Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, May 11, 2016

တမူး နယ်စပ် သတင်း

မြန်မာ - အိန္ဒိယနယ်စပ်တွင် နှစ်နိုင်ငံ ပြည်သူအချို့ မေ ၉ ရက် ညနေ ၅ နာရီကျော်က ပဋိပက္ခဖြစ်ပွားခဲ့ပြီး ညပိုင်း၌ နယ်စပ်စည်းရိုးတွင် နှစ်နိုင်ငံလုံခြုံရေးများ ချထားကြောင်း သတင်းရရှိသည်။

"အိန္ဒိယနိုင်ငံက လူမှုအဖွဲ့အစည်းတွေ ကနေပြီး နယ်စပ်ကနေ အ၀င်အထွက် မလုပ်ဖို့ မနေ့ကတည်းက ကြိုတင်ကြေညာ ထားတာရှိတယ်။ ကျွန်တော်တို့ တမူးလူငယ်ကွန်ရက်ကလည်း အိန္ဒိယနိုင်ငံဘက်ကို အ၀င်အထွက် မလုပ်ဖို့အတွက် ကြေညာပေးထားပါတယ်။ နယ်စပ်ပိတ်မယ်ဆိုပြီး ကြေညာထားတာကိုလည်း နှစ်နိုင်ငံ ပြည်သူတွေသိတယ်။ အိန္ဒိယနိုင်ငံမှာက လူမှုအဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့် အာဏာရှိတယ်။ အဖွဲ့အစည်းတစ်ခုက နယ်စပ်ကို ပိတ်မယ်ဆိုရင် အစိုးရအဖွဲ့က လူတွေက ဘာမှမလုပ်နိုင်ဘူး။ ပိတ်ပေးရတာပဲ။ အဲဒီလိုပိတ်ရင် လူမှုအဖွဲ့အစည်းက လူတွေကလာပြီး စောင့်ပေးကြတယ်။ နယ်စပ်ပိတ်တယ်ဆိုရင် အိန္ဒိယနိုင်ငံဘက် ဘယ်သူမှ အ၀င်မခံဘူး။  အဲဒီလိုအချိန်မှာ မြန်မာနိုင်ငံဘက်က လူတစ်စုက အိန္ဒိယနိုင်ငံ အတွင်းကို ၀င်ဖို့ကြိုးစားတာ။ အဲဒီမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယနိုင်ငံ အတွင်းက လူတွေနဲ့ အချင်းများတော့တာပဲ။ ဖြစ်တာကတော့ ညနေ ၅ နာရီ ၁၅ မိနစ်လောက်ကဖြစ်တာ။ အဲဒီလိုဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံအဖွဲ့က လုံခြုံရေးတွေက ထိန်းလိုက်တယ်။ မြန်မာနိုင်ငံ ဘက်ကလည်း လုံခြုံရေးတွေ ရောက်လာပြီး ထိန်းတယ်။ နှစ်နိုင်ငံနယ်စပ်ကို လုံခြုံရေးတွေက စောင့်ရှောက်နေပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ခယက၊ မယကတွေ လာကြည့်တယ်။ ပြဿနာကိုတော့ မေ ၁၀ ရက်မှ ဖြေရှင်းကြမယ်လို့ သိရပါတယ်" ဟု တမူးလူငယ်ကွန်ရက်မှ ကိုရင်ကိုဦးက ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် အမှတ် (၂) ကို မေ ၉ ရက် နံနက်ပိုင်းက ပိတ်ထားခဲ့ရာ နယ်စပ်နန်းဖာလုံဈေး အရောင်းအ၀ယ် ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။


Writer:
အောင်သူထွန်း

ဆက်လက်ဖတ်လိုလျှင် ....>>

မုံရွာတွင် အရွယ်မရောက်သေးသော ကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အရာရှိတစ်ဦး၏ဇနီးအား အမှုဖွင့်

မုံရွာတွင် အရွယ်မရောက်သေးသော ကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အရာရှိတစ်ဦး၏ဇနီးအား အမှုဖွင့်
**********************************************************************

တူမတော်စပ်သော က လေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ် စက်မှုများ ပြုလုပ်ခဲ့သည်ဟုဆို ကာ မုံရွာမြို့ ရုံးကြီးရပ်ကွက် မြို့ မရဲစခန်းအတွင်း နေထိုင်သည့် ယာဉ်ထိန်းရဲအရာရှိတစ်ဦး၏ အ မျိုးသမီးအား မုံရွာမြို့ မြို့မရဲစခန်း တွင် ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက် စာမျက်နှာ တွင် မေ ၅ ရက်က မုံရွာမြို့ မြို့မရဲစခန်းအတွင်း အရွယ်မရောက် သေးသော ကလေးငယ်နှစ်ဦး နှိပ် စက်ညှဉ်းပန်းခံရသည့် သတင်း များ ပျံ့နှံ့ခဲ့သည့်နောက်ပိုင်း စစ် ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများနှင့် မုံရွာဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ သွားရောက်စစ်ဆေးခဲ့သည်။

မုံရွာမြို့ မြို့မရဲစခန်းအတွင်း နေထိုင်သော ယာဉ်ထိန်းရဲအရာရှိတစ်ဦး၏ဇနီး အသက်(၄၉)နှစ် အရွယ်ရှိ အမျိုးသမီးသည် တူမတော်စပ်သည့် အသက် (၁၃)နှစ်နှင့် အသက်(၉)နှစ်အရွယ် ကလေးငယ်နှစ်ဦးအား ဦးခေါင်းကို အုတ်နီခဲဖြင့်ထုခြင်း၊ မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ လက်ကို သွားဖြင့်ကိုက်ခြင်း၊ ကျောကုန်းကို သွားဖြင့်ကိုက်ခြင်း၊ ဦးခေါင်းကို ကတ်ကြေးဖြင့် ထိုးခြင်း၊ နောက်ကျောကို တုတ်ဖြင့်ရိုက်နှက်ခြင်း၊ မိုးရွာသည့်အခါ အိမ်အပြင်ဘက်တွင်ရပ်၍ ဒဏ်ပေးခြင်းတို့ ပြုလုပ်ခဲ့ သည်။

