မြန်မာ-အိန္ဒိယ ပထမဆုံး နယ်စပ်ဈေး ဖွင့်လှစ်မည်
ခင်မျိုးသွယ် | သောကြာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ အိန္ဒိယနယ်စပ်ရှိ ပန်ဆောင်တွင် နှစ်နိုင်ငံ နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“သူနဲ့ ကပ်လျက် အိန္ဒိယ ဘက်မှာက ပန်းရှားရွာ ရှိနေပါတယ်။ အဲဒီအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့တယ်။ နောက်ထပ် တိုင်းဒေသကြီး အဆင့်ရယ်၊ ဒေသခံတွေရယ် ဆွေးနွေးပြီးရင် မကြာခင် ဖွင့်နိုင်မှာပါ” ဟု ဝန်ကြီးဌာန၏ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က ပြောသည်။nပန်ဆောင်မှာ ကချင်ပြည်နယ်အနီး စစ်ကိုင်းတိုင်း မြောက်စွန်းရှိ နန်းယွန်းမြို့နယ်နှင့် အနီးတွင်ရှိပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပါဝင်တည်ရှိသည်။ အိန္ဒိယနိုင်ငံ၊ နာဂလဲန်း ပြည်နယ်နှင့် ထိစပ်နေသည်။
“မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ ဒေသခံတွေက ဆင်းရဲကြပါတယ်။ တောင်ပေါ် ဒေသတွေလည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးလည်း အတော်ခက်ခဲတယ်။ ဒေသခံတွေ စားဝတ်နေရေးအတွက် အထောက်အကူ ပြုနိုင်အောင် နယ်စပ်ဈေးအဖြစ် အရင် ဖွင့်လှစ်လုပ်ကိုင်မယ်။ အဲဒီအခြေအနေကနေ တိုးတက်မှု ရှိလာရင် နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် တိုးမြှင့်ဖွင့်သွားဖို့ပါ အစီအစဉ်ရှိပါတယ်” ဟု ညွှန်မှူးက ဆက်လက်ပြောကြား သည်။ လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တွင် တမူးနှင့် ရိခေါရ်ဒါ နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ် ထားရှိသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၅.၄၀၉ သန်း ရှိခဲ့သည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် (ဇန်နဝါရီ လကုန်အထိ) ထိုနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၁၃၇ သန်း ရှိကြောင်း သိရသည်။
Welcome
Download Apk File
http://www.sendspace.com/file/yud6dl
Friday, March 29, 2013
မြန်မာ-အိန္ဒိယ ပထမဆုံး နယ်စပ်ဈေး ဖွင့်လှစ်မည်
ကလေးမြို့ မနက်ခင်းသတင်း
ကလေးမြို့ မနက်ခင်းသတင်း ။
ပုံမှန်
အတိုင်းစည်ကား လျှက်ရှိသည် ။ မြို့မ ဈေးသူဈေးသားများ ဈေးခင်းလျှက်
ရှိသည် ။ လုံခြုံရေး များ လည်းရှိပါသည် ။ပုံမှန်လည် ပတ်လျှက် ရှိသည် ။
Wednesday, March 27, 2013
မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း
မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး
နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း
ကလေး၊ မတ် ၂၇။
နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း
ကလေး၊ မတ် ၂၇။
မြွေတောင်တွင်
နီကယ်သတ္တုထုတ်လုပ်မည့် စီမံကိန်းအရေး အတွက်
ကလေးမြို့ပေါ်ရှိပါတီများအားလုံးနှင့် လူထုတွေ့ဆုံပွဲ၊ မြွေတောင်
ဖားတောင်ဆိုင်ရာ ဓါတ်ပုံပြပွဲနှင့် သတ္တုရိုင်းနမူနာ ပြပွဲကိုယမန်နေ့ နံနက်
(၉း၀၀)မှ ညနေ(၂း၃၀) နာရီအထိ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊
နှစ်ခြင်းခရစ်ယာန် ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း လူထုတွေ့ဆုံပွဲကို
ဦးဆောင်သည့်ချင်းတောင်ဒေသ သယံဇာတ စောင့်ကြည့် ရေးအဖွဲ့မှ ကိုတွမ်က
ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ချင်းတိုးတက်ရေးပါတီမှ
ဦးဗန်ကိန်း၊ Zomi Congressfor Democracy မှ Chin Sian Thang ၊ NLD မှ
ဦးကိုလေး၊ ချင်းအမျိုးသားပါတီမှ ပူဇိုဇမ်၊မြွေတောင်၊ ဖားတောင်နှင့်
ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့ကိုယ်စား
နေသာဆရာတော်၊
လက်ပံချောင်းကျေးရွာ၊ မြလင်းကျေးရွာနှင့် ဟင်းပုပ်ကျေးရွာ စသည့်
မြွေတောင်ဒေသခံ ကျေးရွာများမှ ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခဲ့ကြသည်ဟု
သိရသည်။
ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က မြွေတောင်၊နီကယ် သတ္တု
ထုတ်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်ပြီး ချင်းအမျိုး သားပါတီ၏
သဘောထား(၁၀)ချက်ကို တင်ပြဆွေးနွေးကြောင်း သိရသည်။
ချင်းအမျိုးသား ပါတီ၏ သဘောထား(၁၀)ချက်များမှာ -
“(၁)
မြွေတောင်ဒေသ နီကယ်သတ္တုထုတ်လုပ်ရေး စီမံကိန်း နှင့် ပတ်သက်၍သတ္တုတွင်း
ဝန်ကြီးဌာန၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ တရားဝင်
သတင်းထုတ်ပြန်ချက်များကို မျှော် လင့်စောင့်စားနေပါသည်။
(၂)
ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်သတ္တုရှာဖွေတူုး
ဖော်ရေး ဥပဒေ(Mining Act)ကို အသေးစိတ်ရေးဆွဲ ပြဌာန်း ပေးရန်
(၃) မြွေတောင်တွင် နီကယ်သတ္တု တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီအနေဖြင့်ပြည်သူလူထုကို တရားဝင် အသိပေးရန်၊
(၄)မြွေတောင် ထွက်ရှိသည့် သတ္တုအမျိုးအမည်ကို တိတိ ကျကျဖော်ပြီး ထုတ်ယူမည့်ပမာဏကိုလည်း တိတိကျကျ ဖော်ပြရမည်
(၅) သတ္တုတွင်း ဘေးထွက်ဆိုးကျိုး နည်းနိုင် သမျှ နည်းအောင် ဆောင်ရွက်ပေးရမည်။
(၆) သတ္တုတွင်း လုပ်သား ကျား၊မ မည်မျှပါဝင်မည်ကို အတိအကျ ဖော်ပြ ပေးရန်နှင့်ထိုလုပ်သား များကို အချိန်မည်မျှ ထားမည်ကို ဖော်ပြရန်၊
(၇) ပြည်နယ်၊ ကုမ္ပဏီ နှင့် နိုင်ငံတော် အကျိုး ခံစားခွင့် % များကိုဖော်ပြရန်၊ စီမံကိန်း ဧရိယာနယ်မြေ တိတိကျကျ ဖော်ပြပေးရန်၊
(၈)
သတ္တု တူးဖော်သည့်လုပ် ငန်းကြောင့် နစ်နာသည့် ပြည်သူများ၊
ကျေးရွာများကိုနိုင်ငံ တကာ စံချိန်စံညွှန်းအတိုင်း လျှော်ကြေးပေးရမည်။(၉)
ပရော့ ဂျက်လုပ်ငန်း၏ Impact ထိခိုက်သည့် လုပ်ငန်းများကို
စောင့်ကြပ်ရန်လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိနေသင့် သည်။
(၁၀)
ချင်းပြည်နယ် အစိုးရအနေဖြင့် စနစ်တကျ မလုပ်ဆောင်နိုင်သေးသမျှမြွေတောင်
သတ္တုစီမံကိန်းကို ကန့်ကွက်ခြင်း မဟုတ်သည့်တိုင် ချင်းအမျိုးသားပါတီ
အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်ရပြီး သတ္တုတူးဖော် ရန်အလွန်စောနေသည်ဟု
ခံယူပါသည်။”ဟူ၍ ဖြစ်ကြ သည်။
မြွေတောင်ဒေသနှင့် ကဘော်လွင်ပြင်
စောင့်ကြည့်ရေး အဖွဲ့၏လှုပ်ရှား ဆောင်ရွက်နေမှုများကို နေသာ ဆရာတော်မှ
ရှင်းပြခဲ့ပြီးမြွေတောင်၊ ဖားတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းနှင့်
ပတ်သက်ပြီး ချင်းတောင်ဒေသ သယံဇာတ စောင့်ကြည့်ရေး အဖွဲ့၏
ကြေငြာချက်ကိုထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
မြွေတောင်သည်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်(23ံ25' N,49ံ 1' E) တွင်တည်ရှိပြီး Nort
Mining InvestmentCompany(NMIC) မှနီကယ် သတ္တုတူးဖော်ရေး လုပ်ငန်းများ
လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
Tuesday, March 26, 2013
တပေါင်းပွဲ - ကလေးမြို့
