ကလေးမြို့ရဲ့ ဒီဇင်ဘာလ လမ်းလျှောက်ပွဲက ကျော်လွန်ခဲ့ပေမယ့် ကလေးမြို့ရဲ့ လမ်းတွေပေါ်မှာ တော့ လမ်းလျှောက်နေရဆဲ ..။ (၁၁-၁-၂၀၁၁) ရက်နေ့မှာ ကလေးမြို့က တက္ကသိုလ် ကျောင်းသားတွေ ကားခ ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ်သို့ ဈေးတက်သွားတဲ့ အတွက် လမ်းလျှောက်ကြရတယ် ။တစ်နေ့ ငွေ ၄၀၀ ကျပ်ဆိုတာ သာမာန် မိသားစု ဘ၀ အတွက် အခက်အခဲ တစ်ခု ပါပဲ ။ ကလေး တက္ကသိုလ် ဆိုတာကလည်း မြို့ရဲ့ အနောက် (၉) မိုင်အကွာမှာ ၊ ကွန်ပျုတာတက္ကသိုလ် ဆိုတာကလည်း မြို့ရဲ့ မြောက်ဘက် (၁၀)မိုင် ခန့် အကွာမှာ၊ နည်းပညာ တက္ကသိုလ်က မြို့ရဲ့ တောင်ဘက် (၆) မိုင် အကွာ တည်ဆောက်ထားကြာတာ။ ကလေးကောလိပ်ဆိုတဲ့ ခေတ်ကတည်းက လမ်းလျှောက်ပြီး ကားမလာလို့ ပြန်ကြတဲ့ အဖြစ်တွေက ခဏခဏပါပဲ ။ ယာဉ်ရှားပါမှု ပြဿနာ ဆီဈေးနှုန်း ပြဿနာက အခုချိန် အထိပါပဲ။ ယာဉ်ပိုင်ရှင်များကလည်း ပြင်ပမှ ဆီတစ်ဂါလံ (၄၀၀၀) ကျပ်နှုန်းနဲ့ ပြင်ပမှ ၀ယ်ယူရသဖြင့် တစ်လလျှင် ငါးသောင်းနှင့် ခုနှစ်သောင်းကြား အရှုံး ပေါ်တယ်လို့ ပြောပါတယ် ။ မထသ ဘက်မှလည်း ယခင်ကတော့ အစိုးရဆီဆိုင်မှာ နှစ်ဂါလံ ခရီးကို လေးဂါလံ ထုတ်ယူခွင့်ပေးခဲ့ပါသည်။ ယခုအခါ ကလေးမြို့တွင် အစိုးရ စက်သုံးဆီ အရောင်းဆိုင် မရှိတော့တဲ့အတွက် ကူညီပေးရန် အခက်အခဲ ရှိနေပါတယ်။ မုံ့လုံး စက္ကူကပ်တဲ့ အားလုံး မှန်နေတဲ့ အဖြစ်မှာ ရေးသူ ကျွန်တော်ပဲ မှားနေသလား။ အခြား မည်သူတွေကော မှားနေပါသနည်း။ လမ်းမတွေပေါ်မှာတော့ လမ်းလျှောက်နေကြဆဲပါ။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Thursday, January 13, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။