Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, March 27, 2013

မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း

မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး
နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း

ကလေး၊ မတ် ၂၇။
 မြွေတောင်တွင် နီကယ်သတ္တုထုတ်လုပ်မည့် စီမံကိန်းအရေး အတွက် ကလေးမြို့ပေါ်ရှိပါတီများအားလုံးနှင့် လူထုတွေ့ဆုံပွဲ၊ မြွေတောင် ဖားတောင်ဆိုင်ရာ ဓါတ်ပုံပြပွဲနှင့် သတ္တုရိုင်းနမူနာ ပြပွဲကိုယမန်နေ့ နံနက် (၉း၀၀)မှ ညနေ(၂း၃၀) နာရီအထိ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ နှစ်ခြင်းခရစ်ယာန် ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း လူထုတွေ့ဆုံပွဲကို  ဦးဆောင်သည့်ချင်းတောင်ဒေသ သယံဇာတ စောင့်ကြည့် ရေးအဖွဲ့မှ ကိုတွမ်က ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ချင်းတိုးတက်ရေးပါတီမှ ဦးဗန်ကိန်း၊  Zomi Congressfor Democracy မှ Chin Sian Thang ၊  NLD မှ ဦးကိုလေး၊ ချင်းအမျိုးသားပါတီမှ ပူဇိုဇမ်၊မြွေတောင်၊  ဖားတောင်နှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့ကိုယ်စား
နေသာဆရာတော်၊ လက်ပံချောင်းကျေးရွာ၊ မြလင်းကျေးရွာနှင့် ဟင်းပုပ်ကျေးရွာ စသည့် မြွေတောင်ဒေသခံ ကျေးရွာများမှ ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က မြွေတောင်၊နီကယ်  သတ္တု ထုတ်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်ပြီး ချင်းအမျိုး သားပါတီ၏ သဘောထား(၁၀)ချက်ကို တင်ပြဆွေးနွေးကြောင်း  သိရသည်။
ချင်းအမျိုးသား ပါတီ၏ သဘောထား(၁၀)ချက်များမှာ -
“(၁) မြွေတောင်ဒေသ နီကယ်သတ္တုထုတ်လုပ်ရေး စီမံကိန်း နှင့် ပတ်သက်၍သတ္တုတွင်း ၀န်ကြီးဌာန၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို မျှော် လင့်စောင့်စားနေပါသည်။
(၂) ဒေသခံပြည်သူလူထု၏  အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်သတ္တုရှာဖွေတူုး ဖော်ရေး ဥပဒေ(Mining Act)ကို အသေးစိတ်ရေးဆွဲ ပြဌာန်း ပေးရန်
(၃) မြွေတောင်တွင် နီကယ်သတ္တု တူးဖော်ခွင့်ရတဲ့  ကုမ္ပဏီအနေဖြင့်ပြည်သူလူထုကို တရားဝင် အသိပေးရန်၊
(၄)မြွေတောင် ထွက်ရှိသည့် သတ္တုအမျိုးအမည်ကို တိတိ ကျကျဖော်ပြီး ထုတ်ယူမည့်ပမာဏကိုလည်း တိတိကျကျ ဖော်ပြရမည်
(၅) သတ္တုတွင်း ဘေးထွက်ဆိုးကျိုး နည်းနိုင် သမျှ နည်းအောင် ဆောင်ရွက်ပေးရမည်။
(၆) သတ္တုတွင်း လုပ်သား ကျား၊မ မည်မျှပါဝင်မည်ကို အတိအကျ ဖော်ပြ ပေးရန်နှင့်ထိုလုပ်သား များကို အချိန်မည်မျှ ထားမည်ကို ဖော်ပြရန်၊
(၇) ပြည်နယ်၊ ကုမ္ပဏီ နှင့် နိုင်ငံတော် အကျိုး ခံစားခွင့် % များကိုဖော်ပြရန်၊ စီမံကိန်း ဧရိယာနယ်မြေ တိတိကျကျ ဖော်ပြပေးရန်၊
(၈) သတ္တု တူးဖော်သည့်လုပ် ငန်းကြောင့် နစ်နာသည့် ပြည်သူများ၊ ကျေးရွာများကိုနိုင်ငံ တကာ စံချိန်စံညွှန်းအတိုင်း လျှော်ကြေးပေးရမည်။(၉) ပရော့ ဂျက်လုပ်ငန်း၏ Impact ထိခိုက်သည့် လုပ်ငန်းများကို  စောင့်ကြပ်ရန်လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိနေသင့် သည်။
(၁၀) ချင်းပြည်နယ် အစိုးရအနေဖြင့် စနစ်တကျ မလုပ်ဆောင်နိုင်သေးသမျှမြွေတောင် သတ္တုစီမံကိန်းကို  ကန့်ကွက်ခြင်း မဟုတ်သည့်တိုင် ချင်းအမျိုးသားပါတီ  အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်ရပြီး သတ္တုတူးဖော် ရန်အလွန်စောနေသည်ဟု ခံယူပါသည်။”ဟူ၍ ဖြစ်ကြ သည်။

မြွေတောင်ဒေသနှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေး အဖွဲ့၏လှုပ်ရှား ဆောင်ရွက်နေမှုများကို နေသာ ဆရာတော်မှ  ရှင်းပြခဲ့ပြီးမြွေတောင်၊ ဖားတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး ချင်းတောင်ဒေသ သယံဇာတ စောင့်ကြည့်ရေး အဖွဲ့၏ ကြေငြာချက်ကိုထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
မြွေတောင်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်(23ံ25' N,49ံ 1' E) တွင်တည်ရှိပြီး Nort Mining InvestmentCompany(NMIC) မှနီကယ် သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။