Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Saturday, March 23, 2013

ထမ်းပိုး တခုတည်းရဲ့ မြို့ကလေးသားများသို့ မေတ္တာစာ

Kyaw Moe


ကလေးမြို့ပေါ် နေထိုင်ကြသူများဟာ တိုင်းရင်းသား ပေါင်းစုံရှိပါတယ်။ တိုးချဲ့ လာတဲ့ရပ်ကွက်တွေကိုပေါင်းပြီး ရှိလာတဲ့ မြို့ပေါ်နေ လူဥိးရေဟာ (၅၀၀၀၀၀) ငါးသိန်းခန့် ရှိလာပါတယ်။ ငါးသိန်းခန့်ဆိုတဲ့ လူဦးရေ ပမာဏဟာ မြန်မာနိုင်ငံလို သန်း ခြောက်ဆယ် လူဦးရေရှိတဲ့နိုင်ငံအနေနဲ့ မြို့ကြီး အဆင့်မှာရှိပါတယ်။ နယ်မြေ အေးခြမ်းပြီး ဒေသ ပတ်ဝန်းကျင် သာယာပါတယ်။ လူမျိုး...တမျိုးနဲ့တမျိုး ရပ်ကွက်တခုနဲ့တခု သင့်တင့်မျှတကြပြီး ချစ်ခင်စွာအတူတကွနေထိုင်ကြပါတယ်။ စီးပွါးရေး လူမူရေးတည်ငြိမ်တဲ့ မြို့လည်း ဖြစ်တယ်။

မြို့ပေါ်မှာနေထိုင်ကြသူအများစုဟာ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ စီးပွါးရေး လူမှုရေး နိင်ငံရေး အသွယ်သွယ်ကို နားလည်ကြသူများပါတယ်။ ဒါကြောင့်လည်း နယ်စပ်နဲ့နီးတဲ့ နယ်မြို့ဆိုသော်လည်း အရမ်းကာရော ခေတ်နောက်ကျ ကျန်ခဲ့ခြင်းမရှိဘူး။ မြို့ပေါ်နေထိုင်သူ လူငယ်များဟာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ယုံကြည်သည်ဖြစ်စေ ဘယ်လို လူမျိုး မည်သည် အမျိုးသားများဖြစ်ပါစေ။ ပရဟိတ စိတ်ဓါတ်များထက်သန်စွာရှိကြတယ်။ မြို့ပေါ်က အမျိုး သမီး များ မိန်းခလေးအများစုဟာလည်း အ၀တ်အစားကို လော်လည်ဖေါက်ပြားခြင်း မရှိအောင် ထိန်းသိမ်းကြတယ်။ မြန်မာယဉ်ကျေးမှုမဟုတ်တဲ့ ၀တ်စားဆင်ယဉ်မှုမျိုးကလေးမြို့ပေါ်မှာ မြင်တွေ့ရခဲပါတယ်။ အားလုံးသော ညီငယ် ညီမငယ်များဟာ အရှက်အကြောက်တရား နှစ်ပါးကို လုံခြုံစွာ ထိန်းသိမ်းကြတယ်။ချင်းလူမျိုး အများစုနေထိုင်တဲ့ တာဟန်းရပ်ကွက် ပင်လုံရပ်ကွက် အပါအ၀င်ရက်ကွက်ပေါင်းများစွာက ခရစ်ယာန် ဘာသာဝင်များဟာ လွန်စွာ ယဉ်ကျေး သိမ်မွေ့ကြတယ်။ မိသားစုလိုက် ဘုရားကျောင်းတက်ကြတယ်။ ဘုရားကျောင်းတက်တဲ့ ဆန်းဒေးလိုနေ့တွေမှာ ချင်းမိန်းခလေးအများစုဟာ မြန်မာယဉ်ကျေးမှုအ၀တ်အစားများကိုဝတ်ဆင်ပြီး ဘုရားကျောင်းသွားကြပါတယ်။ ဗမာမိန်းခလေးများဘုန်းကြီးကျောင်းသွားလျှင် လုံချည်ဝတ်ချင်မှ ၀တ်ပါမယ် သို့သော် ခရစ်ယာန်ဘာသာဝင် မိန်းခလေးအများအပြား(အားလုံး)လုံချည်ဝတ်ပြီး ဘုရားဝတ်ပြုကြတာကို လေးစားအတုယူကြရပါမယ်။

