အဲ့ဒီမြို့မှာ
ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်းရှိတယ်
မြို့ရဲ့ အလယ်တည့်တည့်မှာ လေယာဉ်ကွင်းကြီးရှိတယ်
အရှေ့အနောက် သွယ်တန်းနေတဲ့ တောင်ကန့်လန့် တစ်ခုရှိတယ်
သူ့ကိုယ်သူ အာဆီယံ ကဗျာဆရာပါ ဆိုတဲ့သူရှိတယ်
သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ် ဆိုတဲ့သူရှိတယ်
လင်းကြက်မတွန်ခင် ဖယောင်တိုင်မီးနဲ့ ထွန်းရောင်းတဲ့ ဈေးရှိတယ်
ကိုလိုနီ ခေတ်ကလို ရေနံတွင်းပိုင်တဲ့ သူဌေးတွေရှိတယ်
ပရဟိတ လုပ်ငန်းတွေမှာ သူ့နာမည် အမြဲပါအောင် လုပ်တဲ့သူရှိတယ်
အဆိုတော် အငြိမ်းစား ဆိုတဲ့သူလဲ ရှိတယ်
စာတွေ အများကြီးရေးရင် စာရေးဆရာ ဖြစ်တယ်ဆိုတဲ့သူလည်း ရှိတယ်
CDMA ဖုန်းကြီးနဲ့ ကမ္ဘာလုံးချီ ပြောတဲ့သူလည်း ရှိတယ်
စာအုပ်တွေ ရောင်းပေးရင် ကဗျာပါတဲ့ ကဗျာဆရာရှိတယ်
ချစ်စရာ ဓလေ့နဲ့ ရိုးရာ ခေါင်ရည်ဆိုင်ရှိတယ်
မိုးရေးကို နေ့ချင်းပြေးနိုင်တဲ့ အမြန်လမ်းမကြီးရှိတယ်
OnLine ပေါ်မှာပဲ စာရေးတယ်တို့ သူလည်းရှိတယ်
အဲ့ဒီမြို့လေးပေါ့
သူ့ကိုယ်သူ ကလေး ကလေးနဲ့ နေလာခဲ့တာ
နှစ်ပေါင်း တစ်ထောင်ကျော်ပြီဆိုပဲ …။
ဇမင်းခက်
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Thursday, April 15, 2010
နာမည်ကြီးတဲ့ မြို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။