ဟယ်လို ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ အခုစကားပြောနေတာ
မင်္ဂလာပါရှင် လူကြီးမင်းရဲ့ နာမည်နဲ့ ရာထူးလေး တဆိတ်လောက်
ဇော်မင်းက နှစ်မင်းရှိတာလေ တစ်မင်းက ဘဏ္ဍာရေးမှာ နောက်
တစ်မင်းက ဧည့်ကြိုမှာ ခင်ဗျား ဘယ်မင်းနဲ့ တွေ့ချင်လဲပြော
မလိုချင်ဘူးကွာ မင်း ငါ့ငွေကို တစ်ပတ်အတွင်း မပေးရင် တရားစွဲမယ်
ဒါပဲ ဆိုပေမယ့် စဉ်းစားပါဦးရှင် ကျွန်မတို့မှာ သားကြီး သမီးကြီးတွေနဲ့
ဒါဆို နှစ်ဆယ့်တစ်နဲ့ ဈေးဖြတ်ထားလိုက်မယ်နော် အိုကေ အိုကေ
မနေ့က သူ့ကားထဲမှာ ပါလာတဲ့ကောင်မလေး ဘယ်သူလဲ အခုပြောပြ
မနက်ဖြန်လာလို့ မရဘူးလေ ဒီရက်ပိုင်း နှစ်ချုပ်တွေ အပြီးလုပ်ရမှာ
ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေး ငါးသောင်းလောက် လွှဲလိုက်ပါဦးအမေရာ ဒီမှာ
ဘာမှအဆင်မပြေဘူး ကိုသိန်းလွင် ခင်ဗျားပို့လိုက်တာတွေ အလကားပဲ
ကျွန်တော်ပြန်ပို့ပေးလိုက်မယ် စရိတ်တွေထုံးစံအတိုင်း နှစ်ယောက်မျှခံပေါ့
မေမေတို့ဘက်ကို ငဲ့မနေပါနဲ့သားရယ် သားအဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ
ကိုယ်လဲ အစွမ်းကုန်ကြိုးစားနေတာပဲ ဟန်နီ နီးစပ်ဖို့ ဆိုတာကလည်း လောလောဆယ်
ပစ္စည်းအားလုံး လမ်းကြောင်းပေါ်ရောက်သွားပြီ သိန်းငှက်မှ စာကလေး ဒါပဲ
ငါလည်း ညီအကိုချင်း ဒီလောက်မပြောချင်ပါဘူးကွာ မိသားစုကိစ္စဆိုတော့
အဘက ဘာမှနားမလည်ပါဘူးမြေးရယ် မြေးလိုတဲ့ငွေ လယ်ပေါင်ပေးလိုက်မယ်
ဟုတ်ကဲ့ခင်ဗျာ အဲ့ဒီကဗျာလေး ဘယ်လပိုင်းလောက် သုံးဖြစ်မလဲ သိချင်တာပါ
ဇွတ်မလုပ်နဲ့ မောင်လေးရယ် ဘိုးတော်ကြည့်ရတာ မမကို သံသယ ဖြစ်နေသလိုပဲ
မင့်တို့ဘက်ကကြည့်ရင်တော့ ဟုတ်တာပေါ့ကွ ငါ့ဘက်ကိုလည်း ကြည့်ကြဦး
ကိုကို စကားကို အဲ့လို အလွယ်မပြောနဲ့လေ မီးက တစ်ဘ၀လုံး ရင်းထားရတာ
နောက်တစ်သုတ်ဆိုရင်တော့ သားတို့ပါမယ်ပြောတာပဲ အဖေရယ် သားလည်း
စိတ်မကောင်းပါဘူး ကိုမြ၀င်း ကျွန်တော် ခင်ဗျားသတင်းကြားရတာ တကယ်ပါ
ကျွန်တော် အဲ့ဒီလောက်တော့ လုပ်ပေးလို့ရပါတယ် အစ်မရယ် အပန်းမကြီးပါဘူး
ပစ္စည်းတွေ စွပ်မပို့မနေနဲ့ ဦးဝင်းမောင် ဒီမှာ အရင်လို ရောင်းလို့ချလို့ မကောင်းဘူး
မင့်ပြောတဲ့ သတင်းတွေ တစ်ခုမှမဟုတ်ပါဘူး မိန်းမရယ် ငါရှင်းပြပါ့မယ်
ဖုန်းနဲ့ပြောလို့ မဖြစ်ဘူးသူငယ်ချင်း ညနေတွေ့ကြမယ်
အိုကေနော် ဒီနံပါတ်ကို နောက်တစ်ခါမဆက်နဲ့တော့ ….။ ။
ကိုဇော်(ကလေးမြို့)
၂၀၁၀ခုနှစ်၊မတ်လထုတ် BEAUTY မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Monday, March 22, 2010
အများပြည်သူသုံး တယ်လီဖုန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။