ကလေးမြို့ပေါ်မှာ ဂေါ်ရခါးလူမျိုးများလည်းနေထိုင်ကြပြီး ဗမာများနဲ့ ချစ်ကြည်ရင်နှီးစွာနေထိုင်နေကြပါတယ်။ ဘုရားကျောင်းကန်များကိုလည်း ဟိန္ဒူ ၊ ဗုဓ္ဒ ခွဲခြားခြင်းမရှိပဲ သူ့ကျောင်းကိုယ်သွား ကိုယ့်ကျောင်းသူလာဖြင့် ဆရာတော် သံဃာတော်များကို ဆွမ်းလုပ်ကျွှေး ပူဇော်ကြတယ်။

မွတ်ဆလင် များလည်း အနည်းငယ်နေထိုင်ပြီး ဗလီကျောင်း တစ်ကျောင်းတည်ရှိတယ်။ မြို့ပေါ်နေ မွတ်ဆလင်များဟာလည်း အခြားသော တိုင်းရင်းသားများကဲ့သို့ စိုးရိမ်ခြင်း ကင်းပြီး ပျော်ရွင်ငြိမ်းချမ်းစွာ နေထိုင်ကြပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် ကလေးမြို့ပေါ်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ ချစ်ချစ်ခင်ခင် လေးလေးစားစားနေထိုင်ကြတယ် ။ အေးချမ်းတယ်။ ငြိမ်သက်တယ်။ ပျော်စရာကောင်းတယ်။ ဒါကြောင့် ဒီလို သုခအပေါင်းနဲ့ ပြည့်စုံနေတဲ့ ကျွှန်တော်တို့ ခင်များတို့ အဒေါ်တို့ ညီမ အမတို့ရဲ့ ကလေးမြို့ကို ဘာသာရေး လူမှုရေးပျက်ယွင်းအောင် ကြံဆောင်တဲ့ အပြုအမှု အပြောအဆို ကြံစည် လုပ်ကိုင်သူများကို မြင်ရင် ရှိရင် တွေ့ရင် ကျွှန်တော်တို့ ခင်ဗျားတို့ မှာ တာဝန်ရှိတယ်။ အဖျက်သမားတွေရဲ့ရန်ကို အမြဲ သတိရှိပြီး ကလေးမြို့ကို ညစ်နွမ်းအောင် ပြု့လုပ်သူများကို ကာကွယ်နိုင်ကြဖို့ ကျွှန်တော် ကလေး မြို့အသင်း စာမျက်နှာက တဆင့် နှိုးဆော်ပါတယ်။ အသိပေးပါတယ်။

မကြာခင်မှာ ကျွှန်တော်တို့ နှစ်သစ်ကူးပွဲတော် ရောက်ရှိတော့မှာဖြစ်ပါတယ်။ အခြားသော ဘာသာဖြစ်စေ အခြားသောလူမျိုးဖြစ်စေ သင်တို့ရဲ့ ယုံကြည်မှုဟာ ကျွှန်တော်တို့ရဲ့ ယုံကြည်မူဖြစ်ပါတယ်။ သင်တို့ခံစားရသမျှဟာ ကျွှန်တော်တို့ရဲ့ခံစားမှုဖြစ်ပါတယ်။ သင်တို့ရဲ့ ဘိုးဘွားများဟာ ကျွှန်တော်တို့ရဲ့ ဘိုးဘွားများဖြစခဲ့သည်နဲ့အညီ ကလေးသူ ကလေးသားများအားလုံး မြို့ကလေးရဲ့ တည်ငြိမ်အေးချမ်းရေးကို ၀ိုင်းဝန်ထိမ်းသိမ်းကြပါစို့။

ကလေးမြို့ အေးချမ်းပါစေ။ မြန်မာပြည် အေးချမ်းပါစေ။

ကျော်မိုး

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။