ဆရာမြရွက်၏ ကိုယ်ရေးအကျဉ်း
၁၉၅၂-ခု၊ စက်တင်ဘာ(၂၅)ရက်၊ ကြာသပတေးနေ့တွင် အဘဦးသီး + အမိ ဒေါ်တင်ရွှေတို့မှ မုံရွာမြို့ အလယ်ရပ်တွင် မွေးဖွားခဲ့သည်။အမည်အရင်းမှာ သန်းထွန်း ဖြစ်သည်။ မွေးချင်း (၁၂) ယောက်တွင် ဒုတိယ မြောက်သား ဖြစ်သည်။ မုံရွာမြို့ အလယ်ရပ် ပေါ်တော်မူ ကျောင်းနှင့် ဗုဒ္ဓဘာသာ အထက်တန်းကျောင်း (အထက-၁) တို့တွင် အခြေခံပညာရေး အထက်တန်းထိ သင်ကြားခဲ့သည်။ ၁၉၈၃-ခုနှစ် ကလေးမြို့တွင် အခြေချနေထိုင်သည်။ အသက်(၄၀)အရွယ် ၁၉၉၂-ခုနှစ်၊ အောက်တိုဘာတွင် ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊ ရင်ခုန်ပွင့်မဂ္ဂဇင်းတို့တွင် စာပေလောကသားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ယနေ့ထိ အသက်(၅၈)နှစ် အရွယ် ကွယ်လွန်ချိန်အထိ ဆုရ၀တ္ထုတို (၄)ပုဒ်အပါအ၀င် မဂ္ဂဇင်းဖော်ပြပါရှိပြီး ၀တ္ထုတို(၆၀)ပုဒ် ကျော် ရေးသားခဲ့သည်။ ပါဝင် ရေးသားခဲ့သော မဂ္ဂဇင်းများမှာ ရင်ခုန်ပွင့်၊ စံပယ်ဖြူ၊ စတိုင်သစ်၊ ရနံ့သစ်၊ မန္တလေးယဉ်ကျေးမှု မဂ္ဂဇင်း၊ မန္တလေး အထင်ကရ မဂ္ဂဇင်း (Icon)၊ မြန်မာသစ်၊ မဟေသီ၊ နွယ်နီ၊ လုံမလေး၊ ရုပ်ရှင် သစ္စာ၊ ( Teen)၊ မြရည်ီသီတာ၊ ပြစ်မှု၊ Faces၊ ပန်းအလင်္ကာ၊ မြားနတ်မောင်၊ အပျိုမ၊ မနုစာရီ၊ ဝေဒ၊ မိုးဂျာနယ်၊ မှုခင်းစုံ၊ သပြေ ၊မဟာ၊ ချယ်ရီ၊ လပြည့်ဝန်း၊ ရွက်နုဝေ၊ ရုပ်ရှင်အမြူတေ၊ ရင်ခုန်သံ၊ စသည်တို့နှင့် ဈေးကွက်၊ ရွှေအမြုတေ၊ မြန်မာပို့စ်၊ 24/7 စသည့် ဂျာနယ်များစွာတို့တွင် မြရွက်၊ သန်းညို့၊ စန်းစန်း၊ မြသိန်းထွန်း၊ ဘကံ စသည့် ကလောင်အမည်များစွာဖြင့် လက်ရှိမဂ္ဂဇင်း ဂျာနယ်ပေါင်းများစွာတွင် ၀တ္ထု၊ ဆောင်းပါးနှင့် သတင်းအက်ဆေးများ ရေးသားလျက်ရှိသည်။ ကလေးတောင်ညို စာဖတ်သူအကြိုက် ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ပင်လုံရပ်ကွက် နေအိမ်တွင် ၂၀၁၀၊ သြဂုတ်(၁၃)ရက်၊ သောကြာနေ့ ညနေ(၅)နာရီအချိန် အသည်းရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး၊ (၁၄-၈-၂၀၁၀) ရက် စနေ့နေ့ မွန်းလွဲ (၂) နာရီတွင် စံသာ သုဿာန်သို့ ပို့ဆောင် သဂြိင်္ုလ် မည် ဖြစ်ပါသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Friday, August 13, 2010
ကလေးမြို့ စာရေးဆရာ မြရွက် ကွယ်လွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။