2013 ကလေးမြို့ သင်္ကြန် မြင်ကွင်း စုစည်းမှု
Welcome
Download Apk File
http://www.sendspace.com/file/yud6dl
Tuesday, April 23, 2013
Friday, April 19, 2013
Thursday, April 18, 2013
New Apk File
Tuesday, April 9, 2013
မဟောင်းနွမ်းခဲ့သော အိပ်မက်များ
by ယွန်းအိမ် (Notes)
ရွက်ဝါတွေ မြေခလို လေညှင်းသွဲ့သွဲ့ ညနေခင်းတွေ ကိုယ်လွမ်းမိတယ်။ နေလုံးကြီးက အနောက် ဖက် တောင်တန်းကြီးပေါ် မေးတင် လုလု။ သတိရသေး ရဲ့လား လင်းမြဝေ..။ အချိန်တွေ က အကုန်မြန်လိုက်တာ။ ကိုယ်စိတ်မှာတော့ မနေ့ တနေ့ကလိုပဲ ထင်မိတယ်။ မြို့အထွက် လမ်းကလေးရဲ့ ဘေးမှာ နေကြာ ပန်းတွေကလည်း စီရီရီ ပွင့်လို့။ တို့နှစ်ယောက် အုတ်ခုံလေးပေါ် ထိုင်ပြီး ပြောခဲ့တဲ့ စကားလေးတွေ သတိရတယ် လင်းမြဝေ ရယ်..။
ကိုယ်က သတိမဲ့ ပေါ့ပျက်ပျက် နေတတ်ခဲ့သူ။ သတိတရနဲ့ အမှတ်ထားလိုက်မိတော့ ကိုယ့်ရင် ထဲမှာ ရောက်နေနှင့်ပြီ။ ကိုယ့်ထက် ငယ်တော့ ညီမလေး တစ်ယောက်လို သံယောဇဉ် ရှိတာ လို့ တွေးထင်ထားမိတာ..။ ဝေးနေလို့ လွမ်းတတ်တဲ့ အခါကျမှ ကိုယ်ချစ်မိနေပြီ ဆိုတာ သိလိုက်ရတယ် လင်းမြဝေ။ ကိုယ်တို့ နှစ်ယောက်ရဲ့ ဘ၀ကို သံယောဇဉ်တွေ တိုးပြီး တည်ဆောက်ဖို့ ကိုယ်အရမ်း အခက်တွေ့တယ်။ သီချင်းနဲ့ တီးလုံး မကိုက်သလို key တွေက ခဏခဏ ချော်လို့။ အဆီအငေါ မတည့်တဲ့ စကားလုံးတွေနဲ့ နောက်ပြန် လှည့်ခဲ့ရတဲ့ နေ့တွေလည်း မနည်းဘူး လင်းမြဝေ … မင်း မသိခဲ့ဘူးနော်..။
ကိုယ်တို့နှစ်ယောက် စတွေ့ဆုံချိန်က ဆယ်စုနှစ် တစ်ခုတောင် ကျော်ခဲ့ပြီ…။ မှတ်မိသေးရဲ့လား လင်းမြဝေ..။ ငယ်ဘ၀က ဟားစရာ လေးလေ။ မင်းလေးက မာလကာသီး စားချင်တယ်ဆိုပြီး ကိုယ့်ကို ဂျီကျလို့ မကာလာ ပင်ပေါ် တက်ကောက်ပေးတာလေ။ အဆင်းမှာ ပုဆိုး ချိတ်ပြီး ကျန်နေလို့ ကိုယ်မျက်နှာကြီး ထားစရာ နေရာ မရှိ ဖြစ်နေတာကို မင်းက မျက်စိမှိတ်အောင် ရယ်နေခဲ့တာလေ..