည် ကိစ္စယနေ့လွှတ်တော်ချယ်နယ်တွင်ကြည့်ရှုနိုင်

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာ အနောက်ဖက်ရှိ ၂၀၁၅ခုနှစ်အတွင်း မြေပြို၍ ဖြစ်ပေါ်လာသော သဘာဝ မြေပြိုဆည်နဲ့ပါတ်သက်ပြိး ဒီနေ့ ပြည်သူ့လွတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေး မေးမြန်းကြပါမယ်တဲ့....
      ကလေးသားမျှား လွတ်တော်ချယ်နယ်ကို စောင့်ကြည့် နိုင်ကြပါတယ်ခင်ဗျား။

ThantZinLynn. ..ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, May 4, 2016

၂၀၁၆ မေလ ၄ရက်နေ့ မိုးလေ၀သ သတင်းများ

ယနေ့မိုးလေ၀သ အခြေအနေ များ စုစည်းထားမှုပါ ။ မိုးဇလဌာနခန့်မှန်းချက် ၊ ဦးဌေးတင့်ခန့်မှန်းချက် နှင့် ဆရာဦးထွန်းလွင် တို့ ရဲ့ ခန့်မှန်းချက်များ နဲ့ လူကယ်ပြနှ် ဌာန ရဲ့ ကြိုတင်အသိပေး နှိုးဆော်ချက်များ တစုတစည်းထဲ ဖတ်ရှုနိုင်ပါတယ် ။

==================================================
အနောက်မြောက်ဒေသ အတွက် မိုးရွာသွန်းဖို့ ရှိပြီး ချင်းပြည်နယ်မှာ မြေပြိုမှုကို သတိထား စောင့်ကြည့်ရမှာ ဖြစ်သလို ချင်းပြည်နယ် တွန်းဇံမြိုနယ် အတွင်းက မြေပြိုဆည်ကို လည်း သတိထား စောင့်ကြည့် သွားရမှာပါ ။ ယနေ့ ( ၂၀၁၆ မေလ ၄ ရက် နေ့လည် ၁၂ နာရီ မေးမြန်းချက်များ အရ ဟားခါးမြို့မှာလည်း မိုးရွာသွန်းပါတယ်။ ( မိနစ် ၂၀ ခန့် ကြာချိန်ရှိပါတယ် ) အခု တော့ နေပွင့်နေပါတယ် ။ အဲဒီအချိန် နဲ့ မရှေးမနှောင်း လိုင်ဗား ( ဟားခါး နဲ့ ဖလမ်းမြို့ ကြား ) မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။ ဖလမ်းမြို့မှာ တော့ မိုးရွာသွန်းမှု ရှိပြီး လက်ရှိမှာ နေသာနေပါတယ် ။ချင်းတောင်ခြေ ကလေးမြို့မှာ တော့ နေ့လည် ၁၂ နာရီက စတင်ပြီး မိုးအုံ့နေပါတယ် ။

၂၀၁၆ မေလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီ ဦးဌေးတင့် ပို့စ်မှ
၎ ရက်နေ့  မေ ၂၀၁၆
မြန်မာပြည် အထက်ပိုင်း
တိမ် အသင့်အတင့် ဝင်ရောက်နိုင်ပါသည် ။

ဟားခါးဒေသ ရုတ်တရက် မိုး ၁၀ နာရီ ကျော်နိုင် ။

ဖါးကန့်  မှ အထက် ရှင်ဂါးလုံး တနိုင် အတွင်းဒေသ
မိုးကုတ် နဲ့  မေမြို့ ကြား အများဆုံးရွာနိုင်
တံတားဦးမှ အနောက်ဖက် ဂွေးကုန်း နဲ့ 
တောင်ဖက် မလှိုင်မြို့  အတွင်း
တောင်သာ ဝဲလောင် ဒေသတွင်း နဲ့ 
အထက်မြန်မာပြည် နေရာကွက်ကြား
မိုးအနည်းငယ်ရွာနိုင် ။

၎ ရက်နေ့  ကောင်းကင် မိုးကြိုးက
အိန္ဒိယ သွားလည်နေပြီး
၅ ရက် နေ့  မြန်မာပြည် ပြန်လာမယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++
အနောက်မြောက်ဖက်က မိုးတိမ်တောင်
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသများအတွက် နှိုးဆော်ခြင်း။
၎-၅-၂၀၁၆
နံနက်(၇း၂၂)နာရီ

