မြန်မာ-အိန္ဒိယ ပထမဆုံး နယ်စပ်ဈေး ဖွင့်လှစ်မည်
ခင်မျိုးသွယ် | သောကြာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ အိန္ဒိယနယ်စပ်ရှိ ပန်ဆောင်တွင် နှစ်နိုင်ငံ နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“သူနဲ့ ကပ်လျက် အိန္ဒိယ ဘက်မှာက ပန်းရှားရွာ ရှိနေပါတယ်။ အဲဒီအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့တယ်။ နောက်ထပ် တိုင်းဒေသကြီး အဆင့်ရယ်၊ ဒေသခံတွေရယ် ဆွေးနွေးပြီးရင် မကြာခင် ဖွင့်နိုင်မှာပါ” ဟု ဝန်ကြီးဌာန၏ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က ပြောသည်။nပန်ဆောင်မှာ ကချင်ပြည်နယ်အနီး စစ်ကိုင်းတိုင်း မြောက်စွန်းရှိ နန်းယွန်းမြို့နယ်နှင့် အနီးတွင်ရှိပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပါဝင်တည်ရှိသည်။ အိန္ဒိယနိုင်ငံ၊ နာဂလဲန်း ပြည်နယ်နှင့် ထိစပ်နေသည်။
“မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ ဒေသခံတွေက ဆင်းရဲကြပါတယ်။ တောင်ပေါ် ဒေသတွေလည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးလည်း အတော်ခက်ခဲတယ်။ ဒေသခံတွေ စားဝတ်နေရေးအတွက် အထောက်အကူ ပြုနိုင်အောင် နယ်စပ်ဈေးအဖြစ် အရင် ဖွင့်လှစ်လုပ်ကိုင်မယ်။ အဲဒီအခြေအနေကနေ တိုးတက်မှု ရှိလာရင် နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် တိုးမြှင့်ဖွင့်သွားဖို့ပါ အစီအစဉ်ရှိပါတယ်” ဟု ညွှန်မှူးက ဆက်လက်ပြောကြား သည်။ လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တွင် တမူးနှင့် ရိခေါရ်ဒါ နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ် ထားရှိသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၅.၄၀၉ သန်း ရှိခဲ့သည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် (ဇန်နဝါရီ လကုန်အထိ) ထိုနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၁၃၇ သန်း ရှိကြောင်း သိရသည်။
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Friday, March 29, 2013
မြန်မာ-အိန္ဒိယ ပထမဆုံး နယ်စပ်ဈေး ဖွင့်လှစ်မည်
ကလေးမြို့ မနက်ခင်းသတင်း
ကလေးမြို့ မနက်ခင်းသတင်း ။
ပုံမှန်
အတိုင်းစည်ကား လျှက်ရှိသည် ။ မြို့မ ဈေးသူဈေးသားများ ဈေးခင်းလျှက်
ရှိသည် ။ လုံခြုံရေး များ လည်းရှိပါသည် ။ပုံမှန်လည် ပတ်လျှက် ရှိသည် ။
Wednesday, March 27, 2013
မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း
မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး
နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း
ကလေး၊ မတ် ၂၇။
နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း
ကလေး၊ မတ် ၂၇။
မြွေတောင်တွင်
နီကယ်သတ္တုထုတ်လုပ်မည့် စီမံကိန်းအရေး အတွက်