နှိပ်စက်ခံရသည့် ကလေးနှစ် ဦးသည် ယာဉ်ထိန်းရဲ၏ တူမအရင်းများဖြစ်ပြီး ကလေးမိဘများမှာ ဆုံးပါးသွားပြီဖြစ်ကြောင်းနှင့် နှိပ်စက်သူအမျိုးသမီးကို ဖမ်းမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် အသက်(၁၃)နှစ် အရွယ် မိန်းကလေးတွင် နောက် စေ့ဖူးရောင်၊ ယာနားနောက် သွား ဖြင့်ကိုက်သည့်ဒဏ်ရာ၊ ၀ဲယာပါး နှစ်ဖက် ညိုမည်းဒဏ်ရာ(ပြင်ပလူ နာ မစိုးရိမ်ရ)နှင့် အသက်(၉)နှစ် အရွယ် မိန်းကလေးငယ်တွင် ၀ဲ ယာလက်တစ်လျှောက် ဖူးရောင် ညိုမည်းဒဏ်ရာ၊ ၀ဲယာလက်ပြင် သွားဖြင့်ကိုက်သည့်ဒဏ်ရာ၊ ယာ နားနောက် သွားဖြင့်ကိုက်သည့် ဒဏ်ရာ(ပြင်ပလူနာမစိုးရိမ်ရ) စ သည့် ဒဏ်ရာများရှိခဲ့ကြောင်း ရဲ မှတ်တမ်းများအရ သိရသည်။

‘‘ကျွန်မတို့ လူမှုဝန်ထမ်းဦးစီး ဌာနအနေနဲ့ကတော့ ဒီလိုနှိပ်စက် ခံရတဲ့ကလေးတွေကို အမြန်ဆုံး ယာယီစောင့်ရှောက်ရေးစခန်းမှာ လက်ခံပြုစု စောင့်ရှောက်မယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးပြီးပြီဆိုရင် ပြစ်မှုကျူးလွန်သူ ကိုတော့ သက်ဆိုင်ရာဥပဒေအ တိုင်းကိုတော့ လုပ်ဖို့ရှိတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်ကပြောသည်။

လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ညှဉ်းပန်းနှိပ်စက်ခံ ရသော ကလေးငယ်နှစ်ဦးကို လာရောက်တွေ့ဆုံခဲ့ပြီး ပြစ်မှုကျူး လွန်သူအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

‘‘ပြစ်မှုကျူးလွန်တဲ့ အမျိုးသမီးက ကလေးနှစ်ယောက်ကို လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းတယ်ဆိုတာ မျက်မြင်သက်သေ တွေလည်းရှိတယ်။ နောက်ပြီး တော့ ဗီဒီယိုသက်သေတွေလည်းရှိတယ်။ ကာယကံရှင် ကလေး တွေ ကိုယ်တိုင်ထွက်ဆိုထားတဲ့ ထွက်ဆိုချက်တွေလည်းရှိတယ်’’ ဟု လူငယ်ကွန်ရက်ညှိနှိုင်းရေးမှူး ကိုဇော်သူရိန်ထွန်းကပြောသည်။

မျိုးမင်းဦး (မုံရွာ )

7Day Daily. မှကူးယူဖေါ်ပြပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် နန်စီပွန်ဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ကြောင့် ချောင်းရေများ သုံးစွဲရန် အတွက် ဒေသခံ များ အခက်အခဲရှိနေ

အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် နန်စီပွန်ဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ကြောင့် ချောင်းရေများ သုံးစွဲရန် အတွက် ဒေသခံ များ အခက်အခဲရှိနေ
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် နန်စီပွန်ဒေသတွင် ရွှေတူးဖော်ရေး လုပ်ငန်းများ ကြောင့် ဒေသခံများ သုံးစွဲနေသည့် ချောင်းရေများ ပိုမိုနောက် ကျိလာပြီး ရေသုံးစွဲရေး အတွက် ဒေသခံများ အတွက် အခက်အခဲများ ရှိနေသည်ဟု သိရှိရပါသည် ။ “
“ ဒေသခံတွေကို လည်း စွန့်ပြစ် မြေစာပုံ မှာ ကျောက်တွေ ဘာတွေ ရှာခွင့် မပြုပါဘူး ။ နန်စီပွန် ဒေသ ဖက်မှာ တော့ အကြီးဆုံး ကုမ္မဏီ တစ်ခုပဲ ၊ ကျောက်ရော ရွှေရော တုတ်တာ ။ တရားဝင် လုပ်ကိုင်နေတာ လား တရားမ၀င်ဘူးလား ဆိုတာ ကျနော်တို့ မသိဘူး ။ သူတို့က စွန့်ပြစ်မြေဇာတွေကို ချောင်းထဲ ပြစ်တယ် ။ နန်စီပွန်ချောင်း ထဲ ပေါ့ ။ ကြိုးတံတား တစ်ခု ရှိ တယ် အဲဒီ အောက်ဖက်မှာ ။ ရေအနေ အထားက က မြေစာတွေ ပြစ်တော့ နောက် ကျိနေတယ် ။ မြေစာပုံကလည်း ချောင်းကို ပိတ်သလို ဖြစ်နေတယ် ။ ကုမ္မဏီ အကြီး တွေရှိတယ် ။ အသေးလေးတွေ လည်း ရှိတယ် ။ လုပ်ကွက်တွေ က ဘယ်ဟာက တရားဝင်တယ် ဘယ်ဟာက တရားမ၀င်ဘူး ဆိုတာ မသိဘူး ။  နန်စီပွန် ခန္တီး ကနေ ဆိုင်ကယ် နဲ့ ၃ နာရီ လောက် မောင်းရတယ် ။ ခန္တီး ရဲ့ အထက်ဖက်ပါ ။  ချောင်းက လည်း ချင်းတွင်းမြစ်ထဲ ၀င်တဲ့ ချောင်းပါ ။ ကုမ္မဏီ အကြီးစား ၃ခု ရှိတယ် ။ကျန်တဲ့ တစ်ပိုင်တစ်နိုင် အသေးလေး တွေ လုပ်တာပါ ။ နန်စီပွန်ကျေးရွာ ၊ မကျန်ခ ဆိုတဲ့ ရွာတွေ ရှိပေမယ့် အဓိက က နန်စီပွန်ပဲ ။ ဒီချောင်း ထဲက ရေ ကို ပဲ သုံးနေရတယ် ။ မျောမီးကျလာတဲ့ ဟာတွေက ချောင်းကတဆင့် ချင်းတွင်းမြစ်ထဲ ရောက်လာမှာပဲ ။ အဲဒါဆိုရင် ခန္တီးကလည်း ဒီချင်းတွင်းရေ ကို ပဲ သောက်နေရတာ ။ ဒါတွေကို အာဏာပိုင်တွေက အမြန်ဆုံး စစ်ဆေးသင့်ပါတယ် ။ ” ဟု ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့် မှ ပြောကြားခဲ့ပါသည် ။ ခန္တီးမြို့နယ် အတွင်း တွင် ရွှေမှော်များ စွာ ရှိ ပြီး အချို့ မှော်များ မှာ ချင်းတွင်းမြစ် အနီးဝန်းကျင် တွင် ဖြစ် ကြ၍ အချို့ မှော်များ မှာ ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်သော ချောင်းများ ထဲ တွင် လုပ်ကိုင်နေကြ ခြင်း ဖြစ်သည် ဟု သိရှိရပါသည် ။ “ ကျနော် တို့ ဆင်သေရွာ ဆိုရင် ရွာရဲ့ အထက်ဖက်မှာ ရှိတဲ့ ချောင်း ရဲ့ အထက်ဖက် မှာ ရွှေ တွေ ကျင် ကြတော့ အောက် ဖက် မှာ ရှိတဲ့ စိုက်ခင်း တွေ အကုန် ပျက်ကုန်တယ် ။ စိုက်ခင်းတွေ ပျက်ရုံတင် မဟုတ်ဘူး စိုက်ပျိုးမြေ တွေပါ ပျက်ကုန်တယ် ။ စိုက်လို့ ပျိုးလို့ အဆင်မပြေ တော့ဘူး ။ အဲဒီ မျောမြီး ရေတွေက ချောင်းကတဆင့် ချင်းတွင်းမြစ်ထဲကို ရောက်လာတယ် ။ ကျနော် တို့ က ချင်းတွင်းမြစ်ရေ ကို သောက်ရတယ် ။ မြစ်ရေ နောက် တယ်ဆိုလည်း ဒါပဲ သောက်ရတာပဲ လေ။ ဒီလို ဖြစ်နေတာ ကြာပြီ ဆိုပေမယ့် ဘယ်သူမှ ဒီကိစ္စ ကို ဖြေရှင်းပေးမယ့် သူမရှိ ဘူး ။ ” ဟု ဆင်သေကျေးရွာ မှ ဒေသခံ မှ ပြောကြားခဲ့ပါသည် ။ “ အခု ဆိုရင် ဆင်သေက နေ ကြည့်လိုက်မယ်ဆိုရင် ရေတွေ က တော်တော် နောက်နေတယ် ။ ချင်းတွင်းမြစ်ထဲ မှာ ရော အထက်ပိုင်းက ချောင်းမြောင်းတွေ ထဲမှာ မျောမြီး ပြစ်နေတာ တွေ ကျနော်တို့ သိနေတယ် ။ ဒီကိစ္စတွေကို ကျနော်တို့ လည် သေချာအောင် လေ့လာနေပါတယ် ။ ဒီကိစ္စကို တွေကို သေသေချာချာ စီစစ် သွားတယ် ။ ဒီလုပ်ကွက်တွေ အားလုံး တရားဝင်မ၀င် ကိစ္စ တွေကို စစ်ဆေး သွားမယ်။ ချင်းတွင်းမြစ်ကို လည်း ပိုပြီးသန့်စင် သွားအောင် မြစ်တောက်လျှောက် မှာ ရှိတဲ့ ရွှေမျော တွေကို အရေးယူ ဆောင်ရွက်သွားမယ် ။ ” ဟု ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး မှ ပြောကြားခဲ့ပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, May 8, 2016

ကလေးမြို့တွင် ကုန်ကားဖြင့်တင်ဆောင်လာသော ဆိုင်ကယ်များ ဂျူတီဆောင် တရားဝင်တင်သွင်းခြင်း ဟုတ်မဟုတ် ရှောင်တခင်စစ်ဆေး

ကလေးမြို့တွင် ကုန်ကားဖြင့်တင်ဆောင်လာသော ဆိုင်ကယ်များ ဂျူတီဆောင် တရားဝင်တင်သွင်းခြင်း ဟုတ်မဟုတ် ရှောင်တခင်စစ်ဆေး

