Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Friday, March 19, 2010

နာမှုကူညီရေး အသင်း


ယခင်က ကလေးမြို့မှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နာရေးတွေမှာ သုဿာန်ကို ပို့စရာ ကားမရှိလို့ ဘာသာခြားတွေရဲ့ ကားတွေကို ငှားပြီး ပို့ခဲ့ကြရပါတယ်။ ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်တဲ့ မြို့မှာ ဗုဒ္ဓဘာသာဝင် တွေဦးစီးတဲ့ နိဗ္ဗာန်ယာဉ် ကားမရှိတာကို သင်တန်းဆရာတော် ဦးဆောင်ပြီး ၂၀၀၁ မှာ အကောင်အထည် ဖော်လိုက်ကြတာ ကာယကံမေတ္တာ နာမှုကူညီရေးရယ်လို့ ဖြစ်ပေါ်လာခဲ့ပြီး ခုချိန်မှာတော့ ထိရောက်စွာ ကူညီနိုင်နေပြီဖြစ်ပါတယ်။ ကလေးမြို့နယ် နယ်နမိတ်အတွင်းမှာရှိတဲ့ ဒေသခံတွေအတွက် အခမဲ့ လိုက်ပါပို့ဆောင်ပေးပြီး နယ်ဝေးကိုတော့ ထိုက်သင့်တဲ့ ကြေးနှုန်းသတ်မှတ် ပို့ဆောင် ပေးပါတယ်။ ကားငှားတဲ့ ပုဂ္ဂိုလ်တွေကနေ စွမ်းနိုင်သလောက် အလှူငွေ ပြန်လည် ထည့်ဝင်ကြတာ၊ လစဉ်အလှူရှင်များ၊ ပုံမှန်အလှူရှင်များရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ် နေတာဖြစ်ပါတယ်။ ခုဆို နိဗ္ဗာန်ယာဉ် နှစ်စီး၊ လူနာသည်ယာဉ်တစ်စီးနဲ့ သက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ထိထိရောက်ရောက် ကူညီပေးနိုင်နေပါတယ်။

ကလေးမြို့တွင် ဗုဒ္ဓအလိုကျ “ကာယကံမေတ္တာ နာမှုကူညီသူများ” ကို ၁၃၆၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့(၆.၅.၂၀၀၁)မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အခု သက္ကရာဇ် ၂၀၁၀-ခုနှစ်မှာ (၉)နှစ်သား အရွယ်ကို ရောက်လာပါပြီ။ “ကာယကံမေတ္တာ နာမှုကူညီသူများ” ကို တည်ထောင်ဦးဆောင်နေသူကတော့ နေသာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဒ ဓမ္မိက(ပညာဒါန) ဖြစ်ပါတယ်။
“ကာယကံမေတ္တာ နာမှုကူညီသူများ” ဆိုတာ -- ကာယကံ = ကိုယ်ဖြင့်ပြုသောအမှု (ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ်ထိလက်ရောက် ပြုမူခြင်းပါ။)မေတ္တာ = ချစ်ခြင်း၊ မြတ်နိုးခြင်း (ငြိမ်းအေးစေလိုခြင်းပါ။)။

နာမှုတစ်ခုကြုံလာရင် သောက၊ ပရိဒေ၀၊ ဒေါမနဿ၊ ဒုက္ခ၊ ဥပါယာသ ဆိုတဲ့ အပူမီးတွေလောင်မြိုက်ခံနေကြရသူတွေကို သက်သာ ငြိမ်းအေးစေလိုတဲ့ စေတနာနဲ့ “မေတ္တာစိတ္တ” မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ကာယကံမြောက် ကူညီအကျိုးဆောင် နေကြခြင်းဖြစ်ပါတယ်။

ကာယကံမေတ္တာ နာမှုကူညီသူများ” သည် နာရေးယာဉ်(၃)စီး၊ အရေးပေါ်လူနာတင်ယာဉ် (Ambulance) (၁)စီး၊ စုစုပေါင်းအကျိုးဆောင်ယာဉ် (၄)စီးဖြင့် နာရေးကိစ္စများကို စည်ပင်နယ်နိမိတ်အတွင်း အခလွတ်ကူညီ အကျိုးဆောင် ပေးလျက်ရှိပါတယ်။ ကလေးမြို့နယ် စည်ပင်နယ်နိမိတ် အတွင်းသာမက မြောက်ဘက်ကို တမူးမြို့နယ် (မြန်မာ-အိန္ဒိယနယ်စပ်) ထိ၊တောင်ဘက်ကို စစ်ကိုင်းတိုင်း နယ်နိမိတ်ကို ကျော်လွန်ပြီး မကွေးတိုင်း၊ ဂန့်ဂေါနယ်များအထိ ဆေးရုံတက်/ဆင်း လူနာများကို ကူညီ ၀န်ဆောင်မှုပေးခြင်း ရံပုံငွေစုဆောင်းပါတယ်။

နာရေးယာဉ်ကူညီမှုပုံစံ

(၁) နာရေးယာဉ် အတွက် ဆောင်မည်ဆိုပါက “ကာယကံမေတ္တာ နာမှုကူညီသူများ” ဌာနသို့ လူကိုယ်တိုင် (နာရေးရှင် နှင့် သက်ဆိုင်သူတစ်ဦး) လာရောက်၍ သေဆုံးသူအမည်၊ နာရေးဖြစ်သည့်နေရာ လိပ်စာ၊ ပို့ဆောင်ပေးရမည့် သုဿာန်၊ ပို့ဆောင်ပေးရမည့်အချိန် စသည်တို့အတွက် ဖြတ်ပိုင်း ဖြတ်ထားရပါမည်။ (နာရေးယာဉ်အတွက် ဖုန်းဆက်ခေါ်၍မရပါ)
(၂) အရေးပေါ်လူနာတင်ယာဉ်(AMBULACE) လိုအပ်ပါက ဖုန်းဆက် အကြောင်းကြားရုံဖြင့် လူနာရှိရာ နေရာသို့ လာရောက်ကူညီပါသည်။ ဆေးရုံတင်၊ ဆေးရုံဆင်း အရေးပေါ် လူနာများအတွက် လိုအပ်ပါက အချိန်မရွေး ဖုန်းဆက်ခေါ်နိုင်ပါသည်။ (ဖုန်း-၀၇၃-၂၂၆၄၄/၂၁၄၆၈)

www.naythar.org မှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။