Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Tuesday, March 26, 2013

တပေါင်းပွဲ - ကလေးမြို့


ကလေးမြို့ ရွှေဘုံသာ တပေါင်းပွဲ ..ဆွမ်းလောင်းလှု နေစဉ်
 
hindwinkoko Chindinkoko
ကလေးမြို့ ရွှေဘုံသာ မြတ်စွာဘုရားကြီး ၏ ဘုရားပွဲတော် ဆွမ်းလောင်းလှု ပွဲကို ဒီကနေ့ ( တပေါင်းလပြည့်နေ့ ၂၆-၃-၂၀၁၃ ) မနက် ပိုင်းမှာ ရွှေဘုံသာ ဘုရားရင် ပြင်တော်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆွမ်းလောင်းလှု ပွဲ သို့ ပင့်သံဃာ ( ၂၀၀ ) ပါး ကြွ ရောက်တော် မူပြီး ကလေးမြို့ သူ မြို့သားမှ လှုဘွယ် ပစ္စည်း စုံလင်စွာ ဖြင့် လောင်းလှု ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ညနေပိုင်းမှာ ရွှေဘုံသာစေတီ ၏ မျက်နှာ စာမှာ မ...ုန့် စားပွဲတော်ကို လည်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကျင်းပရာမှာ ယခင်နှစ်က ထက် ဒါနပြုသူ မုန့်ဆိုင်ခန်းများ နဲပါးလျှက် ရှိတယ်လို့ သိရှိရပါတယ်။ တပေါင်းလပြည့်နေ့ စတုဒီသာပွဲတော်ကို ယခင်နှစ်က စပြီး ကျင်းပခဲ့တာ ပါ ။ ဒီနှစ်မှာတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အရင်နှစ်က ဆိုင်ခန်း ၄၀ လောက် ပါပါတယ်။ ဒီနှစ်တော့ ဆိုင်ခန်း ၃၀ လောက်ပဲ ရှိတော့မယ်။ ဆိုင်ခန်းနဲသွားတယ်။ အရင်နှစ်က လုပ်တဲ့သူတွေ နဲသွားပြီး အသစ်တွေ တိုးလာတယ်။ လို့ အဆိုပါ ပွဲတော်ကျင်းပရေး မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့ပါတယ်။
 
 

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။