ကလေး၊ မေ ၃
ကလေးမြို့၊ နတ်ချောင်းလမ်းတွင် မေ ၂ ရက်က ကုန်ကားဖြင့် တင် ဆောင်လာသော ဆိုင်ကယ်များကို တရားဝင် ဂျူတီဆောင်တင်သွင်း လာခြင်း ဟုတ်မဟုတ် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စစစ) နှင့် မြို့နယ် အကောက်ခွန်ဦးစီးဌာနတို့ က ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။
“ဒီနေ့ပဲ ကျွန်တော်တို့က ကုန်ကားအသေးနဲ့ ဆိုင်ကယ် ၁၀ စီး မိုးကာအုပ်ပြီး ကားလေးကွင်း ကနေ သယ်လာတယ်၊ ကားလေး ကွင်းကနေ နတ်ချောင်းလမ်းမှာရှိတဲ့ ကျွန်တော်တို့ကုန်ဂိတ်ကို လာတော့ အကောက်ခွန်နဲ့ စစစ အဖွဲ့တွေက လိုက်လာပြီး လာစစ်တယ်၊ အဓိက ကတော့ ဂျူတီနဲ့ တရားဝင် သွင်းမ သွင်းပေါ့၊ ဂျူတီ စာရွက်တွေကအစ ဆိုင်ကယ်ချက်ဆီနံပါတ်၊ ဘောက် ချာနံပါတ်တွေကအစ သေချာတိုက် ကြည့်ပြီး စစ်တယ်၊ ကျွန်တော်တို့ က တရုတ်နယ်စပ်ကနေ သယ်လာ ကတည်းက ဂျူတီနဲ့ ဆိုတော့ ဖမ်း ခံရတာမျိုးတော့ မရှိဘူး” ဟု မေ ၂ ရက်က ဆိုင်ကယ်သယ်ဆောင် လာမှုနှင့် ပတ်သက်၍ စစ်ဆေးခံ ရသူများတွင် ပါဝင်ခဲ့သူ ကိုဒါးပူက ဆိုသည်။
ကလေးမြို့တွင် ဆိုင်ကယ် များ ဂျူတီဖြင့် တရားဝင်တင်သွင်း လာခြင်း ဟုတ်မဟုတ် ရှောင်တခင် စစ်ဆေးခြင်းကို ယခင်က တစ်ကြိမ် တစ်ခါမျှ မပြုလုပ်ဖူးဘဲ ယခုစစ် ဆေးမှုသည် ယခုနှစ်အတွင်း ပထမ ဦးဆုံးဖြစ်ပြီး ကလေးမြို့ဆိုင်ကယ် ဆိုင်အချို့ကို ပြည်သူများက တိုင် ကြားထားမှုကြောင့် ယင်းသို့ စစ် ဆေးခြင်း ဖြစ်ကြောင်း စစစ နှင့် အကောက်ခွန် ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ ပြောကြားခဲ့ကြောင်း ကိုဒါးပူ ထံမှ ထပ်မံ သိရသည်။
“ကလေးမြို့က ဆိုင်ကယ် ဆိုင်တွေကို တိုင်ထားတာရှိလို့ အခုလို စစ်တာလို့ ပြောသွားတယ်၊ အခုလို စစ်တော့ တရားဝင် တင် သွင်းနေတဲ့သူတွေအတွက် အကျိုး ရှိတာပေါ့၊ တချို့ဆိုင်တွေဆို Without တွေနဲ့ရောပြီး ရောင်းနေတာ တွေရှိတယ်” ဟု ၎င်းက ပြောသည်။
လမ်းမကြီးများပေါ်တွင် ဆိုင် ကယ်များတင်ဆောင်ကာ သွားလာ နေသော ကားအချို့ကို စစ်ဆေး ခြင်းနှင့်ပတ်သက်၍ ကလေးမြို့နယ် အကောက်ခွန်ဦးစီးဌာန (ကင်းစ ခန်း) သို့ သွားရောက်မေးမြန်းရာ “စစစ က ဂျူတီမဲ့ဆိုင်ကယ်တွေ ဟုတ်မဟုတ် စစ်ဆေးဖို့ လာခေါ် တာနဲ့ အကောက်ခွန်အဖွဲ့တွေ လိုက် သွားတာပါ၊ ကျွန်တော်တို့မှာလည်း တကယ် တာဝန်ရှိတယ်လေ၊ စီမံ ချက်အနေနဲ့ စစ်ဆေးဖို့ ဌာနက တရားဝင် ညွှန်ကြားတာမျိုး မရှိ သေးဘူး၊ ဆိုင်ကယ်ဆိုင်တွေကို တိုင်ထားတယ် ဆိုတာလည်း စစစ ကို တိုင်တာဖြစ်လောက်တယ်၊ အ ကောက်ခွန်ကို လာတိုင်တာမျိုးမရှိ ဘူး၊ နောက်ပိုင်းလည်း အခုလို စစစ က အကူအညီတောင်းရင် တော့ ကူစစ်ပေးရမှာပါ၊ ဒီနှစ်ထဲ မှာတော့ ပထမဦးဆုံးအကြိမ် စစ် ဆေးတာပါ” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြော ကြားခဲ့သည်။
ကျော်ကျော်အောင်(ကလေးမြို့)

Credit: AUTOMOBILE Weekly Car Journal

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, May 7, 2016

မေလ ၇ရက်နေ့ ညနေ၃ နာရီ ခွဲ ခန့်က ကလေးမြို့တွင် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွင် နေအိမ် (၅)လုံးမီးလောင်ဆုံးရှုံး

မေလ ၇ရက်နေ့ ညနေ၃ နာရီ ခွဲ ခန့်က ကလေးမြို့တွင် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွင် နေအိမ် (၅)လုံးမီးလောင်ဆုံးရှုံး

ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ ၅ သဇင်လမိးနှင့် မြစိမ်းရောင် လမိးဒေါင့်  တွင်မေလ ၇ရက်နေ့ ညနေ ၃ နာရီခွဲ  ခန့်က မီးလောင်ကျွမ်း မှုတစ်ခု ဖြစ်ပွား ခဲ့သည်။

အဲဒီမီးလောင်မှုမှာ အိမ်(၅)လုံး ဂိုထောင် ၁ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါသည်။

မည်သည့်အကြောင်းကြောင့် မီးလောင်ကျွမ်းခဲ့သည်ကိုမသိရသေးပေ။

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းတောင်ပေါ်တွင် ရှိ သော မြေပြိုဆည်နှင့် ပတ်သက်လို့ အစိုးရအဆက်ဆက် အနေ နှင့် ဆောင်ရွက်ပေးမှု နှောင့်နှေးနေ

ချင်းတောင်ပေါ်တွင် ရှိ သော မြေပြိုဆည်နှင့် ပတ်သက်လို့ အစိုးရအဆက်ဆက် အနေ နှင့် ဆောင်ရွက်ပေးမှု နှောင့်နှေးနေ
#######################################################

