ကလေးမြို့ သီတဂူ စက္ခု ဇိဝိတ ဒါန မျက်စိ ဆေးရုံတွင် မျက်စိ ဝေဒနာရှင်များအား ဒုတိယအကြိမ် အဖြစ် ဖေဖေါ် ၀ါရီလ ၁၉ ရက် မှ စတင်၍ ခွဲစိတ်ပေးနေပြီ ဟု သိရှိရပါသည်။
Download Apk File
http://www.sendspace.com/file/yud6dl
Saturday, February 20, 2010
ချင်းပြည်နယ်နေ့
၂၀၁၀ ခုနှစ် ချင်းပြည်နယ်နေ့(ချင်းအမျိုးသားနေ့) အခမ်းအနားကို ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့ အားကာစားကွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖေဖေါ်ဝါရီ ၁၈/၁၉/၂၀ ညများတွင် အင်ပါယာ တေးဂီတ အဖွဲ့နှင့် အတူ ဇော်ဝင်းထွဋ်၊ ကော်နီ၊ နောနော် နှင့် အဆိုတော်များစွာတို့မှ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။
ဝင်ကြေးမှာ တစ်ထောင်ကျပ်ဟု သိရှိရပါသည်။ ၂၀ ရက်နေ့ ညတွင် Free Show ဟု သိရှိရပါသည်။
Monday, February 8, 2010
စကားလှ ကျောင်းဆရာတော် ပျံလွန်တော်မူ
စစ်ကိုင်းတိုင်း၊ကလေးမြို့ စကားလှ ကျောင်းဆရာတော် ဥူးဓမ္မပါလ သည် (၈-၂-၂၀၁၀) ရက်နေ့ မွန်းလွဲ ၁ နာရီ မီးနစ် ၂၀ တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်ဟု သိရှိရပါသည်။
Sunday, February 7, 2010
CDMA ဖုန်းများ ပေးတော့မည်
စစ်ကိုင်းတိုင်း၊ကလေးမြို့ နှင့် ချင်းပြည်နယ် တစ်ခုလုံးတွင် WCDMA-450 တယ်လီဖုန်းများ တပ်ဆင်ပေးတော့မည်ဟု သိရှိရပါသည်။ တပ်ဆင်ပြီးစီးပါက ချင်းပြည်နယ် နေရာအားလုံးတွင် CDMA တယ်လီဖုန်း အသုံးပြုနိုင်မည်ဖြစ်ပြီး ချင်းတွင်းမြစ်ရိုးတလျှောက်တွင်လည်း Internet ပါ အသုံးပြု နိုင်သော Mobile Phone များ တယ်ဆင်နေပြီဟု သိရှိရပါသည်။ ကလေးမြို့တွင်လည်း CDMA တယ်လီဖုန်း လျှောက်လွှာများ ခေါ်ယူနေပြီဟု သိရှိရပါသည်။
Tuesday, January 26, 2010
သံခေါင်စာရင်းများ ကောက်ယူ
စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် သံခေါင်စာရင်းများ စတင် ကောက်ယူနေပြီ ဖြစ်ပါသည်။ အောင်သစ္စာ ရပ်ကွက်တွင် လည်း အိမ်ထောင်စု စာရင်းများ ကောက်ယူရာ ဆန္ဒမဲပေးသူများ ၏ စာရင်းပြုလုပ်ရန်အတွက် တအိမ်ထောင်လျှင် သုံးရာ ကျပ်ကိုပါ ကောက်ယူခဲ့ပါကြောင်း သိရှိရပါသည်။
Monday, January 25, 2010
စာပေဟောပြောပွဲ
