၁။ ပွင့်လင်းအလံနှင့် လက်ကမ်း ၂၀၀၀၀ ကျပ်
၂။ ကြေညာလက်ကမ်း ၂၇၃၀၀ ကျပ်
၃။ ဟောင်ကောင်(3) ထမင်းဖိုး၇၁၆၀၀ ကျပ်
၎။ တာဟန်းဟောပြောပွဲ ကုန်ကျစရိတ် ၇၇၀၀၀ ကျပ်
၅။ ကလေးမြို့ မီးစက်စရိတ်နှင့် အသံချဲ့စက်ဖိုး ၆၅၀၀၀ ကျပ်
၆။ ကလေးမြို့ည ဒီဇယ် ၆ဂါလံ ၂၄၀၀၀ ကျပ်
၇။ ရန်ကုန်-ကလေး စားစရိတ် ၂၂၇၀၀၀ ကျပ်
၈။ ဗီနိုင်းဘိုး ၆၇၂၀၀ ကျပ်
၉။ အိုဆို ဒီဇယ်ဘိုး ၄၄ ဂါလံ x ၄၂၀၀ ၁၈၄၈၀၀ ကျပ်
စုစုပေါင်း ကုန်ငွေ ၇၆၃၉၀၀ ကျပ်
စုစုပေါင်း ကောက်ခံငွေ = ၁၁၅၄၀၀၀ ကျပ်
စုစုပေါင်း ကုန်ကျစရိတ် = ၇၆၃၉၀၀ ကျပ်
လက်ကျန်ငွေ = ၃၉၀၁၀၀ ကျပ်
တောင်ပေါ်ခရီးစဉ်တစ်လျောက်လုံး ကိုဖိုးဝ( ရွှေလွင်ပြင်) မှ ၃ ည ၄ ရက် အခမဲ့ ကူညီ ကားမောင်းပို့ပေးသဖြင့် ၈၈ အမျိုးသားကျောင်းသားများမှ မှတ်တမ်းတင်ပါသည်။
မှတ်ချက်။ ။ ဤစာရင်းပါ ကောက်ခံငွေနှင့်သုံးငွေ အားလုံးသည် ကိုအောင်သက်တင် (ဘကြူး) မှ တာဝန်ယူထားခြင်းဖြစ်ပါသည်။
Download Apk File
http://www.sendspace.com/file/yud6dl
Friday, March 15, 2013
၈၈မျိုးဆက်ကျောင်းသားများ ကလေးမြို့ ရဲ့ စာရင်းရှင်းတမ်း
Saturday, March 9, 2013
၈၈ ပွင့်လင်းအဖွဲ့ တီးတိန်အသွား
ရိ ရေကန် ရောက် ၈၈မျိုးဆက်ကျောင်းသားများ
ချင်းကား မောင်းသင်နေသော ကိုကိုကြီး
Friday, March 8, 2013
၈၈ မျိုးဆက်များရဲ့ ချင်းတောင်ခရီး
Thursday, March 7, 2013
၈၈မျိုးဆက်များ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ကလေးမြို့ ခရီး
-----------------------------------------------
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈မျိုးဆက်များသည် အဖွဲ့ ၂ ဖွဲ့ခွဲပြီး ချင်းပြည်နယ်ခရီးစဉ်ကို ထွက်ခွာခဲ့ရာ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ယနေ့ မတ်လ ၆ ရက်၊ နံနက် ၁၀း ၁၅ နာရီတွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပြီး အံ့ဘွယ်ကျော်၊ မာကီ၊ စမ်းချောင်းကိုကိုကြီး၊ မျိုးသန့်၊ ကိုကိုလှိုင်၊ မီးမီး၊ မာမာဦး၊ မာယာ နှင့် တဉ္စာဦးတို့ သည် ယနေ့ နံနက် ၁၀း ၃၀ နာရီတွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။ ထိုသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၂း ၄၅ နာရီက ကလေးမြို့၊ တာဟန်း တောင်ဖီလာရပ်ကွက်၊ ရာပြည့် နှစ်ခြင်းခန်းမတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကြပြီး ဒေသခံများ၏ လက်ရှိအခက်အခဲဆိုင်ရာများကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ညနေ ၄း ၄၅ တွင် ရုတ်သိမ်းခဲ့ကြပြီးနောက်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

Thursday, March 15, 2012
ကလေးက မီး
၁၄-၃-၂၀၁၂ ရက်နေ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ဗိုလ်ချုပ်လမ်း ဘီအိုစီ အနီး မီလျံနာ (၂) ကွန်ပျူတာ မိတ္တူဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ အနည်းငယ်သာ လောင်ကျွမ်းခဲ့သည်ဟု သိရပါသည် ။။
Tuesday, August 30, 2011
ရွက်ပုန်းသီးပုရပိုက်မြို့..(သို့မဟုတ်)....
