Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Tuesday, December 15, 2009

သူငယ်ချင်းနဲ့ရန်ဖြစ်တုန်းက


ည(၁၀)နာရီ ထိုးသည်အထိ ကျွန်မ အိပ်မပျော်ခဲ့ပါ။ ဒီနေ့ ဖြစ်ခဲ့တဲ့ အကြောင်းတွေအပေါ် “ငါမှားသွားပြီလား” ဟုတွေးရင်း အိပ်မပျော်ခဲ့ ရခြင်းဖြစ်သည်။ ဖြစ်ခဲ့ တာတွေက ဒီလိုပါ။ကျွန်မနှင့် သူငယ်ချင်းတစ်စု တို့သည် ထုပ်စီးတိုး တန်း ကစားကြပါသည်။ ထိုအထဲတွင် ကျွန်မ အရမ်းခင်မင်တဲ့ သူငယ်ချင်း ပုလဲ နှင့် စံပယ် တို့လည်း ပါပါသည်။ ပုလဲ နှင့်ကျွန်မ က တစ်ဖက် စံပယ်နှင့် ကျန်တဲ့ သူငယ်ချင်းများက တစ်ဖက် ဆော့က စားကြပါသည်။ ပုလဲ နှင့် ကျွန်မ တစ်ဖက်ထဲ ရှိနေသည်ကို စံပယ်က မကျေမနပ်ဖြစ်နေသည် ဟု ကျွန်မ ထင်မိသည်။
ရွှီ..........ဟု ခရာစမှုတ်တဲ့ အချိန်မှာ စတင် ကစားပါတော့သည်။ ကျွန်မ သည် စည်းများကို အတန်တန်ဖြတ်ကျော်ပြီး နောက်ဆုံး စံပယ်၏ နောက်ဆုံးစည်း အနားသို့ ရောက်ရှိလာပါသည်.။ ပုလဲက လည်း ကျွန်မနှင့် အတူ ရောက်လာခဲ့ပါသည်။ ခေါင်သူကြီး ကလည်း ပိတ်ထားပါသည်။ ထို့ကြောင့် ကျွန်မက စံပယ်ရဲ့ ဖက်က နေ ၀င်ရန်အတွက် အကွက်ချောင်းနေမိပါသည်။ ဖြစ်ချင်တော့ နောက်ဆုံး စည်းရဲ့ နဲနဲ ကျဉ်း တဲ့ဘက်မျာ ကျွန်မတို့ နှစ်ယောက်ပိတ်မိနေပါတော့သည်။ စည်းတား တဲ့ သူက စည်းကို မညီပဲ တားထားလိုက်တာကိုး....။
ကျွန်မ တိုပဆော့ကစားနေတာကို ဘေးမှာ ကျောင်းသားကျောင်းသူများ ၀န်းရံလျှက်စိတ်ဝင်တစား ကြည့်နေကြပါသည်။ ကျွန်မက စံပယ် တားနေသော စည်းနေရာမှာ ပိတ်မိနေချိန်တွင် စံပယ်က “ဟေ့ သူငယ်ချင်း ထမင်းရည်ပူစည်းကျော်မိလို့ မင်းတို့ ရှုံး ပြီ၊ ငါတို့ထိုး တဲ့ အလှည့် ရောက်ပြီနော”ဟု ကျွန်မ ကိုသူမက လှမ်း အော်၍ ပြောပါသည်။ ပုလဲက “စံပယ် သူ စည်း မကျော်သေးပါဘူး ဟယ်” ဟုပြောပါသည်။ ထို့ကြောင့် ငြင်း ကြ၊ခုံကြရင်း နှင့် ရန်ဖြစ် မည့် အဆင့် အထိ ရောက်ရှိလာပါသည်။ ပုလဲကလည်း ယဉ်ယဉ်ကျေးကျေး လေး နှင့် “သူ စည်းကိုမကျော် ရသေးပါဘူး၊ ငါလည်းမြင်နေတဲ့ဟာ ကို”ဟု ငြင်း ပါသည်။ ထိုအခါ စံပယ်က ကျွန်မဖက်လှည့်လာ ပြီး “ဟေ့ နင် နင်းမိတာ သိလို့ ငြိမ်နေတာ မဟုတ်လား” ဟု ပြောလာပါသည်။
ကျွန်မ သည် စံပယ်နှင့်ရန်မဖြစ်ချင်ပါ၊ မေမေကပြောပါသည်။ “ရန်ဖြစ်ခြင်းဟာ၊ နှုတ်အမူအရာ ရိုင်းစိုင်းခြင်း ဖြစ်တယ်၊စကားဆိုတာ ပြောသင့်သလောက်ပဲ ပြောရတယ်။ စကား စကားပြောပါများ ၊စကားထဲက ဇာတိပြတဲ့၊ အဲဒီလိုမျိုး မဖြစ်စေနဲ့ သမီး ကိုယ့်စိတ်ကိုထိမ်း ပါကွယ်။ ”ဟု ဆုံးမ ခဲ့ပါသည်။ မေမေပြောသော စကားများကိုလည်း ပြန်လည် ကြားယောင်နေမိပါသည်။ ထို့ကြောင့် ကျွန်မ စကားမများလိုခြင်း ဖြစ်ပါသည်။ ထို့ အကြောင်းကို သူငယ်ချင်း စံပယ်က မသိ။ ကျွန်မက လည်း “ငါမကျော်သေးပါဘူး၊စံပယ်ရယ်၊ စည်းအနားမှာဘဲ ရှိသေး တာပါ ” လို့ ရိုးရိုး သာ ပြန်ဖြေ လိုက်ပါသည်။ တကယ်လည်း ကျွန်မ စည်းမကျော်မိသေး ပါ။
