အလှူအိမ်မှာ ဖိနပ်ပျောက်သွားလို့ဆိုပြီး
ခေတ်ကြီးကို ဆဲဆိုနေတဲ့ လူယဉ်ကျေး
တစ်ယောက်ရဲ့ မနက်စာဟာ
နောက်တစ်ယောက်ရဲ့ ညစာပဲ
ပိုင်ဆိုင်မှုတွေ ကူးလူးနေတဲ့ ကမ္ဘာ
ကိုယ့်ခြံစည်းရိုးထဲက ဒုံးကျဉ်ကာကွယ်ရေးစနစ်က
ပိုင်ဆိုင်မှု ဟုတ်မဟုတ်
ခင်ဗျားဒိန်ခဲကို ဘယ်သူမှ မရွှေ့ဘူး
ကိုယ့်ဖာသာ အရောင်းမှားတာ
အ၀ယ်မှားပြီး အတ်တင်နေတဲ့ အကုသိုလ်အပုံလိုက်
လက်ရှိကမ္ဘာကို လျော့ဈေးနဲ့ထုတ်လို့မရဘူး
လဲနေသူထူပေးပါဆိုတဲ့ မူလတန်းသင်ခန်းစာ
ဘယ်ရောက်သွားလို့ တစ်ယောက်ယောက်လဲနေရင်
နောက်တစ်ယောက်အတွက် အခွင့်အရေးဖြစ်တာလဲ
အားငယ်သူ အားပေးဘို့ ပိုက်ဆံအရင်ထုတ်ချေးပါ
ဝဋ်ကြွေးတွေ အရစ်ကျဆပ်နေရတဲ့ တတိယကမ္ဘာက
လူတွေက လူမဟုတ်လို့ ဘာလဲ ဘာကွာလို့လဲ
မေးခွန်းတွေ ပြိုကျနေတဲ့ ကမ္ဘာမှာ ရေထဲကလူ
ဆယ်ယူဖို့ ဆယ်ယူနိုင်ဖို့ ဆယ်ယူခွင့်ရဖို့
ကံ ကံ၏အကျိုးကို အားကိုးနေရတဲ့ ယဉ်ကျေးမှု
တစ်ခုခု လိုအပ်လာတိုင်း တစ်ယောက်ယောက်ကပဲ
တစ်ချိန်ချိန်မှာဆိုတဲ့ စကားတစ်ခွန်းနဲ့ သွားသေလိုက်
သုံးစက္ကန့်မှာ ကလေးတစ်ယောက်နှုန်း သေသေနေတဲ့
ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးအခြေအနေ
ဆေးကြေငြာတွေနဲ့ ဖာထေးပေးပို့ပဲ ဖြစ်ဖြစ်
တဆိတ်လောက် ကူညီကြပါခင်ဗျာ
စောစောက ဒီနားမှာချထားမိလိုက်တဲ့ ကျွန်တော့်
ပိုက်ဆံအိတ်ကလေးများ တစ်ယောက်ယောက်က
တွေ့လိုက်မိသေးသလားလို့ ။ ။
ကိုဇော်(ကလေးမြို့)
၂၀၁၀ခုနှစ်၊ဖေဖေါ်ဝါရီလထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Saturday, March 20, 2010
ယဉ်ကျေးတဲ့ကမ္ဘာ (၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။