တိဗက်ကုန်းမြေမြင့်ပေါ်သို့ ထိုးဆင်းလာသော မြောက်ဖက်ကလေအေးများအတွင်းသစို့ အိန`ိးယနိုင်ငံမြောက်ပိုင်းမှ အပူပိုင်ူေးသလေနွေးများတိုးဝင်မှုကြောင့် ဟိမ၀န္တာတောင်ခြေတလျှောက်တွင် မိုးတိမ်တောင်များတန်းစီ၍ ဖြစ်ပေါ်လာနေပါတယ်။ အဆိုပါ မိုးတိမ်တောင်များဟာ အနောက်မှ အရှေ့ဖက်ကိုေ၇ွ့လျှားရင်း ပိုမိုအားကောင်းလာနေကြပါတယ်။

(၄-၅-၂၀၁၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် တိုင်းတာချက်များအရ တိမ်ထိပ်အပူချိန် (-60°C) အထိကျဆင်းအောင်မြင့်မားနေတဲ့ မိုးတိမ်တောင်ကြီးတစ်ခုဟာ မြန်မာနိုင်ငံအတွင်းကို ချင်းပြည်နယ်မှ တစ်ဆင့်ဝင်ရောက်လာနှိုင်ပါတယ်။

အဆိုပါတိမ်တိုက်ရဲ့အရှိန်ကြောင့် ယနေ့ နံနက်(၆)နာရီနခွဲမှစ၍ နောက်(၂၄)နာရီအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင် မိုးအသင့်အတင့် ရွာသွန်းနှိုင်ပြီး ခေတ္တခဏမျှ မိုးသည်းထန်နှိုင်ပါတယ်။ တစ်နာရီလျှင် မိုင်(၃၀-၃၅)မိုင်ခန့်ပြင်းထန်သော မိုးသက်လေပြင်းများလည်း တိုက်ခတ်နှိုင်ပါတယ်။
ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်တို့ရဲ့မြစ်ဖျားပိုင်းတို့တွင် ရေများမြင့်တက်လာနိင်ပြီး၊ မိုးသည်ထန်ပါက ချင်းပြည်နယ်တွင် မြေပြိုနှိုင်မှုတို့ကို သတိထားကြရန် နှိုးဆော်အပါပါတယ်။

ဒေါက်တာထွန်းလွင်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မန်မာနိုင်ငံအတွက် ၂၀၁၆ ခုနှစ်၊ မေလ(၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၅)ရက်ပတ်အလိုက်
မိုးရွာသွန်းနိုင်မှု နဲ့ နေ့အပူချိန် အခြေအနေများ ။

မိုးရွာသွန်းနိုင်မှုအခြေအနေ့ ခန့်မှန်းချက်

ပထမ(၅)ရက်ပတ်ဖြစ်တဲ့ မေလ (၂)ရက်မှ (၆) ရက်နေ့အတွင်း - မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ (ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး)တို့မှာ မိုးဆက်လက်ရွာသွန်းပြီး ရွာသွန်းမြဲ မိုးရေချိန်ထက် ပိုနိုင်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ မိုးပိုမိုရရှိနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ မိုးရွာသွန်းမှု လျော့နည်းမှု ရှိနိုင်ပါတယ်။

ဒုတိယ(၅)ရက်ပတ်ဖြစ်တဲ့ မေလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အတွင်း - မြန်မာမြောက်ပိုင်းဒေသများ(ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးဆက်လက်ရွာသွန်းပြီး ကချင်ပြည်နယ်မှာတော့ ရွာသွန်းမြဲမိုးရေချိန်ထက် အနည်းငယ်ပိုနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ မိုးရွာသွန်းမှု ဆက်လက်လျော့နည်းနိုင်ပါတယ်၊

တတိယ(၅)ရက်ပတ်ဖြစ်တဲ့ မေလ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အတွင်း - ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှအပ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ မိုးရွာသွန်းမှုများ ရှိလာသော်လည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာသာ ရွာသွန်းမြဲ မိုးရေချိန်များထက် မိုးပိုမိုရရှိနိုင်ပြီး ကျန်ဒေသများမှာတော့ ရွာသွန်းမြဲ မိုးရေချိန်အောက်သာ မိုးရရှိနိုင်ပါတယ်။

စတုတ္ထ(၅)ရက်ပတ်ဖြစ်တဲ့ မေလ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း - တစ်ပြည်လုံးမှာ မိုးရွာသွန်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှာ ရွာသွန်းမြဲ မိုးရေချိန်ထက် ပိုနိုင်ပါကြောင်း သင်္ချာပုံစံ ခန့်မှန်းချက်များကို ဖော်ပြအပ်ပါတယ်။

အနောက်တောင်မုတ်သုံလေ ၀င်ရောက်နိုင်မှု အခြေအနေ ..