ကလေးမြို့ ရွှေဘုံသာ မြတ်စွာဘုရားကြီး ၏ ဘုရားပွဲတော် ဆွမ်းလောင်းလှု ပွဲကို ဒီကနေ့ ( တပေါင်းလပြည့်နေ့ ၂၆-၃-၂၀၁၃ ) မနက် ပိုင်းမှာ ရွှေဘုံသာ ဘုရားရင် ပြင်တော်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆွမ်းလောင်းလှု ပွဲ သို့ ပင့်သံဃာ ( ၂၀၀ ) ပါး ကြွ ရောက်တော် မူပြီး ကလေးမြို့ သူ မြို့သားမှ လှုဘွယ် ပစ္စည်း စုံလင်စွာ ဖြင့် လောင်းလှု ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ညနေပိုင်းမှာ ရွှေဘုံသာစေတီ ၏ မျက်နှာ စာမှာ မ...ုန့် စားပွဲတော်ကို လည်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကျင်းပရာမှာ ယခင်နှစ်က ထက် ဒါနပြုသူ မုန့်ဆိုင်ခန်းများ နဲပါးလျှက် ရှိတယ်လို့ သိရှိရပါတယ်။ တပေါင်းလပြည့်နေ့ စတုဒီသာပွဲတော်ကို ယခင်နှစ်က စပြီး ကျင်းပခဲ့တာ ပါ ။ ဒီနှစ်မှာတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အရင်နှစ်က ဆိုင်ခန်း ၄၀ လောက် ပါပါတယ်။ ဒီနှစ်တော့ ဆိုင်ခန်း ၃၀ လောက်ပဲ ရှိတော့မယ်။ ဆိုင်ခန်းနဲသွားတယ်။ အရင်နှစ်က လုပ်တဲ့သူတွေ နဲသွားပြီး အသစ်တွေ တိုးလာတယ်။ လို့ အဆိုပါ ပွဲတော်ကျင်းပရေး မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့ပါတယ်။
Monday, March 25, 2013
ကလေး-တမူး ကားလမ်း
မြွေတောင် နီကယ်စီမံကိန်း နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ဖိတ်စာ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း
မြွေတောင် နီကယ်စီမံကိန်းနှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲသို့ပြသမည့် တစ်ချို့သော ကျောက်များ
ကလေးမြို့ မီဒီယာ အဖွဲ့မှ ပေးပို့သည်။
Saturday, March 23, 2013
ထမ်းပိုး တခုတည်းရဲ့ မြို့ကလေးသားများသို့ မေတ္တာစာ
ကလေးမြို့ပေါ် နေထိုင်ကြသူများဟာ တိုင်းရင်းသား ပေါင်းစုံရှိပါတယ်။ တိုးချဲ့ လာတဲ့ရပ်ကွက်တွေကိုပေါင်းပြီး ရှိလာတဲ့ မြို့ပေါ်နေ လူဥိးရေဟာ (၅၀၀၀၀၀) ငါးသိန်းခန့် ရှိလာပါတယ်။ ငါးသိန်းခန့်ဆိုတဲ့ လူဦးရေ ပမာဏဟာ မြန်မာနိုင်ငံလို သန်း ခြောက်ဆယ် လူဦးရေရှိတဲ့နိုင်ငံအနေနဲ့ မြို့ကြီး အဆင့်မှာရှိပါတယ်။ နယ်မြေ အေးခြမ်းပြီး ဒေသ ပတ်ဝန်းကျင် သာယာပါတယ်။ လူမျိုး...တမျိုးနဲ့တမျိုး ရပ်ကွက်တခုနဲ့တခု သင့်တင့်မျှတကြပြီး ချစ်ခင်စွာအတူတကွနေထိုင်ကြပါတယ်
မြို့ပေါ်မှာနေထိုင်ကြသူအများစုဟ
ကလေးမြို့ပေါ်မှာ ဂေါ်ရခါးလူမျိုးများလည်းနေထိုင်ြ
မွတ်ဆလင် များလည်း အနည်းငယ်နေထိုင်ပြီး ဗလီကျောင်း တစ်ကျောင်းတည်ရှိတယ်။ မြို့ပေါ်နေ မွတ်ဆလင်များဟာလည်း အခြားသော တိုင်းရင်းသားများကဲ့သို့ စိုးရိမ်ခြင်း ကင်းပြီး ပျော်ရွင်ငြိမ်းချမ်းစွာ နေထိုင်ကြပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ကလေးမြို့ပေါ်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ ချစ်ချစ်ခင်ခင် လေးလေးစားစားနေထိုင်ကြတယ် ။ အေးချမ်းတယ်။ ငြိမ်သက်တယ်။ ပျော်စရာကောင်းတယ်။ ဒါကြောင့် ဒီလို သုခအပေါင်းနဲ့ ပြည့်စုံနေတဲ့ ကျွှန်တော်တို့ ခင်များတို့ အဒေါ်တို့ ညီမ အမတို့ရဲ့ ကလေးမြို့ကို ဘာသာရေး လူမှုရေးပျက်ယွင်းအောင် ကြံဆောင်တဲ့ အပြုအမှု အပြောအဆို ကြံစည် လုပ်ကိုင်သူများကို မြင်ရင် ရှိရင် တွေ့ရင် ကျွှန်တော်တို့ ခင်ဗျားတို့ မှာ တာဝန်ရှိတယ်။ အဖျက်သမားတွေရဲ့ရန်ကို အမြဲ သတိရှိပြီး ကလေးမြို့ကို ညစ်နွမ်းအောင် ပြု့လုပ်သူများကို ကာကွယ်နိုင်ကြဖို့ ကျွှန်တော် ကလေး မြို့အသင်း စာမျက်နှာက တဆင့် နှိုးဆော်ပါတယ်။ အသိပေးပါတယ်။
မကြာခင်မှာ ကျွှန်တော်တို့ နှစ်သစ်ကူးပွဲတော် ရောက်ရှိတော့မှာဖြစ်ပါတယ်။ အခြားသော ဘာသာဖြစ်စေ အခြားသောလူမျိုးဖြစ်စေ သင်တို့ရဲ့ ယုံကြည်မှုဟာ ကျွှန်တော်တို့ရဲ့ ယုံကြည်မူဖြစ်ပါတယ်။ သင်တို့ခံစားရသမျှဟာ ကျွှန်တော်တို့ရဲ့ခံစားမှုဖြစ်ပါတ
ကလေးမြို့ အေးချမ်းပါစေ။ မြန်မာပြည် အေးချမ်းပါစေ။
ကျော်မိုး
Thursday, March 21, 2013
