ကလေးမြို့ပေါ်ရှိမိဘပြည်သူများသို့ပန်ကြားချက်
ယခုအခါ ကလေးမြို့ပေါ်သို့ ဂန့်ဂေါ-ကလေး ၂၃၀
ကေဗွီ မဟာဓာတ်အား လိုင်းမှ တဆင့် ၆၆ ကေဗွီ(၂၀)အမ်ဗွီအေ
ကလေးဓာတ်အားခွဲရုံမှတဆင့် မြို့ပေါ်ရပ်ကွက်များသို့ ၂၄
နာရီဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိပါသည်။ ယခုအခါ လျှပ်စစ်မီတာများ
ချထားဆောင်ရွက်ပေးနိုင်ရန် လျှောက်လွှာများအား လက်ခံဆောင်ရွက်ပေးလျှက်ရှိရာ
မသမာမှုများရှိလာနိုင်ပါသည်။
မိမိတို့အိမ်တွင်းဝါယာရိမ်းတပ်ဆင်မှုများအား လျှောက်လွှာလက်ခံပြီး
ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ဌာန၏သတ်မှတ်ချက်နှင့် ညီညွတ်မှု ရှိမှသာ
မီတာများချထားတပ်ဆင်ပေးမည်ဖြစ်ပါသည်။
အိမ်တွင်းဝါယာရိမ်းတပ်ဆင်ခြင်းလုပ်ငန်းများအား ကလေးမြို့ပေါ်ရှိ
လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရ(Wire Man)များဖြင့် စနစ်တကျ တပ်ဆင်ကြရန်နှင့်
အဆောတလျှင်ဆောင်ရွက်ခြင်းမပြုမိကြရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်မဟုတ်ပါက
ဌာနမှစစ်ဆေးသည့်အခါတွင် ညီညွတ်မှုမရှိပါက ငွေကုန်ကြေးကျများခြင်း၊
ပြန်လည်ပြုရခြင်းများမဖြစ်ပေါ် စေရန် အထူးဂရုပြုရန်လိုအပ်ပါသည်။
မိဘပြည်သူများအနေဖြင့် ပွဲစားများဖြင့် ဆောင်ရွက်ခြင်း၊
ဌာန၀န်ထမ်းများအားအခကြေးငွေပေး
ဆောင်ရွက်စေခြင်းမပြုကြရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။ မီတာလျှောက်လွှာများအား
စိစစ်လက်ခံ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက်နှင့်ညီညွတ်ပါက
မီတာတပ်ဆင်ပေးသွားမှာဖြစ်ပါသည်။ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ဌာနမှ
သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ပေးသွင်းရမှာဖြစ်ပါသည်။ မိမိတို့ထံသို့
မီတာရရှိစေခြင်းအကျိုးအတွက် ငွေကြေးတစ်စုံတစ်ရာတောင်းခံ လာပါက
ပေးကမ်းဆောင်ရွက်ခြင်းမပြုကြရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက
ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ပြီး
မသမာသူများအားပေးရာရောက်နိုင်ပါသဖြင့် ကြိုတင်အသိပေး ပန်ကြားအပ်ပါသည်။
သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း
ဆောင်ရွက်နိုင်ပါသည်-
မြိုနယ်လျှပ်စစ်အင်ဂျင်နီယာ-09400425264
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး- 07321501
Admin
District Electric Engineer Office
Kalay Township
Kalay Ese
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Tuesday, March 22, 2016
ကလေးမြို့ပေါ်ရှိမိဘပြည်သူများသို့ပန်ကြားချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။