Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Sunday, May 1, 2016

တမူးမြို့ သုဿာန် တွင် ၃၀.၄.၂၀၁၆ ၌တွေ့ရှိခဲ့ရသော..ကြက်သေများနှင့်ပတ်သက်သည့်သတင်း

တမူးမြို့ သုဿာန် တွင် ၃၀.၄.၂၀၁၆ ၌တွေ့ရှိခဲ့ရသော..ကြက်သေများနှင့်ပတ်သက်၍
===========================
တမူးမြို့သုဿာန်တွင်တွေ့ရှိခဲ့ရသော ကြက်သေသတင်းအရ...ခရိုင်မွေး.ကု၊ခရိုင်ကျန်းမာရေးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ပူးပေါင်း၍သွားရောက်စစ်ဆေးခဲ့ပါသည်.။
စစ်ဆေးတွေ့ရှိချက်များအရ.ရောဂါဖြင့်သေဆုံးခြင်းမဟုတ်ဘဲ...နှစ်လသားအရွယ်ဥစားကြက်များ..အပူချိန်လွန်ကဲ၍သေဆုံးခြင်းဖြစ်သည်ကို
ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါသည်။
ဆင်လက်၍မြို့တွင်းနှင့်မြို့ပတ်ဝန်းကျင်ရှိ..ကြက်ခြံများသို့သွားရောက်၍..သွားရောက်စစ်ဆေးခဲ့ရာ..မွေးမြူထားသောကြက်များမှာကျန်းမာရေးကောင်းမွန်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါသည်။
ထို့ပြင်..အများပြည်သူအကျိုးစီးပွားအတွက်..ရောဂါဖြစ်ပွားသော..ကြက်များ..ခရိုင်အတွင်းသို့မဝင်ရောက်စေနိုင်ရေး..ကျန်းမာသန့်ရှင်းသော..ကြက်နှင့်ကြက်ထွက်ပစ္စည်းများ..ဈေးကွက်အတွင်းသို့..ရောင်းချစေရေးတို့အား
စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းအသိပေးအပ်ပါသည်။

ခရိုင်မွေးကု

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။