Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Sunday, March 14, 2010

ရွှေဘုံသာ စေတီတော်ကြီး


ဗုဒ္ဓစာပေနှင့် ကမ္ဘာ့စာပေများ၌ ထင်ရှားသော သီရိဓမ္မာသောကမင်းကြီး ဝေငှသော ဓါတ်တော်၊မွေတော် တို့ကိုဌာပနာ၍ လန္တပါလမင်းလက်ထက် သာသနာသက္ကရာဇ်(၂၂၅) ခုနှစ် တွင် တည်ထားခဲ့သော စေတီတော်ကြီးဖြစ်ပါသည်။ရွှေဘုံသာစေတီတော်ကြီးသည် ယခုအခါ ကလေးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်တွင်ရှိပါသည်။
ကောဇာသက္ကရာဇ်(၄၅၀)ပြည့်ဝန်းကျင်က ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး ဖောင်စကြာနှင့် လှည့်လည်တော်မူခဲ့စဉ် ရွှေဘုံသာစေတီတည်နေရာသို့ ရောက်၍ ဖောင်တော် ရပ်ပြီး စေတီတော်ကို ဒုတိယအကြိမ် ပြုပြင်မွမ်းမံခဲ့ပါသည်။ ထို့နောက်ယိုယွင်းလာသည်တို့ကို (၁၀၅၈) ခုနှစ်၌ ကလေးမြို့စော်ဘွား စောသည်လုန်က တတိယအကြိမ် ပြုပြင်တော်မူခဲ့ရပါ သည်။(၁၂၅၉) ခုတွင် လေပြင်းမုန်တိုင်းဒဏ်ကြောင့် တစ်ဖန်ပျက်စီးရပြန်ရာ မြို့သူမြို့သား တို့က စတုထ္ထအကြိမ် ပြုပြင်ရပြန်သည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒဏ် အပြင်းအထန် ခံရပြန်သောကြောင့်(၁၃၂၀)ခုနှစ်တွင် မြို့သူမြို့သား၊နယ်သူနယ်သားတို့က ပဉ္စမအကြိမ် ပြုပြင်ကြ၍ (၁၃၂၁)ခုနှစ်တွင် ထီးတော်တင်ပြီး(၁၃၂၂)ခုနှစ်တွင် တတိယပစ္စယံအထိ ရွှေပိန်း ချပူဇော်ခဲ့ကြပါသည်။မြို့ကျက်သရေဆောင် ရွှေဘုံသာစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး စေတီတော်ကြီးကို ပြုပြင်မွမ်းမံခြင်း၊နှစ်စဉ် တပေါင်းလပြည့်နေ့  တိုင်းတွင် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ကျင်းပပြုလုပ်ကြပါသည်။

(လင်းသစ်မွန် စုစည်းတင်ပြသည်။)

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။