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတချို့ ပိတ်ပင်ခံရ
Tuesday
မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတချို့ ပိတ်ပင်ခံရ
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာပြည်က တရားမဝင် တင်သွင်းတဲ့ စားသောက်ကုန်တချို့ ရောင်းချခွင့်ကို မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန အမိန့်နဲ့ မတ်လ ၁၈ ရက်နေ့က စပြီး ပိတ်ပင်လိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ Mikko, Calcium ကွေကာနဲ့ ငါးကြော်ထုပ်တွေဖြစ်ပြီး ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်နဲ့ သက်တမ်းကုန်ဆုံးမယ...့်ရက်တွေ အတိအကျ မပါဝင်တာ၊ ပါဝင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စားသုံးသူတွေအတွက် ဘေးအန္တရာယ်ဖြစ်မှာစိုးတာကြောင့်
အခုလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာအများစုနေထိုင်တဲ့ မဏိပူရပြည်နယ် ချူရာချန်ပူရ်မြို့မှာ မြန်မာအစားအသောက်တွေ လက်လီလက်ကားရောင်းနေတဲ့ မမင်းသဲလ်က အခုလို ပြောပါတယ်။
“အဓိက က မြန်မာပြည်က ပစ္စည်းမှာ Expire Date တွေ ဘာတွေ မရှိလို့ပေါ့နော်။ အဲဒါပြီးတော့ နောက်တချက်က ကျတော့ Mikko ကတ်ဗုံးတွေ ရှိတယ် မလား။ အဲဒါကို သူတို့ တယောက်က လက်တွေ့ Practical ဆင်းနေမှာ လူတယောက် ဆုံးရှုံးမှု ရှိသွားတယ်။ အဲဒီလိုမျိုး သတင်းလည်း နည်းနည်းပါးပါး ထွက်တယ်ပေါ့။ အဲဒါမျိုးနဲ့ သူက ပိတ်ဖို့ ကြိုးစားတာ။ Mikko ရယ်၊ ကယ်လ်စီယမ်ကွေကွာရယ်၊ ပြီးတော့ ငါးကြော်ထုပ်လေးတွေ။ အဲဒီသုံးမျိုးပါပဲ။ အဓိက ပိတ်ထားတာပေါ့။”
ဒီပစ္စည်းတွေဟာ တရားဝင်တင်သွင်းတာ မဟုတ်တဲ့အပြင် အဓိက ရောင်းကောင်းတဲ့ စားသောက်ကုန်တွေ ဖြစ်နေတာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်ပြီး ပစ္စည်းရောင်းသူအချို့နဲ့ ပစ္စည်းတွေကို မနေ့က ဖမ်းဆီး သိမ်းယူတာတွေ ရှိခဲ့တယ်လို့လည်း မမင်းသဲလ်က ပြောပါတယ်။
အခု ပိတ်ပင်လိုက်တဲ့ စားသောက်ကုန်တွေဟာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ခွင့် တံဆိပ်မပါဝင်တာကြောင့် ဖြစ်ကြောင်း၊ ဒါ့အပြင် ကြက်သား၊ အမဲသားနဲ့ ငါးစတဲ့ မြန်မာနိုင်ငံက တင်သွင်းတဲ့ စည်သွပ်ဘူးတွေကိုလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း နာဂလန်းဒေသမှာ ပိတ်ပင်ထားတယ်လို့ The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှုအရ ပဲအမျိုးမျိုး၊ သစ်၊ သံနဲ့ သံထည်၊ အသေးစား စက်ပစ္စည်းကိရိယာနဲ့ ဆေးဝါးစတဲ့ ကုန်အမျိုးအစားပေါင်း ၄၀ ကိုသာ အစိုးရတွေက ခွင့်ပြုထားတာဖြစ်ပါတယ်။
Source RFA
Wednesday, March 20, 2013
ဇိုမီး နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ၂၁ ကြိမ်မြောက် သင်းလုံးကျွတ် ညီလာခံ
တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ် အထက်များကို “အ” သုံးလုံးသင်ပေးမည်
ကလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက
... ပညာရေး ၀န်ကြီးဌာန၏ အထူးစီမံချက်ဖြင့် ချင်းပြည်
နယ်ရှိတီးတိန်မြို့နှင့် တမူးမြို့များတွင် “အ”သုံးလုံး
သွားရောက် သင်ကြားပေးကြမည်ဟု ကလေးတက္ကသိုလ်
မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရသည်။
ဗမာစာသည် ရုံးသုံးစာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်း
သားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန်
ရည်ရွယ်ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ
သင်ကြားပေးခြင်း ဖြစ်သည်ဟုကလေးတက္ကသိုလ်မှ
ဆရာသိန်း(ရုက္ခဗေဒ)က ပြောပြခဲ့ပါသည်။
