Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Friday, January 1, 2010

ယဉ်ကျေးလိမ္မာ သင်တန်း


နေသာ ပညာဒါန၏ ယဉ်ကျေးလိမ္မာ သင်တန်းကို နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးဆောင်၍ တောင်ဖီလာ တောရကျောင်းတွင် ပြုလုပ်ရာ ၂၆-၁၂-၀၉ ရက်နေ့တွင် ပြီးစီးပြီ ဖြစ်ပါသည်။ အဆိုပါ ပွဲတွင် စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ မှ ကျောင်းသား ကျောင်သူများ အား စိတ်ဓါတ်ကို မြှင့်တင်နိုင်ရန် ကိုယ့်ကိုကို ယုံကြည်မှု ရှိစေရန် ၄င်းတို့၏ အတွေ့ အကြုံများနှင့် ဟောပြောပို့ချခဲ့ပြီး၊ စာရေးဆရာ ကံထွန်းသစ်မှ လည်း ကျောင်းသား ကျောင်းသူများ အား အသိပညာ ဆိုင်ရာ အကြောင်းတို့ ဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူတို့၏ မေးခွန်းများကို ပြန်လည်ဖြေ ကြားခဲ့ကြပါသည်။ ကလေးမြို့နယ် တရားရုံှး တရားသူကြီးတစ်ဦမှ ဥပဒေဆိုင်ရာ အချက် အလက်များ ဟောပြောခဲ့ကာ ကလေးခရိုင် ရဲတပ်ဖွဲ့ မှ ယဉ်စည်းကမ်းဆိုင်ရာ အကြောင်းများနှင့် ယဉ်တိုက်မှု အကြောင်းများ အား ပိုစတာနှင့် တကွ ဟောပြောခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကလေးများအား ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားများ ပျော်ရွင်ဖွယ်ရာ ဂိမ်းများ တရားထိုင်ခြင်း တရားမှတ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။


ဓါတ်ပုံများကို ကြည့်လိုလျှင် ဒီမှာ သွားရောက်ကြည့်ရှု့နိုင်ပါသည်။


No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။