သက်လုံကောင်းရမယ်၊ စူးရှတဲ့အမြင် ရှိရမယ်၊
ရုတ်တရက်ပေါ်လာတဲ့ အခွင့်အလမ်းကိုး ချက်ချင်း
အသုံးချနိုင်ရမယ်၊ ခံစားမှုကို ထိန်းချုပ်နိုင်ရမယ်၊
ရရှထားတဲ့ အကျိုးအမြတ်တွေကို ကာကွယ်နိုင်ရမယ်၊
ပြိုင်ဘက် သို့မဟုတ် ရန်သူထက် အမြဲတမ်း တစ်ကွက်
ကျော် ခြေတစ်လှမ်း သာနေရမယ်၊ မသနားတတ်ရဘူး၊
လိုအပ်ရင် ရက်စက်နိုင်ရမယ်၊ ကိုယ်ချင်းမစာရဘူး၊
လိုအပ်ရင် ဥပေက္ခာပြုနိုင်ရမယ်၊ပြိုင်ဘက် သို့မဟုတ်
ရန်သူရဲ့ စိတ်ကူးကို သိနိုင်တဲ့အထိ ကြိုးစားထားရမယ်၊
တိကျသေချာတဲ့ ပန်းတိုင်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်
ထားရမယ်၊ မဆုတ်မနစ်တဲ့ ဇွဲမျိုးရှိရမယ်၊
တစ်ဖက်သားရဲ့ အားနည်းချက်ကို နင်းတတ်ရမယ်၊
အခွင့်အရေးမရှိရင်-မရှိရှိအောင်
ဖန်တီးနိုင်ရမယ်၊ ဒုတိယ အစီအစဉ်ဆိုတာမျိုး အဆင်သင့်
အစားထိုး စီမံကိန်းတွေ ရှိနေရမယ်၊ ဘယ်သူမှ မယုံရဘူး၊
တစ်ဖက်သားကို တိုက်ခိုက်နေချိန်မှာ တစ်ပြိုင်နက်တည်း
ကိုယ့်ကိုယ်ကိုယ် လုံအောင်ကာကွယ်ထားပြီးဖြစ်ရမယ်၊
အမြဲတမ်း အသင့်အနေအထား၊ ပြိုင်ဘက် သို့မဟုတ် ရန်သူဟာ
မြင်ကွင်းထဲမှာ ထင်သာမြင်သာ ဖြစ်နေမယ်၊ မျှော်လင့်ထားလို့
မရဘူး၊ ကိုယ့်ဘက်က လက်ဦးမှုရထားဖို့ အရေးကြီးတယ်၊
လိုအပ်ရင် ဖြတ်တိုက်နိုင်ရမယ်၊ ပြိုင်ဘက် သို့မဟုတ် ရန်သူရဲ့
အရင်းအမြစ်တွေ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်
နိုင်ရမယ်၊ အလင်းနဲ့အမှောင် နှစ်ခုစလုံးမှာ လှုပ်ရှားနိုင်ရမယ်၊
ပြိုင်ဘက် သို့မဟုတ် ရန်သူ အထိနာနေချိန်မှာ မိမိကိုယ်မိမိ
ထိခိုက်ပျက်စီးမှု အနည်းဆုံး အနေအထားမှာ ထိန်းထားနိုင်
ရမယ်၊ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ထိခိုက်သွားပါစေ
ချက်ချင်း ပြန်ထနိုင်ရမယ်၊ ချက်ချင်း တုံ့ပြန်နိုင်ရမယ်
မောလိုက်တာ…………………
ကိုဇော်(ကလေးမြို့)
ချင်းတွင်း မဂ္ဂဇင်း၊အမှတ်(၄၇)၊၂၀၁၀၊ဖေဖေါ်ဝါရီလထုတ် မှ ကူးယူဖေါ်ပြသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Tuesday, March 9, 2010
ယဉ်ကျေးတဲ့ကမ္ဘာ (၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။