ကလေးမြို့ပေါ်ရှိပါတီများအားလုံးနှင့် လူထုတွေ့ဆုံပွဲ၊ မြွေတောင်
ဖားတောင်ဆိုင်ရာ ဓါတ်ပုံပြပွဲနှင့် သတ္တုရိုင်းနမူနာ ပြပွဲကိုယမန်နေ့ နံနက်
(၉း၀၀)မှ ညနေ(၂း၃၀) နာရီအထိ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊
နှစ်ခြင်းခရစ်ယာန် ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း လူထုတွေ့ဆုံပွဲကို
ဦးဆောင်သည့်ချင်းတောင်ဒေသ သယံဇာတ စောင့်ကြည့် ရေးအဖွဲ့မှ ကိုတွမ်က
ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ချင်းတိုးတက်ရေးပါတီမှ
ဦးဗန်ကိန်း၊ Zomi Congressfor Democracy မှ Chin Sian Thang ၊ NLD မှ
ဦးကိုလေး၊ ချင်းအမျိုးသားပါတီမှ ပူဇိုဇမ်၊မြွေတောင်၊ ဖားတောင်နှင့်
ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့ကိုယ်စား
နေသာဆရာတော်၊
လက်ပံချောင်းကျေးရွာ၊ မြလင်းကျေးရွာနှင့် ဟင်းပုပ်ကျေးရွာ စသည့်
မြွေတောင်ဒေသခံ ကျေးရွာများမှ ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခဲ့ကြသည်ဟု
သိရသည်။
ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က မြွေတောင်၊နီကယ် သတ္တု
ထုတ်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်ပြီး ချင်းအမျိုး သားပါတီ၏
သဘောထား(၁၀)ချက်ကို တင်ပြဆွေးနွေးကြောင်း သိရသည်။
ချင်းအမျိုးသား ပါတီ၏ သဘောထား(၁၀)ချက်များမှာ -
“(၁)
မြွေတောင်ဒေသ နီကယ်သတ္တုထုတ်လုပ်ရေး စီမံကိန်း နှင့် ပတ်သက်၍သတ္တုတွင်း
ဝန်ကြီးဌာန၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ တရားဝင်
သတင်းထုတ်ပြန်ချက်များကို မျှော် လင့်စောင့်စားနေပါသည်။
(၂)
ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်သတ္တုရှာဖွေတူုး
ဖော်ရေး ဥပဒေ(Mining Act)ကို အသေးစိတ်ရေးဆွဲ ပြဌာန်း ပေးရန်
(၃) မြွေတောင်တွင် နီကယ်သတ္တု တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီအနေဖြင့်ပြည်သူလူထုကို တရားဝင် အသိပေးရန်၊
(၄)မြွေတောင် ထွက်ရှိသည့် သတ္တုအမျိုးအမည်ကို တိတိ ကျကျဖော်ပြီး ထုတ်ယူမည့်ပမာဏကိုလည်း တိတိကျကျ ဖော်ပြရမည်
(၅) သတ္တုတွင်း ဘေးထွက်ဆိုးကျိုး နည်းနိုင် သမျှ နည်းအောင် ဆောင်ရွက်ပေးရမည်။
(၆) သတ္တုတွင်း လုပ်သား ကျား၊မ မည်မျှပါဝင်မည်ကို အတိအကျ ဖော်ပြ ပေးရန်နှင့်ထိုလုပ်သား များကို အချိန်မည်မျှ ထားမည်ကို ဖော်ပြရန်၊
(၇) ပြည်နယ်၊ ကုမ္ပဏီ နှင့် နိုင်ငံတော် အကျိုး ခံစားခွင့် % များကိုဖော်ပြရန်၊ စီမံကိန်း ဧရိယာနယ်မြေ တိတိကျကျ ဖော်ပြပေးရန်၊
(၈)
သတ္တု တူးဖော်သည့်လုပ် ငန်းကြောင့် နစ်နာသည့် ပြည်သူများ၊
ကျေးရွာများကိုနိုင်ငံ တကာ စံချိန်စံညွှန်းအတိုင်း လျှော်ကြေးပေးရမည်။(၉)
ပရော့ ဂျက်လုပ်ငန်း၏ Impact ထိခိုက်သည့် လုပ်ငန်းများကို