ကလေးမြို့ နေသာစာကြည့်တိုက် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာရေးဆရာ ဆူဒိုနင် (ခ) အတ္တကျော်၊ ညီစေမင်း တို့မှ ဇန်န၀ါရီလ ၂၅/၂၆ ရက်နေ့ ညများတွင် နေသာ စာကြည့်တိုက် ရှေ့ ဗိုယ်ချုပ်လမ်းပေါ်တွင် ဟောပြောမည်ဟု သိရှိရပါသည်။
3 Star Shows
ကလေးမြို့ အောင်မင်္ဂလာဇတ်ရုံကြီးတွင် ဇန်န၀ါရီလ ၂၂/၂၃ ရက်နေ့ ညများတွင် ခင်မောင်တိုး၊ ဇော်ပိုင်၊ ဖြူဖြူကျော်သိန်း၊ တို့မှ သီဆို ဖျော်ဖြေခဲ့ကြပါသည်။ တစ်ဦးလျှင် ၀င်ကြေး ၄၀၀၀ိ/- ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။
Tuesday, January 19, 2010
နေ့သစ်
ရေးသူ မောင်ကိုမောင်(ကလေး)
တံစိုးလက်ဆောင်တိုင်းမှာ
မျှော်လင့်ချက် ပါ မပါ ဆိုတာ
ခြေရာခံ ကောက်မကြည့်ချင်ဘူး …..။
ဝင်ကစွပ်ကောင်တွေလို
အငှားခန္ဓာမမြှောင်ဘူး
ပိုးစုန်းကြူးလေးတွေရဲ့
လင်းဖွဲ့မှုမျိုးလို
ဘယ်အလင်းတန်းက စုပ်မယူဘူး
ကိုယ့်အလင်းနဲ့ ကိုယ် …..။
ဘ၀ရဲ့ တို့ခတ်မှုမှာ
အရှိုးရာတွေ အထပ်ထပ်
ကျပ်ညပ်နေတဲ့ ခရီးရှည်ထဲ
ယီးလေးတွဲခိုရင်း
ခြေတစ်ကွက်စာ နင်းလို့
လိုက်ခဲ့ရပေါင်းလည်းများပြီ ….။
ဘီလ်ဂိတ်လောက် မချမ်းသာရင်နေပါစေ
နေ့သစ်တွေကိုတော့
ချိုမြိန်စွာစားသုံးချင်ခဲ့
ဒါပေမယ့် ဘ၀က
ဆရာ အောင်သင်းပြောသလို
လိုချင်တာ တစ်ခုအတွက်
မလိုချင်တာတွေပါတွဲယူမှ ရမယ်တဲ့ ….။
နွေးထွေးမှုအတိနဲ့ပြီးတဲ့
လွှမ်းခြုံမယ့်မနက်ကိုကြိုလင့်
အခွင့်တော့ မသာနိုင်သေးဘူး
ရွာသွန်းမိုးက
မပြီးနိုင် မစီးနိုင်
ဟီးထိုင်ငိုကြွေးနေတော့ရဲ့ ….။
မောင်ကိုမောင်(ကလေး)
၂၀၁၀ ခုနှစ်၊ဇန်န၀ါရီလထုတ် ဖက်ရှင်မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
Saturday, January 16, 2010
နေကြတ်ခြင်း

ကလေးမြို့တွင် ၁၅-၁-၂၀၁၀ ရက်နေ့ ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီထိ နေကြတ်ခဲ့ပါသည်။ ကလေးမြို့တွင် ၁၉၉၅ ခုနှစ်ကလည်း နေကြတ်မှု ဖြစ်ခဲ့ဘူးပါသည်။
ဓါတ်ပုံများကို ဒီမှာ ကြည့်နိုင်ပါတယ် ။
Sunday, January 10, 2010
မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်း၊ကလေးမြို့၊ပင်လုံရပ်ကွက် ချင်းပြည်နယ် သစ်ထုတ်ရေး ရုံးဝန်းအနီးတွင် (10-1-2010) ရက်နေ့ မနက် ၁၁ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ ပါသည်။ နေအိမ်တစ်လုံး လောင်ကျွမ်းသွားကြောင်း သိရှိရပါသည်။
Saturday, January 9, 2010