ဘေးက ကြည့်နေသော ကျောင်းသား ကျောင်းသူ ပရိတ်သတ်များ ကလည်း “ဟုတ်တယ်၊ အဲဒီ အစ်မ က စည်းမကျော်သေးဘူး ”ဟု ၀ိုင်းပြောကြပါသည်။ ထိုသို့ ပြောဆိုသော်လည်း စံပယ်က လက်မခံပါ၊ ကျွန်မကို ဘယ်အငြိုး နှင့် ရန်လာရှာ နေခြင်း ဖြစ်သည်ကို ကျွန်မ မစဉ်း စားတတ်တော့ပါ။ ငြင်းကြရင်း စံပယ်ကလည်းမလျော့၊ ပုလဲ ကလည်း မဟုတ်လျှင် မခံတတ်သည့်စိတ်ဓါတ်ရှိသူမို့ သူ့ဖက်ကအလျော့ ပေးဖို့ လုံးဝမစဉ်းစား၊ ထိုသို့ ငြင်းခုံ နေကြရင်း “ဒေါင်.......ဒေါင်........ဒေါင်.” ဟုကျောင်းတက်ခေါင်းလောင်းထိုးသွား ပါတော့ သည်။ ကျွန်မ ဆက်မငြင်းနိုင်ဘဲ ကျောင်းခန်း ထဲ ရောက်အောင် အပြေး ၀င်သွားပါတော့သည်။ ထိုသို့ ပြေးသွားနေတဲ့ ကြားမှာ ပုလဲ နှင့်ကျွန်မ ကိုစံပယ်က တမင်တကာတွန်း သွားပါသည်။
ကျွန်မနှင့် ပုလဲ ဟာ လဲကျသွားပြီး ပုလဲက တံတောင်ဆစ်တွေပွန်း သွားကာ ကျွန်မ ကဒူးနှင့်လက်ဖ၀ါး တွေပွန်းကုန်ပါသည်။ ပုလဲကအရမ်းဒေါသ တွေထွက်သွားပြီး စံပယ်တိုးဝင်သွား သည့်နောက်ကို ဒေါနှင့်မော နှင့် လိုက်သွားပါတော့သည်။ ကျွန်မက လှမ်းပြီး တားတော့ ပုလဲက “ဒါ..ငါတို့ကို တမင်သက်သက်တွန်းသွားတာ ငါခွင့်မလွှတ်နိုင်ဘူး ”လို့ပြောသွားပါသည်။ သူမ ကထိုသို့ ပြောသွားပြီး ကျွန်မ တားထားသည့် လက်ကိုအသာအယာဖယ်ကာ ပင်ထသွားပါတော့သည်။ ကျွန်မသူငယ်ချင်း နီလာသူ က ကျွန်မကိုလာ၍ ထူမပေးပါသည်။နီလာ့ကို ကျေးဇူးတင်ကြောင်း ပြောပြီး ကျွန်မက ပုလဲနောက် သို့ အပြေး လိုက်သွားမိ ပါတော့သည်။
အတန်းထဲ ရောက်တော့ ပုလဲက စံပယ်ကို မေးနေသည်ကိုကျွန်မတွေ့ ရသည်။ပုလဲက စံပယ်ကို “မင်းဘာလို့ ငါ့တို့ကို တွန်းသွားရတာလဲ၊..အေး...စုံစုံက ခွင့်လွှတ်ပေမယ့် ငါက ခွင့်မလွှတ်ဘူးနော၊ ဘယ်နယ့်အေ ..ငါတို့ကို နင်ကတမင်သက်သက် တွန်းလို့ လဲသွား တာကို ကြည့်ပြီး နင်က ကျေနပ်နေတယ်ပေါ့.. ဟုတ်လားစံပယ်။” စံပယ်ကလည်း “ငါတွန်းတာမဟုတ်ပါဘူး။ နင်တို့ ကို တိုက်မိသွားလို့ ပါ...ငါက ဆောရီး ..လို့တောင်ပြောခဲ့သေးတာဘဲ ”လို့ ပြောပါသည်။ ကျွန်မ အံ့သြ သွားသည်။ စံပယ်ပြောတာ တစ်ခုမှ မဟုတ်ပါ။ သူမက နောက်ကနေလက်နှစ်ဖက်နှင့် ကျွန်မတို့ နှစ်ယောက်၏ နောက်ကျော ပြင်ကိုတွန်းပစ်လိုက်တဲ့ ဟာကို ကျွန်မတို့ နှစ်ယောက်မသိပဲ နေပါ့မလား။ ပုလဲရဲ့ မျက်နှာက ဒေသတွေနှင့် ထိမ်းသိမ်မရ အောင်နီရဲလို့ နေပါတော့သည်။ ထိုအချိန်တွင် ပုလဲရဲ့ မျက်နှာက ကျွန်မ ဖက်ကို လှည့်ပြီး “ဟေ့သူငယ်ချင်း ငါသူ့လို လိမ်တတ်တဲ့ သူ နဲ့ သူငယ်ချင်းမလုပ်ချင်တော့ဘူး။ စကားလည်း မပြောချင်တော့ဘူး ”ဆိုပြီး ထွက်သွားပါတော့သည်။
