Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Sunday, May 1, 2016

နယ်စပ်ကုန်သွယ်ရေးကားလမ်း ပြိုကျမည့်အက်ကြောင်းပေါ်ဟုဆို

နယ်စပ်ကုန်သွယ်ရေးကားလမ်း ပြိုကျမည့်အက်ကြောင်းပေါ်ဟုဆို
----------------------------
ကလေး၊ ဧပြီ ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ မြစ်သာမြစ်ကြောင်း ချဲ့ထွင်ထားခြင်းကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်းပေါ်ရှိ ကလေးဝ-တမူးလမ်းပိုင်းတွင် လမ်းတစ်ခုလုံး ပြိုကျနိုင်သည့်အက်ကြောင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ဒေသခံများက ပြောကြားသည်။

အက်ကြောင်းများဖြစ်ပေါ်နေသည့်နေရာသည် မိုင်တစ်ရာကျော်ရှိသော ကလေးဝ -တမူးလမ်းပိုင်း ချောင်းကျဉ်းရွာအနီး မြစ်သာမြစ်ကြောင်း ချဲ့ထွင်းထားသည့် နေရာတွင်ဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်း၏ လမ်းအရှည် တစ်မိုင်ကျော်မှာ လမ်းအလယ်မှ ဖြတ်၍လည်ကောင်း၊ ကားလမ်းဘေးကပ်ရပ်မြေများပေါ်တွင်လည်ကောင်း အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါနေရာသည် လွန်ခဲ့သည့်ဆယ်နှစ်ခန့်က ပြိုကျခဲ့သည့်နေရာဖြစ်ပြီး မြေပြိုကျခြင်းကြောင့် နယ်စပ်ကုန်စည် တင်ပို့မှု ရပ်ဆိုင်းခဲ့ရသည်ဟု ကလေးဝမြို့ခံ ဦးအောင်ဇော်က ပြောကြားသည်။

“အခုအက်ကြောင်းပေါ်တဲ့နေရာက အရင်တုန်းက ပြိုကျထားတဲ့နေရာ၊ တောင်ပေါ် ကိုက်တစ်ရာလောက်မှာရှိတဲ့ ကားလမ်းက ပြိုကျပြီး အခုနေရာဖြစ်နေတာ။ အခုလဲ အက်ကြောင်းပေါ်နေတာ ပြိုကျသွားရင် ကလေးဝကနေ တမူး နယ်စပ်ကုန်စည်တင်ပို့မှု ရပ်သွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ကလေးဝမြို့သို့ ချင်းတွင်းမြစ်ကြောင်းနှင့် မုံရွာ-ယာကြီးလမ်းများမှ မန္တလေးနှင့်ရန်ကုန်မြို့များရှိ ကုန်စည်များ ဝင်ရောက်လျက်ရှိပြီး ထိုမှ တမူးမြို့၊ တမူးမြို့မှ အဆိုပါလမ်းကို အသုံးပြုကာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် နယ်စပ်ကုန်သွယ်ရေးပြုလုပ်ရာ အဓိကလမ်းမ တစ်ခုလည်းဖြစ်သည်။

The Voice Weekly မှ

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။