Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, May 4, 2016

မော်လိုက်မြို့ဆိပ်ကမ်း မြေထိန်းနံရံအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းများ စတင်ပြီး ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်


မော်လိုက်မြို့ဆိပ်ကမ်း မြေထိန်းနံရံအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းများ စတင်ပြီး ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်
=============================================
မေလ ၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းက မော်လိုက်မြို့ဆိပ်ကမ်း မြေထိန်းနံရံအား ၂၀၁၆ မြစ်ရေမတက်မီ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်လုံး နှစ်စဉ် ကမ်းပြိုမှု နေရာ ၂၀ ဖြစ်ပွားလျက်ရှိ၍ ယခုနှစ်မြစ်ကြောင်း တစ်ခုလုံး ကောင်းမွန်ရေး အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၇၀ သာရရှိသောကြောင့် ရေလမ်းပိုင်း၏ လေးနေရာကိုသာ ရေလမ်းကောင်းမွန်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နယ်သာလန် ပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှု အရ ချင်းတွင်းမြစ်ကြောင်းတစ်ခုလုံး ကောင်းမွန်စေရန် သန်းပေါင်း ၁၈၀၀၀ (၁၈ ဘီလံအထက်)ကို ငါးနှစ်အတွင်း သုံးစွဲ ပြုပြင် ရမည်ဖြစ်ကြောင်း၊ ကမ်းပြိုမှုလုပ်ငန်းများအတွက် တိုင်းဒေသကြီး ရန်ပုံငွေဖြင့်သာ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

မော်လိုက်မြို့ ကမ်းပါးပြိုမှုကာကွယ်ရေုးလုပ်ငန်းများအတွက် ယခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်တွင် သန်း ၂၁၀ ပါပြီး မော်လိုက်မြို့ အလုပ်သမားရုံးအတွက် သန်း ၁၀၀၊ ရွှေနဒီတည်းခိုခန်း မြစ်ကမ်းပါးထိန်းလုပ်ငန်းအတွက် ခွင့်ပြုငွေ သန်း ၁၁၀ အသီးသီးပါဝင်ပါကြောင်း၊ အလုပ်သမားရုံး ဆိပ်ကမ်းပြိုမှု လုပ်ငန်းအတွက် ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံ လုပ်ငန်းကို အရင်လိုသစ်သားပိုင်နှင့် မလုပ်ဘဲ တစ်ခါတည်း ခိုင်ခိုင်မာမာတည်ဆောက်သွားရန် ဆောင်ရွက်ထားပါကြောင်း။
မြေထိန်းနံရံ တည်ဆောက်ရန်အတွက် လွန်ခဲ့သည့် ဧပြီလ တတိယပတ်အတွင်း ချင်းတွင်းမြစ်ရေ ဆယ်ပေတက်လာသည့်အတွက် ဆောင်ရွက်ရန် မဖြစ်နိုင်သဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းများစတင်ပြီး ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ရွှေနဒီတည်းခိုခန်း ကမ်းပြိုမှုအတွက် အောက်ခြေကျောက်စီမြေထိန်းနံရံနှင့် အထက်ကျောက်စီ မြေထိန်းနံရံ နှစ်ခုကို ဘိုးပိုင်များတူးပြီး အခိုင်အမာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းဘိုးပိုင် ကျောက်စီနံရံ၏ အလျားပေသည် ၁၆၀ ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ၂၄၂ သန်းဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘတ်ဂျက်တွင် ၂၇ သန်းနှင့် ၂၀၁၆-၁၇ တွင် ၁၁၀သန်း၊ စုစုပေါင်း ၁၃၇ သန်းသာရရှိသည့်အတွက် ယခုနှစ်တွင် ပေ ၉၀ သာတည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွှေနဒီ၏ ပေ ၉၀ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဧပြီလ စတုတ္ထပတ်အတွင်း စတင်ဆောင်ရွက်နေပြီး ဇူလိုင်ဒုတိယပတ်တွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ကြောင်း၊ ကျန်သည့်အပိုင်းများကို မိုးတွင်းမှာ မဖြစ်အောင် သဲအိတ်များကာရံခြင်း၊ မျှောတိုင်များ စိုက်ထူခြင်းများနှင့် ကာကွယ် သွားရန် စီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။