ချင်းတောင်ပေါ်တွင် ရှိသော မြေပြိုဆည် ( မြေပြိုကန် ) များ နှင့် ပတ်သက်၍ အစိုးရအဆက်ဆက် အနေ နဲ့ ဆောင်ရွက်ပေးမှု  နှောင့်နှေးနေသော ကြောင့် ဒေသခံများ စိုးရိမ်မှု ရှိ လာပြီး လာမည့် မိုးရာသီ ကာလအတွင်း စိုးရိမ်မှု မရှိ စေရန် နှင့် ဒေသခံ ပြည်သူလူထု အနေ နှင့် ကလည်း ကြိုတင်ကာကွယ်မှု များ မည်ကဲ့ သို့ ဆောင်ရွက်ရမည်ကို အသိပညာပေးမှု များ လိုအပ်နေသေး သည်ဟု သိရှိရပါသည် ။
“ ကျမအနေ နဲ့က မြေပြိုဆည် အတွက် တင်တာ ဒါ ပထမဆုံးအကြိမ်ပါ ။ မြေပြိုဆည် တစ်ခု ထဲ တင်မဟုတ်ပါဘူး ။ကျမတို့ က မုန်း ၊ ကျီးအုံကျီးဝ ၊ နဲ့ ရာဇဂြိုဟ်ရော ချင်းတောင်ပေါ်မြေပြိုကန် တွေ အတွက် ရော ပြောမှာပါ ။ လွှတ်တော်က ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ လက်ခံလိုက်ပါတယ် ။ ၂၀၁၅  မိုးရာသီ တုန်းက ညဖက်ကြီး မှာ မြေပြိုဆည် ကျိုးပြီး ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟားခါးလေး ကျေးရွာ ကို ရွှံ့နွံ တွေ ကျရောက်ခဲ့ တယ် ။ ကံကောင်းလို့ သာ လူအသေအပျောက်မရှိ ခဲ့ပေမယ့် တစ်ရွာလုံး နီးပါး ပျက်စီးခဲ့တယ် ။ ဒီလို အခြေအနေ တစ်ခု မှာစိုးရိမ်ပူပန်စရာ တွေ အများကြီးရှိလာပြီ။ ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ရန် အတွက်ကလည်း အင်မတန်မှ အရေးကြီးလာတယ် ။ အဲဒီ အချိန်တုန်းက ဆောင်ရွက်ခဲ့တဲ့ အစိုးရ အနေ နဲ့ ကော လက်ရှိ ဆောင်ရွက်နေတဲ့ အစိုးရအနေ နဲ ရော ဒီကိစ္စတွေ  ရဲ့ အပေါ် မှာ သေသေချာချာ ဆောင်ရွက်ပေးခဲ့တာ မတွေ့ခဲ့ရဘူး ။ အခုအချိန် ဟာ မိုးလည်း ကျဖို့ ရာနီးပြီ ဆိုတော့လည်း စိုးရိမ် ပူပန်မှု တွေ ရှိလာပါတယ် ဒီ့အတွက်  လွှတ်တော် အတွင်းမှာ အရေး တကြီး အဆို တင်သွင်းမှာပါ ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ ပြောကြားခဲ့ပါသည် ။ မြေပြိုဆည် နှင့် ပတ်သက်၍ ဧပြီလ အတွင်းက လူကယ်ပြန်ဝန်ကြီး နှင့် အဖွဲ့ ကလေးမြို့ သို့ လာရောက်ခဲ့ ပြီး လူမှုအဖွဲ့အစည်းများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည် ။
မြေပြိုဆည် နဲ့ ပတ်သက်ပြီး  ဖြစ်ကတည်းစ ပြီး အော် ကြတာပဲ ၊ အရင် အစိုးရ လက်ထက်ကရော ၊ လက်ရှိအစိုးရလက်ထက်မှာ ရော မြေပြိုဆည် ကို သွားပြီးတော့ လေ့လာပြီး သွားပြီ ။ လေ့လာပြီး သွားတဲ့ အပေါ်မှာ ဘာမှ အကောင်အထည် ဖော် ဆောင်ရွက်ခြင်းမရှိသေးဘူး ။ အဲဒီအတွက် အားရကျေနပ်ခြင်း မရှိ ဘူး ။ အစိုးရ အသစ်ကလည်း ရက်တစ်ရာ ထဲမှာ ပါတယ်လို့ သာပြောတာ အခု အချိန် တော့ မြေပြိုဆည်နဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် ကိုင်တွင်ဖြေရှင်းတာ မရှိသေးဘူး ။ ဒီအတွက် ကလေးမြို့မှာ ရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ရော ဒေသခံတွေ အနေ နဲ့ ရော စိုးရိမ်ကြောင့်ကျမှုတွေ ရှိ နေပါပြီ ။ မေလ နောက် ဆုံး အပတ် အတွင်းလောက် မှာ မှ အကောင်အထည် ဖော် ဆောင်ရွက်ခြင်း မရှိဘူး ဆိုရင်တော့ တောင်းဆိုသင့်တဲ့ ကိစ္စ ဖြစ်လို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ဖို့ အတွက် တော့ အစီအစဉ်တွေ ဆွဲထားပြီးပြီ ။ အဓိက လုပ်ရမှက တော့ အသိပညာပေး ကိစ္စတွေ ပေါ့ ။ မြေပြိုဆည် ကြီး ပေါက်ကျ လာလို့ ရှိရင် ဘယ်လိုလုပ်ရမလဲ ၊ သဘာဝဘေးဒဏ် ကျရောက်လာလို့ ရှိရင် ဘယ်ဒေသတွေက ဘယ်လို ဖြစ်နိုင်တယ် ဆိုတာ တာဝန်ရှိတဲ့ ၀န်ကြီးဌာန တွေက တာဝန်တွေ ခွဲဝေ လုပ်သင့် ပြီး အခုအချိန်မှာ စလုပ်သင့်နေပြီ ။ မြေပြိုဆည်ကြီးကို ဖောက်ချတာ မဖောက်ချတာ ဆိုတာ မစဉ်းစားနဲ့အုန်း မြေပြိုဆည်ကြီး နဲ့ ပတ်သက်လို့ ချင်းပြည်နယ်ဖက်ကရော စစ်ကိုင်းတိုင်းဖက်ကရော ရှိတဲ့ ပြည်သူလူထုတွေကို ဘာမှ အသိပညာပေး လုပ်ငန်းတွေ မလုပ်နိုင်သေးဘူး ။ အဓိက ဆောင်ရွက်သင့်တာက တော့ အသိပညာပေးလုပ်ငန်းတွေ လုပ်ရမယ် ။ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး အတွက်ဘယ်လို အစီအစဉ်တွေ ရှိတယ် ဆိုတာ ချပြထားရမယ်။ ကယ်ဆယ်ရေး အတွက်လည်း ကလေးမြို့မှာ ထိထိ ရောက်ရောက် လုပ်ထားသင့်နေပါ ပြီ ။ အဓိက အစိုးရအနေ နဲ့ အလုပ်သင့်ဆုံးက သဘာဝဘေးအန္တရယ် နဲ့ ပတ်သက် တဲ့ အသိပညာပေးလုပ်ငန်းစဉ်တွေ ၊ သဘာဝဘေးဒဏ် တကယ်တမ်း ကျရောက်လာခဲ့ပါက ကူညီထောက်ပံ့ပေးမှု လုပ်ငန်းစဉ်တွေ ကို ကြိုတင်ပြင်ဆင်တဲ့ အနေ နဲ့ အားသွန်ခွန်စိုက် လုပ်သင့်နေပြီလို့ ထင်ပါတယ် ။မြေပြိုဆည်နဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လိုပုံစံမျိုး အကောင်အထည် ဖော် ဆောင်ရွက် မယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ချပြသင့်ပြီ ။ အခု အချိန်မှာ လုပ်မယ် ဆိုလို့ ရှိရင်လည်း မိုးကလည်း ကျနေပြီ ဖြစ်တဲ့ အတွက် ရာဇဂြိုဟ်ဆည် အနီးမှာ ရှိတဲ့ ဒေသခံ တွေ နဲ့ မြေပြိုဆည် အနီးမှာ ရှိတဲ့ ဒေသခံ တွေ ကို အသိပညာပေးလုပ်ငန်း ၊ ကယ်ဆယ်ရေးလုပ်ငန်း ၊ သဘာဝဘေးဒဏ် ကိုဘယ်လို ကာကွယ်ရမယ် ဆိုတာ တွေ လုပ်ပေးနေသင့်ပြီ ။ ” ဟု အထက်ချင်းတွင်းလူငယ်ကွန်ယက်မှ ကိုကျော်သက်ဝင်း မှ ပြောကြားခဲ့ပါသည် ။

