ကလေးမြို့ရဲ့ သင်္ကြန်ကတော့ မြို့ပေါ်မှာတော့ ဌာနဆိုင်ရာမဏ္ဍပ်နှင့် ရပ်ကွက် မဏ္ဍပ် ဆယ်ခု ခန့် ရှိမည်ဟု သိရပါသည်။ ကလေးမြို့နယ် ထိုမာကျေးရွာတွင်လည်း နှစ်စဉ်နှစ်တိုင်းပြုလုပ်မြဲ ဖြစ်တဲ့ ရိုးရာ ဓလေ့နဲ့ ခေတ်သင်္ကြန် အဖြစ် အိမ်ခြေ တစ်ထောင်ကျော်ရှိသောရွာတွင် မဏ္ဍပ် ရှစ်ခု ခန့် ရှိမည်ဟု သိရပါသည်။ ထိုမာကျေးရွာတွင် သင်္ကြန်လည်သူများအား မုန့်လုံးရေပေါ် များ သာကူကြို ဆန်ပြုတ် စသည်တို့ တိုက်ကျွေးကြပါသည်။ အမြင့်ပေ နှစ်ဆယ်ခန့် ရှိသော ရေပက်စင်များဖြင့် သင်္ကြန်ပွဲ ကို ဆင်နွဲကြပါသည်။ သင်္ကြန်လည်များ နေ့လည်းခင်းတွင် ကိုးမိုင်ချောင်း တွင် အနားယူသူများ စည်ကားလိမ့်မည်ဟု သင်္ကြန်လည်မည့်သူ တစ်ဦး က ပြောပါတယ်။ ရေဆန်ကျွန်း ဘုရားတွင် အနားယူသူများ နှင့် သင်္ကြန်ရေကြောက် သူများကတော့ တီတိန်မြို့နယ် သိုင်းငင်းကျေးရွာ တွင် အနားယူကြလိမ့်ဟု သိရပါသည်။ ဒီနှစ်သင်္ကြန်လည်း အရင်နှစ်သင်္ကြန်လိုပဲ ထူးမခြား သင်္ကြန်ပါတဲ့။ အခုရက်ပိုင်း အတွင်း နေကလည်း တော်တော်ပူနေတဲ့အတွက် ဘီယာဆိုင်များကတော့ အထူး ရောင်းကောင်းလိမ့် မယ်လို့ မျှော်လင့်နေကြပါတယ် ။ ရည်းစားနှင့် အဆင်မပြေသူများ မိန်းမကြောက် သူများကတော့ ရိပ်သာစခန်းတွေမှာ အလျှိုလျှို ဒုလ္လဘ ၀တ်ကုန်ကြပြီတဲ့ ..။ ကလေးမြို့က အလန်းမလေးတွေကတော့ ကြိုးတစ်လုံး အင်္ကျီများ အပြိုင်အဆိုင် ၀ယ်နေကြပါတယ်တဲ့ ။ ကလေး မြို့ပေါ်ရှိ စတိုးဆိုင်များကတော့ ဒီနှစ် သင်္ကြန်ကာလမှာ စကဒ်အတိုများ ဘောင်းဘီ တိုတိုလေးများ အထူးရောင်းကောင်းကြောင်း သိရပါတယ်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Saturday, April 10, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။