Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Tuesday, April 2, 2013

မြောက်ငိုသီး ...Parkia timoriana (DC.) Morr. Philio. Journ. Soc.Bot.5.35. 1910.



Kothetnaing Kothetnaingoo  Facebook မှ ကူးသည်။
မြောက်ငိုသီး ...Parkia timoriana (DC.) Morr. Philio. Journ. Soc.Bot.5.35. 1910.
ဒီရက်တွေမှာ ကလေးမြို့မှာ မြောက်ငိုသီး များလှိုင်လှိုင်ပေါသောရာသီဖြစ်ပါသည်..နေ့စဉ်နဲ့အမျှ တမူးဘက်ကို ဆိုင်ကယ်များဖြင့် တင်ပို့နေတာကိုတွေ့ရပါတယ်..ကသဲလူမျိုးများအလွန်နှစ်သက်သောအသီးဖြစ်ပြီး ဒညင်းအရသာရှိတယ်လို့သိရပါတယ်.. မြောက်ငို ဟာ ကုကိုမျိုးရင်း (Family Mimosaceae ) ထဲမှာပါဝင်ပေမဲ့ အပင် က စိန်ပန်းပင်နဲ့ ဆင်ပါတယ်..နှစ်ရှည်ခံ အပင်ကြီးမျိုးဖြစ်ပြီး ဆူးမရှိပါဘူး..အခေါက်တွေက အဖြူရောင်နဲနဲသန်းပြီး ပြောင်ချောနေပါတယ်၊ အရွက်တွေက ၂ ဆင့်ဌက်မွှေးရွက်ပေါင်း Bipinnately compound leaves ဖြစ်ပြီး အရင်းမှာရွက်ရင်းဖု Pulvinous ပါတာတွေ့ရတယ်၊ ရွက်စွယ် stipules တွေက အကြွေမြန်တာကိုတွေ့ရတယ်၊ Leaflets တွေက ၂၄-၅၂ စုံထိရှိတတ်တယ် ပြောင်လက်နေပါတယ်၊ အထူးခြားဆုံးက ပန်းခိုင်ပါ တွဲလျားကျနေတဲ့ Head ပုံစံပါ..ထိပ်ဖြား ကိုင်းတွေကြားကကျနေတဲ့ပုံပါ..၁-၂ ခိုင် -စုလျက်ထွက်တယ်..Clavate ပုံပါ long peduncle ရှည်လျားသောပွင့်ကိုင်း ပါဝင်တယ်..ပန်းခိုင်မှာ ပန်းပွင့် ၃ မျိုးပါဝင်ပါတယ်၊ ဒါတွေကတော့ ၁-များပြားလှတဲ့ Neutral flowers အမြုံပန်းများ။ ၂- အဖိုပွင့်များ staminate flowers .. ၃- bisexual flowers လိင်စုံပွင့်များပါ..calyx and corolla tubular, ပွင့်ဖတ် ပွင့်ချပ်တွေက ၅ ခုစီပါပြီး သေးငယ်ကာ ပြွန်ပုံစံရှိပါတယ်၊ Stamens 10 ခုပါပြီး တစုစည်းပါ၊ Ovary stipitate အစေ့အိမ်ကရိုးတံပါပြီး, အစေ့လောင်းများစွာပါပါတယ်..အသီး တွေက တွဲလျားကျနေတယ်၊(ဒီကလူတချို့ကပြောကြတယ် မြောက်ဆိုတာ ဘယ်အသီးမဆို ရအောင်ဆွတ်နိုင်တယ် ဒါပေမဲ့ ဒီအသီကြတော့ အဖျားရောက်နေတော့ ခူးမရလို့ ငိုရတယ် ဒါ့ကြောင့် မြောက်ငိုသီးလို့ ပြောကြတယ် ၊ပါးစပ်စကားပါ..တကယ်တော့ သူ့အမည်ရင်းက Chacklist 2003 ထဲမှာ (Parkia insignis Kurz
