ပရိယေသန ၀ဲဂယက်ထဲ
တစ်ဝဲ၀ဲ တလည်လည်ဆိုတော့
ကိုယ့်ယုံကြည်ရာ အိပ်မက်စီးကြောင်းဘက်ကို
လွှဲမထွက်နိုင်ခဲ့ဘူးပေါ့ …။
ခေါက်သိမ်းထားတာ ကြာတော့လည်း
ဖုန်အလိမ်းလိမ်းတက်နေတဲ့
ငါ့ရဲ့ ကစဉ်ကလျှားအိပ်မက်တွေ
အရောင်မလက်ဘူး မလတ်ဆတ်တော့ဘူး။
မှတ်မှတ်ရရ
ငါ့တစ်မျက်နှာကို ညည်းတစ်ရွာထင်နေတုန်းကတည်းက ..။
အသွေးထဲ အသားထဲကနေ
မွတ်သိပ်ခြင်းစစ်စစ်တွေရဲ့ လင်းရှမှုလိုမျိုးနဲ့
မနက်ဖြန်ရဲ့ အိပ်မက်လမ်းတွေပေါ်
အဆက်မပြတ် ပျံသန်းချင်ခဲ့
အဖတ်မတင်ဘဲ ကြွေကြွေသွားတဲ့
ငါ့ရဲ့ အိပ်မက် အသီးကင်းတွေကိုကြည့်ပြီး
ညည်းပြောမယ်ဆိုလဲ ပြောလောက်ပါပေရဲ့ …။
ဒါပေမယ့်ကွာ
တောမှောက်ပြီး တောချောက်ခံနေရတာမဟုတ်တော့
လမ်းမလွဲလောက်ပါဘူး
ငါ့အိပ်မက်လမ်းက ဒီလမ်းအတိုင်းပဲ။
ငါ့ကို ဆက်လျှောက်ခွင့်ပြုဦး ညည်းကလေးရေ …။
မောင်ကိုမောင်(ကလေး)
၂၀၁၀၊မေလထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Saturday, April 17, 2010
ချစ်ဇနီးသို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။