မေလ(၁၅)ရက်ခန့်မှာ အီကွေတာကို ဖြတ်ကျော်တိုက်ခတ်တဲ့ အနောက်တောင်လေများ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိလာနိုင်တဲ့အတွက် မေလ ဒုတိယဆယ်ရက်ပတ်အတွင်းမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို စတင်ဝင်ရောက်ဖို့ အလားအလာများပါကြောင်း စိုက်ပျိုးရေးလုပ်ငန်းအပါအ၀င် ရာသီဥတုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းများအား အသိပေးအပ်ပါတယ်။

မိုးရွာသွန်းမှုများကြောင့် နေ့အပူချိန်များလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။

- ဖော်ပြပါ မိုးလေ၀သအခြေအနေများမှာ (၅)ရက်ပတ်အလိုက် ပျမ်းမျှအခြေအနေ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ နေ့အလိုက် မိုးလေ၀သ ခန်မှ့န်းချက်များကိုတော့ နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါတယ်။

- မေလ (၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ ခန့်မှန်းချက်များဟာ လက် ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေ၀သအခြေအနေများအပေါ် အခြေခံထားတဲ့ သင်္ချာပုံစံ ခန့်မှန်းချက်များ ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ မိုးလေ၀သဖြစ်စဉ်များကြောင့် ခန့်မှန်းချက်များလည်း ပြောင်းလဲသွားနိုင်ပါ တယ်။ ဒါကြောင့် update ခန့်မှန်းချက်များကို အသိပေးသွား မှာ ဖြစ်ပါတယ်။