စောင့်ကြပ်ရန်လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိနေသင့် သည်။
(၁၀)
ချင်းပြည်နယ် အစိုးရအနေဖြင့် စနစ်တကျ မလုပ်ဆောင်နိုင်သေးသမျှမြွေတောင်
သတ္တုစီမံကိန်းကို ကန့်ကွက်ခြင်း မဟုတ်သည့်တိုင် ချင်းအမျိုးသားပါတီ
အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်ရပြီး သတ္တုတူးဖော် ရန်အလွန်စောနေသည်ဟု
ခံယူပါသည်။”ဟူ၍ ဖြစ်ကြ သည်။
မြွေတောင်ဒေသနှင့် ကဘော်လွင်ပြင်
စောင့်ကြည့်ရေး အဖွဲ့၏လှုပ်ရှား ဆောင်ရွက်နေမှုများကို နေသာ ဆရာတော်မှ
ရှင်းပြခဲ့ပြီးမြွေတောင်၊ ဖားတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းနှင့်
ပတ်သက်ပြီး ချင်းတောင်ဒေသ သယံဇာတ စောင့်ကြည့်ရေး အဖွဲ့၏
ကြေငြာချက်ကိုထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
မြွေတောင်သည်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်(23ံ25' N,49ံ 1' E) တွင်တည်ရှိပြီး Nort
Mining InvestmentCompany(NMIC) မှနီကယ် သတ္တုတူးဖော်ရေး လုပ်ငန်းများ
လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
Tuesday, March 26, 2013
တပေါင်းပွဲ - ကလေးမြို့
ကလေးမြို့ ရွှေဘုံသာ တပေါင်းပွဲ ..ဆွမ်းလောင်းလှု နေစဉ်
hindwinkoko Chindinkoko
ကလေးမြို့ ရွှေဘုံသာ မြတ်စွာဘုရားကြီး ၏ ဘုရားပွဲတော် ဆွမ်းလောင်းလှု ပွဲကို ဒီကနေ့ ( တပေါင်းလပြည့်နေ့ ၂၆-၃-၂၀၁၃ ) မနက် ပိုင်းမှာ ရွှေဘုံသာ ဘုရားရင် ပြင်တော်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆွမ်းလောင်းလှု ပွဲ သို့ ပင့်သံဃာ ( ၂၀၀ ) ပါး ကြွ ရောက်တော် မူပြီး ကလေးမြို့ သူ မြို့သားမှ လှုဘွယ် ပစ္စည်း စုံလင်စွာ ဖြင့် လောင်းလှု ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ညနေပိုင်းမှာ ရွှေဘုံသာစေတီ ၏ မျက်နှာ စာမှာ မ...ုန့် စားပွဲတော်ကို လည်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကျင်းပရာမှာ ယခင်နှစ်က ထက် ဒါနပြုသူ မုန့်ဆိုင်ခန်းများ နဲပါးလျှက် ရှိတယ်လို့ သိရှိရပါတယ်။ တပေါင်းလပြည့်နေ့ စတုဒီသာပွဲတော်ကို ယခင်နှစ်က စပြီး ကျင်းပခဲ့တာ ပါ ။ ဒီနှစ်မှာတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အရင်နှစ်က ဆိုင်ခန်း ၄၀ လောက် ပါပါတယ်။ ဒီနှစ်တော့ ဆိုင်ခန်း ၃၀ လောက်ပဲ ရှိတော့မယ်။ ဆိုင်ခန်းနဲသွားတယ်။ အရင်နှစ်က လုပ်တဲ့သူတွေ နဲသွားပြီး အသစ်တွေ တိုးလာတယ်။ လို့ အဆိုပါ ပွဲတော်ကျင်းပရေး မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့ပါတယ်။

Monday, March 25, 2013
ကလေး-တမူး ကားလမ်း
ကလေး-တမူး အန္ဒိယ မြန်မာ ချစ်ကြည်ရေးလမ်းမပေါ်ရှိ တံတားအများစုမှာ ပျက်စီးနေသဖြင့် ကွင်းလမ်းကို အသုံးပြုနေကြရသိဟု သိရ ..