Eleven Media Group

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, May 5, 2016

ကလေးဝမြို့တွင် ဆေးရုံအုပ် လစာထုတ်ယူသော်လည်း တာဝန်ထမ်းဆောင်ခြင်းမရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမှာ တာဝန်ကျတဲ့ ဆေးရုံအုပ်က လစာထုတ်ယူပြီးပေမဲ့ ဒီနေ့ထိ duty ဝင်ရောက်ခြင်းမရှိသေးပါ အထက်ကို တိုင်ကြားထားတယ်လို့ သိရပါတယ် အရေးယူ ဆောင်ရွက်ခြင်းမရှိတာက မြို့ခံလူတွေရဲ့ ကျန်းမာရေးကို ထည့်မတွက်ကြတာလား
အရေးမပါဘူး ဂရုစိုက်စရာမလိုဘူးလို့များ ယူဆထားကြတာလားဗျ

ဆက်လက်ဖတ်လိုလျှင် ....>>

မြေပြိုဆည် ကိစ္စယနေ့လွှတ်တော်ချယ်နယ်တွင်ကြည့်ရှုနိုင်

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာ အနောက်ဖက်ရှိ ၂၀၁၅ခုနှစ်အတွင်း မြေပြို၍ ဖြစ်ပေါ်လာသော သဘာဝ မြေပြိုဆည်နဲ့ပါတ်သက်ပြိး ဒီနေ့ ပြည်သူ့လွတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေး မေးမြန်းကြပါမယ်တဲ့....
      ကလေးသားမျှား လွတ်တော်ချယ်နယ်ကို စောင့်ကြည့် နိုင်ကြပါတယ်ခင်ဗျား။

ThantZinLynn. ..ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, May 4, 2016

၂၀၁၆ မေလ ၄ရက်နေ့ မိုးလေ၀သ သတင်းများ

ယနေ့မိုးလေ၀သ အခြေအနေ များ စုစည်းထားမှုပါ ။ မိုးဇလဌာနခန့်မှန်းချက် ၊ ဦးဌေးတင့်ခန့်မှန်းချက် နှင့် ဆရာဦးထွန်းလွင် တို့ ရဲ့ ခန့်မှန်းချက်များ နဲ့ လူကယ်ပြနှ် ဌာန ရဲ့ ကြိုတင်အသိပေး နှိုးဆော်ချက်များ တစုတစည်းထဲ ဖတ်ရှုနိုင်ပါတယ် ။

==================================================
အနောက်မြောက်ဒေသ အတွက် မိုးရွာသွန်းဖို့ ရှိပြီး ချင်းပြည်နယ်မှာ မြေပြိုမှုကို သတိထား စောင့်ကြည့်ရမှာ ဖြစ်သလို ချင်းပြည်နယ် တွန်းဇံမြိုနယ် အတွင်းက မြေပြိုဆည်ကို လည်း သတိထား စောင့်ကြည့် သွားရမှာပါ ။ ယနေ့ ( ၂၀၁၆ မေလ ၄ ရက် နေ့လည် ၁၂ နာရီ မေးမြန်းချက်များ အရ ဟားခါးမြို့မှာလည်း မိုးရွာသွန်းပါတယ်။ ( မိနစ် ၂၀ ခန့် ကြာချိန်ရှိပါတယ် ) အခု တော့ နေပွင့်နေပါတယ် ။ အဲဒီအချိန် နဲ့ မရှေးမနှောင်း လိုင်ဗား ( ဟားခါး နဲ့ ဖလမ်းမြို့ ကြား ) မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။ ဖလမ်းမြို့မှာ တော့ မိုးရွာသွန်းမှု ရှိပြီး လက်ရှိမှာ နေသာနေပါတယ် ။ချင်းတောင်ခြေ ကလေးမြို့မှာ တော့ နေ့လည် ၁၂ နာရီက စတင်ပြီး မိုးအုံ့နေပါတယ် ။

၂၀၁၆ မေလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီ ဦးဌေးတင့် ပို့စ်မှ
၎ ရက်နေ့  မေ ၂၀၁၆
မြန်မာပြည် အထက်ပိုင်း
တိမ် အသင့်အတင့် ဝင်ရောက်နိုင်ပါသည် ။

ဟားခါးဒေသ ရုတ်တရက် မိုး ၁၀ နာရီ ကျော်နိုင် ။

ဖါးကန့်  မှ အထက် ရှင်ဂါးလုံး တနိုင် အတွင်းဒေသ
မိုးကုတ် နဲ့  မေမြို့ ကြား အများဆုံးရွာနိုင်
တံတားဦးမှ အနောက်ဖက် ဂွေးကုန်း နဲ့ 
တောင်ဖက် မလှိုင်မြို့  အတွင်း
တောင်သာ ဝဲလောင် ဒေသတွင်း နဲ့ 
အထက်မြန်မာပြည် နေရာကွက်ကြား
မိုးအနည်းငယ်ရွာနိုင် ။

