ကလေးမြို့ နှင့် အခြားမြို့များသို့ ဆက်သွယ်ထားသော လမ်းမများ အား လမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား ပုဂ္ဂလိက လုပ်ငန်း ကုမ္ပဏီများသို့ ကန်ထရိုက်စနစ်ဖြင့် လွှဲပြောင်းရယူထားကြပါသည်။ အိန္ဒိယ မြန်မာ ချစ်ကြည်ရေးလမ်းမ ဖြစ်သော ကလေး-တမူး လမ်းပိုင်း နှင့် ကလေး-ကလေးဝ လမ်းများအား အေးအေးနိုင် ကုမ္ပဏီ မှ တာဝန်ယူထား ပါသည်။ ကလေး-ကလေးဝ လမ်းပိုင်းတွင် လမ်း/တံတားများ ရေရှည်ကြံ့ခိုင်ရေးအတွက် တန်ပို တင်ဆောင်ထားသော ကားများအား လုံးဝ ဖြတ်သန်းခွင့် မပြုပဲ တွေ့ရှိပါက တန်ပိုခ ပေးဆောင်ရန် မလိုပဲ ရဲစခန်းတွင်သာ အမှုဖွင့်၍ တရားစွဲဆိုခြင်းသာ ခံရပါသည်။ ကလေး- ဂန့်ဂေါ ကားလမ်း ပိုင်းတွင်လည်း ပန်းမွန်ချောင်း တံတားနှင့် ကမ္ဘာနီ တံတားတို့အား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းအတွက် (၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်အတွက် ) ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ပေးအပ်ထားပါသည်။ ပေ ၂၅၀ ခန့်ရှိသော ပန်းမွန်ချောင်း တံတားတွင် တံတားဖြတ်သန်းခ အဖြစ် ဂျစ်ကား တစ်စီလျှင် အသွား နှစ်ထောင်ကျပ် အပြန် နှစ်ထောင်ကျပ် ပေးဆောင်ရကြောင်း သိရှိရပါသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Thursday, April 8, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။