" ကျွန်မကတော့ တီးတိန်ကိုလိုက်ဖို့ ဆန္ဒပြုထားပါတယ်။ အဲဒီလို တောင်တန်း ဒေသတွေမှာ တိုင်းရင်းသားတွေကို
အသုံးလုံးသင်ပေးဖို့ စိတ်ဝင်စားတယ်။ အတွေ့အကြုံလည်း
ရချင်လို့ပါ။ (၁၅)နှစ် အထက်တွေကို သင်ပေးရမယ်လို့
သိရပါတယ်။ အသုံးလုံးသင်သွားပေးမယ့် ဆရာတွေ
အတွက် စားစရိတ်တွေကို ပညာရေးက တာဝန်ယူပေးတယ်
လို့ ပြောပါတယ်။ ချင်းတိုင်းရင်းသားတွေက ဗမာစကားကို
နားမလည်တော့ သင်ပေးဖို့အခက်အခဲတွေတော့ ရှိနိုင်ပါတယ်။
ဒါပေမယ့် ဆရာတွေကလည်း ကျွန်မတို့ကို သင်ကြားနည်း
ပုံစံတွေ သင်ပြထားတယ်။ ကိုယ်ကလည်း စေတနာထားပြီး
ကြိုးစား သင်ပေးသွားမှာပါ။ ဥပမာ- သူတို့ထဲမှာ ၀ တဲ့သူ
ပါရင် သူ့ကို ထခိုင်းပြပြီး အဲဒါကို " ၀ "လို့ခေါ်တယ် ဆိုတာ
မျိုးသရုပ်ပြသင်ပေးရမှာပေါ့ " ဟု တီးတိန်မြို့သို့အသုံးလုံး သင်တန်းလိုက်သင် ပေးမည့် ရူပဗေဒကျောင်းသူ မစောသန္တာက
ပြောသည်။
ကလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အရောက်
(၄၈၀) သွားရောက် သင်ကြားပေးကြမည် ဖြစ်ပြီးသင်ပေးမည့်
တက္ကသိုလ် ကျောင်းသူ/သားများကို နေပြည်တော် ပညာရေး
အဖွဲ့မှ (၁၅.၃.၁၃)ရက်နေ့က ကလေး တက္ကသိုလ်တွင် သင်တန်း
ပေးခဲ့ကာ သင်ရိုးညွန်းတမ်းနှင့် စီဒီခွေများ ထုတ်ဝေခဲ့ပြီး ဖြစ်
ကြောင်း သိရသည်။
အဆိုပါ “အ” သုံးလုံး သင်ကြားပေးခြင်းသည် ၄၅ရက် ကြာမြင့်
မည်ဖြစ်ပြီး ယခုမတ်လ ၂၉ရက်နေ့တွင် တီးတိန်မြို့နှင့် တမူးမြို့
တွင် “အ”သုံးလုံး သင်တန်းဖွင့်ပွဲကို တပြိုင်နက် ပြုလုပ်သွား
မည်ဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
ဓာတ်ပုံ - villagethar2011blogspot.com
Monday, March 18, 2013
တမူးနယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်ရှိ တံတားများ မကြာခဏ ကျိုးကျနေမှုကြောင့် ကုန်စည်ပို့ဆောင်ရေးကားများ အခက်ကြုံ
တမူးနယ်စပ်ကုန်သွယ်ရေးလမ်းမ
( The Hot News )
မြန်မာအိနိ္ဒယချစ်ကြည်ရေး လမ်းမကြီးဟူ၍ ခေါ်ဆိုကြပြီး၊ အာရှပတ်လမ်းမကြီး၏
အစိတ် အပိုင်းတစ်ရပ်ဖြစ်သော ကလေး၊ ကလေးဝ၊ တမူးနယ်စပ်ကုန်သွယ်
ရေးလမ်းမကြီးတွင် လမ်းများ ကောင်းသော်လည်း တံတား အများစုမကောင်းသည့်အတွက်
နယ်စပ်ရောင်းဝယ်ရေးဈေးကွက်
““ကလေး-ကလေးဝ၊ တမူး လမ်းမှာရှိတဲ့ တံတားအများစုဟာ
အိုဟောင်းနေပြီဖြစ်ပါတယ်။ ပြန် လည်ပြုပြင်ရာမှာလည်း အဆင့်
မီပြုပြင်တာမျိုးမဟုတ်တဲ့အတ
ယခုရက်ပိုင်း ကလေး- ကလေးဝ-တမူးနယ်စပ်ကုန်သွယ် ရေးလမ်းမကြီးပေါ်ရှိ တံတား
အများစုမှာ တံတားအောက်ဖက် ကွင်းလမ်းမှ သွားလာနေကြရ သည်။ အချို့ပြောစကားအရ
ယင်းတံတားများကို အိနိ္ဒယဖက် မှ တာဝန်ယူပြုပြင်ပေးမည်ဟု ဆိုသည်။
ကလေး-တမူးကုန်သွယ် ရေးလမ်းမကြီးတွင် တံတားပေါင်း (၇၃)စင်းရှိသည်ဟုဆိုသည်။
ယခု ပွင့်လင်းရာသီတွင် ကွင်းလမ်းမှ သွားလာရေးအဆင်ပြေလာသော် လည်း
မိုးတွင်းရာသီတွင် တောင် ကျချောင်းများ ရေကျလာလျှင် သွားလာရေး
ရပ်တန့်သွားနိုင် သည်။ ယခုမကြာမီကာလအတွင်း မြန်မာ-အိနိ္ဒယချစ်ကြည်ရေးမ
ကောင်းမြတ်သူ
http://
ထောင့်မှ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
ကလေး၊ မတ် ၁၈။
... ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်
၉ ဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ဥပဒေ
ရေးရာ ရှုထောင့်မှ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကလေးမြို့၊
နေသာစာကြည့်တိုက်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း
ကလေးမြို့ လူမှုကွန်ယက်မှ ကိုကြည်သာငြိမ်းက
ပြောကြားသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ကလေးခရိုင် ဥပဒေတရားရုံး