။ တစ်ခုရှိသေးတယ် လင်းမြဝေ …။ မင့်ရဲ့ စက်ဘီး သေးသေးလေးကို ကိုယ် ယူ စီးလို့ ဆိုပြီး လိုက်ရိုက်တော့ ပန်းသီး တစ်လုံးကျွေးပြီး ချော့ခဲ့ရတာလေ ..။ ပြီးခဲ့တဲ့ အတိတ်တွေက ရယ်မော လွမ်းဆွတ် စရာတွေ အပြည့်နဲ့ပေါ့ ။ နွေဦး ရဲ့ ညတွေမှာ ခရေပန်းတွေ အတူ ကောက်တုန်းက စိတ်ကူးတွေနဲ့ တိုးတိတ်စွာ ကြည်နူးလို့။ မင့်တော့ သိခဲ့လိမ်မယ် မထင်ဘူး။ ကိုယ့်ရဲ့လက်မှာ ထိရှခဲ့တော့ စိုးရိမ်စိတ်တွေနဲ့ ဆေးထဲ့ပေးရင်း `` ဒီလောက် နမော်နမဲ့ နိုင်ရမလား ´´ ဆိုပြီး ဆူခဲ့တာလေ..။ ခုထိ အမှတ်ရတယ် လင်းမြဝေ..။
မျက်နှာကြီး စူပုတ်ပြီးတော့ သူငယ်ချင်း ကောင်မလေးနဲ့ အထင်လွဲလို့ မနည်းကြီး ဖြေရှင်းရ တာလေ..။ ဟုတ်တယ်လို့ များ ပြောခဲ့ရင် တစ်ခါတည်း သတ်ပြစ်လိုက်မှာလား လင်းမြဝေ..။
ဟို… အဝေးကြီးမှာ ပညာ သွားသင်တုန်းက တယ်လီဖုန်းလေး ထဲက မင့် အသံလေး ကြားရင်ပဲ ကိုယ့် အလွမ်းတွေ တစ်ဝက်လောက် ပြေပျောက် သွားသလိုပဲ။ ပြန်လာတဲ့ ရက်တွေမှာ မျက်နှာ တည်ကြီးနဲ့ စိုက်စိုက်ကြီး ကြည့်နေတဲ့ အချိန်ဆို ကိုယ်မနေတတ်ဘူး လင်းမြဝေ ..။ တို့နှစ်ယာက် အိမ်ရှေ့ ခုံလေး ပေါ်မှာထိုင်ပြီး ကိုယ် ၀တ္ထူတို တစ်ပုဒ် ဖတ်ပြတော့ ငြိမ်သက်စွာ နားထောင်လို့ ။ဒီအချိန် လေးတွေ ပြန်လိုချင်တယ် ..။ ကိုယ်တို့ တစ်တွေ ထမင်း အတူစားချိန် ဟင်းဖတ်လေးတွေ ခပ်ပြီး ထည့်ပေးတော့ (စိတ်ထဲမှတော့ အိမ်ရှင်မ ကောင်း တစ်ယောက်) ကြည်နူးစိတ်တွေနဲ့ ငရုပ်သီးတောင် မစပ်ဘူး ထင်တဲ့ကောင်ပါ။
ကွမ်းပေါင်း ထုပ်တွေ ကိုယ် စားလို့ စိတ်ကောက်ပြီး တက်အိပ်နေတာ ကြုံခဲ့ရတာ လည်း မင့် အသိဆုံးပါ လင်းမြဝေ .. ။ ကိုယ်တို့ နှစ်ယောက်က မျက်ဝန်းချင်းပဲ စကားပြော ကြရတဲ့ သူတွေပါ။ ရင်ဘတ်ထဲက အကြောင်းတွေကို သီချင်းလေးတွေနဲ့ ဖွင့်ပြော ကြရတာလေ .. ။ မင့် အနားက သူတွေကို ဘီလူးတွေ ဂုမ္ဘန်တွေ ယက္ခတွေ လို့ ကိုယ် မပြော ချင်ပါဘူး။ ရိုးသားတဲ့ ညီမလေးရေ ဖြူစင်ခြင်းတွေနဲ့ ကိုယ့်ဘ၀ရဲ့ မျှော်လင့် ချက်ဟာ မင့်ပါ လင်းမြဝေ ..။
