ကမန်းကတန်း ရုပ်သိမ်းနေတဲ့နေရောင်ကို
အရုဏ်ဦးရောင်ခြည် အဖြစ် အမှတ်မှား
အမှောင်စည်းခြား ထားရစ်ခါမှ
သည် ခရီးဖြင့်
တစ်ယောက်ထည်း သွားရတော့မယ် ဆိုတာ သိခဲ့
သဏ္ဍာန်မဲ့ အရိပ်တစ်ခုလိုမျိုး
အထွေးထွေး ဖမ်းဆုပ်
မျှော်လင့်ချက် အပုပ်အသိုးတွေထမ်းပိုးလို့
လားရာမဲ့ လမ်းပေါ်မှာလေ
ဒီလို
တွယ်ရာမဲ့ သစ်တစ်ပင်ရဲ့
ရှင်သန်နိုင်ခြင်းက
နွေရင်ခွင်မှာ ကာလဘယ်လောက်ကြာမှာ တဲ့လဲ
လယ်ကွင်းတွေလို
မင်းရဲ့ ထုဆစ်ခြင်းမှာ
ဟောက်ပက်ပက်ရင်တစ်ခွင်လုံး
အက်ကွဲလို့ မဆုံးတော့ဘူးယုံ။
မောင်ကိုမောင်(ကလေး)
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Sunday, January 9, 2011
အလင်းအက်တောင်ပံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။