Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, July 28, 2010

ရာစုသစ် ဝမ်းစာ

အနားသတ်မျဉ်းမညီတဲ့ ပန်းချီကားတစ်ချပ်လို ဘဝကို စိတ်လိုလက်ရ ခံစားပစ်လိုက်စမ်း။

ငှက်တွေအိပ်တန်းပျံတာကိုကြည့်ဖို့ မြို့ပြင်ထွက်လာခဲ့တယ်။ ဘေးကသူငယ်ချင်းကတော့ ငါ့ကို နားလည်ပေးတဲ့ မျက်ဝန်းတွေနဲ့ကြည့်လို့။ ငှက်တွေပျံလာလိုက်ကြတာ။ ဒီ ကဘော်ကြီးရဲ့ ဟိုဘက်စွန်း တောင်ရိုးမှာနားခိုကြလေမလား ...။ ဟုတ်ပါရဲ့။ လွတ်လပ်တဲ့လေထုမှာ လွတ်လပ်စွာပျံကြ။ အိပ်တန်းနေရာတွေမှာ မိသားတစ်စု စုံစုံလင်လင်နဲ့ စီစီညံနေအောင် အော်ဟစ်မြူးတူးကြဦးမယ်။ တစ်ချို့က လေးကိုင်းလို အုပ်စုဖွဲ့ပျံလို့။ တစ်ချို့က စစ်ဗျူဟာခင်းသလို အထပ်ထပ်ဝန်းရံလို့။ လှလိုက်တဲ့ငှက်တွေ။ ချုပ်စနေခြည်အောက်မှာ ဆေးရောင်စိုနေတဲ့ ကချေသည်တွေလိုပါပဲ။ အော်...။ ဘဝ။ ဘဝ။ ဖြစ်တည်ရာတွေ ဘယ်လိုပဲကွာကွာ အိပ်ပြန်ချိန်တွေကိုတော့ အားလုံးမျှော်ကြမှာပဲ။
သူငယ်ချင်းနှစ်ယောက် ဘာစကားမှမပြောဖြစ်ဘဲ ညနေပိုင်းလေးကုန်သွားတယ်။ ]ပြန်ကြရအောင်ကွာ} တဲ့။ ကိုယ်မပိုင်တဲ့ညတွေ သိပ်များလွန်းလှပြီ။ သိပ်လှတဲ့ညတွေမှာ ကိုယ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ် နေပစ်လိုက်ချင်မိပါရဲ့။ လရောင်အောက်မှာ တန်းလျားလေးတစ်လုံးချပြီး ခြေပစ်လက်ပစ်လဲလျောင်းမယ်။ ကြယ်တွေကို ရေတွက်ကြည့်မယ်။ လ ရဲ့ မျက်နှာပြင်ကို စေ့စေ့ကြည့်ရင်း သီချင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စ ညည်းမယ်။ ငြိမ့်ကနဲ တိုက်လာတဲ့ လေညင်းက ကိုယ့်ဘဝအပူတွေကို စုပ်ယူသွားမှာ သေချာတယ်။ ပတ်ဝန်းကျင်ရဲ့ တောတောင်သံ စူးစူးညက်ညက်လေးတွေလည်း သံစုံတီးဝိုင်းကအသံတွေလို နားထောင်နေမယ်။ ကိုယ်ရချင်ခဲ့တာက အဲဒီလိုညတွေလေ။ လူငယ်တစ်ယောက်ပီပီ အဲဒီလိုညတွေကို တစ်ယောက်တည်း စိတ်ရှိသလို သုံးလိုက်ချင်တာ။
အပြန်လမ်းမှာတော့ မြို့ကလေးရဲ့ အနောက်ဘက်တောင်တန်းမှာ နေလုံးပျောက်သွားတာကြာပြီ။ ခေတ်နဲ့အညီ စည်ကားတိုးတက်လာတဲ့ မြို့ကလေးမှာ မီးလုံးတွေ လေထဲမျောလာသလို လမ်းတစ်လျှောက်မီးရောင်စုံ စီးမြောလို့။ အပြန် အသွား၊ အချိုးအကွေ့ ၊ အဖြောင့်၊ အဖြတ်။ ဦးတည်ရာအမျိုးမျိုးနဲ့ ယာဉ်မျိုးစုံ။ အိမ်ပြန်ကြလေသလား။ ဟုတ်မှာပါ။ အိမ်ပြန်ကြတာပဲဖြစ်မယ်ထင်ပါရဲ့။ တစ်ခါတစ်ခါ အိတ်ဇောပေါက်နေတဲ့အသံနဲ့ ဘေးကနေ ပွတ်ကာသီကာ ရှောင်ထွက်သွားတတ်သေးရဲ့။ ဘာအဓိပ္ပာယ်ရှိလို့လဲ။ မမေးနဲ့။ လူငယ်တွေဘဝမှာ အဓိပ္ပာယ်တွေ၊ ဘာတွေနဲ့ သိပ်လေးနက်နေကြမှာမဟုတ်ဘူး။ လူငယ်တွေက လွတ်လပ်တယ်။ တက်ြွကတယ်။ နောက်စိတ်စေရာအတိုင်း ပြုမူတတ်ကြတယ်။ ကိုယ်အားကျတဲ့ လူငယ်ဘဝ။