မြို့ အထွက်က အကြော်ဆိုင်လေးက စခဲ့တဲ့ တို့နှစ်ယောက် အဖြစ်အပျက်လေ။ မှတ်မိသေး လား လင်းမြဝေ.. ။ မင့်က မင်းသူငယ်ချင်း တွေနဲ့ တစ်ဝိုင်းလေ။ ကိုယ်က ကောင်မလေး သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းလေ ..။ အဲ့ဒီမှာ နှုတ်မဆက်လို့ ဆိုပြီး တစ်လလောက် စိတ်ဆိုးပြီး စကား မပြောပဲ နေခဲ့ တာလေ … ။ အဲ့ဒီ အချိန်တုန်းက ကိုယ့်စိတ်တွေ နေမချိ ထိုင်မသာ ဗလောင်ဆူ ပူတဲ့ စိတ်တွေနဲ့ နွမ်းလျှခဲ့တယ်။ သင်္ကြန်မှာ ရေလောင်းမယ် ဆိုတော့ `` ကျမက ဥပုဒ် ရတယ်´´ ဆိုပြီး ရှောင်ပြေး သွားတာလေ..။ ကိုယ့် ရဲ့ အကြွေး စာရင်းထဲမှာ မှတ်ထားတယ် လင်းမြဝေ …။
တို့ တတွေ မြို့ အထွက်က ဘုရားကို သွားခဲ့ကြတုန်းက အရမ်းပျော် ခဲ့ကြတယ်လေ..။ အပြန်မှာ မိုးတွေရွာလို့ မိုးရေတွေ စိုနေခဲ့တော့ နေမကောင်း ဖြစ်မှာကို စိုးရိမ်ခြင်း စိတ်တွေနဲ့ ။
မိုးခို ရင်းနဲ့ အချိန်တွေ ကုန်လာတော့ အိမ် အပြန် နောက်ကျမှာကို ပူပန်နေတဲ့ ညီမလေး ကို ကြည့်ရင်း အငြိုးနဲ့ ရွာတဲ့ မိုးကို အပြစ်ပဲ တင်ချင်နေမိတော့တယ်…။ အိမ်ရောက်တော့ တုတ် တစ်ချောင်းနဲ့ မစောင့်ပေမယ့်လည်း မကြည်လင်တဲ့ ဆန္ဒနဲ့ မျက်နှာတွေ ကြောင့် ကိုယ် သနားမိတယ် လင်းမြဝေ .. ။ ကိုယ်တို့နှစ်ယောက် တရားဝင် ချစ်သူတွေ ဖြစ်ဖို့ လိုအပ်နေပြီ လင်းမြဝေ ။
ဟို … အဝေး တစ်နေရာမှာ မင့်ရောက်နေတုန်း ကိုယ်တို့ တစ်တွေ လာခဲ့ကြတော့ ပျော်နေတဲ့ မျက်နှာလေးနဲ့ ဆီးကြိုလို့ ကိုယ်စိတ်မှာ အံ့သြမှုတွေနဲ့ ပင်ပန်းခြင်းဆိုတာတွေ ပယ်ပျောက်လို့ နှင်းဖွဲတဲ့ ဆောင်းရာသီ နှင့်အတူ အေးမြစေခဲ့တယ် လင်းမြဝေ..