(၄-၅-၂၀၁၆)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထူးခြားမိုးလေ၀သဖြစ်စဉ်များနှင့်ပတ်သက်၍ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း
=========================================================
၁။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏(၂-၅-၂၀၁၆)ရက်နေ့ ထူးခြားမိုးလေဝသအခြေအနေထုတ်ပြန်ချက်များအရလည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏လေ့လာဆန်းစစ်မှုများအရလည်းကောင်း၊ ပြင်ပပညာရှင်များ၏ ခန့်မှန်းချက်များအရလည်းကောင်း၂၀၁၆ ခုနှစ် မေလ (၃) ရက်နေ့မှ (၇) ရက်နေ့အထိတိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ထူးခြားမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပြီးအဆိုပါမိုးလေဝသဖြစ်စဉ်များကြောင့်လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်းစသည့်မိုးလေ၀သဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ပြည်သူလူထုများအနေဖြင့် ယခုဖြစ်ပေါ်လျက်ရှိသောထူးခြားရာသီဥတုဖြစ်စဉ်များနှင့်ဆက်စပ်၍ဖြစ်ပေါ်လာနိုင်သောလေပြင်းတိုက်ခတ်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးသီးကြွေကျခြင်း၊မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍အောက်ပါအချက်များကိုအထူးသတိပြုလိုက်နာနေထိုင်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်-
- မိုးသည်းထန်စွာရွာသွန်းခြင်းများမှတဆင့်မြစ်ရေချောင်းရေများရုတ်တရက်တိုးလာခြင်းများဖြစ်ပေါ်လာနိုင်ပါသဖြင့်မြစ်ချောင်းများအနီးတွင်နေထိုင်ခြင်းမှခေတ္တရှောင်ရှားပါ။
- အလားတူပင်ရုတ်တရက်မိုးသည်းထန်ခြင်းကြောင့်တောင်ပေါ်ဒေသများ၌မြေပြိုခြင်းများ၊လမ်းပိတ်ဆို့မှုများ၊လမ်းချော်မှုများဖြစ်ပွားနိုင်သဖြင့်တောင်တက်သမားများ၊တောင်ပေါ်နေဒေသခံပြည်သူများ၊ခရီးသွားများအနေဖြင့်အထူးသတိပြုသွားလာနေထိုင်ပါ။
- လေပြင်းတိုက်ခတ်ခြင်းများကြောင့်သစ်ပင်၊သစ်ကိုင်းများကျိုးကျနိုင်ခြင်း၊မိုးကြိုးပစ်မှတ်ဖြစ်နိုင်ခြင်းများကြောင့်သစ်ပင်ကြီးများအောက်တွင်ခိုလှုံခြင်းမှရှောင်ရှားပါ။
- လယ်ကွင်း၊ကွင်းပြင်ထဲနေထိုင်ခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ပါ။
- မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အ၀တ်ထူများဝတ်ဆင်သွားပါ။ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားပါ။ အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေပါ။
- အိမ်အမိုးများကိုခိုင်ခံအောင်ပြန်လည်ပြင်ဆင်ပါ။
- အိမ်မွေးတိရစ္ဆာန်နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဉ်ပါ။
- မိုးရွာသွန်းနေစဉ်၊မိုးခြိမ်းနေစဉ်၊လျှပ်စီးလက်နေချိန်များတွင်ဖုန်းများကိုအသုံးမပြုသင့်ပါ။
- တီဗွီ၊ရေဒီယို၊လျှပ်စစ်ထမင်းအိုး၊လျှပ်စစ်မီးပူနှင့်ကွန်ပျူတာစသည့်လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကိုလည်းခလုတ်ပိတ်၍ပလပ်ဖြုတ်ထားသင့်ပါသည်။
- သစ်ပင်၊ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင်မနေသင့်ပါ။လျှပ်စစ်စီးကူးလွယ်သည့်
ပစ္စည်းများနှင့်ဝေးရာတွင်နေထိုင်ပါ။
- ကွင်းပြင်တွင်ထီးထီးကြီးမနေပါနှင့်။မလွဲသာမရှောင်သာဘဲကွင်းပြင်နှင့်လွင်တီးခေါင်အလယ်တွင်ရောက်နေပါကလျှပ်စီးလက်၍မိုးထစ်ချုန်းသံများကြားလျှင်ရပ်မနေဘဲနီးစပ်ရာနိမ့်သောနေရာများနှင့်ချိုင့်ဝှမ်းများအတွင်း၌၀ပ်နေပါ၊ကွင်းပြင်နှင့်လယ်ကွင်းများတွင်ဆောင့်ကြောင့်ထိုင်၊ဒူးနှစ်ဖက်ပေါ်လက်တင်၍ခေါင်းငုံ့ထားပါ၊
- သင့်ဆံပင်များထောင်နေသည်ဟုစတင်ခံစားရပါကမိုးကြိုးပစ်တော့မည့်လက္ခဏာဖြစ်သည်။ထိုသို့ဖြစ်ပွားပါကဒူးထောက်ချလိုက်ပြီးသင့်လက်နှစ်ဖက်ကိုဒူးပေါ်သို့ယှက်တင်၍ခန္ဓာကိုယ်ကိုကွေးညွှတ်ထားပါ၊မြေပြင်ပေါ်တွင်ပြားပြားဝပ်မှောက်မနေပါနှင့်။ထိုသို့မှောက်နေပါကသင့်ခန္ဓာကိုယ်သည်ပိုကြီးမားသောမိုးကြိုးပစ်မှတ်ဖြစ်သွားနိုင်ပါသည်။
၃။ ပြည်သူလူထုများအနေဖြင့်ထူးခြားရာသီဥတုဖြစ်စဉ်အခြေအနေများ၊ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုအခြေအနေသတင်းထုတ်ပြန်ချက်များကိုစဉ်ဆက်မပြတ်လေ့လာသတင်းရယူ၍ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ကြပါရန်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအထူးမေတ္တာရပ်ခံအသိပေးနှိုးဆော်အပ်ပါသည်။

(လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆက်လက်ဖတ်လိုလျှင် ....>>

ကလေးနှင့် မော်လိုက်ကြားက သမိုင်းဝင် ရဟန္တာလက်ဆေးကန်။

ကလေးနှင့် မော်လိုက်ကြားက သမိုင်းဝင် ရဟန္တာလက်ဆေးကန်။

ယောဇနတိုင်း အရိမညမြို့နှင့် နွယ်ပတ်မြို့ (ယခု ရာဇဂြိုဟ်ရွာနေရာ)တို့ကို အစစွာဦး တည်ထောင်ပေသော အဇာတသတ်မင်း၏ အမျိုးအနွယ် ဇလာမိကသည် အဖသတ်အမျိုးဟူ၍ ရာဇဂြိုဟ်ပြည်သူနှင့် မှူးမတ်များက နှင်ထုတ်လိုက်ကြသဖြင့် မူလအရပ် မဇ္ဈိမဒေသမှ ကလေးလွင်ပြင်သို့ ထွက်ပြေးလာစဉ်က ရဟန္တာ မထေရ်ကြီးများကို ပင့်ဆောင်လာခဲ့သော ဟူ၏။ ထိုရဟန္တမထေရ်ကြီးများသည် ကလေးနှင့် မော်လိုက်ကြား တောင်ရိုးပေါ်ရှိ သဘာဝရေကန်ကြီး အနီးတွင် သီတင်းသုံးခဲ့ကြပြီး အဓိဋ္ဌာန်တော်မူခဲ့သတတ်။ ထိုခေတ်အခါကား သုနာပရန္တတိုင်း ရသေ့ပြည်၌ စူဠသမ္ဘဝမင်း လက်ထက်တည်း။

ပုဂံခေတ်ရောက်သော် အနိရုဒ္ဓ၏မြေး ပေါက္ကန်ဘုရင် အလောင်းစည်သူ ဤအရပ်သို့ တိုင်းခန်းလှည့်လည်စဉ် နွယ်ပတ်ကို ရာဇဂြိုဟ်၊ ဇလာမိကမင်းကြီး ပြောင်းခဲ့စဉ် ပင့်ဆောင်ခဲ့သော ရဟန္တာကြီးများ သီတင်းသုံးစဉ်က အဓိဋ္ဌာန်တော်မူခဲ့သော ရေကန်ကို လက်ဆေးကန်ဟု အသီးသီးသမုတ်တော်မူသည်။

ဆိုခဲ့ပါ သမိုင်းအရ "ရဟန္တာ လက်ဆေးကန်"သည် အလောင်းစည်သူ သမုတ်ခဲ့သော အမည်ဟု မှတ်ရန်ရှိ၏။ ထိုကန်သည် ကလေး-တမူး လမ်းမပေါ်ရှိ ရန်မျိုးအောင်ရွာ၏ မြောက်ဘက် ဘုန်း သစ်တောကြိုးဝိုင်း လမ်းခွဲအတိုင်း အရှေ့မြောက်ယွန်းယွန်းသို့ လိုက်သွားရ၏။ ကံအောင်ရွာကို ဖြတ်ပြီး တောင်ရိုးပေါ်သို့ တက်ရ၏။ ကလေး-တမူး လမ်းမနှင့် ၁၆ မိုင်မျှ ဝေးကြောင်း သိရ၏။ ထိုကန် တည်ရှိရာ တောင်ရိုးထိပ်မှသည် အရှေ့ဘက် မော်လိုက်မြို့သို့လည်း ၁၉ မိုင်မျှသာ ဝေးတော့သည်ဟူ၏။ ထိုလက်ဆေးကန်သည်ပင်လျှင် မော်လိုက်ခရိုင်အတွင်း ပါဝင်သည်ဟု ဆို၏။ မောင်ဝင်းငြိမ်း(စစ်ကိုင်း)ကမူ မော်လိုက်နှင့် ၁၀ မိုင်ကွာသည်ဟု ဖော်ပြသည်။

ပါးစပ်ရာဇဝင် အဆိုရှိသည်မှာ ထိုကန်ပတ်လည်တွင် သစ်ပင်ကြီးငယ်တို့ ရှိပေငြား တစ်ရွက်မျှ ကန်ထဲမကျခြင်း၊ နံနက်ညနေတို့တွင် ကျေးငှက်တို့ လာရောက်၍ သစ်ရွက်ကြွေများ ကိုက်ချီသန့်ရှင်းပေးခြင်း၊ ကန်ထဲဆင်း ရေချိုးခြင်း စသည်တို့ပြုလျှင် ဒုက္ခရောက်ရတတ်ခြင်း၊ ကန်မှရေကို ခပ်ယူ၍ ချိုးရပါက လန်းဆန်းအားပြည့်လာခြင်း စသည်ဖြင့် စွဲလမ်းယုံကြည်ကြပေသည်။