မှ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်ဥမ္မာအောင်က ဦးဆောင်ရှင်းပြ
ဆွေးနွေးခဲ့ပြီး ကလေးတက္ကသိုလ်၊ ရုက္ခဗေဒနှင့် ဇီဝဗေဒမှ တက္ကသိုလ်ဆရာများ၊ ကနေဒီ စိမ်းလန်းစိုပြည်ရေးအဖွဲ့၊
ရှေ့နေများနှင့် အခြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
စောင့်ရှောက်လိုသည့် ပုဂ္ဂိုလ်များ အပါအ၀င် ၂၅ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ အခန်း(၁၄)၊ ပုဒ်မ-၃၆ မှာ ၀န်ကြီးဌာနသည် ပြည်ထောင်စု
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစိုးရဌာနအဖွဲ့အစည်း
နှင့် ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုအား နိုင်ငံတော်နှင့် ပြည်သူ့အကျိုး
ငှာ ဤဥဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်
ခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် လျော့ပေါ့ခွင့် ပြုနိုင်သည်လို့
ပြဌာန်းထားတာ တွေ့ရပါတယ်။ ဒီအချက်ဟာ ဥပဒေဟာ တစ်
သားတည်း မဖြစ်ဘူး၊ ဒီပုဒ်မကြောင့် အကျင့်ပျက်မှုတွေ၊ အလွဲသုံးစားမှုတွေ ဖြစ်လာနိုင်လို့ ပုဒ်မ-၃၆ ကို ပြဌာန်းဖို့ မသင့်တော်ကြောင်း ပြောချင်ပါတယ်” ဟု တက်ရောက်သူ
များက ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသည် ယေဘုယျ သဘော
ဆန်နေပြီး တိကျသည့် ပတ်ဝန်းကျင်အရည်အသွေး စံချိန် စံညွှန်းများ ဖော်ပြထားဖို့ လိုကြောင်း၊ အခန်း(၁၀)တွင် ကြိုတင်
ခွင့်ပြုချက် ရယူရန် ပြဌာန်းထားသော် ယခင်အစိုးရ လက်ထက်
တွင် ကြိုတင်ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်နေကြပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နေသည့် လုပ်ငန်းများအပေါ် ဥပဒေအရ
မည်သို့ သက်ရောက်မှုရှိကြောင်း၊ နည်းဥဒေ မထွက်ခင် ပြစ်မှု
ပြစ်ဒါဏ်များကို ရှေးဦးစွာ ပြဌာန်းထားခြင်းမှာ သင့်တော်မှုရှိ၊ မရှိစဉ်းစားရန်လိုကြောင်း တို့ကို ဥပဒေရှုထောင့်မှ အပြန်အလှန်
ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
၎င်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ အလုပ်ရုံ ဆွေးနွေးပွဲ
တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင်ဒေသ နီကယ်သတ္တု ထုတ်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် အကြောင်း တရားများကိုပါ ဆက်စပ် ဆွေးနွေးနိုင်ခဲ့ပြီး ထိုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ မှတ်
တမ်းများမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ
အတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေနိုင်သည့် အချက်
အလက်များ ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ဆွေးနွေးပွဲဖြစ်မြောက်ရေးကိ
နာရီအထိ ဆွေးနွေးခဲ့ကြသည်။ လာမည့် အကြိမ်တွင် ၁၉၈၂
ခုနှစ် နိုင်ငံသား ဥပဒေကို ဆွေးနွေးကြမည်ဟု သိရသည်။
ကျော်သူစိုး(ကလေးမြို့)
ချင်းပြည်နယ် တိုးတက်ဖို့ အရက်ချက်ရန် သမ္မတ တိုက်တွန်းမှု
ချင်းပြည်နယ် တိုးတက်ဖို့ အရက်ချက်ရန် သမ္မတ တိုက်တွန်းမှု ဝေဖန်သံများ ထွက်ပေါ်
သမ္မတ ဦးသိန်းစိန်၏ ချင်းပြည်နယ် ခရီးစဉ် အတွင်း ဖေဖေါ်ဝါရီ ၁၇ ရက်က
ချင်းပြည်နယ် အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများ မြို့မိမြို့ဖ များ နှင့်
တွေ့ဆုံစဉ် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်ရေး
အတွက် အရက်ချက်ရန် သမ္မတ က တိုက်တွန်းပြောဆိုခဲ့ ကြောင့် ချင်းမြို့မိမြို့မဖ များနှင့် ၀န်ထမ်း အချို့ က ဆိုကြသည်။ “
နှစ်ကြိမ်တောင် ပြောသွားတယ် ။ ခများတို့ အရက်ချက်ပြီး ခေါင်ဖတ်ကို