။ အဲ့ဒီ အချိန်ခဏလေး ဟာ တို့ဘ၀အတွက် အရေးပါခဲ့ လိမ့်မယ်လို့ တွေးထင်မထားမိခဲ့ဘူး လင်းမြဝေ ..။ အချိန်တန်လို့ လာရာလမ်းကို ပြန်ရမယ်ဆိုတော့လည်း ညို့မှိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ လက်ပြ နှုတ်ဆက်ခဲ့ တာကို ကိုယ်မမေ့ဘူး …။ အရိုးကွဲမတတ် အေးခဲတဲ့ တောင်ပေါ်ဆောင်းဟာ လွမ်းဆွတ်ခြင်း ထုထည်တွေကို နှင်းမိုးတွေ အဖြစ် ရွာချ လေသလားလို့ ထင်မိခဲ့တယ် လင်းမြဝေ …။
Online ပေါ်မှာ Chatting ထိုးတဲ့ အကြောင်းတွေ ပြောတော့ ကိုယ့်ကို သံသယ မျက်ဝန်းတွေနဲ့ ကြည့်ခဲ့တာကိုလည်း မှတ်မိတယ် ။ Online ပေါ်မှာ ရည်းစားထားတယ်ထင်ပြီး စိတ်ကောက်နေတာလား လင်းမြဝေ ...။ ကိုယ်အဲ့ဒီလို မဟုတ်ခဲ့ပါဘူး ။ မင့်လေးရဲ့ပုံကို ကိုယ့်ရဲ့ Chatting Box ပေါ်မှာ တင်ထားပြီးတော့ ကိုယ်က ဇာတ်လမ်းကို ပိတ်ထားတဲ့သူပါ ။
ကိုယ့်ကို ယုံကြည်လိုက်စမ်းပါ လင်းမြဝေ …။
အခုတော့ လင်းမြဝေ …။ ကိုယ့်ရဲ့ အလွမ်းတွေ ပြေပျောက်ဖို့အတွက် ဓါတ်ပုံ လေး တစ်ပုံသာ ပိုင်ဆိုင်ခွင့် ရှိသေးတဲ့ဘ၀ ကို စိတ်ပျက်မိတယ် ..။ ဘယ်အချိန်မှ ပိုင်ဆိုင်ခွင့် ရမှာလဲ လင်းမြဝေ ..။ ကိုယ်တို့နှစ်ယောက် နီးရဖို့ အတားအဆီးတွေ ကျော်ဖြတ်ပြီး စိတ်ကူးထဲက အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အရောက်လာခဲ့ပါ လင်းမြဝေ … ။ ကိုယ့်ရင်ခွင်ဟာ မင့်အတွက် အသင့်ဖြစ်နေပြီ ကြိုနေမယ် လင်းမြဝေ …။ အစောဆုံ ရောက်အောင်လာခဲ့ပါ။
ဇမင်းခက်
(08.01.2010; 23:30; FRI;)
Monday, April 8, 2013
အီးပြဿနာ
ကျွန်တော်သည် အီးပေါက်လျှင် ကျယ်ကျယ်ပေါက်တတ်သူတစ်ယောက်ဖြစ်သည်။
ဝမ်းမှန်အောင် ဂရုစိုက်တတ်သူဖြစ်သောကြောင့် ကျွန်တော့်အီးသည်
အနံ့မနံကြောင်း ရှုဖူးသူတိုင်းက ပြောကြသည်။ ကျွန်တော်လည်း ယုံသည်။ အကယ်၍
မယုံကြည်သူရှိအံ့။ မယုံမရှိလင့်ဟုထပ်ပြောလိုသည်။
တစ်နေ့ ...
