ဘလက်ဟော့ခ်ကျသွားပြီ ဘလက်ဟောခ် ကျသွားပြီ
ထပ်ပြောမယ် ဘလက်ဟောခ် ကျသွားပြီ ဒါပဲ၊
ရော်ဂျာ ရန်သူတွေ သိပ်များတယ်၊ အရပ်သားတွေလည်း
ရန်သူနဲ့အတူတူပဲ၊ ပစ်မှတ်မကွဲပြားဘူး၊ ပစ်ကွင်း
မရှင်းလင်းဘူး၊ ဟုတ်ပြီ၊ အဲဒါ ပုံမှန်အနေအထားပဲ
ဘယ်လို အမေရိကန်မှ ဒီလိုစစ်ပွဲမျိုး မတိုက်ချင်ကြဘူး၊
ဟုတ်ပြီ အမေရိကန်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ၊
စကားလုံး မကွဲပြားဘူး၊ စကားရပ် မရှင်းလင်းဘူး၊ လုံးဝ
ဘယ်သူ့ကို ပြောတာလဲ၊ အမေရိကန်သမ္မတကိုလား၊
အင်္ဂလိပ်-အမေရိကန် တပ်ကြပ်ကြီးကို ပြောတာလား၊
အခုလေးတင် ပွင့်ထွက်သွားတဲ့ ရဲဘော်လေးကိုလား၊
ဒီစစ်ဆင်ရေးကို ကွပ်ကဲနေတဲ့ ဗိုလ်ချုပ်ကြီးကိုလား၊
အေကေ-၄၇ တွေ ကိုင်ထားကြတဲ့ ဌာနေလူမျိုးစုတွေက
အမေရိကန်နဲ့ ဘာကွာလို့လဲ ထပ်ပြောပါ၊ ရော်ဂျာ်
ပြတင်းတံခါးဖွင့် လက်ပစ်ဗုံးကလေးကို လွတ်ချလိုက်တယ်
ကလေးအမေ မြင်ကွင်းမရှင်းဘူး၊ ပေါက်ကွဲသွားပြီ
သေနတ်ကိုင်ထားရင် စစ်သားပဲ ကိုယ့်ကိုပစ်တဲ့လူ
ရန်သူပဲ ရော်ဂျာ ရန်သူတွေ များလှချည်လား
ရှေ့ကိုချည်း စွတ်တက်မနေနဲ့၊ ဒဏ်ရာရထားတဲ့လူတွေ
အိမ်ပြန်ပို့ရမယ် အိမ်မဟုတ်ဘူး၊ အိမ်ဆိုတာ မရှိဘူး၊
အခြေစိုက်စခန်းကိုပြောတာ၊ ဒုက္ခသည်တွေရဲ့ နေရာ
ရော်ဂျာ ထပ်ပြောမယ်၊ယာဉ်တန်းနဲ့ ပူးပေါင်းဖို့ လိုနေပြီ
တစ်ခုခုနဲ့ ပူးပေါင်းဖို့ နောက်ထပ် တစ်ခုခု လိုနေပြန်ပြီ
အဲဒီကျည်ဆန်တွေက ပြောင်းဝက ထွက်လာတာ မဟုတ်ဘူး
နာကြည်းမှုတွေဆီက ထွက်လာတာ တဖွဲဖွဲမိုးလို သေစမ်း
ဘယ်ဘုရားမှ တစ်ယောက်ကိုတစ်ယောက် မုန်းတတ်အောင်
သင်မပေးဘူး၊ ပစ် မည်းမည်းမြင်ရာ အမုန်းကဒ်တွေကုန်အောင်ပစ်
နောက်ထပ် ဘလက်ဟော့ခ်တစ်စင်း ထပ်ကျသွားပြီ ဒါပဲ။
ကိုဇော်(ကလေးမြို့)
ချင်းတွင်း မဂ္ဂဇင်း၊အမှတ်(၄၇)၊၂၀၁၀၊ဖေဖေါ်ဝါရီလထုတ် မှ ကူးယူဖေါ်ပြသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Tuesday, March 9, 2010
ယဉ်ကျေးတဲ့ ကမ္ဘာ(၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။