ဤသို့ ပါးစပ်ရာဇဝင်အဆို ရှိခဲ့ပေသည့် ထိုကန်သို့ လူသူအရောက်အပေါက် များလာသည်မှာ ၄၊ ၅ နှစ်မျှသာ ရှိပေသေးသည်။ တရားဝင်ရော တရားမဝင်ပါ သစ်ထုတ်လုပ်ရေး တွင်ကျယ်လာမှုကြောင့် တောင်ခြေမှ တောင်ထိပ်အထိ ကွန်ကရစ်လမ်း ခင်းလိုက်သည်တွင် ထိုကန်သို့လည်း သွားရလာရ လွယ်ကူသွားတော့သည်။ သို့နှင့် ကန်၏ ကျော်စောသတင်းမှာလည်း ဝေးနီးပျံ့နှံ့သွားတော့သည်။ သစ်ခိုးများ၏ ဘန်းပြဟုလည်း ဆိုနိုင်ကောင်းအံ့လော မသိ။  ကန်ပေါင်တစ်နေရာတွင် တောမီးလောင်ဟန် ပုံဖျက်ထားသော သစ်စက်လုပ်ကွက် တစ်ခုကိုပင် တွေ့ခဲ့ရသေးသည်။

မြကျွန်းသာကျောင်းတွင် သီတင်းသုံးသော ရဟန်းတစ်ပါး၏ ပြောပြချက်မှာ ဤသို့ဖြစ်သည်။ ကျေးငှက်တို့ လာရောက်သည်မှာ ပုံမှန်ဖြစ်ကြောင်း၊ သို့သော် သစ်ရွက်တို့ ကိုက်ချီပျံသည်ကို မတွေ့မမြင်ဖူးကြောင်း၊ သူ့အထင် ကန်၏ အလယ်တွင် တွန်းကန်အား တစ်ခုခု ရှိမည်ထင်ကြောင်း၊ စမ်းတွင်းများ စမ်းထွက်သည့်နေရာမှ ရေတဖွားဖွား မှုတ်ထုတ်သလို ရှိနိုင်ကြောင်း၊ အကယ်၍ ယင်းသို့ မရှိလျှင် ရေခမ်းသွားမည်ဖြစ်ကြောင်း၊ ကန်ထဲဆင်းချိုး၍ ဒုက္ခရောက်သည်ကိုတော့ ကိုယ်တိုင်မြင်ဖူးကြောင်း၊ ကန်ထဲရေဆင်းချိုးပြီးအပြန် လမ်းပေါ်တင် ကားမှောက်ရာ ပွဲချင်းပြီး သေသူသေ ဒဏ်ရာရသူရကြကြောင်း၊ ရေချိုးသူမှာ ပွဲချင်းပြီးထဲ ပါသွားကြောင်း၊ ယခင်က လမ်းပန်းမကောင်းသဖြင့် မိုးကလေး ညိုလာလျှင် တောင်အောက်ဆင်းပြေးကြရကြောင်း၊ မပြေးလျှင် အပေါ်နေသူ အောက်ဆင်းမရတော့ကြောင်း စသည်ဖြစ်သည်။