ဟိုက်ပါလင့် အင်တာနက်ဆိုင်တွင် ကျွန်တော် နက်သုံးနေသည်။ ဘေးစက်နှစ်လုံးတွင်
ဖလမ်းဖလမ်းမနှစ်ယောက်ရှိသည်။ နိုင်ငံခြားတွင်ရှိသော သူတို့ကိုကိုများထံ
ကြူလုံးများ လှိုင်လှိုင်ပို့ပြီး လောကကြီးသာယာနေကြသည်။ ထိုစဉ် ကျွန်တော်
အီးပေါက်ချင်လာသဖြင့် ခါးကို အနည်းငယ်ကိုင်းကာ ... ဘူ ... ကနဲနေအောင်
ခပ်ကျယ်ကျယ်လေးပေါက်ချလိုက်သည်။ ၀မ်းထဲက လေအလုံးလိုက်ထွက်သွားသဖြင့် သက်သောင့်သက်သာရှိသွားလိုက်သည်မှာ
နတ်ချမ်းသာမျိုးပင်ဖြစ်သည်။ ဘေးကမဒလေးနှစ်ဦးက
မျက်စောင်းခပ်ပေပေဖြင့်ကြည့်ကာ နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် အုပ်ကြသည်။
ကျွန်တော် .. ဟီး .. ကနဲ ရယ်ပြလိုက်သည်။ ကျွန်တော့်အီး မနံကြောင်း
ဒင်းတို့မသိကြ။
မကြာပါ ... ကျွန်တော် နောက်တစ်ကြိမ်
အီးပေါက်ချင်လာသဖြင့် ခါးစောင်းလိုက်ရာ ၀ဲဘက်က မိန်းမပျိုလှလှလေးကလည်း
ကျွန်တော့်နည်းတူ သူ့ကိုယ်ဟန်ကို အနည်းငယ်ပြင်လိုက်သည်ကို တွေ့လိုက်သည်။
အတွေ့အကြုံအရ သူလည်း အီးခိုးပေါက်ပြီဆိုသည်ကို ကျွန်တော်သိသည်။
ကျွန်တော့်ထံမှ ဒုတိယအကြိမ်မြောက် ဘူသံက အကျယ်ကြီးထွက်သွားပြီး မကြာခင်
ပုပ်အဲ့နံစော်သော အီးနံ့ကြီးပါ ကျွန်တော်ရလိုက်သည်။ နောက် ဘေးက၊ နောက်
ရှေ့ခုံတမ်းက လူတွေပါ ကျွန်တော့်ဆီသို့ တရားခံတစ်ယောက်ပမာ
လှည့်ကြည့်လာကြသည်။ ကျွန်တော် ရှင်းပြချင်မိသည်။ သို့သော်
တရားခံအစစ်ဖြစ်သည့် ဘေးကောင်မထံမှ ဘာသံမှမထွက် ... ခပ်တည်တည်ဖြင့်
သူပါရောရောင်ပြီး နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် အုပ်နေသေးသည်။ ကျွန်တော်
အံတစ်ချက်ကြိတ်ကာ Sign out လုပ်ပြီး အဲကွန်းခန်းထဲက ရှက်ရှက်ဖြင့်
ထွက်လာခဲ့တော့သည်။
နောက်နောင် ထိုသို့ Transparency မရှိသော မဒလေးများနှင့် ဝေးဝေးထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။
တစ်နေ့ ... ဟိုက်ပါလင့် အင်တာနက်ဆိုင်တွင် ကျွန်တော် နက်သုံးနေသည်။ ဘေးစက်နှစ်လုံးတွင် ဖလမ်းဖလမ်းမနှစ်ယောက်ရှိသည်။ နိုင်ငံခြားတွင်ရှိသော သူတို့ကိုကိုများထံ ကြူလုံးများ လှိုင်လှိုင်ပို့ပြီး လောကကြီးသာယာနေကြသည်။ ထိုစဉ် ကျွန်တော် အီးပေါက်ချင်လာသဖြင့် ခါးကို အနည်းငယ်ကိုင်းကာ ... ဘူ ... ကနဲနေအောင် ခပ်ကျယ်ကျယ်လေးပေါက်ချလိုက်သည်။
မကြာပါ ... ကျွန်တော် နောက်တစ်ကြိမ် အီးပေါက်ချင်လာသဖြင့် ခါးစောင်းလိုက်ရာ ၀ဲဘက်က မိန်းမပျိုလှလှလေးကလည်း ကျွန်တော့်နည်းတူ သူ့ကိုယ်ဟန်ကို အနည်းငယ်ပြင်လိုက်သည်ကို တွေ့လိုက်သည်။ အတွေ့အကြုံအရ သူလည်း အီးခိုးပေါက်ပြီဆိုသည်ကို ကျွန်တော်သိသည်။ ကျွန်တော့်ထံမှ ဒုတိယအကြိမ်မြောက် ဘူသံက အကျယ်ကြီးထွက်သွားပြီး မကြာခင် ပုပ်အဲ့နံစော်သော အီးနံ့ကြီးပါ ကျွန်တော်ရလိုက်သည်။ နောက် ဘေးက၊ နောက် ရှေ့ခုံတမ်းက လူတွေပါ ကျွန်တော့်ဆီသို့ တရားခံတစ်ယောက်ပမာ လှည့်ကြည့်လာကြသည်။ ကျွန်တော် ရှင်းပြချင်မိသည်။ သို့သော် တရားခံအစစ်ဖြစ်သည့် ဘေးကောင်မထံမှ ဘာသံမှမထွက် ... ခပ်တည်တည်ဖြင့် သူပါရောရောင်ပြီး နှာခေါင်းကို လက်ကိုင်ပ၀ါဖြင့် အုပ်နေသေးသည်။ ကျွန်တော် အံတစ်ချက်ကြိတ်ကာ Sign out လုပ်ပြီး အဲကွန်းခန်းထဲက ရှက်ရှက်ဖြင့် ထွက်လာခဲ့တော့သည်။
နောက်နောင် ထိုသို့ Transparency မရှိသော မဒလေးများနှင့် ဝေးဝေးထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။
Min Di Min Facebook မှ ...............
