Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Saturday, August 3, 2013

ကလေးမြို့ ရှစ်လေးလုံး အမှတ်တရ (၂)

 ရေးသူ - ဘကြူး

၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး တစ်နိုင်ငံလုံးမှာ စလျင်စခြင်း ရန်ကုန် မန္တလေး စစ်ကိုင်း တောင်ကြီး ပြည် မော်လမြိုင် ပုသိမ် ဟသာင်္တ ပဲခူး စတဲ့ မြို့ကြိးတွေအပါအ၀င် မြို့ပေါင်း ၄၀ ကျော် နဲ့ စပြီး ဆန္ဒပြခဲ့ကြတယ်.. အဲဒီ မြို့ ၄၀ ကျော်ထဲမှာ ငါတို့ ကလေးမြို့ နိုင်ငံအ၀ှမ်း ရင်ဘောင်တန်းပြီး ရဲရဲရင့်ရင့် ပါဝင်ဆင်နွဲခဲ့တယ်..အရေးတော်ပုံကာလအတွင်း ငါတို့မြို့လေးရဲ့ လှုပ်ရှားတက်ကြွပုံတွေ..အုပ်ချုပ်သူလူတန်းစားတွေ မရှိ...ကြတော့ မြို့သူမြို့သားများကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်ပုံတွေ..ဆုံးရှုံးနစ်နာကြပုံတွေ..မြို့သားတွေရဲ့ လက်ထဲမှာ တုတ် ဒါး ဂျင်ဂလိ မှိန်း စသည့် လက်နက်ကိုယ်စီကိုင်ဆောင်ရင်း ပျံ့နှံ့နေတဲ့ ဘာသာရေးပဋိပက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြပုံတွေ...မြို့လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ကြရပုံတွေ...အရေးတော်ပုံကာလအတွင်း ငါတို့မြို့လေးရဲ့ သမိုင်းဝင်ဖြတ်သန်းခဲ့ကြပုံတွေကို နှောင်းလူတွေသိစေဖို့ ငါတို့ ၈၈၈၈ လှုပ်ရှားမှုအဖွဲ့မှ ငွေရတုအမှီ မှတ်တမ်းတင် လက်လှမ်းမှီသလောက် ရေးလိုက်ရပါပြီ..


စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ၁၃.၃.၈၈ စက်မှုတက္ကသိုလ်ကျောင်းသား ဖုန်းမော် အရေးအခင်း၊၁၆.၃.၈၈ အင်းယားကန်ဘောင်ပေါ်မှာ ကျောင်းသားကျောင်းသူတွေ ရိုက်နှက်ခံရတဲ့ တံတားနီအရေးအခင်း၊၁၈.၃.၈၈ အာဇာနည်ကျောင်းသား ၂၀ လောက်က ဗန္ဓုလပန်းခြံမှာ ချီတက်ပြီး တရားဟောကြတော့ ပြည်သူလူထုနဲ့ပေါင်းမိပြီး ကျောင်းသားနဲ့လူထုဆန္ဒပြပွဲကြီးပေါ်ပေါက်လာပုံတွေကို ဘီဘီစီ ဗွီအိုအေ အသံလွှင့်ဌာနတွေက အချိန်နဲ့ တပြေးညီ လွှင့်ထုတ်ပေးခဲ့တယ်လေ..ကေ...ျာင်းပိတ်ချိန်ဆိုတော့ ငါတို့မြို့လေးမှာ ရန်ကုန်၊မန္တလေး၊မုံရွာ ကျောင်း ၃ ကျောင်းက ကျောင်းသားတွေ ပြန်ဆုံကြတဲ့ အချိန်လေ. အဲဒီတုန်းက ကုဋေစိုး၊ရသာမြိုင်၊ယင်းမာ၊ဆွိနိုက် စတဲံ့ လဘက်ရည်ဆိုင်တွေမှာ ရန်ကုန်ကျောင်းသားတွေက အင်းယားကန်ဘောင်အရေးအခင်းကို ကိုယ်တိုင်ပါဝင်ဆင်နွဲခဲ့ပုံတွေကို ပြန်ပြောပြကြတော့ ငါတို့ကျောင်းသားစိတ်ဓာတ်တွေဟာ ရင်ထဲမှာ ခံပြင်းဝမ်းနည်းဒေါသတွေ ဆူခဲ့ရပြီလေ..တံတားနီအရေးအခင်းမှာ ငါတို့မြို့က ရန်ကုန် စီးပွားရေးတက္ကသိုလကျောင်းသား အောင်ငြိမ်းထွဋ်(ဖိုးပိန်)ယခုမန္တလေး နဲံ့ ဥပဒေတန်းတက်နေတဲ့ ကျော်ဆန်းလွင်(ခေါင်းဖြူ) တို့ စစ်တပ်လုံထိန်းတွေက ရိုက်နှက်ဖမ်းဆီးခံရပြီး ထောင်ထဲကို အချုပ်ကားတွေနဲ့ ပြည့်ကျပ်အောင် တင်ပြီး ရောက်သွားပုံတွေကို ငါတို့နားထောင်ရင်း သွေးဆူခဲ့ရတယ်...အစိုးရက အချုပ်ကားထဲမှာ ကျောင်းသား မွန်းကြပ်ပိတ်လှောင်ပြီး ၄၁ ယောက် သေဆုံးသွားတာကြားလိုက်ရတော့ ကျောင်းသားတွေဟာ အလိုလိုကိုယ့်အသိနဲ့ကိုယ် စည်းရုံးပြီးသား ဖြစ်နေကြပြီလေ......