၎ ရက်နေ့  ကောင်းကင် မိုးကြိုးက
အိန္ဒိယ သွားလည်နေပြီး
၅ ရက် နေ့  မြန်မာပြည် ပြန်လာမယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++
အနောက်မြောက်ဖက်က မိုးတိမ်တောင်
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသများအတွက် နှိုးဆော်ခြင်း။
၎-၅-၂၀၁၆
နံနက်(၇း၂၂)နာရီ

တိဗက်ကုန်းမြေမြင့်ပေါ်သို့ ထိုးဆင်းလာသော မြောက်ဖက်ကလေအေးများအတွင်းသစို့ အိန`ိးယနိုင်ငံမြောက်ပိုင်းမှ အပူပိုင်ူေးသလေနွေးများတိုးဝင်မှုကြောင့် ဟိမ၀န္တာတောင်ခြေတလျှောက်တွင် မိုးတိမ်တောင်များတန်းစီ၍ ဖြစ်ပေါ်လာနေပါတယ်။ အဆိုပါ မိုးတိမ်တောင်များဟာ အနောက်မှ အရှေ့ဖက်ကိုေ၇ွ့လျှားရင်း ပိုမိုအားကောင်းလာနေကြပါတယ်။

(၄-၅-၂၀၁၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် တိုင်းတာချက်များအရ တိမ်ထိပ်အပူချိန် (-60°C) အထိကျဆင်းအောင်မြင့်မားနေတဲ့ မိုးတိမ်တောင်ကြီးတစ်ခုဟာ မြန်မာနိုင်ငံအတွင်းကို ချင်းပြည်နယ်မှ တစ်ဆင့်ဝင်ရောက်လာနှိုင်ပါတယ်။

အဆိုပါတိမ်တိုက်ရဲ့အရှိန်ကြောင့် ယနေ့ နံနက်(၆)နာရီနခွဲမှစ၍ နောက်(၂၄)နာရီအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင် မိုးအသင့်အတင့် ရွာသွန်းနှိုင်ပြီး ခေတ္တခဏမျှ မိုးသည်းထန်နှိုင်ပါတယ်။ တစ်နာရီလျှင် မိုင်(၃၀-၃၅)မိုင်ခန့်ပြင်းထန်သော မိုးသက်လေပြင်းများလည်း တိုက်ခတ်နှိုင်ပါတယ်။
ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်တို့ရဲ့မြစ်ဖျားပိုင်းတို့တွင် ရေများမြင့်တက်လာနိင်ပြီး၊ မိုးသည်ထန်ပါက ချင်းပြည်နယ်တွင် မြေပြိုနှိုင်မှုတို့ကို သတိထားကြရန် နှိုးဆော်အပါပါတယ်။

ဒေါက်တာထွန်းလွင်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မန်မာနိုင်ငံအတွက် ၂၀၁၆ ခုနှစ်၊ မေလ(၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၅)ရက်ပတ်အလိုက်
မိုးရွာသွန်းနိုင်မှု နဲ့ နေ့အပူချိန် အခြေအနေများ ။

မိုးရွာသွန်းနိုင်မှုအခြေအနေ့ ခန့်မှန်းချက်

ပထမ(၅)ရက်ပတ်ဖြစ်တဲ့ မေလ (၂)ရက်မှ (၆) ရက်နေ့အတွင်း - မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ (ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး)တို့မှာ မိုးဆက်လက်ရွာသွန်းပြီး ရွာသွန်းမြဲ မိုးရေချိန်ထက် ပိုနိုင်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ မိုးပိုမိုရရှိနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ မိုးရွာသွန်းမှု လျော့နည်းမှု ရှိနိုင်ပါတယ်။

ဒုတိယ(၅)ရက်ပတ်ဖြစ်တဲ့ မေလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အတွင်း - မြန်မာမြောက်ပိုင်းဒေသများ(ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးဆက်လက်ရွာသွန်းပြီး ကချင်ပြည်နယ်မှာတော့ ရွာသွန်းမြဲမိုးရေချိန်ထက် အနည်းငယ်ပိုနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ မိုးရွာသွန်းမှု ဆက်လက်လျော့နည်းနိုင်ပါတယ်၊

တတိယ(၅)ရက်ပတ်ဖြစ်တဲ့ မေလ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အတွင်း - ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှအပ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ မိုးရွာသွန်းမှုများ ရှိလာသော်လည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာသာ ရွာသွန်းမြဲ မိုးရေချိန်များထက် မိုးပိုမိုရရှိနိုင်ပြီး ကျန်ဒေသများမှာတော့ ရွာသွန်းမြဲ မိုးရေချိန်အောက်သာ မိုးရရှိနိုင်ပါတယ်။

စတုတ္ထ(၅)ရက်ပတ်ဖြစ်တဲ့ မေလ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း - တစ်ပြည်လုံးမှာ မိုးရွာသွန်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှာ ရွာသွန်းမြဲ မိုးရေချိန်ထက် ပိုနိုင်ပါကြောင်း သင်္ချာပုံစံ ခန့်မှန်းချက်များကို ဖော်ပြအပ်ပါတယ်။

အနောက်တောင်မုတ်သုံလေ ၀င်ရောက်နိုင်မှု အခြေအနေ ..

မေလ(၁၅)ရက်ခန့်မှာ အီကွေတာကို ဖြတ်ကျော်တိုက်ခတ်တဲ့ အနောက်တောင်လေများ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိလာနိုင်တဲ့အတွက် မေလ ဒုတိယဆယ်ရက်ပတ်အတွင်းမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို စတင်ဝင်ရောက်ဖို့ အလားအလာများပါကြောင်း စိုက်ပျိုးရေးလုပ်ငန်းအပါအ၀င် ရာသီဥတုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းများအား အသိပေးအပ်ပါတယ်။

မိုးရွာသွန်းမှုများကြောင့် နေ့အပူချိန်များလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။

- ဖော်ပြပါ မိုးလေ၀သအခြေအနေများမှာ (၅)ရက်ပတ်အလိုက် ပျမ်းမျှအခြေအနေ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ နေ့အလိုက် မိုးလေ၀သ ခန်မှ့န်းချက်များကိုတော့ နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါတယ်။

- မေလ (၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ ခန့်မှန်းချက်များဟာ လက် ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေ၀သအခြေအနေများအပေါ် အခြေခံထားတဲ့ သင်္ချာပုံစံ ခန့်မှန်းချက်များ ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ မိုးလေ၀သဖြစ်စဉ်များကြောင့် ခန့်မှန်းချက်များလည်း ပြောင်းလဲသွားနိုင်ပါ တယ်။ ဒါကြောင့် update ခန့်မှန်းချက်များကို အသိပေးသွား မှာ ဖြစ်ပါတယ်။