Thursday, April 4, 2013
အိန္ဒိယ၊ နယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
@ မြန်မာ့ခေတ်
တမူး၊ ဧပြီ ၄။
အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြန်မာဘက်ခြမ်း တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်ရန်ကျေးရွာ(အနောက်ဘက် ၃ မိုင်ခန့် အကွာ) နှင့် အိန္ဒိယနိုင်ငံ နန်းမလီကျေးရွာကြားတွင် ဖိုင်ရန်ကျေးရွာသား ကိုဇော်မျိုးကို အိန္ဒိယနယ်ခြားစောင့်တပ်ဖြစ်သည့် အာသံ-၄၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့က လက်နယ်ငယ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တမူးလူငယ်ကွန်ယက်မှ ပြောကြားချက်အရ သိရသည်။
ဧပြီလ၊(၂)ရက်နေ့တွင် ဖိုင်ရန်ကျေးရွာသား ကိုရဲမြင့်လှိုင်နှင့်ကိုဇော်မျိုးတို့နှစ်ဦးသည် အိန္ဒိယနိုင်ငံဖက်သို့ အမဲသားများ သွားရောက် ရောင်းချ ခဲ့ပြီး အပြန် ညနေ(၆)နာရီခန့်တွင် အာသံ (၄၄) နယ်ခြားစောင့်တပ်က လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ကိုဇော်မျိုး (အသက် ၃၆ နှစ်ခန့်) ၏ ဘယ်နားထင်စပ်နှင့် ဘယ်ဘက်လည်ပင်းတွင် သေနတ်ဒါဏ်ရာတစ်ချက်စီ ထိမှန်ခဲ့ကြောင်း၊ကိုဇော်မြင့်ကို သေနတ်ဒင်များဖြင့် ထုရိုက်ခဲ့ ကြကြောင်း၊ ယခုအခါ ကိုဇော်မြင့်အား မြို့သစ်ဆေးရုံမှ တမူးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ပြောင်းရွေ့ ကုသလျက်ရှိကြောင်း သိရ သည်။
သူတို့ဖက်က ကျွန်တော်တို့ဘက်လာရင် အန္တရာယ် တစ်စုံတစ်ရာမဖြစ်အောင် အစိုးရပိုင်းကစ စောင့်ရှောက်ပေးမှုရှိတယ်။ သူတို့ဖက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရောက်ရင် မထင်ရင်မထင်သလိုလုပ်တယ်။ အခုလိုတွေလုပ်တာ အခုမှ မဟုတ်ဘူးဟု တမူးမြို့ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
ကျော်သူစိုး(ကလေးမြို့)
Tuesday, April 2, 2013
မြောက်ငိုသီး ...Parkia timoriana (DC.) Morr. Philio. Journ. Soc.Bot.5.35. 1910.
မြောက်ငိုသီး ...Parkia timoriana (DC.) Morr. Philio. Journ. Soc.Bot.5.35. 1910.