မြွေတောင် နီကယ်စီမံကိန်း နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ဖိတ်စာ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း
မြွေတောင် နီကယ်စီမံကိန်းနှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲသို့ပြသမည့် တစ်ချို့သော ကျောက်များ
ကလေးမြို့ မီဒီယာ အဖွဲ့မှ ပေးပို့သည်။
Saturday, March 23, 2013
ထမ်းပိုး တခုတည်းရဲ့ မြို့ကလေးသားများသို့ မေတ္တာစာ
Kyaw Moe
ကလေးမြို့ပေါ် နေထိုင်ကြသူများဟာ တိုင်းရင်းသား ပေါင်းစုံရှိပါတယ်။ တိုးချဲ့ လာတဲ့ရပ်ကွက်တွေကိုပေါင်းပြီး ရှိလာတဲ့ မြို့ပေါ်နေ လူဥိးရေဟာ (၅၀၀၀၀၀) ငါးသိန်းခန့် ရှိလာပါတယ်။ ငါးသိန်းခန့်ဆိုတဲ့ လူဦးရေ ပမာဏဟာ မြန်မာနိုင်ငံလို သန်း ခြောက်ဆယ် လူဦးရေရှိတဲ့နိုင်ငံအနေနဲ့ မြို့ကြီး အဆင့်မှာရှိပါတယ်။ နယ်မြေ အေးခြမ်းပြီး ဒေသ ပတ်ဝန်းကျင် သာယာပါတယ်။ လူမျိုး...တမျိုးနဲ့တမျိုး ရပ်ကွက်တခုနဲ့တခု သင့်တင့်မျှတကြပြီး ချစ်ခင်စွာအတူတကွနေထိုင်ကြပါတယ် ။ စီးပွါးရေး လူမူရေးတည်ငြိမ်တဲ့ မြို့လည်း ဖြစ်တယ်။
မြို့ပေါ်မှာနေထိုင်ကြသူအများစုဟာ
နိုင်ငံတကာနဲ့ ပတ်သက်တဲ့ စီးပွါးရေး လူမှုရေး နိင်ငံရေး အသွယ်သွယ်ကို
နားလည်ကြသူများပါတယ်။ ဒါကြောင့်လည်း နယ်စပ်နဲ့နီးတဲ့ နယ်မြို့ဆိုသော်လည်း
အရမ်းကာရော ခေတ်နောက်ကျ ကျန်ခဲ့ခြင်းမရှိဘူး။ မြို့ပေါ်နေထိုင်သူ
လူငယ်များဟာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ယုံကြည်သည်ဖြစ်စေ ဘယ်လို လူမျိုး မည်သည်
အမျိုးသားများဖြစ်ပါစေ။ ပရဟိတ စိတ်ဓါတ်များထက်သန်စွာရှိကြတယ်။
မြို့ပေါ်က အမျိုး သမီး များ မိန်းခလေးအများစုဟာလည်း အ၀တ်အစားကို
လော်လည်ဖေါက်ပြားခြင်း မရှိအောင် ထိန်းသိမ်းကြတယ်။
မြန်မာယဉ်ကျေးမှုမဟုတ်တဲ့ ၀တ်စားဆင်ယဉ်မှုမျိုးကလေးမြို့ပေါ်မှာ
မြင်တွေ့ရခဲပါတယ်။ အားလုံးသော ညီငယ် ညီမငယ်များဟာ အရှက်အကြောက်တရား
နှစ်ပါးကို လုံခြုံစွာ ထိန်းသိမ်းကြတယ်။ချင်းလူမျိုး အများစုနေထိုင်တဲ့
တာဟန်းရပ်ကွက် ပင်လုံရပ်ကွက် အပါအ၀င်ရက်ကွက်ပေါင်းများစွာက ခရစ်ယာန်
ဘာသာဝင်များဟာ လွန်စွာ ယဉ်ကျေး သိမ်မွေ့ကြတယ်။ မိသားစုလိုက်
ဘုရားကျောင်းတက်ကြတယ်။ ဘုရားကျောင်းတက်တဲ့ ဆန်းဒေးလိုနေ့တွေမှာ
ချင်းမိန်းခလေးအများစုဟာ မြန်မာယဉ်ကျေးမှုအ၀တ်အစားများကို ၀တ်ဆင်ပြီး ဘုရားကျောင်းသွားကြပါတယ်။ ဗမာမိန်းခလေးများဘုန်းကြီးကျောင်းသွားလျှင် လုံချည်ဝတ်ချင်မှ ၀တ်ပါမယ် သို့သော် ခရစ်ယာန်ဘာသာဝင် မိန်းခလေးအများအပြား(အားလုံး)လုံချည်ဝတ်ပြီး ဘုရားဝတ်ပြုကြတာကို လေးစားအတုယူကြရပါမယ်။
