ကလေးမြို့တွင် ကမ္ဘာကဗျာနေ့ကို ၂၀၁၀ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရွှေလက်များ လူငယ်ပရဟိတ အဖွဲ့မှ ဦးဆောင်၍ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကလေးမြို့မှ စာရေးဆရာကြီးများ ကဗျာဆရာကြီးများ ကဗျာ ဆရာ ငယ်များ စာပေ ၀ါသနာရှင်များ တက်ရောက်၍ ကလေးမြို့၏ စာပေလှုပ်ရှားမှု အကြောင်း နှင့် ကဗျာ ရွက်ဖတ်ပွဲများ ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။
ရွှေလက်များ လူငယ်ပရဟိတ အဖွဲ့ကို ကလေးမြို့မှ လူငယ် စာရေးဆရာများမှ ၂၀၀၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ရွှေလက်များ အဖွဲမှ ပရဟိတ ဆောင်ရွက်မှု များအနေဖြင့် (၆.၆.၂၀၀၉) ခုနှစ်တွင် အေးရိပ်မွန် မိဘမဲ့ ဂေဟာတွင် ကျပ်ငွေ ငါးသောင်း တန်းဖိုးရှိသည် စာရေးကိရိယာ ပစ္စည်းများကို လှုဒါန်းခဲ့ပါသည်။ ဒုတိယ အကြိမ်အဖြစ် ပင်လုံရပ်ကွက် မြို့ပတ်လမ်းရှိ မေတ္တာ အရိပ် HIV ပိုး ကူးစက်ခံထားရသည့် ကလေးများအတွက် ကျပ် တစ်သိန်းတစ်သောင်း တန်ဖိုးရှိ အ၀တ်အထည် စာရေးကရိယာ ငွေကြေး တို့ကို ပေးလှုခဲ့ပါသည်။ တတိယ အကြိမ် ဆောင်ရွက်မှုအနေဖြင့် ပြည်သူ့ ဆေးရုံးတွင် ကျေးရွာမှ ငွေကြေးမမတ်နိုင်သည့် ကလေးငယ် လူနာ တစ်ဦးအား ကျပ်ငွေ တစ်သောင်း ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ယခုအခါ အဆိုပါ ရွှေလက်များ အဖွဲ့တွင် အဖွဲ့ဝင် (၃၀) ကျော်ခန့် ရှိပြီး ၄င်းတို့၏ မုန့်ဖိုးများထဲမှ တစ်လလျှင် ကျပ်ငွေ တစ်ထောင် ကျပ်စီ စုပြီး စုဆာင်းရရှိသော ငွေများကို ပရဟိတ လုပ်ငန်းများ နှင့် မိဘမဲ့ ကျောင်းများသို့ လှုဒါန်မည်ဟု သိရှိရပါသည်။ စေတနာရှင်များ ဆက်သွယ်လှုဒါန်းလိုပါက သူရ(ကလေး)ဇဗ္ဗူထွန်း ကွန်ပျုတာ
ပန်းချီ အောင်မူး၊သော်တာစံ(ကလေး)၊ရွှေသတ္တိ(ရူပ) တို့ထံတွင် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Monday, March 22, 2010
ကမ္ဘာ ကဗျာနေ့ နှင့် ရွှေလက်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။