ဒီရက်တွေမှာ ကလေးမြို့မှာ မြောက်ငိုသီး များလှိုင်လှိုင်ပေါသောရာသီဖြစ်ပါသည်..နေ့စဉ်နဲ့အမျှ တမူးဘက်ကို ဆိုင်ကယ်များဖြင့် တင်ပို့နေတာကိုတွေ့ရပါတယ်..ကသဲလူမျိုးများအလွန်နှစ်သက်သောအသီးဖြစ်ပြီး ဒညင်းအရသာရှိတယ်လို့သိရပါတယ်.. မြောက်ငို ဟာ ကုကိုမျိုးရင်း (Family Mimosaceae ) ထဲမှာပါဝင်ပေမဲ့ အပင် က စိန်ပန်းပင်နဲ့ ဆင်ပါတယ်..နှစ်ရှည်ခံ အပင်ကြီးမျိုးဖြစ်ပြီး ဆူးမရှိပါဘူး..အခေါက်တွေက အဖြူရောင်နဲနဲသန်းပြီး ပြောင်ချောနေပါတယ်၊ အရွက်တွေက ၂ ဆင့်ဌက်မွှေးရွက်ပေါင်း Bipinnately compound leaves ဖြစ်ပြီး အရင်းမှာရွက်ရင်းဖု Pulvinous ပါတာတွေ့ရတယ်၊ ရွက်စွယ် stipules တွေက အကြွေမြန်တာကိုတွေ့ရတယ်၊ Leaflets တွေက ၂၄-၅၂ စုံထိရှိတတ်တယ် ပြောင်လက်နေပါတယ်၊ အထူးခြားဆုံးက ပန်းခိုင်ပါ တွဲလျားကျနေတဲ့ Head ပုံစံပါ..ထိပ်ဖြား ကိုင်းတွေကြားကကျနေတဲ့ပုံပါ..၁-၂ ခိုင် -စုလျက်ထွက်တယ်..Clavate ပုံပါ long peduncle ရှည်လျားသောပွင့်ကိုင်း ပါဝင်တယ်..ပန်းခိုင်မှာ ပန်းပွင့် ၃ မျိုးပါဝင်ပါတယ်၊ ဒါတွေကတော့ ၁-များပြားလှတဲ့ Neutral flowers အမြုံပန်းများ။ ၂- အဖိုပွင့်များ staminate flowers .. ၃- bisexual flowers လိင်စုံပွင့်များပါ..calyx and corolla tubular, ပွင့်ဖတ် ပွင့်ချပ်တွေက ၅ ခုစီပါပြီး သေးငယ်ကာ ပြွန်ပုံစံရှိပါတယ်၊ Stamens 10 ခုပါပြီး တစုစည်းပါ၊ Ovary stipitate အစေ့အိမ်ကရိုးတံပါပြီး, အစေ့လောင်းများစွာပါပါတယ်..အသီး တွေက တွဲလျားကျနေတယ်၊(ဒီကလူတချို့ကပြောကြတယ် မြောက်ဆိုတာ ဘယ်အသီးမဆို ရအောင်ဆွတ်နိုင်တယ် ဒါပေမဲ့ ဒီအသီကြတော့ အဖျားရောက်နေတော့ ခူးမရလို့ ငိုရတယ် ဒါ့ကြောင့် မြောက်ငိုသီးလို့ ပြောကြတယ် ၊ပါးစပ်စကားပါ..တကယ်တော့ သူ့အမည်ရင်းက Chacklist 2003 ထဲမှာ (Parkia insignis Kurz