သမိုင်းအရဆိုပါတော့ ကလေးမြို့ကမှော်ဆရာတွေမထွက်ဘူး
(ဆောင်းရာသီကိုတော်လှန်ဖို့ခေါင်ရည်တစ်ခွက်နဲ့
အိမ်ထဲမှာကွေးနေကြသလား)
မြို့တည်သက္ကရာဇ်(၃၂၈)ကတော့မှော်ဆန်တယ်
အခုလိုဆောင်းဆို
အိနြေ္ဒ-နေရဉ္စရာရဲ့မြ၀တီစံဆိုင်ရှေ့မှာ
မှော်ဝင်အက္ခရာများ
စာပေသဘောတရားတွေနဲ့ စားတော်တိုက်
လပြည့်ညတောင် လန့်ဖျပ်မှောင်မိုက်သွားတတ်သေး(ဟိုတုန်းက)
ကျွန်တော်တို့ဆိုတာကလေးမြို့ရဲ့မှော်ဝင်သစ်စေ့တွေ
တောင်ကနေမြောက်ကိုလားတဲ့ပြောင်းပြန်သိုင်းသမားမြစ်သာနံဘေး
စုမိဆောင်းမိအလင်းမျှင်ချင်းပေါင်းပြီးရသအညှောက်တွေပြိုင်တူပေါက်ကြ
နှလုံးသွေးရဲ့တောက်ခေါက်သံ
ဝတ္ထုကဗျာသီချင်းတွေရေးကြတယ်
မြို့ကွက်ကသိပ်မထူထပ်ပေမယ့်ခံစားမှုအရေထူထူနဲ့
စာအုပ်ထူထူကြီးတွေကိုကြိုက်ကြတယ်
ကျွန်တော်တို့မြို့ကဧည့်သည်လာရင်သီချင်းဆိုတဲ့မြို့
တောင်ကဖီလာ..မြစ်ကပြောင်းပြန်...လူတွေက ကန့်လန့်.....တဲ့
မနာလိုလို့ပြောကြတာ..အဲသလို
ပစိပစပ် အပြုံးတစ်စုံဆို
ပိဋကတ်သုံးပုံနဲ့ထုထည့်လိုက်ရမှာ ၀န်မလေးတဲ့မြို့
အချိန်ကိုတန်ဖိုးထားချက်တော့
အိပ်မက်တောင်မှလိုရင်းတိုရှင်းမက်တဲ့မြို့
ကျွန်တော်တို့မြို့.....
