သာသနာတော်(၂၅၈)ခုနှစ်တွင် နန္ဒရာဇာမင်းနန်းတက်၍ ထိုနှစ်၌ ဘေးလောင်း တော် လန္တပါလမင်းကြီး လက်ထက်မှ စတင်၍ နန်းဦးတွင် မြကြုပ်တော်၊ ရတနာပန်းတောင်း ဖြင့်ထည့်သွင်း ကိုးကွယ်ပူဇော်ခဲ့သော ဓါတ်တော်များကို ရန်သူတို့ လုယူဖျက်ဆီးမည်စိုး၍ ရာဇဂြိုလ်ရွာ၏ အရှေ့တောင်ထောင့် အရပ်သို့ ပင့်ဆောင်ခဲ့၍ နက္ခတ်သဘင်ကျင်းပရာ ဘောဂပဗ္ဗတ တောင်ထိပ်၌ သာသနာတော် အနှစ်(၅၀၀၀) ပတ်လုံး ရန်သူမျိုးငါးပါးတို့ ဖျက်ဆီးခြင်းငှာ အတတ်နိုင်အောင် အတောင်(၄၀) တူးပြီး ခိုင်ခံ့လုံခြုံစွာ ဌာပနာတော်မူ၍ အရန်စေတီ နှစ်ဆူနှင့်အတူ မြသိန်းတန်ဘုရားဟု တည်ထားတော် မူခဲ့သည်။ ယခုအခါ မြသိန်းတန်ဘုရားသည် ကလေးမြို့နယ်ကံကြီးရွာအရှေ့တွင် တည်ရှိ ပါသည်။ ယခင်မှ ယခုတိုင် မြသိန်းတန်ဘုရားပွဲတော်ကို နက္ခတ်သဘင်ကျင်းပသည့် ရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် အစဉ်အဆက် ကျင်းပဆဲ ဖြစ်ပါသည်။ နွယ်ပတ်မြို့ရှင် နန္ဒရာဇာမင်း တည်ထားကိုးကွယ်ခဲ့သော မြသိန်းတန်စေတီတော်ကို ကလေး တမူး ဒေသသို့ အလည်တစ်ခေါက် လာရောက်ပြီး ဖူးမျှော်ကြည်ညိုနိုင်ပါသည်။
(လင်းသစ်မွန် စုစည်းတင်ပြသည်။)
ဓါတ်ပုံများကို ဒီမှာ ကြည့်နိုင်ပါတယ် ။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Tuesday, March 30, 2010
မြသိန်းတန်ဘုရား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။