ဝက်ကျွေးပါလားလို့ ပြောတယ်။ ” ဟု သမ္မတ နှင့် တွေ့ ဆုံပွဲသို့
တက်ရောက်ခဲ့သူ မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။ ချင်းပြည်နယ် အတွင်း၌
ပြောင်းဆန် အထွက်များ ၍ စီးပွားဖြစ် တစ်ပိုင် တစ်နိုင် အရက်ချက် ရန် နှင့်
ဘေးထွက်ပစ္စည်း အဖြစ် ထွက်ရှိလာသော ခေါင်ဖတ်ကို မွေးမြူရေး အစားအစာ အဖြစ်
ဝက်များကို ကျွေးရန် ပြောဆိုခြင်း ဖြစ်ကြောင်း ၊ ဟာသနှောပြောဆို ခြင်း
မဟုတ်ဘဲ အကြံပြု ပြောဆို ခြင်းဖြစ်ပြီး အမှန်တကယ် တိုးတက်ရေးကို အကောင့်
အထည် ဖေါ်နိုင်သည့် အြံကံပေးချက် အဟုတ်ကြောင့် တီးတိန်မြို့ အစိုးရ နည်းပညာ
အထက်တန်းကျောင်းအုပ် ဦးထန်တိမ်းဆိုင် က ၄င်းကေိုယ်တိုင် ကြားသိခဲ့ရသည်ကို
လူထုပုံရိပ်သို့ ဝေဖန်ပြောကြားသည်။ “ဒါကို သမ္မတ ကို လက်တွေ့လုပ်ပြလို့
ပြောရမှာပဲ ၊ ပြောစရာစကား မရှိလို့ ပြောတယ်လို့ပဲ သတ်မှတ်ပါတယ်။
မဝေဖန်ချင်ဘူး ။ ဒါပေမယ့် သမ္မတ တစ်ဦး အနေနဲ့ ပြောရမယ့် စကားမဟုတ်ပါဘူး ”
ဟု ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ် က ပြောသည်။ သမ္မတ အနေနှင့်
ချင်းပြည်နယ်ရှိ အခြား ထွက်ကုန်များကို ဈေးကွက်ကျယ်ပြန်စေရန် မည်ကဲ့သို့
လုပ်ဆောင်ရမည်ကို လမ်းညွှန်ရမည့် အစား အရက်ချက်ရန် တိုက်တွန်းပြောဆိုမှုကို
စိတ်ပျက်မိကြောင်း Federal Institute of Myanmar ချင်းတိုင်းရင်းသား
ကိုဆလိုင်းမာန် က လူထုပုံရိပ် သို့ သုံးသပ်ပြောဆိုသည်။ အဆိုပါ ကိစ္စ
နှင့်ပတ်သက်၍ ချင်းဝန်ကြီး ဦးဟုန်းငိုင်းအား ဆက်သွယ်မေးမြန်းရာ ၄င်း၏
ကိုယ်ရေးအရာရှိ က သမ္မတ ခရီးစဉ်တစ်လျှောက်လိုက်ပါခဲ့သည်ဖြစ်၍ ယင်းသို့
ပြောဆိုခြင်းကို မကြားမိကြောင်း ပြောသည်။ သမ္မတ ဦသိန်းစိန်၏
ပြောရေးဆိုခွင့် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် အား အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ တွင် ၄င်းအနေဖြင့် ချင်းပြည်နယ် ခရီးစဉ်
တွင်လိုက်ပါခြင်း မရှိသော်လည်း ယင်းကဲ့သို့ ပြောဆိုခြင်းသည်
ရယ်ရွှန်းဖတ်ရွှန်း နောက်ပြောင် ပြေခြင်းသာ ဖြစ်ကြောင်း
တိုင်းရင်းသားနယ်မြေဖြစ်ပြီး ခေါင်ရည်သည် ချင်းရိုးရာ အစားအသောက်
ဖြစ်သောကြောင့် လူထုနှင့် ရင်းနှီးမှုပြု နောက်ပြောင်ပြောဆိုခြင်း သာ
ဖြစ်ကြောင်း ပြောဆိုထားသည်။ “သမ္မတ လာတာ အားလုံးဝမ်းသာတယ်။ ဒါပေမယ့်
နောက်ပိုင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ လိုက်လာတာတွေ့ရတယ်။ မြွေတောင် ကိစ္စ
တွေရောပါတယ်။ ကျွန်တော်တို့လည်း တောင်ပေါ်က ပြောနေကြလို့ ကြားလာတာ ။
အပြောင်အပျက်ပဲဖြစ်ဖြစ် ရယ်လို့ မောလို့ ပဲဖြစ်ဖြစ် မပြောသင့် ဘူး လို့
ထင်တယ်။ အားလုံးရဲ့ ရင်ဲမှာတော့ စိတ်မကောင်းကြဘူးပေါ့ ။ ဒီထက်ကောင်းတဲ့
အကြံပေးစေချင်တယ်။ ” ဟု အထက်ချင်းတွင်းလူငယ် ကွန်ရက်မှ ချင်းတိုင်းရင်းသား
ကိုထားသျွမ် က ပြောသည်။
Susan
လူထုပုံရိပ်ဂျာနယ် အတွဲ(၁) အမှတ်(၂၅ ) စာမျက်နှာ(၆) တွင်ဖေါ်ပြ ထားသော သတင်းဖြစ်ပါသည်။
Saturday, March 16, 2013
ချင်း/စစ်ကိုင်း မေးခွန်းနဲ့ ကျောင်းသူကျောင်းများရဲ့ အခြေအနေ
by Kalay Myothar (Notes) on Friday, March 15, 2013 at 4:29pm
Kalay Myothar Facebook မှ ကူးသည်။
အလှူ
ကိုရီးယား
ရောက် ကလေးမြို.မှ ညီအကိုများ ကလေးမြို. ဓမ္မရက္ခိတ ဘုန်းကြီးကျောင်း နာရေး
ကူညီမူ ယာဉ် အတွက် မိမိတို. ချွေးနည်းစာ အလှူငွေများကို မိမိနဲ. သက်ဆိုင်ရာ
တာဝန်ခံ ပုဂ္ဂိုလ်များထံ မိမိလစာထွက်ရက်နဲ. အချိန်မှီ ဆက်သွယ် လှူဒန်းမူ
ပြူလုပ်စေလိုပါသည်
မြောက်ပိုင်းတာဝန်ခံ ကိုစောဝင်း ။ ။ ဖုန် = ၀၁၀-၇၂၁-၇၅၃၀၂