ကလေးမြို့ပေါ်မှာ ဂေါ်ရခါးလူမျိုးများလည်းနေထိုင်ြ ကပြီး ဗမာများနဲ့ ချစ်ကြည်ရင်နှီးစွာနေထိုင်နေကြပါတယ်။
ဘုရားကျောင်းကန်များကိုလည်း ဟိန္ဒူ ၊ ဗုဓ္ဒ ခွဲခြားခြင်းမရှိပဲ
သူ့ကျောင်းကိုယ်သွား ကိုယ့်ကျောင်းသူလာဖြင့် ဆရာတော် သံဃာတော်များကို
ဆွမ်းလုပ်ကျွှေး ပူဇော်ကြတယ်။
မွတ်ဆလင် များလည်း အနည်းငယ်နေထိုင်ပြီး ဗလီကျောင်း တစ်ကျောင်းတည်ရှိတယ်။ မြို့ပေါ်နေ မွတ်ဆလင်များဟာလည်း အခြားသော တိုင်းရင်းသားများကဲ့သို့ စိုးရိမ်ခြင်း ကင်းပြီး ပျော်ရွင်ငြိမ်းချမ်းစွာ နေထိုင်ကြပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ကလေးမြို့ပေါ်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ ချစ်ချစ်ခင်ခင် လေးလေးစားစားနေထိုင်ကြတယ် ။ အေးချမ်းတယ်။ ငြိမ်သက်တယ်။ ပျော်စရာကောင်းတယ်။ ဒါကြောင့် ဒီလို သုခအပေါင်းနဲ့ ပြည့်စုံနေတဲ့ ကျွှန်တော်တို့ ခင်များတို့ အဒေါ်တို့ ညီမ အမတို့ရဲ့ ကလေးမြို့ကို ဘာသာရေး လူမှုရေးပျက်ယွင်းအောင် ကြံဆောင်တဲ့ အပြုအမှု အပြောအဆို ကြံစည် လုပ်ကိုင်သူများကို မြင်ရင် ရှိရင် တွေ့ရင် ကျွှန်တော်တို့ ခင်ဗျားတို့ မှာ တာဝန်ရှိတယ်။ အဖျက်သမားတွေရဲ့ရန်ကို အမြဲ သတိရှိပြီး ကလေးမြို့ကို ညစ်နွမ်းအောင် ပြု့လုပ်သူများကို ကာကွယ်နိုင်ကြဖို့ ကျွှန်တော် ကလေး မြို့အသင်း စာမျက်နှာက တဆင့် နှိုးဆော်ပါတယ်။ အသိပေးပါတယ်။
မကြာခင်မှာ ကျွှန်တော်တို့ နှစ်သစ်ကူးပွဲတော် ရောက်ရှိတော့မှာဖြစ်ပါတယ်။ အခြားသော ဘာသာဖြစ်စေ အခြားသောလူမျိုးဖြစ်စေ သင်တို့ရဲ့ ယုံကြည်မှုဟာ ကျွှန်တော်တို့ရဲ့ ယုံကြည်မူဖြစ်ပါတယ်။ သင်တို့ခံစားရသမျှဟာ ကျွှန်တော်တို့ရဲ့ခံစားမှုဖြစ်ပါတ ယ်။
သင်တို့ရဲ့ ဘိုးဘွားများဟာ ကျွှန်တော်တို့ရဲ့ ဘိုးဘွားများဖြစခဲ့သည်နဲ့အညီ
ကလေးသူ ကလေးသားများအားလုံး မြို့ကလေးရဲ့ တည်ငြိမ်အေးချမ်းရေးကို
ဝိုင်းဝန်ထိမ်းသိမ်းကြပါစို့။
ကလေးမြို့ အေးချမ်းပါစေ။ မြန်မာပြည် အေးချမ်းပါစေ။
ကျော်မိုး
ကလေးမြို့ပေါ် နေထိုင်ကြသူများဟာ တိုင်းရင်းသား ပေါင်းစုံရှိပါတယ်။ တိုးချဲ့ လာတဲ့ရပ်ကွက်တွေကိုပေါင်းပြီး ရှိလာတဲ့ မြို့ပေါ်နေ လူဥိးရေဟာ (၅၀၀၀၀၀) ငါးသိန်းခန့် ရှိလာပါတယ်။ ငါးသိန်းခန့်ဆိုတဲ့ လူဦးရေ ပမာဏဟာ မြန်မာနိုင်ငံလို သန်း ခြောက်ဆယ် လူဦးရေရှိတဲ့နိုင်ငံအနေနဲ့ မြို့ကြီး အဆင့်မှာရှိပါတယ်။ နယ်မြေ အေးခြမ်းပြီး ဒေသ ပတ်ဝန်းကျင် သာယာပါတယ်။ လူမျိုး...တမျိုးနဲ့တမျိုး ရပ်ကွက်တခုနဲ့တခု သင့်တင့်မျှတကြပြီး ချစ်ခင်စွာအတူတကွနေထိုင်ကြပါတယ်