ကလေးမြို့.....ကလေးမြို့....ကလေးမြို့
ချင်းတောင်တန်းကိုလွယ်အိတ်လုပ်
ဇလပ်ပွင့်တစ်ဆုပ်ကြီးရငင်သားကိုရဲရဲခွဲ
ချယ်ရီထင်းရှူးရနံ့သယံဇာတအားလုံး အင်္ကျီချုပ်ဝတ်ထားတဲ့မြို့
ဆရာမ ဂျူးရဲ့..တိမ်နဲ့ချည်တဲ့ကြိုး..လူလားမြောက်သွားခဲ့တဲ့မြို့
မြို့လယ်ခေါင်မှာလေယာဉ်ကွင်းရှိတဲ့မြို့
မေခ....မလိခမြစ်ဆုံကိုမမြင်ဖူးပေမယ့်
မြစ်သာ-နေရဉ္စရာ-မြစ်သာ-ချင်းတွင်းဆုံစည်းရာတွေကို
တစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်နေတတ်တဲ့မြို့..ခင်ဗျားတို့လိုပဲ
ကျွန်တော်တို့မှာ...
ဇာတိရနံ့ထုံထားတဲ့ ကိုယ်ပိုင်အိပ်ရာဝင်ပုံပြင်လေးတွေရှိပါတယ်
ချင်းတောင်ပေါ်ကနေဈေးကွက်မြင်းစီးထွက်လာတဲ့
သစ်တော်သီးလေးတစ်လုံးလောက်
ချိုမြိန်မှုတွေစောက်မနက်ခဲ့ဘူး
သမိုင်းအရဆိုပါတော့..
ဇာတိမြို့ဖွဲ့ကဗျာဟာ
ရွက်ပုန်းသီးပုရပိုက်ဆန်နေတယ်......။ ။
အောင်မှူးဝေ
စိတ်ကူးချိုချိုအနုပညာ..မြို့တွေ၊ရွာတွေ၊ကဗျာတွေစာအုပ်မှ ကူးယူတင်ပြသည်။
Tuesday, May 31, 2011
ဇွန်(၅)ရက်နေ့ သစ်ပင်စိုက်ပွဲ
ကလေးမြို့ သစ်ပင်ချစ်သူများ စုစည်း၍ Green Valley အဖွဲ့နှင့် မြို့နယ်သစ်တောဦးစီ ဌာနတို့ ပူးပေါင်း၍ ကလေး- ဂန့်ဂေါ ကားလမ်းဘေး GTC တောင်ဘက်မှ သာယာကုန်း ရွာအထိ ဇွန်လ (၅) ရက်နေ့တွင် သစ်ပင် စိုက်ပျိုးကြမည်ဟု သိရှိရပါသည်။ ယမန်နှစ်က စိုက်ပျိုးခဲ့သော သစ်ပင်များမှ သေသောအပင်နေရာများ တွင်လည်း အစားထိုး စိုက်ပျိုးမည်ဟု သိရှိရပါသည်။ သစ်ပင်များ စိုက်ပျိုးပြီး ၄င်းအပင်များ ရှင်သန်ရေးအတွက် ပြုစုစောင့်ရှောက်ရေးမှာ ပိုပြီး အဓိက ကျကြောင်း သစ်ပင်စိုက်ပျိုးသူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
Tuesday, February 15, 2011
ကလေးတောင်ညို စာဖတ်သူ အကြိုက်ဆုံးဆု
စစ်ကိုင်းတိုင်း၊ကလေးမြို့ မှ စာရေးဆရာများ စာပေ ၀ါသနာရှင်များ စုပေါင်း၍ ကလေးတောင်ညို စာဖတ်သူ ကြိုက်ဆုံး ၂၀၁၀ ၀တ္ထူ/ကဗျာ ဆုကို ရွှေးချယ်ခဲ့ကြသည်ဟု သိရှိရပါသည်။ ခံစားသူအကြိုက် ၀တ္ထူတိုဆုကို အောက်တိုဘာလ ထုတ် မြန်မာသစ် မဂ္ဂဇင်းပါ “ နှင်းဆီအောင်” ၏ “ အရောင်ပြောင်းထောင့်” ၀တ္ထူကို လည်းကောင်း ၊ ကဗျာဆုကို သြဂုတ်လ ထုတ် ပိတောက်ပွင့်သစ် အနုပညာ မဂ္ဂဇင်းပါ “ဘိုဘိုအောင်” ၏ “ အမှန်တရား” ကဗျာကို ရွှေးချယ်၍ တစ်ဦးလျှင် ဥာဏ်ပူဇော်ခ ကျပ် ငါးသောင်းစီ ချီးမြှင့်သည်ဟု သိရှိရပါသည်။
ရင်ဖိုဆောင်း
တသိမ့်သိမ့် တွေးစရာကောင်းတဲ့
ဆောင်းရဲ့ ပန်းချီကားတစ်ချပ်မှာ ….
အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့
ခွာညိုနဲ့ ဆုံဖြစ်ဖို့ ….
မြောက်ပြန်လေတို့နဲ့ အမှာပါး
ရင်ကြားစေ့ တွေ့ဆုံဖို့တဲ့ ……….။
ပြေပြေလေးဆိုင်းထားတဲ့
နှင်းမြူလှိုင်းလေးတွေက
မိုးနဲ့ဆောင်းကို ………..
ကာလအားဖြင့် ပိုင်းခြားလိုက်တယ် ………။
မနှစ်က ဆောင်းလက်ကျန် အငွေ့အသက်က
မျက်ဝန်းထဲ ……..
စိုစိုစက်စက်ကြီးကို ရှိနေသေးတယ် …….။
ခွာညိုရဲ့ မျက်တောင် ကော့ကော့တွေပေါ်
နှင်းမှုံ နှင်းစက်လေးတွေက
ဖေါ့ဖေါ့လေး ခိုသီထားတဲ့ဆောင်း
ချင်းတောင်တန်းကြီးတွေ ……..
အ၀တ်ဖြူကို ခေါင်းပေါင်းထားသလိုမျိုးနဲ့
မြို့ကလေးကို ……
အပေါ်စီးကနေ မိုးကြည့်နေတဲ့ဆောင်း …
ကြယ်မှိန်မှိန် လရိပ်မှုန်ရီညမှာ
ခွာညိုရဲ့ ကိုယ်သင်းနံ့တွေ ထုံအီနေတဲ့ဆောင်း
မီးလင်းဖိုလေးနံဘေး ………..
ဝါကျတွေ အေးခဲသွားတဲ့ဆောင်း
ရှေ့ကဖြတ်လျှောက်သွားတဲ့ဆောင်းနဲ့
တရိပ်ရိပ် ပြေးလားနေတဲ့ ဆောင်းရဲ့ကြားမှာ …
ရာသီကန့်လန့်ကာ နှစ်ခုခြားတယ် ……..
ကျွန်တော်ကတော့ ……..
မောင်လေးအောင်ရဲ့ ချစ်ခဲ့ရသော နေ့တစ်နေ့
သီချင်းကို ဆိုညည်းရင်း ……
နှင်းငွေမှုံထဲ ……… ၀ိုးတ၀ါး …….
ကိုယ့်ချစ်သူများ ပြေးလာမလား ……..
အသည်းများရင်ဖို ……… စောင့်ကြိုမိသေးတယ် …….။
မောင်ကိုမောင် (ကလေး)
၂၀၁၁ ခုနှစ်၊ဖေဖေါ်ဝါရီလထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည် ။
Tuesday, February 8, 2011
မီးလောင်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်လုံရပ်ကွက် ပင်လုံလမ်းမတော် တောင်ဘက် ဥပုဒ်ချောင်းဘေးတွင် ယနေ့ (၈-၂-၂၀၁၁) ရက်နေ့ နေ့လည် (၂း၄၅) ၀န်ကျင်ခန့်တွင် မီးလောင်မှု ဖြစ်ပွားရာ နေအိမ် တစ်လုံး လောင်ကျွမ်းသွား ကြောင်း သိရှိရပါသည်။













