Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Thursday, August 1, 2013

ရှစ်လေးလုံး အမှတ်တရ

ရေးသူ- ဘကြူး




၈၈၈၈ အရေးတော်ပုံကြီး ငွေရတု(၂၅ နှစ်) ရောက်တော့မယ်..
မနေ့က ကိုကျော်(မိုက်ကယ်ဝင်းကျော်) အိမ် ၈၈၈၈လှုပ်ရှားမှုအင်အားစု ရုံးခန်းမှာ ကလေးမြို့ ၈၈၈၈ အရေးတော်ပုံ မြို့လုံးကျွတ်နယ်လုံးနီးပါး တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ကြပုံ သမိုင်းဖြစ်ရပ်မှန်ကို ရေးကြဖို့ ဆွေးနွေးကြတယ်..
ဦးအေးမြင့်၊ဦးမြင့်သိန်း၊ဦးသောင်းရွှေ၊ကိုလေး၊ကိုရွှေ၊၀င်းစိန်၊မိုက်ကယ်ဝင်းကျော်၊အောင်သက်တင်(ဘကြူး) တို့ အမှတ်တရ ပြန်ပြောပြီး လွမ်းမောရင်ခုန်စွာ နဲ့ ဆွေးနွေးကြတယ်..
၈၈၈၈ အရေးတော်ပုံကို ကလေးမြို့မှာ ၈ရက်၈လ၁၉၈၈ ည ၇ နာရီ ၃၀ မိနစ် အောင်မင်္ဂလာ ဇာတ်ရုံရှေ့ မြက်ခင်းပြင်မှာ ကျောင်းသားပြည်သူ ၃၂ ယောက်ကနေ ရဲရဲရင့်ရင့် စတင်သပိတ်မှောက်ခဲံကြတယ်..
အားလုံးမမှတ်မိတော့ပေမဲ့ မှတ်မိသလောက်ကတော့...
မိုက်ကယ်ဝင်းကျော်၊ဘကြူး၊၀င်းစိန်၊၀င်းဗိုလ်(မြဆင့်ချယ်)၊ကိုပေါက်(ကျော်သူရ)၊ဌေးအောင်(တက္ကသိုလ်ကင်တင်းဆိုင်)၊ချစ်သိန်းထွန်း(ABSDF အနောက်မြောက်စစ်ရေးတာဝန်ခံ)၊ချမ်းငြိမ်း၊မြင့်အေး(ကြေးကုလား)၊မြင့်စိုး(ရွှေပြည်သစ်)၊မောင်ကောင်း(ဘုန်းကြီးဝတ်)၊ကိုအာလူး(ကွယ်လွန်)၊ညွန့်မောင်(ကျန်ဖိုင်းမှာ CNF ကသတ်တာခံရ)၊အောင်ဆန်းလင်း(သြစတြေလျ)၊သန်းထွန်းအောင်(ရေနံ)၊
ဒီလောက်ပဲ မှတ်မိတော့တယ်..
ကျန်တဲ့လုများကို မှတ်မိသူများရှိရင် ဖုန်း ၄၀၀၃၀၇၇၀၀ ကို ဆက်သွယ်ပေးကြပါ..
ရန်ကုန်မှာ ကျင်းပမဲ့ ၈၈၈၈ ငွေရတုမှာ မှတ်တမ်းတင်ချင်လို့ပါ..


၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ၁၃၅၀ ပြည်းအရေးတော်ပုံကြီးလို့လည်း ခေါ်တယ်..
၈.၈.၈၈ ရက်ကနေ စစ်တပ်အာဏာသိမ်းတဲ့ ၁၈.၉.၈၈ ရက်ထိဆိုရင် တစ်လခွဲ နီးပါးကြာပြီး ရှစ်လေးလုံးရဲ့ အစဦးနိဒါန်းဖြစ်တဲ့ ဖုန်းမော် အရေးအခင်း ကနေ ဆိုရင် ၆ လ ကျော်ကျော် ကြာခဲ့တော့...မ ဆ လ စစ်အာဏာရှင်စနစ်ကို တော်လှန်ပုန်ကန်တဲ့ အရေးအခင်းတွေထဲမှာ အကြာဆုံးပေါ့..လူတန်းစားပေါင်းစုံ အဆင့်အလွှာပေါင်းစုံ တောင်တန်းဒေသ ပြည်နယ် ပြည်မ တောရော မြို့ပါမကျန် ပင်လယ်ကမ်းရိုးတန်း လွင်ပြင်ချိုင့်ဝှမ်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် နေရာအနှံ့ ကြီးမားကျယ်ပြန့်ခဲ့တဲ့ ပြည်လုံးကျွတ် အရေးတော်ပုံကြီးပါ...

မ ဆ လ တစ်ပါတီစနစ်ကို မြေမြုပ်သဂြိုလ် လိုက်တဲ့ အရေးတော်ပုံ...
အုပ်စိုးသူ အာဏာရှင် သမတ ၃ ဆက်ကို ဖြုတ်ချခဲ့တဲ့ အရေးတော်ပုံ...
ကြီးမားသော လူထုဆန္ဒပြပွဲကြီးတွေ. သမဂ္ဂပေါင်းစုံ သပိတ်ကော်မတီပေါင်းစုံ ပေါ်ထွန်းခဲ့တဲ့ အရေးတော်ပုံ...ဟောပြောပွဲ ရင်ဖွင့်ပွဲ ပြည်သူ့ခံစားချက်မျိုးစုံ ကို ကိုယ်စားပြုတဲ့ အရေးတော်ပုံ..
သေနတ် ဘက်နက် မျက်ရည်ယှိုဗုံး တွေကြားထဲက ရဲရဲဝံ့ဝံ့ အသေခံသွားကြရှာတဲ့ အာဇာနည် ကျောင်းသားပြည်သူရဟန်...းသံဃာတွေ..တစ်ဘ၀လုံးအစွန့်လွတ်ခံရ..မိသားစုတွေ ကွဲကွာ ပြိုပျက် ပျက်စီး ဆင်းရဲ ကြရ..အဖိနှိပ်ခံပြည်သူတွေ နောက်ဆုံး ရုန်းကြွခဲ့ရတဲ့ အရေးတော်ပုံကြီး ဟာ ငွေရတု တိုင်ခဲ့ပါပြီ.....

ဒီ ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ...
အနာဂတ်အမိ မြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံသားကောင်း သမီးကောင်းတွေ ..မျိုးချစ်နိုင်ငံရေးခေါင်းတောင်တွေ ကို မွေးဖွားသန့်စင်ပေးခဲ့ပါတယ်..
ဒါပေမဲ့....ဒီ အရေးတော်ပုံကြီးဟာ တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပေမဲ့..တချိန်တည်းမှာပဲ စစ်အာဏာရှင်လူတစ်စုနဲ့ အပေါင်းပါ တိုင်းရင်းသား လက်ဝါးကြီးအုပ် သွေးစုပ် အရင်းရှင် ခရိုနီ(crony) တွေကို မွေးဖွားခွင့် အလွယ်တကူပေးလိုက်ရတယ်..ငါတို့ ၈၈၈၈ လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေ တာဝန်မကြေခဲ့ကြဘူး..ငါတို့ ရှုံးခဲ့တယ်....


(ဆက်လက်ဖေါ်ပြပေးပါမည်)

1 comment:

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။