မဟောင်းနွမ်းခဲ့သော အိပ်မက်များ
ကိုယ်က သတိမဲ့ ပေါ့ပျက်ပျက် နေတတ်ခဲ့သူ။ သတိတရနဲ့ အမှတ်ထားလိုက်မိတော့ ကိုယ့်ရင် ထဲမှာ ရောက်နေနှင့်ပြီ။ ကိုယ့်ထက် ငယ်တော့ ညီမလေး တစ်ယောက်လို သံယောဇဉ် ရှိတာ လို့ တွေးထင်ထားမိတာ..။ ဝေးနေလို့ လွမ်းတတ်တဲ့ အခါကျမှ ကိုယ်ချစ်မိနေပြီ ဆိုတာ သိလိုက်ရတယ် လင်းမြဝေ။ ကိုယ်တို့ နှစ်ယောက်ရဲ့ ဘ၀ကို သံယောဇဉ်တွေ တိုးပြီး တည်ဆောက်ဖို့ ကိုယ်အရမ်း အခက်တွေ့တယ်။ သီချင်းနဲ့ တီးလုံး မကိုက်သလို key တွေက ခဏခဏ ချော်လို့။ အဆီအငေါ မတည့်တဲ့ စကားလုံးတွေနဲ့ နောက်ပြန် လှည့်ခဲ့ရတဲ့ နေ့တွေလည်း မနည်းဘူး လင်းမြဝေ … မင်း မသိခဲ့ဘူးနော်..။
ကိုယ်တို့နှစ်ယောက် စတွေ့ဆုံချိန်က ဆယ်စုနှစ် တစ်ခုတောင် ကျော်ခဲ့ပြီ…။ မှတ်မိသေးရဲ့လား လင်းမြဝေ..။ ငယ်ဘ၀က ဟားစရာ လေးလေ။ မင်းလေးက မာလကာသီး စားချင်တယ်ဆိုပြီး ကိုယ့်ကို ဂျီကျလို့ မလာကာ ပင်ပေါ် တက်ကောက်ပေးတာလေ။ အဆင်းမှာ ပုဆိုး ချိတ်ပြီး ကျန်နေလို့ ကိုယ်မျက်နှာကြီး ထားစရာ နေရာ မရှိ ဖြစ်နေတာကို မင်းက မျက်စိမှိတ်အောင် ရယ်နေခဲ့တာလေ..။ တစ်ခုရှိသေးတယ် လင်းမြဝေ …။ မင့်ရဲ့ စက်ဘီး သေးသေးလေးကို ကိုယ် ယူ စီးလို့ ဆိုပြီး လိုက်ရိုက်တော့ ပန်းသီး တစ်လုံးကျွေးပြီး ချော့ခဲ့ရတာလေ ..။
ပြီးခဲ့တဲ့ အတိတ်တွေက ရယ်မော လွမ်းဆွတ် စရာတွေ အပြည့်နဲ့ပေါ့ ။ နွေဦး ရဲ့ ညတွေမှာ ခရေပန်းတွေ အတူ ကောက်တုန်းက စိတ်ကူးတွေနဲ့ တိုးတိတ်စွာ ကြည်နူးလို့။ မင့်တော့ သိခဲ့လိမ်မယ် မထင်ဘူး။ ကိုယ့်ရဲ့လက်မှာ ထိရှခဲ့တော့ စိုးရိမ်စိတ်တွေနဲ့ ဆေးထဲ့ပေးရင်း `` ဒီလောက် နမော်နမဲ့ နိုင်ရမလား ´´ ဆိုပြီး ဆူခဲ့တာလေ..။ ခုထိ အမှတ်ရတယ် လင်းမြဝေ..။
မျက်နှာကြီး စူပုတ်ပြီးတော့ သူငယ်ချင်း ကောင်မလေးနဲ့ အထင်လွဲလို့ မနည်းကြီး ဖြေရှင်းရ တာလေ..။ ဟုတ်တယ်လို့ များ ပြောခဲ့ရင် တစ်ခါတည်း သတ်ပြစ်လိုက်မှာလား လင်းမြဝေ..။
ဟို… အဝေးကြီးမှာ ပညာ သွားသင်တုန်းက တယ်လီဖုန်းလေး ထဲက မင့် အသံလေး ကြားရင်ပဲ ကိုယ့် အလွမ်းတွေ တစ်ဝက်လောက် ပြေပျောက် သွားသလိုပဲ။ ပြန်လာတဲ့ ရက်တွေမှာ မျက်နှာ တည်ကြီးနဲ့ စိုက်စိုက်ကြီး ကြည့်နေတဲ့ အချိန်ဆို ကိုယ်မနေတတ်ဘူး လင်းမြဝေ ..။ တို့နှစ်ယာက် အိမ်ရှေ့ ခုံလေး ပေါ်မှာထိုင်ပြီး ကိုယ် ၀တ္ထူတို တစ်ပုဒ် ဖတ်ပြတော့ ငြိမ်သက်စွာ နားထောင်လို့ ။ဒီအချိန် လေးတွေ ပြန်လိုချင်တယ် ..။ ကိုယ်တို့ တစ်တွေ ထမင်း အတူစားချိန် ဟင်းဖတ်လေးတွေ ခပ်ပြီး ထည့်ပေးတော့ (စိတ်ထဲမှတော့ အိမ်ရှင်မ ကောင်း တစ်ယောက်) ကြည်နူးစိတ်တွေနဲ့ ငရုပ်သီးတောင် မစပ်ဘူး ထင်တဲ့ကောင်ပါ။