အလယ်ပိုင်းတာဝန်ခံ ကိုပြည်.ဖြိုးမောင်။ ။PYIE PHYO MAUNG
(IBK BANK =221 274311 02 011) ဖုန် =( ၀၁၀-၃၉၁၀- ၄၁၂၄)
အောက်ပိုင်းတာဝန်ခံ ကိုဘီဂျေး။ ။ ဘဏ်အကောင့် BE JAY ( K B BANK ) -
BANK CODE (04) ACCOUNT NO592802-04067537 AND **NONGHYUP BANK CODE (11)
ACCONT NO 356-0284-6016-53
ဖုန် = (၀၁၀-၉၈၈-၁၅၄၂၅)
.......ကျေးဇူးတင်ပါသည်.....။
ကလေးမြို့နယ်မိသားစု(ကိုရီးယား) Facebook မှ ကူးယူသည်။။။
မြောက်ပိုင်းတာဝန်ခံ ကိုစောဝင်း ။ ။ ဖုန် = ၀၁၀-၇၂၁-၇၅၃၀၂
အလယ်ပိုင်းတာဝန်ခံ ကိုပြည်.ဖြိုးမောင်။ ။PYIE PHYO MAUNG
(IBK BANK =221 274311 02 011) ဖုန် =( ၀၁၀-၃၉၁၀- ၄၁၂၄)
အောက်ပိုင်းတာဝန်ခံ ကိုဘီဂျေး။ ။ ဘဏ်အကောင့် BE JAY ( K B BANK ) - BANK CODE (04) ACCOUNT NO592802-04067537 AND **NONGHYUP BANK CODE (11) ACCONT NO 356-0284-6016-53
ဖုန် = (၀၁၀-၉၈၈-၁၅၄၂၅)
.......ကျေးဇူးတင်ပါသည်.....။
.( လက်ပန်းတောင်သားများသို့ )
Friday, March 15, 2013
၈၈မျိုးဆက်ကျောင်းသားများ ကလေးမြို့ ရဲ့ စာရင်းရှင်းတမ်း
၁။ ပွင့်လင်းအလံနှင့် လက်ကမ်း ၂၀၀၀၀ ကျပ်
၂။ ကြေညာလက်ကမ်း ၂၇၃၀၀ ကျပ်
၃။ ဟောင်ကောင်(3) ထမင်းဖိုး၇၁၆၀၀ ကျပ်
၎။ တာဟန်းဟောပြောပွဲ ကုန်ကျစရိတ် ၇၇၀၀၀ ကျပ်
၅။ ကလေးမြို့ မီးစက်စရိတ်နှင့် အသံချဲ့စက်ဖိုး ၆၅၀၀၀ ကျပ်
၆။ ကလေးမြို့ည ဒီဇယ် ၆ဂါလံ ၂၄၀၀၀ ကျပ်
၇။ ရန်ကုန်-ကလေး စားစရိတ် ၂၂၇၀၀၀ ကျပ်
၈။ ဗီနိုင်းဘိုး ၆၇၂၀၀ ကျပ်
၉။ အိုဆို ဒီဇယ်ဘိုး ၄၄ ဂါလံ x ၄၂၀၀ ၁၈၄၈၀၀ ကျပ်
စုစုပေါင်း ကုန်ငွေ ၇၆၃၉၀၀ ကျပ်
စုစုပေါင်း ကောက်ခံငွေ = ၁၁၅၄၀၀၀ ကျပ်
စုစုပေါင်း ကုန်ကျစရိတ် = ၇၆၃၉၀၀ ကျပ်
လက်ကျန်ငွေ = ၃၉၀၁၀၀ ကျပ်
တောင်ပေါ်ခရီးစဉ်တစ်လျောက်လုံး ကိုဖိုးဝ( ရွှေလွင်ပြင်) မှ ၃ ည ၄ ရက် အခမဲ့ ကူညီ ကားမောင်းပို့ပေးသဖြင့် ၈၈ အမျိုးသားကျောင်းသားများမှ မှတ်တမ်းတင်ပါသည်။
မှတ်ချက်။ ။ ဤစာရင်းပါ ကောက်ခံငွေနှင့်သုံးငွေ အားလုံးသည် ကိုအောင်သက်တင် (ဘကြူး) မှ တာဝန်ယူထားခြင်းဖြစ်ပါသည်။
Saturday, March 9, 2013
၈၈ ပွင့်လင်းအဖွဲ့ တီးတိန်အသွား
ရိ ရေကန် ရောက် ၈၈မျိုးဆက်ကျောင်းသားများ
ချင်းကား မောင်းသင်နေသော ကိုကိုကြီး
Friday, March 8, 2013
၈၈ မျိုးဆက်များရဲ့ ချင်းတောင်ခရီး
Thursday, March 7, 2013
၈၈မျိုးဆက်များ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ကလေးမြို့ ခရီး
-----------------------------------------------
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈မျိုးဆက်များသည် အဖွဲ့ ၂ ဖွဲ့ခွဲပြီး ချင်းပြည်နယ်ခရီးစဉ်ကို ထွက်ခွာခဲ့ရာ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ယနေ့ မတ်လ ၆ ရက်၊ နံနက် ၁၀း ၁၅ နာရီတွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပြီး အံ့ဘွယ်ကျော်၊ မာကီ၊ စမ်းချောင်းကိုကိုကြီး၊ မျိုးသန့်၊ ကိုကိုလှိုင်၊ မီးမီး၊ မာမာဦး၊ မာယာ နှင့် တဉ္စာဦးတို့ သည် ယနေ့ နံနက် ၁၀း ၃၀ နာရီတွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။ ထိုသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၂း ၄၅ နာရီက ကလေးမြို့၊ တာဟန်း တောင်ဖီလာရပ်ကွက်၊ ရာပြည့် နှစ်ခြင်းခန်းမတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကြပြီး ဒေသခံများ၏ လက်ရှိအခက်အခဲဆိုင်ရာများကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ညနေ ၄း ၄၅ တွင် ရုတ်သိမ်းခဲ့ကြပြီးနောက်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။