Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, May 4, 2016

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်း သို့ အမေရိကန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစု ရှာဖွေရေးအဖွဲ့ ရဟတ်ယဉ် များ ဖြင့် လာရောက် ဒုတိယကမ္ဘာစစ်အတွင်းက ကြွင်းကျန်ခဲ့သော ရုပ်ကြွင်းအရိုးစုမျာကို ရှာဖွေခဲ့

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်း သို့ အမေရိကန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစု ရှာဖွေရေးအဖွဲ့  ရဟတ်ယဉ် များ ဖြင့် လာရောက် ဒုတိယကမ္ဘာစစ်အတွင်းက ကြွင်းကျန်ခဲ့သော ရုပ်ကြွင်းအရိုးစုမျာကို ရှာဖွေခဲ့

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
် ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်း သို့ အမေရိကန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစု ရှာဖွေရေးအဖွဲ့ သည်   ရဟတ်ယဉ် များ ဖြင့် လာရောက် ၍ စစ်အတွင်းက ကြွင်းကျန်ခဲ့သော ရုပ်ကြွင်း အရိုးစု များကို ရှာဖွေ ခဲ့  ကြသည်ဟု သိရှိရပါသည် ။  
     “ ရုပ်ကြွင်း အရိုးစု ရှာဖွေ တဲ့ အဖွဲ့ အများ ဆုံးလာတာက ဂျပန်နိုင်ငံ က အဖွဲ့ တွေပါ ။ အမေရိကန် တွေ လာတယ် ဆိုတာ အခု ဟာက ပထမဆုံးအကြိမ်ပါပဲ ။ ကိုယ်ပိုင် ရဟတ်ယဉ်ထင်တာပဲ ။ အရောင်က ဖြူနီကြားတွေ နဲ့ လာတာ ။ သူတို့က တီးတိန်မြို့နားလေးက အိုင်ဖားရွာ ဖက်ကို သွားပြီး  ရှာဖွေရေး တွေ လုပ်ကြတယ် ။ အမှတ်အသား တွေ လည်း တွေ့ခဲ့ ကြတယ် ။ ဒုတိယ ကမ္ဘာစစ် အတွင်းက ချင်းတောင်က စစ်လမ်း ကြောင်း ဖြစ်ခဲ့တယ် လေ ။ ဒီလို ဆိုတော့ ဒီဖက် မှာ စစ် အတွင်းက သေဆုံးခဲ့တဲ့ ဆွေမျိုးစုတွေကို ရှာဖွေ ကြတာ ပါ ။ ကနေဒီ တောင်တန်း နဲ့ စိန်ဟုန်းတောင် တန်းတွေကို ဖြတ် ပြီး တော့ မဏိပူရမြစ်ကို ဖြတ် အိန္ဒိယနိုင်ငံ ဖက်ကို စစ်လမ်းကြောင်း ပေါက်ခဲ့တာလေ ။ ” ဟု တီးတိန်မြို့ခံ တစ်ဦး မှ ပြောကြားခဲ့ပါသည် ။ အဆိုပါ နိုင်ငံခြားသားများ အဖွဲ့ တွင် အမေရိကန်နိုင်ငံ သား ၄ ဦး နှင့် စကားပြန် များ ပါ ရှိ ခဲ့ သည်ဟု သိရှိရပါသည် ။             
      အဆိုပါ အဖွဲ့များ သည် မေလ ၁ ရက်နေ့ နေ့လည် ပိုင်းတွင်း ရဟတ်ယဉ်များ ဖြင့် ချင်းပြည်နယ် တီးတိန်မြို့နယ် အိုင်ဖားကျေးရွာ အနီး ရှိ တောင်တန်းပေါ် သို့ ရဟတ်ယဉ်များ ဖြင့် ရောက်ရှိ ခဲ့ ကြပြီး ညနေပိုင်း တွင် ကလေးမြို့ သို့ ပြန်လည် ထွက်ခွာ ခဲ့ ကြသည်ဟု သိရှိရပါသည် ။    “ ကနေဒီ တောင်တန်း ဖက် မှာ တော့ လိပ်ပြာရှာဖွေရေး အဖွဲ့ တွေ ၊ ငှက်ကြည့်တဲ့သူတွေ ၊ ရုပ်ကြွင်းအရိုးစု တွေ ရှိတယ် ။ ဟိုတုန်းက ဆိုရင် ကနေဒီတောင်တန်း ( သိုင်းငင်း ကျေးရွာ နှင့် ကနေဒီတောင်တန်း ) ကြားမှာ စစ်လမ်း ကြောင်းတွေ ရှိတော့ တင့်ကားအပျက်တွေ ၊ ဂျစ်ကား အပျက်တွေ ၊ ရုပ်ကြွင်းတွေ ၊ သေနတ် အပျက်တွေ စစ်သားတွေ ရဲ့ ပစ္စည်း အသုံးအဆောင် တွေ ရကြတယ် ။    အဲဒီအတွက်လည်း နိုင်ငံခြားသား ဧည့်သည်တွေ လာရောက်မှု များတယ် ။ သဘာဝ ပတ်ဝန်းကျင်နေ အထား က လည်း သာယာ တယ်ဆိုတော့ ခရီးသွား လုပ်ငန်း တွေ ဖွံ့ဖြိုအောင် လုပ်ပြီး ဒေသခံ တွေ အတွက်ပါ အလုပ်အကိုင် အခွင့် အလမ်းတွေ ရှာပေးနိုင်ရင် အဆင်ပြေမယ် ။ ” ဟု အဆိုပါ ဒေသခံ မှ ဆက်လက် ပြောကြားခဲ့ပါသည် ။

EMG

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။