(သား အိမ်ထောင်မပြုချင်သေးဘူးမေမေ....}လို့ ဟိုးအဝေးကြီးက အမေ့ကို တိုးတိုးလေးလှမ်းပြောမိတယ်။ ဝတ္ထုစာအုပ်တစ်အုပ်လို ဘဝရဲ့အဆုံးသတ်ပိုင်းကို ကျော်ဖတ်ကြည့်လိုက်ရရင်လည်း ကောင်းသား။ လက်ထပ်မယ့်နေ့ရက်ကို ရင်မောစွာစောင့်နေမယ့် ကောင်မလေးလည်း မိဘလယ်ယာမှာ ပင်ပင်ပန်းပန်းကူနေရလောက်ပြီပေါ့။ သူလည်း အတူဆုံရမယ့် ရက်တွေကို စောင့်နေမှာသေချာတယ်။ တကယ်တော့ ကိုယ်က နှစ်ကိုယ်တူဘဝအတွက် ဘာမှ အဆင်သင့်မဖြစ်သေးတဲ့လူ။ အိမ်ပြန်ဖြစ်တိုင်း မျှော်လင့်ချက်တွေနဲ့စောင့်နေတဲ့ သူ့အတွက် ဟန်ဆောင်စကားတွေနဲ့ ကတိပေးရပေါင်းများခဲ့ပြီ။ ဒီတစ်ခါ အသေအချာပဲလို့ တည်တည်တံ့တံ့စကားဆိုချင်နေပါပြီလေ။
ည (၇)နာရီ ထိုးပြီဆိုရင် ကိုယ်က ]ဘုစုခရုတွေ} လို့အပြောခံရရင် စိတ်ဆိုးတတ်တဲ့ ကလေးတွေကြားမှာ။ ]ရှင်းပြပေးပါဦး}ဆိုပြီး စာကူကျက်ခိုင်းတဲ့သူတွေ၊ ညီမျှချင်းရဲ့ တစ်ဘက်က ကိန်းကို အခြားတစ်ဘက်ရောက်အောင် မှန်မှန်မပို့တတ်တဲ့သူတွေ၊ အလေးလံဆုံး ဝန်ထုပ်ကိုပိုက်ပြီး ခပ်တည်တည်နဲ့ ငိုက်နေကြသူတွေ၊ မဟားဒယားခက်လှတဲ့ ပုစ္ဆာကြီးတွေကို ရွေးမေးပြီး ဆရာကို အကဲစမ်းကြတဲ့သူတွေ၊ ပြီတည်တည်နဲ့ မခိုးမခန့်ကြည့်တတ်တဲ့သူတွေ... စတဲ့ စတဲ့ စရိုက်အမျိုးမျိုးနဲ့ ကလေးတွေကြားမှာ။ တစ်ခါတစ်လေတော့ သူတို့ကို ကိုယ်ပြောတတ်သမျှနဲ့ ဆုံးမစကားတွေ ပြောနေမိပြန်ရော။ ]အင်း ကိုယ်ကိုယ်တိုင်ကရော ...... စံထားစရာဘဝ ဟုတ်ရဲ့လား။ ဟုတ်မှာပါလေ}လို့ ရသေ့စိတ်ဖြေ ဖြေရတယ်။
ည (၁၁)နာရီထိုးရင်တော့ ကိုယ့်ရဲ့ အိပ်ယာဝင်ခရီးမှာ ဓာတုဗေဒညီမျှခြင်းတွေ၊ စာကြည့်မီးတောင် ဗဃ.ီဃ မခွဲတတ်သူတွေက မေးလိုက်ကြတဲ့ ခေတ်ပေါ် ရူပဗေဒပစ္စည်းတွေအကြောင်း၊ ဖားခုန်သလို ပုံမှန် ခုန် ခုန်သွားတဲ့ ဗဏ ကိန်းစဉ်တွေအကြောင်း၊ ဟိုအကြောင်း၊ သည်အကြောင်းတွေနဲ့ စိတ်ထဲမှာ မွန်းကြပ်လို့။ ]ဟူး] ဆိုပြီး အိပ်ယာထက်မှာ ဝမ်းထဲကလေပူတွေကို မှုတ်ထုတ်ပစ်မိတယ်။ အိပ်ခန်းလေးရဲ့ အပူငွေ့ထက် ရင်ထဲကအပူငွေ့က ပိုပါတယ်လေ။