မြို့ပေါ်မှာနေထိုင်ကြသူအများစုဟ
ကလေးမြို့ပေါ်မှာ ဂေါ်ရခါးလူမျိုးများလည်းနေထိုင်ြ
မွတ်ဆလင် များလည်း အနည်းငယ်နေထိုင်ပြီး ဗလီကျောင်း တစ်ကျောင်းတည်ရှိတယ်။ မြို့ပေါ်နေ မွတ်ဆလင်များဟာလည်း အခြားသော တိုင်းရင်းသားများကဲ့သို့ စိုးရိမ်ခြင်း ကင်းပြီး ပျော်ရွင်ငြိမ်းချမ်းစွာ နေထိုင်ကြပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ကလေးမြို့ပေါ်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ ချစ်ချစ်ခင်ခင် လေးလေးစားစားနေထိုင်ကြတယ် ။ အေးချမ်းတယ်။ ငြိမ်သက်တယ်။ ပျော်စရာကောင်းတယ်။ ဒါကြောင့် ဒီလို သုခအပေါင်းနဲ့ ပြည့်စုံနေတဲ့ ကျွှန်တော်တို့ ခင်များတို့ အဒေါ်တို့ ညီမ အမတို့ရဲ့ ကလေးမြို့ကို ဘာသာရေး လူမှုရေးပျက်ယွင်းအောင် ကြံဆောင်တဲ့ အပြုအမှု အပြောအဆို ကြံစည် လုပ်ကိုင်သူများကို မြင်ရင် ရှိရင် တွေ့ရင် ကျွှန်တော်တို့ ခင်ဗျားတို့ မှာ တာဝန်ရှိတယ်။ အဖျက်သမားတွေရဲ့ရန်ကို အမြဲ သတိရှိပြီး ကလေးမြို့ကို ညစ်နွမ်းအောင် ပြု့လုပ်သူများကို ကာကွယ်နိုင်ကြဖို့ ကျွှန်တော် ကလေး မြို့အသင်း စာမျက်နှာက တဆင့် နှိုးဆော်ပါတယ်။ အသိပေးပါတယ်။
မကြာခင်မှာ ကျွှန်တော်တို့ နှစ်သစ်ကူးပွဲတော် ရောက်ရှိတော့မှာဖြစ်ပါတယ်။ အခြားသော ဘာသာဖြစ်စေ အခြားသောလူမျိုးဖြစ်စေ သင်တို့ရဲ့ ယုံကြည်မှုဟာ ကျွှန်တော်တို့ရဲ့ ယုံကြည်မူဖြစ်ပါတယ်။ သင်တို့ခံစားရသမျှဟာ ကျွှန်တော်တို့ရဲ့ခံစားမှုဖြစ်ပါတ
ကလေးမြို့ အေးချမ်းပါစေ။ မြန်မာပြည် အေးချမ်းပါစေ။
ကျော်မိုး
Thursday, March 21, 2013
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတချို့ ပိတ်ပင်ခံရ
RFA Burmese
Tuesday
မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတချို့ ပိတ်ပင်ခံရ
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာပြည်က တရားမဝင် တင်သွင်းတဲ့ စားသောက်ကုန်တချို့ ရောင်းချခွင့်ကို မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန အမိန့်နဲ့ မတ်လ ၁၈ ရက်နေ့က စပြီး ပိတ်ပင်လိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ Mikko, Calcium ကွေကာနဲ့ ငါးကြော်ထုပ်တွေဖြစ်ပြီး ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်နဲ့ သက်တမ်းကုန်ဆုံးမယ...့်ရက်တွေ အတိအကျ မပါဝင်တာ၊ ပါဝင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စားသုံးသူတွေအတွက် ဘေးအန္တရာယ်ဖြစ်မှာစိုးတာကြောင့်