: Locust bean, Myauk-htan-nyet) လို့ခေါ်တာပါ...အသီးတောင့်ကြီး ၁ပေ ကျော်ပြီး Stap-shaped, ပြားတယ်၊ မအက်ကွဲပါဘူး၊ အစေ့ရှိတဲ့နေရာတွေမှာ ဖောင်းနေတယ်၊ တခါတလေဖြောင့်တယ်၊အသားထူတယ်၊ ရင့်ရင်လိမ်နေတတ်တယ်၊ အစေ့ က ၇ ကနေ ၁၉ စေ့ထိပါတယ်၊ ..အသီးထဲက အသားကို အထူးပြုလုပ်ထားတဲ့ ဇွန်းတမျိုးနဲ့ခြစ်ပြီး ဟင်းချက်စားကြတယ်၊ ဈေးမှာခြစ်တဲ့ ဇွန်းပါတွဲရောင်းကြတယ်၊ အခေါက်ကိုသွေးလိမ်းရင် အရေပြား ရောဂါ ဖြစ်တဲ့ ယားယံခြင်း အနီစက်ပေါ်ခြင်းပျောက်စေတယ်၊ အသီးတောင့်ကို ထောင်း ရေနဲ့ ရောပြီး hair shampoo လုပ်လို့လည်းရတယ်၊့ အစေမှည့်ကို ကင် ဒါမှမဟုတ် အမှုံ့လုပ်ပြီး သောက်ရင် လေထိုး လေအောင့် နဲ့ အစာအိမ်နာတာတွေပျောက်စေတယ်၊ ဒါ့ပြင် Cholera ကာလ၀မ်းရောဂါကိုလည်းသက်သာစေတယ်၊ အမျိုးသမီးများဓမတာမမှန်တာ ကိုလည်းပျောက်စေတယ်၊ အစေ့မှုံ့ အခြောက်ကို ပြင်ပမှလိမ်းကြံခြင်းဖြင့် ၀မ်းဗိုက်နာခြင်း ၊ပြည်တည်နာ ဖက်ခွက်နာ..တို့ကိုသက်သာစေတယ်..အညှောင့်ပေါက်အစေ့များကလည်း အရသာရှိပါတတယ်၊ ပင်စည်အသားကတော့ ခိုင်ခန့်မှုမရှိလှတော့ တန်ဖိုးမရှိလှပါဘူး။ (Ref: Tin Tin Khaing 1998)....မြောက်ငိုပင်ဟာ စိုက်ရင်စီးပွားရေးအရတွက်ခြေကိုက်ပါတယ် ၊ယခင်ကဆို တပင်ကို သိန်းဂဏန်းခန့် ရပေမဲ့ အခုတော့ ယခင်လောက်မရနိုင်တော့ဘူး လူတိုင်းကဒါကိုသိပြီး လိုက်လံစိုက်ပျိုးတဲ့အတွက် ထင်သလောက်ဈေးကောင်းမရပါဘူး ဒါပေမဲ့ ၂၀၀၀၀-၃၀၀၀၀ ခန်ပကတော့ရနေဆဲပါ၊ အခုဆိုရင် တမူးသွားလမ်းတလျောက် လမ်းဘေးဝဲယာမှာ သဘာဝ သစ်တောတွေကြီးတွေကို ခုတ်လှဲပြီး မြောက်ငိုခင်းတွေအများအပြားစိုက်လာတာကိုတွေ့ရတယ်၊ တဖက်ကကြည့်ရင်ကောင်းပေမဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုက ဒီနှစ်ပိုင်းမှာ ပိုဲပီးများလာတာကိုတွေ့ရပါတယ်၊ နှစ်ရှည်ခံ အင်ပင်ကြီးတွေကို အရင်းက ဖြတ်တောက်ပြီး ခုတ်လှဲထားတာတွေက မြင်မကောင်းပါဘူး..တောမီးတွေကလဲ လောင်လိုက်တာ.မီးခိုးတွေနဲ့ဝေ့နေတာပါဘဲ. ညဘက်ဆို ခုတ်ထားတဲ့ ထင်းတွေ အပြည့်တင်ထားတဲ့ ထော်လာဂျီ၊ ဒိုင်နာ ကားတွေက လမ်းတလျောက်လုံးပါဘဲ......မြောက်ငိုမငိုတော့ မသိဘူး ..အင်... အင်ကြင်း..သစ်ယာ...ပိတောက်..တို့ကတော့.... ငိုနေရပါပြီဗျာ....(တမူးသွားတုံးတွေးမိတဲ့အတွေးစများပါ..TNO 4-13)

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။