: Locust bean, Myauk-htan-nyet) လို့ခေါ်တာပါ...အသီးတောင့်ကြီး ၁ပေ ကျော်ပြီး Stap-shaped, ပြားတယ်၊ မအက်ကွဲပါဘူး၊ အစေ့ရှိတဲ့နေရာတွေမှာ ဖောင်းနေတယ်၊ တခါတလေဖြောင့်တယ်၊အသားထူတယ်၊ ရင့်ရင်လိမ်နေတတ်တယ်၊ အစေ့ က ၇ ကနေ ၁၉ စေ့ထိပါတယ်၊ ..အသီးထဲက အသားကို အထူးပြုလုပ်ထားတဲ့ ဇွန်းတမျိုးနဲ့ခြစ်ပြီး ဟင်းချက်စားကြတယ်၊ ဈေးမှာခြစ်တဲ့ ဇွန်းပါတွဲရောင်းကြတယ်၊ အခေါက်ကိုသွေးလိမ်းရင် အရေပြား ရောဂါ ဖြစ်တဲ့ ယားယံခြင်း အနီစက်ပေါ်ခြင်းပျောက်စေတယ်၊ အသီးတောင့်ကို ထောင်း ရေနဲ့ ရောပြီး hair shampoo လုပ်လို့လည်းရတယ်၊့ အစေမှည့်ကို ကင် ဒါမှမဟုတ် အမှုံ့လုပ်ပြီး သောက်ရင် လေထိုး လေအောင့် နဲ့ အစာအိမ်နာတာတွေပျောက်စေတယ်၊ ဒါ့ပြင် Cholera ကာလ၀မ်းရောဂါကိုလည်းသက်သာစေတယ်၊ အမျိုးသမီးများဓမတာမမှန်တာ ကိုလည်းပျောက်စေတယ်၊ အစေ့မှုံ့ အခြောက်ကို ပြင်ပမှလိမ်းကြံခြင်းဖြင့် ၀မ်းဗိုက်နာခြင်း ၊ပြည်တည်နာ ဖက်ခွက်နာ..တို့ကိုသက်သာစေတယ်..အညှောင့်ပေါက်အစေ့များကလည်း အရသာရှိပါတတယ်၊ ပင်စည်အသားကတော့ ခိုင်ခန့်မှုမရှိလှတော့ တန်ဖိုးမရှိလှပါဘူး။ (Ref: Tin Tin Khaing 1998)....မြောက်ငိုပင်ဟာ စိုက်ရင်စီးပွားရေးအရတွက်ခြေကိုက်ပါတယ် ၊ယခင်ကဆို တပင်ကို သိန်းဂဏန်းခန့် ရပေမဲ့ အခုတော့ ယခင်လောက်မရနိုင်တော့ဘူး လူတိုင်းကဒါကိုသိပြီး လိုက်လံစိုက်ပျိုးတဲ့အတွက် ထင်သလောက်ဈေးကောင်းမရပါဘူး ဒါပေမဲ့ ၂၀၀၀၀-၃၀၀၀၀ ခန်ပကတော့ရနေဆဲပါ၊ အခုဆိုရင် တမူးသွားလမ်းတလျောက် လမ်းဘေးဝဲယာမှာ သဘာဝ သစ်တောတွေကြီးတွေကို ခုတ်လှဲပြီး မြောက်ငိုခင်းတွေအများအပြားစိုက်လာတာကိုတွေ့ရတယ်၊ တဖက်ကကြည့်ရင်ကောင်းပေမဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုက ဒီနှစ်ပိုင်းမှာ ပိုဲပီးများလာတာကိုတွေ့ရပါတယ်၊ နှစ်ရှည်ခံ အင်ပင်ကြီးတွေကို အရင်းက ဖြတ်တောက်ပြီး ခုတ်လှဲထားတာတွေက မြင်မကောင်းပါဘူး..တောမီးတွေကလဲ လောင်လိုက်တာ.မီးခိုးတွေနဲ့ဝေ့နေတာပါဘဲ. ညဘက်ဆို ခုတ်ထားတဲ့ ထင်းတွေ အပြည့်တင်ထားတဲ့ ထော်လာဂျီ၊ ဒိုင်နာ ကားတွေက လမ်းတလျောက်လုံးပါဘဲ......မြောက်ငိုမငိုတော့ မသိဘူး ..အင်... အင်ကြင်း..သစ်ယာ...ပိတောက်..တို့ကတော့.... ငိုနေရပါပြီဗျာ....(တမူးသွားတုံးတွေးမိတဲ့အတွေးစများပါ..TNO 4-13)