ပါးစပ်ရာဇဝင်ကို ထားဘိဦး၊ အဆိုပါရဟန်း၏ ထွက်ဆိုချက်အရ ကျေးငှက်များ လာရောက်သည်မှာ ဤတောင်ကြောဝန်းကျင်တွင် ရေရှားသဖြင့် ရေသောက်ရန်လာခြင်းပင် ဖြစ်တန်ရာ၏။ တောင်ထိပ်ကန်အဖြစ် ရေမခမ်းခြင်း၊ သစ်ရွက်စသည် မတွေ့ရခြင်းမှာ စမ်းကြောကဲ့သို့သော မှုတ်အားတစ်ခုခုကြောင့် ဖြစ်နိုင်သလို မီးတောင်ဟောင်း အပေါက်ဝများ ဖြစ်လေမလား တွေးစရာလည်း ဖြစ်သည်။ ဘူမိလေ့လာရေးသမားများ ကျောက်ဆည်ဝန်းကျင် မသွားဘဲ လက်ဆေးကန်သို့ သွားရောက်လေ့လာဖို့ ကောင်းသည်။ တစ်ခါက အလောင်းတော်ကဿပ ဂူနှင့်စပ်လျဉ်း၍ ဓမ္မကထိက တစ်ပါးနှင့် အချိုပွဲဝိုင်းတွင် စကားစပ်မိရာ အဆိုပါဂူပေါက်အကြားသို့ ငွေစက္ကူထည့်လိုက်လျှင် ငွေသည် အထဲသို့ အလိုလို ဝင်သွားကြောင်း ပြောရာ၊ မိမိက အထဲက လေကစုပ်ယူလို့ဖြစ်နိုင်ကြောင်း တုံ့ပြန်သည်တွင် အခြားရဟန်းများ ရယ်မောကြသော်လည်း ဓမ္မကထိကဖြစ်သူက မရယ်ဘဲ လေစုပ်သည်မှာ ဖြစ်နိုင်ကြောင်း၊ ဂူတွင်းနှင့် ဂူပြင် လေဖိအားမတူကြောင်း၊ လေဖိအားဟူသည် များရာမှ နည်းရာသို့ စီးဝင်လေ့ရှိကြောင်း ရှင်းလင်းသည်ကို မှတ်မိသည်။

ပါးစပ်ရာဇဝင်ကို အလေးထားသည်ဖြစ်စေ၊ အလေးမထားသည်ဖြစ်စေ သမိုင်းဝင် လက်ဆေးကန်သည် သွားရောက်လည်ပတ်သင့်သော နေရာတစ်ခု ဖြစ်ပေသည်။ တောအရေ တောင်အရေးနှင့် ကျေးငှက်သာရကာတို့၏ ဘာသာဘာဝ အော်မြည်တွန်ကျူးသံကို နားဆင်ရင်း အေးချမ်းတိတ်ဆိတ်မှု သန္တရသကို ခံစားချင်လို့်ပဲဖြစ်ဖြစ်၊ ကလေးနှင့် မော်လိုက်ကြား သစ်ခိုးထုတ်မှုအခြေအနေကို စေ့ငုထောက်လှမ်းချင်လို့ပဲဖြစ်ဖြစ်၊ တောင်ထိပ်ပေါ်တွင် ခမ်းခြောက်မသွားသော သဘာဝရေကန်၏ ဘူမိသဘောကို စောကြောချင်လို့ပဲဖြစ်ဖြစ်၊ ဖြောင့်စင်းမြင့်သွန်းတဲ့ သပြေကညင်ပင်တို့ကို တအံ့တဩ ငေးမောပြီး လက်ဆေးကန်ဇရက်ရိုးကို ချိုးယူပြီး အိမ်ပြန်လက်ဆောင် သယ်ယူ ချက်ပြုတ်ရောင်းစားချင်လို့ပဲဖြစ်ဖြစ်၊ အိမ်က သားသမီးနှင့် မယားကြီးကို စွန့်ကာ စိပ်ပုတီးနှင့် ရိပ်ကြီးခို၍ နိက္ခပါရမီ ဖြည့်ချင်လို့ပဲဖြစ်ဖြစ် ကလေးမြို့ အရှေ့မြောက်ယွန်းယွန်းက သဘာဝအလျောက် ပေါ်ပေါက်နေသော "ရဟန္တာလက်ဆေးကန်"သို့ တစ်ခါတစ်ခေါက်တော့ဖြင့် မရောက်ရောက်အောင် သွားရောက်လည်ပတ်သင့်ပါကြောင်း မေတ္တာလောင်း၍ နတ်လမ်းညွှန်အပ်ပါသည်။ အဲ ကားဖြင့်သွားလျှင် ကားနုနု ဒရိုင်ဘာနုနုဖြင့် မသွားကြပါရန် ကိုယ်တွေ့နှင့်ယှဉ်၍ သတိပေးအပ်ပါသဗျား။   ။

ကိုး-
အရှင်ပဒုမ၊ ကာလေးမြို့သမိုင်း။
မောင်ဝင်းငြိမ်း စစ်ကိုင်း၊ ဆန်းသစ်လာသည့် သွေးချင်းတို့၏ကဘော်။

ဓီရာလင်း။
03052016

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။