ဇွန်လမှာ ကျောင်းတွေ ပြန်ဖွင့်တယ်..ဇွန် ၂၁ မှာ မြေနီကုန်း အရေးအခင်း ဖြစ်တယ်..အ ထ က ကျောင်းသားလေးတွေ လုံထိန်းရဲကားတွေနဲ့ တိုက် သတ် ကြတယ်..မြေနီကုန်းလူထုက ကျောင်းသားတွေနဲ့ပေါင်းပြီး ပြန်ချတော့ ရဲ ၆ ယောက်သေတယ်..ဇွန်လ အရေးအခင်းတွေထဲမှာ တောင်ဥက္ကလာသားတွေဖြစ်ကြတဲ့ မင်းကိုနိုင်၊မိုးသီးဇွန်၊မိုးဟိန်း တို့ ပေါ်ထွန်းလာခဲ့တယ်...ဇွန် ၂၃ မှာ ပဲခူး လူထုအုံကြွမှုကြီး၊ ၇ ဇူလိုင် အမှတ်တရ၊တောင်ကြီး နှင့် ပြည် က ဘာသာေ...ရးပဋိပက္ခတွေ ဟာ ဆက်တိုက်ဖြစ်လာတယ်..ကျောင်းတွေ ပြန်ပိတ်..
ဇူလိုင် ၂၃ မှာ မ ဆ လ ပါတီ အရေးပေါ်ညီလာခံခေါ်ပြီး ပါတီဥက္ကဌကြီး ဦးနေ၀င်း၊သမတ ဦးစန်းယု၊အတွင်းရေးမှုး ဦးအေးကို(ကျော်ဟိန်းယောက္ခမ)၊ကာကွယ်ရေးဝန်ကြီး သူရကျော်ထင် တို့ နှုတ်ထွက်ခဲ့ကြပြီး ဇူလိုင်၂၅ မှာ သားသတ်သမား ဦးစိန်လွင် သမတ နေရာကို တမင်ရွယ်ပြီး ခန့်ထားလိုက်တယ်..ဦးစိန်လွင်ဟာ ပညာအရည်အချင်း ၆ တန်းအောင် အဆင့်ပဲရှိပါတယ်..ဆဲဗင်းဂျူလိုင် ၁၉၆၂ မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဖြို ကျောင်းသားတွေကို အထက်အမိန့်အရ သတ်ပစ်ခဲ့တဲ့ လူပေါ့..သူက မွန်ပြည်နယ် ပေါင်မြို့သား ဦးနေ၀င်း ရဲ့ တပ်ရင်း ၄ က တပည့်ရင်း..
ဆက်လက်ဖြစ်နေတဲ့ အရေးအခင်းတွေကို ချေမှုန်းကွပ်မျက်ဖို့ စစ်အင်အား သောင်းချီ ရန်ကုန် ကို ခေါ်ထားလိုက်တယ်..

(ဆက်လက်ဖေါ်ပြပေးပါမည်)

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။