ညအိပ်မပျော်ခင်လေးမှာ ကိုယ်တို့ကျောင်းရဲ့ အမှတ်တရထုတ်တဲ့ မဂ္ဂဇင်းကို ဖတ်မိတယ်။ ]ပညာချွန်သူတို့ရဲ့ အမှတ်တရစကားများ}တဲ့။ ဟုတ်တယ်။ ကိုယ့်အတန်းဖော်တွေရဲ့စကားတွေပေါ့။ သူတို့ဓာတ်ပုံတွေနဲ့။ စင်ပေါ်ရောက်နေကြပြီဆိုတော့လည်း ပြောသမျှ တင့်ကြပါပေတယ်။ ကိုယ်ကတော့ သူတို့စကားတွေနဲ့ သူတို့ရဲ့ပုံရိပ်တွေ ထပ်ထပ်မြင်လာလို့ ပြုံးမိပါသေးရဲ့။ ]တော်သဟေ့။ ကြိုးစားကြကွာ} လို့ စိတ်ထဲကနေ မုဒိတာနဲ့ အားပေးမိတယ်။
ကိုယ်မှာတော့ ကိုယ့်မိသားစုလေးရဲ့ ခြောက်ကပ်ကပ် အဆီအနှစ်တွေကို ငဲ့ခဲ့ရ၊ မုဆိုးမ မိခင်အိုကို ငဲ့ခဲ့ရ၊ ညီငယ် ညီမငယ်လေးတွေရဲ့ရှေ့ရေးကို ငဲ့ခဲ့ရ။ ငဲ့ခဲ့ရတာတွေကလည်း အများသားလေ။တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာတွေ ရောက်လာချိန်က မိသားစုရဲ့ ငိုသံတွေကို ခုထိမမေ့သေး။ အထူးသဖြင့် မုဆိုးမ အမေရဲ့ ငိုသံတွေ။ ]သားရယ် အမေတာဝန်မကျေတော့ဘူး}တဲ့။ ပြောပြောပြီး ငိုတတ်တဲ့အမေ။ သားတစ်ယောက်ကို ပြန်တောင်းပန်တဲ့ အမေ။ ]သူများတွေပို့သလို အဲဒီကျောင်းကြီးကြီးတွေဆီ သားကိုပို့ချင်ခဲ့တာ}တဲ့လေ။ ပြန်တွေးကြည့်ပြန်တော့လည်း ငွေကုန်များမယ့် ကျောင်းကြီးတွေဆီ မတက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အဲဒီတုန်းက ကိုယ့်ဆုံးဖြတ်ချက်တွေကို အခုထိ ကျေနပ်နေတုန်း။ ]အဝေးသင်တက္ကသိုလ်ဆိုတာလည်း သူ့ဂုဏ်နဲ့သူပါအမေ} လို့ အမေ့ဆီ စိတ်မှန်းပြီး အိမ်ပြန်ချိန်တွေကို တမ်းတမိပြန်ရော။
အခုတော့ ကိုယ့်မှာ ကိုယ်ပို့တဲ့ ရေညှိအားဆေးဗူးလေးတွေကြောင့် ပီတိစွမ်းနဲ့ ကျန်းမာနေတဲ့အမေရယ်၊ ကိုယ့် ရင်ငွေ့နဲ့ ရင်းနှီးခဲ့ရတဲ့ ဘွဲ့တစ်ခုရယ်၊ ကိုယ့်ဝင်ငွေလေးနဲ့ ကျောင်းထားပေးတဲ့ ညီမငယ်လေးရယ်၊ ကိုယ်သင်သမျှကို ]နားလည်တယ်ဗျ}လို့ အားပါးတရအော်တတ်တဲ့ တပည့်တွေရယ်၊ ဒါတွေကိုပဲ ကိုယ့်ဘဝလို့ဆိုစေတော့။ ]အင်း ..ကိုယ့်ကိုယ်ကို ကျေနပ်နေနိုင်ဖို့လိုတယ် } ဆိုပြီး အိပ်စက်ဖို့လုပ်တော့ ည (၁၂)နာရီထိုးနေပြီ။ အဲဒီည အိပ်မက်ထဲမှာတော့ ကိုယ်ဟာ အိမ်ပြန်ခရီးကို စိတ်လိုလက်ရ နှင်လို့။

ကောင်းလူ ( မြ န် မာ စာ )

(၂၀၁၀ခုနှစ်၊ ဇူလိုင်လထုတ်၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း)




No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။