(၄-၅-၂၀၁၆)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထူးခြားမိုးလေ၀သဖြစ်စဉ်များနှင့်ပတ်သက်၍ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း
=========================================================
၁။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏(၂-၅-၂၀၁၆)ရက်နေ့ ထူးခြားမိုးလေဝသအခြေအနေထုတ်ပြန်ချက်များအရလည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏လေ့လာဆန်းစစ်မှုများအရလည်းကောင်း၊ ပြင်ပပညာရှင်များ၏ ခန့်မှန်းချက်များအရလည်းကောင်း၂၀၁၆ ခုနှစ် မေလ (၃) ရက်နေ့မှ (၇) ရက်နေ့အထိတိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ထူးခြားမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပြီးအဆိုပါမိုးလေဝသဖြစ်စဉ်များကြောင့်လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်းစသည့်မိုးလေ၀သဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ပြည်သူလူထုများအနေဖြင့် ယခုဖြစ်ပေါ်လျက်ရှိသောထူးခြားရာသီဥတုဖြစ်စဉ်များနှင့်ဆက်စပ်၍ဖြစ်ပေါ်လာနိုင်သောလေပြင်းတိုက်ခတ်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးသီးကြွေကျခြင်း၊မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍အောက်ပါအချက်များကိုအထူးသတိပြုလိုက်နာနေထိုင်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်-
- မိုးသည်းထန်စွာရွာသွန်းခြင်းများမှတဆင့်မြစ်ရေချောင်းရေများရုတ်တရက်တိုးလာခြင်းများဖြစ်ပေါ်လာနိုင်ပါသဖြင့်မြစ်ချောင်းများအနီးတွင်နေထိုင်ခြင်းမှခေတ္တရှောင်ရှားပါ။
- အလားတူပင်ရုတ်တရက်မိုးသည်းထန်ခြင်းကြောင့်တောင်ပေါ်ဒေသများ၌မြေပြိုခြင်းများ၊လမ်းပိတ်ဆို့မှုများ၊လမ်းချော်မှုများဖြစ်ပွားနိုင်သဖြင့်တောင်တက်သမားများ၊တောင်ပေါ်နေဒေသခံပြည်သူများ၊ခရီးသွားများအနေဖြင့်အထူးသတိပြုသွားလာနေထိုင်ပါ။
- လေပြင်းတိုက်ခတ်ခြင်းများကြောင့်သစ်ပင်၊သစ်ကိုင်းများကျိုးကျနိုင်ခြင်း၊မိုးကြိုးပစ်မှတ်ဖြစ်နိုင်ခြင်းများကြောင့်သစ်ပင်ကြီးများအောက်တွင်ခိုလှုံခြင်းမှရှောင်ရှားပါ။
- လယ်ကွင်း၊ကွင်းပြင်ထဲနေထိုင်ခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ပါ။
- မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အ၀တ်ထူများဝတ်ဆင်သွားပါ။ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားပါ။ အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေပါ။
- အိမ်အမိုးများကိုခိုင်ခံအောင်ပြန်လည်ပြင်ဆင်ပါ။
- အိမ်မွေးတိရစ္ဆာန်နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဉ်ပါ။
- မိုးရွာသွန်းနေစဉ်၊မိုးခြိမ်းနေစဉ်၊လျှပ်စီးလက်နေချိန်များတွင်ဖုန်းများကိုအသုံးမပြုသင့်ပါ။
- တီဗွီ၊ရေဒီယို၊လျှပ်စစ်ထမင်းအိုး၊လျှပ်စစ်မီးပူနှင့်ကွန်ပျူတာစသည့်လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကိုလည်းခလုတ်ပိတ်၍ပလပ်ဖြုတ်ထားသင့်ပါသည်။
- သစ်ပင်၊ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင်မနေသင့်ပါ။လျှပ်စစ်စီးကူးလွယ်သည့်
ပစ္စည်းများနှင့်ဝေးရာတွင်နေထိုင်ပါ။
- ကွင်းပြင်တွင်ထီးထီးကြီးမနေပါနှင့်။မလွဲသာမရှောင်သာဘဲကွင်းပြင်နှင့်လွင်တီးခေါင်အလယ်တွင်ရောက်နေပါကလျှပ်စီးလက်၍မိုးထစ်ချုန်းသံများကြားလျှင်ရပ်မနေဘဲနီးစပ်ရာနိမ့်သောနေရာများနှင့်ချိုင့်ဝှမ်းများအတွင်း၌၀ပ်နေပါ၊ကွင်းပြင်နှင့်လယ်ကွင်းများတွင်ဆောင့်ကြောင့်ထိုင်၊ဒူးနှစ်ဖက်ပေါ်လက်တင်၍ခေါင်းငုံ့ထားပါ၊
- သင့်ဆံပင်များထောင်နေသည်ဟုစတင်ခံစားရပါကမိုးကြိုးပစ်တော့မည့်လက္ခဏာဖြစ်သည်။ထိုသို့ဖြစ်ပွားပါကဒူးထောက်ချလိုက်ပြီးသင့်လက်နှစ်ဖက်ကိုဒူးပေါ်သို့ယှက်တင်၍ခန္ဓာကိုယ်ကိုကွေးညွှတ်ထားပါ၊မြေပြင်ပေါ်တွင်ပြားပြားဝပ်မှောက်မနေပါနှင့်။ထိုသို့မှောက်နေပါကသင့်ခန္ဓာကိုယ်သည်ပိုကြီးမားသောမိုးကြိုးပစ်မှတ်ဖြစ်သွားနိုင်ပါသည်။
၃။ ပြည်သူလူထုများအနေဖြင့်ထူးခြားရာသီဥတုဖြစ်စဉ်အခြေအနေများ၊ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုအခြေအနေသတင်းထုတ်ပြန်ချက်များကိုစဉ်ဆက်မပြတ်လေ့လာသတင်းရယူ၍ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ကြပါရန်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအထူးမေတ္တာရပ်ခံအသိပေးနှိုးဆော်အပ်ပါသည်။

(လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။