ကွမ်းပေါင်း ထုပ်တွေ ကိုယ်စားလို့ စိတ်ကောက်ပြီး တက်အိပ်နေတာ ကြုံခဲ့ရတာ လည်း မင့် အသိဆုံးပါ လင်းမြဝေ .. ။ ကိုယ်တို့ နှစ်ယောက်က မျက်ဝန်းချင်းပဲ စကားပြော ကြရတဲ့ သူတွေပါ။ ရင်ဘတ်ထဲက အကြောင်းတွေကို သီချင်းလေးတွေနဲ့ ဖွင့်ပြော ကြရတာလေ .. ။ မင့် အနားက သူတွေကို ဘီလူးတွေ ဂုမ္ဘန်တွေ ယက္ခတွေ လို့ ကိုယ် မပြော ချင်ပါဘူး။ ရိုးသားတဲ့ ညီမလေးရေ ဖြူစင်ခြင်းတွေနဲ့ ကိုယ့်ဘ၀ရဲ့ မျှော်လင့် ချက်ဟာ မင့်ပါ လင်းမြဝေ ..။
မြို့ အထွက်က အကြော်ဆိုင်လေးက စခဲ့တဲ့ တို့နှစ်ယောက် အဖြစ်အပျက်လေ။ မှတ်မိသေး လား လင်းမြဝေ.. ။ မင့်က မင်းသူငယ်ချင်း တွေနဲ့ တစ်ဝိုင်းလေ။ ကိုယ်က ကောင်မလေး သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းလေ ..။ အဲ့ဒီမှာ နှုတ်မဆက်လို့ ဆိုပြီး တစ်လလောက် စိတ်ဆိုးပြီး စကား မပြောပဲ နေခဲ့ တာလေ … ။ အဲ့ဒီ အချိန်တုန်းက ကိုယ့်စိတ်တွေ နေမချိ ထိုင်မသာ ဗလောင်ဆူ ပူတဲ့ စိတ်တွေနဲ့ နွမ်းလျှခဲ့တယ်။ သင်္ကြန်မှာ ရေလောင်းမယ် ဆိုတော့ `` ကျမက ဥပုဒ် ရတယ်´´ ဆိုပြီး ရှောင်ပြေး သွားတာလေ..။ ကိုယ့် ရဲ့ အကြွေး စာရင်းထဲမှာ မှတ်ထားတယ် လင်းမြဝေ …။
တို့ တတွေ မြို့ အထွက်က ဘုရားကို သွားခဲ့ကြတုန်းက အရမ်းပျော် ခဲ့ကြတယ်လေ..။ အပြန်မှာ မိုးတွေရွာလို့ မိုးရေတွေ စိုနေခဲ့တော့ နေမကောင်း ဖြစ်မှာကို စိုးရိမ်ခြင်း စိတ်တွေနဲ့ ။
မိုးခို ရင်းနဲ့ အချိန်တွေ ကုန်လာတော့ အိမ် အပြန် နောက်ကျမှာကို ပူပန်နေတဲ့ ညီမလေး ကို ကြည့်ရင်း အငြိုးနဲ့ ရွာတဲ့ မိုးကို အပြစ်ပဲ တင်ချင်နေမိတော့တယ်…။ အိမ်ရောက်တော့ တုတ် တစ်ချောင်းနဲ့ မစောင့်ပေမယ့်လည်း မကြည်လင်တဲ့ ဆန္ဒနဲ့ မျက်နှာတွေ ကြောင့် ကိုယ် သနားမိတယ် လင်းမြဝေ .. ။ ကိုယ်တို့နှစ်ယောက် တရားဝင် ချစ်သူတွေ ဖြစ်ဖို့ လိုအပ်နေပြီ လင်းမြဝေ ။
