ကလေးမြို့တွင် CDMA တယ်လီဖုန်းများ သုံးစွဲ၍ ရပြီ ဖြစ်သဖြင့် ကလေးမြို့ပေါ်ရှိ ပုဂ္ဂိုလ်များကလည်း ဟမ်းဖုန်းကြီး တကားတားနဲ့ တွေ့မြင်နေရပါသည်။ ယခု အသုံးပြု့ လျှက်ရှိသော CDMA တယ်လီဖုန်းများသည် ကလေးမြို့၏ တောင်ဘက် မိုင် (၃၀) ခန့် အကွာ တင်သားရွာ အထိ အထိုင်ဖုန်းဖြင့် အသုံးပြုနိုင်ပြီး မြောက်ဘက် (၅၅)မိုင်၊ စော်ဘွားရေရှင် ရွာအထိ အသုံးပြုနိုင်သဖြင့် တောင်သူကြီးများကလည်း စပါးပေါ်ချိန် ဖြစ်သည့် အတွက် ၀ယ်ယူ သုံးစွဲနေကြောင်း သိရှိရပါသည်။ ကလေးမြို့တွင် ဈေးကွက် လိုအပ်ချက်နှင့် အညီ ဟန်းဆက် အရောင်းဆိုင် နှစ်ဆယ်ခန့် ပေါ်ပေါက်လာခဲ့ပါသည်။ ဒုတိယ အသုတ် စာရင်းများကိုလည်း မတ်လ (၁၀) ရက်နေ့တွင် ထွက်ရှိပါသည်။ CDMA Mobile နှင့် Fix တယ်လီဖုန်း နှစ်မျိုးပေါင်း အလုံးရေ နှစ်ထောင်ခန့် ချပေးမည်ဟု သိရှိရပါသည်။ ယခု လတ်တလော လူကြိုက်များသော တယ်လီဖုန်းမှာ (၅) သိန်းတန် အထိုင်းဖုန်းများ ဖြစ်ကြောင်း သိရှိရပါသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Thursday, March 11, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။