Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Friday, March 29, 2013

မြန်မာ-အိန္ဒိယ ပထမဆုံး နယ်စပ်ဈေး ဖွင့်လှစ်မည်

မြန်မာ-အိန္ဒိယ ပထမဆုံး နယ်စပ်ဈေး ဖွင့်လှစ်မည်
ခင်မျိုးသွယ် | သောကြာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ အိန္ဒိယနယ်စပ်ရှိ ပန်ဆောင်တွင် နှစ်နိုင်ငံ နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“သူနဲ့ ကပ်လျက် အိန္ဒိယ ဘက်မှာက ပန်းရှားရွာ ရှိနေပါတယ်။ အဲဒီအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့တယ်။ နောက်ထပ် တိုင်းဒေသကြီး အဆင့်ရယ်၊ ဒေသခံတွေရယ် ဆွေးနွေးပြီးရင် မကြာခင် ဖွင့်နိုင်မှာပါ” ဟု ဝန်ကြီးဌာန၏ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က ပြောသည်။nပန်ဆောင်မှာ ကချင်ပြည်နယ်အနီး စစ်ကိုင်းတိုင်း မြောက်စွန်းရှိ နန်းယွန်းမြို့နယ်နှင့် အနီးတွင်ရှိပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပါဝင်တည်ရှိသည်။ အိန္ဒိယနိုင်ငံ၊ နာဂလဲန်း ပြည်နယ်နှင့် ထိစပ်နေသည်။

“မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ ဒေသခံတွေက ဆင်းရဲကြပါတယ်။ တောင်ပေါ် ဒေသတွေလည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးလည်း အတော်ခက်ခဲတယ်။ ဒေသခံတွေ စားဝတ်နေရေးအတွက် အထောက်အကူ ပြုနိုင်အောင် နယ်စပ်ဈေးအဖြစ် အရင် ဖွင့်လှစ်လုပ်ကိုင်မယ်။ အဲဒီအခြေအနေကနေ တိုးတက်မှု ရှိလာရင် နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် တိုးမြှင့်ဖွင့်သွားဖို့ပါ အစီအစဉ်ရှိပါတယ်” ဟု ညွှန်မှူးက ဆက်လက်ပြောကြား သည်။ လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တွင် တမူးနှင့် ရိခေါရ်ဒါ နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ် ထားရှိသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၅.၄၀၉ သန်း ရှိခဲ့သည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် (ဇန်နဝါရီ လကုန်အထိ) ထိုနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၁၃၇ သန်း ရှိကြောင်း သိရသည်။

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။