Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, May 4, 2016

ဖလမ်းမြို့တွင် ရက်တစ်ရာအတွင်း လျှပ်စစ်မီးရရှိမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

ဖလမ်းမြို့တွင် ရက်တစ်ရာအတွင်း လျှပ်စစ်မီးရရှိမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား
----------------------------------------------

၆၆ ကေဗွီ ဟားခါး-ဖလမ်း ဓာတ်အားလိုင်းမှာ ၉၉ ဒသမ ၂၃ ရာခိုင်နှုန်းနှင့် ၆၆ ကေဗွီ ဖလမ်း ဓာတ်အားခွဲရုံမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ရက်ပေါင်း ၁၀၀ အတွင်း ဖလမ်းမြို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။

ယနေ့(မေလ ၃ ရက်) ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ ဦးဇုန်လှယ်ထန်းက  ဖလမ်းမြို့သို့ ၂၀၁၄ - ၂၀၁၅ ခုနှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖြေကြားခဲ့သော်လည်း ယခုအချိန်အထိ မဟာဓာတ်အားလိုင်း မရရှိသေးသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် မိုးရာသီတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိခဲ့သဖြင့် စီမံကိန်းပစ္စည်းများ ပို့ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ တာဝါတိုင်နေရာများရှိ မြေလွှာများ ပြတ်ရွေ့ခြင်း၊ မြေကျွံခြင်းတို့ဖြစ်ပေါ်ပြီး တာဝါတိုင်ဖောင်ဒေးရှင်းများ ရွေ့လျား ပျက်စီးခဲ့သည့်အတွက် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည့်အတွက် ဖလမ်းမြို့သို့ ၂၀၁၄-၁၅ ခုနှစ်အတွင်းက မဟာဓာတ်အားလိုင်း သွယ်တန်းနိုင်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။

The Voice

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။