ကျွန်မ ကို စံပယ်က “ဟင်း..ဟင်း ဘာတတ်နိုင်သေးလို့လဲ...ငါလုပ်ချင်တာလုပ်မယ်..”ဆိုတဲ့ အကြည့်မျိုးနှင့် ကျွန်မကို ကြည့်နေတော့ပါသည်။ ကျွန်မကလည်း “ငါ နင့်လိုလိမ်ညာ နေတဲ့ သူငယ်ချင်းကို အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့ သူတွေထဲ မှာစာရင်းဖျောက်လိုက်ပြီ စံပယ်၊ နင့်ရဲ့ စရိုက်က ဘယ်လိုအချိုးဆိုတာလည်း ငါသိသွားပါပြီ ”လို့ ပြောပြီး ၊ ကျွန်မနေရာမှာ ပြန်ထိုင်ပြီး သူမ ရှိတဲ့ ဖက်ကို လုံဝလှည့်မကြည့်တော့ပါ။ ကျွန်မလည်း ဆရာမ ပေးထားခဲ့သော သင်ခန်းစာများ ကိုပဲ ဂရုစိုက်ပြုလုပ်နေပါတော့သည်။
၃း၃၀ ဆိုသော အချိန်ကိုရောက်လာတော့ ကျွန်မတို့ ကျောင်းဆင်းခဲ့ပါသည်။ ပုလဲနှင့် ကျွန်မ စက်ဘီးတစ်စီး ဆီနှင့်ပျော်ရွှင်စွာ ပြောကြဆိုကြ နှင့် ရယ်ရယ်မောမော ဖြစ်နေသည်ကိုကြည့်နေသော စံပယ့်၏ မျက်နှာကြီးမှာ “ခရမ်းချဉ်သီးပုပ်ကြီးကို ကြွက်ကိုက်ထားသလို ” ဖြစ်နေသည်ကိုတွေ့ နေရပါသည်။ အိမ်ရောက်တော့ လဲသွားတုန်းက ရခဲ့သော ဒဏ်ရာကိုဆေးထည့်ပြီး ၊ထမင်းစား၊ရေချိုး ရင်း ဖြင့် ညဖက်ကို ရောက်ခဲ့ ပါသည်။
“ ဟဲ့..သမီး မျက်လုံးကြီး ပြူး ပြီး ဘာလုပ်နေတာလဲ မအိမ်သေးဘူးလား၊ အိမ်တော့၊ မနက်ကြရင်စောစော ထရအုန်းမယ်” ဆိုတဲ့ မေမေရဲ့ အသံကြားလိုက်ရမှ အိုး...ငါ အတွေး လွန်နေတာပါလား ဆိုတာ သတိပြန်ဝင်လာပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူငယ်ချင်းဆိုတာ အနစ်နာခံပြီး ပေါင်းသင်း ရတာပဲလေ၊ဘာမဟုတ်တဲ့ ကိစ္စ လေးနဲ့ ဒီလိုသူငယ်ချင်းတွေ အချင်းချင်း စိတ်ဝမ်းကွဲ မသွားသင့်ဘူးလေ။ “ ကဲပါလေ”ဆိုတဲ့ စကားနဲ့ ပဲ စိတ်ကိုဖြေလျော့လိုက်ပါသည်။ မနက်ဖြန်မနက် ကြရင် ပုလဲ ကိုလည်း အကျိုး အကြောင်း ပြောပြပြီး “ ငါတို့ စံပယ်ကို ခွင့်လွှတ်လိုက်ကြရအောင်နော သူငယ်ချင်း ”လို့ ပြောကြည့်ပါမည်။ ပုလဲကလည်း ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
သူငယ်ချင်းစံပယ် တစ်ယောက်လည်း ဒီလိုကိစ္စလေးတွေနဲ့ ထပ်မကြုံ ရအောင်လည်း ပြောပြရပါမည်။ ကျွန်မ၏ မျှော်လင့်စိတ်ကူးများ ဖြင့် ည ၁၁း၃၀ လောက်မှာတော့ ကျွန်မ ရဲ့ အတွေး စိတ်ကူးများ ဖြင့် လှပသော အိမ်မက်များကိုဖြတ်သန်းလိုက်ပါတော့သည်။


မခင်ပြည့်စုံထွန်း

(သတ္တမတန်းကျောင်းသူ ခင်ပြည့်စုံထွန်း၏ စိတ်ကူးအရေးဖြစ်ပါသည်။)


No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။