အခုလို ပိတ်ပင်လိုက်တာလို့ မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီး Phugzathang
Tonsing ကပြောဆိုကြောင်း မနေ့ကထုတ်ဝေတဲ့ အိန္ဒိယနေ့စဉ်ထုတ် သတင်းစာ The
Hindu မှာ ဖော်ပြထားပါတယ်။
အခုလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာအများစုနေထိုင်တဲ့ မဏိပူရပြည်နယ် ချူရာချန်ပူရ်မြို့မှာ မြန်မာအစားအသောက်တွေ လက်လီလက်ကားရောင်းနေတဲ့ မမင်းသဲလ်က အခုလို ပြောပါတယ်။
“အဓိက က မြန်မာပြည်က ပစ္စည်းမှာ Expire Date တွေ ဘာတွေ မရှိလို့ပေါ့နော်။ အဲဒါပြီးတော့ နောက်တချက်က ကျတော့ Mikko ကတ်ဗုံးတွေ ရှိတယ် မလား။ အဲဒါကို သူတို့ တယောက်က လက်တွေ့ Practical ဆင်းနေမှာ လူတယောက် ဆုံးရှုံးမှု ရှိသွားတယ်။ အဲဒီလိုမျိုး သတင်းလည်း နည်းနည်းပါးပါး ထွက်တယ်ပေါ့။ အဲဒါမျိုးနဲ့ သူက ပိတ်ဖို့ ကြိုးစားတာ။ Mikko ရယ်၊ ကယ်လ်စီယမ်ကွေကွာရယ်၊ ပြီးတော့ ငါးကြော်ထုပ်လေးတွေ။ အဲဒီသုံးမျိုးပါပဲ။ အဓိက ပိတ်ထားတာပေါ့။”
ဒီပစ္စည်းတွေဟာ တရားဝင်တင်သွင်းတာ မဟုတ်တဲ့အပြင် အဓိက ရောင်းကောင်းတဲ့ စားသောက်ကုန်တွေ ဖြစ်နေတာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်ပြီး ပစ္စည်းရောင်းသူအချို့နဲ့ ပစ္စည်းတွေကို မနေ့က ဖမ်းဆီး သိမ်းယူတာတွေ ရှိခဲ့တယ်လို့လည်း မမင်းသဲလ်က ပြောပါတယ်။
အခု ပိတ်ပင်လိုက်တဲ့ စားသောက်ကုန်တွေဟာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ခွင့် တံဆိပ်မပါဝင်တာကြောင့် ဖြစ်ကြောင်း၊ ဒါ့အပြင် ကြက်သား၊ အမဲသားနဲ့ ငါးစတဲ့ မြန်မာနိုင်ငံက တင်သွင်းတဲ့ စည်သွပ်ဘူးတွေကိုလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း နာဂလန်းဒေသမှာ ပိတ်ပင်ထားတယ်လို့ The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှုအရ ပဲအမျိုးမျိုး၊ သစ်၊ သံနဲ့ သံထည်၊ အသေးစား စက်ပစ္စည်းကိရိယာနဲ့ ဆေးဝါးစတဲ့ ကုန်အမျိုးအစားပေါင်း ၄၀ ကိုသာ အစိုးရတွေက ခွင့်ပြုထားတာဖြစ်ပါတယ်။
Source RFA

Wednesday, March 20, 2013
ဇိုမီး နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ၂၁ ကြိမ်မြောက် သင်းလုံးကျွတ် ညီလာခံ
ဇိုမီး နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ၂၁ ကြိမ်မြောက်
သင်းလုံးကျွတ် ညီလာခံကို (၂၁-၂၄) မှာ ကျင်းပမှာဖြစ်ပါတယ်။
ကလေးမြို့ မီဒီယာ အဖွဲ့မှ ပေးပို့သည်။
တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ် အထက်များကို “အ” သုံးလုံးသင်ပေးမည်
ကလေး၊ မတ်၂၀။
ကလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက
... ပညာရေး ၀န်ကြီးဌာန၏ အထူးစီမံချက်ဖြင့် ချင်းပြည်
နယ်ရှိတီးတိန်မြို့နှင့် တမူးမြို့များတွင် “အ”သုံးလုံး
သွားရောက် သင်ကြားပေးကြမည်ဟု ကလေးတက္ကသိုလ်
မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရသည်။
ဗမာစာသည် ရုံးသုံးစာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်း
သားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန်
ရည်ရွယ်ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ
သင်ကြားပေးခြင်း ဖြစ်သည်ဟုကလေးတက္ကသိုလ်မှ
ဆရာသိန်း(ရုက္ခဗေဒ)က ပြောပြခဲ့ပါသည်။
" ကျွန်မကတော့ တီးတိန်ကိုလိုက်ဖို့ ဆန္ဒပြုထားပါတယ်။ အဲဒီလို တောင်တန်း ဒေသတွေမှာ တိုင်းရင်းသားတွေကို
အသုံးလုံးသင်ပေးဖို့ စိတ်ဝင်စားတယ်။ အတွေ့အကြုံလည်း
ရချင်လို့ပါ။ (၁၅)နှစ် အထက်တွေကို သင်ပေးရမယ်လို့
သိရပါတယ်။ အသုံးလုံးသင်သွားပေးမယ့် ဆရာတွေ
အတွက် စားစရိတ်တွေကို ပညာရေးက တာဝန်ယူပေးတယ်
လို့ ပြောပါတယ်။ ချင်းတိုင်းရင်းသားတွေက ဗမာစကားကို
နားမလည်တော့ သင်ပေးဖို့အခက်အခဲတွေတော့ ရှိနိုင်ပါတယ်။
ဒါပေမယ့် ဆရာတွေကလည်း ကျွန်မတို့ကို သင်ကြားနည်း
ပုံစံတွေ သင်ပြထားတယ်။ ကိုယ်ကလည်း စေတနာထားပြီး
ကြိုးစား သင်ပေးသွားမှာပါ။ ဥပမာ- သူတို့ထဲမှာ ၀ တဲ့သူ
ပါရင် သူ့ကို ထခိုင်းပြပြီး အဲဒါကို " ၀ "လို့ခေါ်တယ် ဆိုတာ
မျိုးသရုပ်ပြသင်ပေးရမှာပေါ့ " ဟု တီးတိန်မြို့သို့အသုံးလုံး သင်တန်းလိုက်သင် ပေးမည့် ရူပဗေဒကျောင်းသူ မစောသန္တာက
ပြောသည်။
ကလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အရောက်
(၄၈၀) သွားရောက် သင်ကြားပေးကြမည် ဖြစ်ပြီးသင်ပေးမည့်
တက္ကသိုလ် ကျောင်းသူ/သားများကို နေပြည်တော် ပညာရေး
အဖွဲ့မှ (၁၅.၃.၁၃)ရက်နေ့က ကလေး တက္ကသိုလ်တွင် သင်တန်း
ပေးခဲ့ကာ သင်ရိုးညွန်းတမ်းနှင့် စီဒီခွေများ ထုတ်ဝေခဲ့ပြီး ဖြစ်
ကြောင်း သိရသည်။
အဆိုပါ “အ” သုံးလုံး သင်ကြားပေးခြင်းသည် ၄၅ရက် ကြာမြင့်
မည်ဖြစ်ပြီး ယခုမတ်လ ၂၉ရက်နေ့တွင် တီးတိန်မြို့နှင့် တမူးမြို့
တွင် “အ”သုံးလုံး သင်တန်းဖွင့်ပွဲကို တပြိုင်နက် ပြုလုပ်သွား
မည်ဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
ဓာတ်ပုံ - villagethar2011blogspot.com

Subscribe to:
Posts (Atom)