ဟို … အဝေး တစ်နေရာမှာ မင့်ရောက်နေတုန်း ကိုယ်တို့ တစ်တွေ လာခဲ့ကြတော့ ပျော်နေတဲ့ မျက်နှာလေးနဲ့ ဆီးကြိုလို့ ကိုယ်စိတ်မှာ အံ့သြမှုတွေနဲ့ ပင်ပန်းခြင်းဆိုတာတွေ ပယ်ပျောက်လို့ နှင်းဖွဲတဲ့ ဆောင်းရာသီ နှင့်အတူ အေးမြစေခဲ့တယ် လင်းမြဝေ..။ အဲ့ဒီ အချိန်ခဏလေး ဟာ တို့ဘ၀အတွက် အရေးပါခဲ့ လိမ့်မယ်လို့ တွေးထင်မထားမိခဲ့ဘူး လင်းမြဝေ ..။ အချိန်တန်လို့ လာရာလမ်းကို ပြန်ရမယ်ဆိုတော့လည်း ညို့မှိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ လက်ပြ နှုတ်ဆက်ခဲ့ တာကို ကိုယ်မမေ့ဘူး …။ အရိုးကွဲမတတ် အေးခဲတဲ့ တောင်ပေါ်ဆောင်းဟာ လွမ်းဆွတ်ခြင်း ထုထည်တွေကို နှင်းမိုးတွေ အဖြစ် ရွာချ လေသလားလို့ ထင်မိခဲ့တယ် လင်းမြဝေ …။
Online ပေါ်မှာ Chatting ထိုးတဲ့ အကြောင်းတွေ ပြောတော့ ကိုယ့်ကို သံသယ မျက်ဝန်းတွေနဲ့ ကြည့်ခဲ့တာကိုလည်း မှတ်မိတယ် ။ Online ပေါ်မှာ ရည်းစားထားတယ်ထင်ပြီး စိတ်ကောက်နေတာလား လင်းမြဝေ ...။ ကိုယ်အဲ့ဒီလို မဟုတ်ခဲ့ပါဘူး ။ မင့်လေးရဲ့ပုံကို ကိုယ့်ရဲ့ Chatting Box ပေါ်မှာ တင်ထားပြီးတော့ ကိုယ်က ဇာတ်လမ်းကို ပိတ်ထားတဲ့သူပါ ။
ကိုယ့်ကို ယုံကြည်လိုက်စမ်းပါ လင်းမြဝေ …။
အခုတော့ လင်းမြဝေ …။ ကိုယ့်ရဲ့ အလွမ်းတွေ ပြေပျောက်ဖို့အတွက် ဓါတ်ပုံ လေး တစ်ပုံသာ ပိုင်ဆိုင်ခွင့် ရှိသေးတဲ့ဘ၀ ကို စိတ်ပျက်မိတယ် ..။ ဘယ်အချိန်မှ ပိုင်ဆိုင်ခွင့် ရမှာလဲ လင်းမြဝေ ..။ ကိုယ်တို့နှစ်ယောက် နီးရဖို့ အတားအဆီးတွေ ကျော်ဖြတ်ပြီး စိတ်ကူးထဲက အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အရောက်လာခဲ့ပါ လင်းမြဝေ … ။ ကိုယ့်ရင်ခွင်ဟာ မင့်အတွက် အသင့်ဖြစ်နေပြီ ကြိုနေမယ် လင်းမြဝေ …။ အစောဆုံ ရောက်အောင်လာခဲ့ပါ။
ဇမင်းခက်
(08.01.2010; 23:30; FRI;)
(ချစ်သောညီမလေး တစ်ယောက်အတွက်)
Thursday, January 7, 2010
ရှားပါး စာအုပ်ရောင်းပွဲ (ကလေးမြို့)
ကလေးမြို့ ဂန္ဒမာ စာပေမှ ရှားပါး စာအုပ်များကို ၂၀၁၀ ဇန်န၀ါရီလ (၂) ရက်မှ (၆) ရက်နေ့အထိ အောင်မူး (ကလေး) နှင့် ကလေးမြို့ ရှိ ပန်းချီဆရာများ၏ ပန်းချီ လက်ရာများ နှင့် အတူ အရောင်းပွဲတော် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အရောင်းပွဲတော်တွင် သမိုင်း နှင့် ဘာသာရေးဆိုင်ရာ စာအုပ်များ အရောင်းသွက်ခဲ့ကြောင်း သိရှိရပါသည်။
ဓါတ်ပုံများ ကြည့်ရှု့လိုပါက ဒီမှာ ကြည့်ရှု့ နိုင်ပါတယ် ။
ကိုအောင်မူးရဲ့ ပန်းချီကားများ ကို ဒီမှာ ဒီမှာ ကြည့်နိုင်ပါတယ် ။





